October 04, 2007

Time's full

Unknown | 6:48 AM |

အလှည့်ရောက်ပြီ၊

အာဏာရူးနေ၀င်း၊ အင်ဒိုနီးရှားက ဆူဟာတို၊ ကမ္ဘောဒီးယားက ပိုပေါ့နဲ့ဖိလစ် ပိုင်က မားကို့စ်တို့ပါ။ သူတို့ရဲ့နေ၀င်ချိန်ဟာ ပြည်သူတို့ရဲ့မေတ္တာကြောင့် ဇာတ်သိမ်းမလှခဲ့ပါဘူး။ မကြာသေးခင်အတောအတွင်းမှာ လည်း ဆားဗီးယားသမတမီလိုဆိုဗစ်လည်း နယ်သာလန်နိုင်ငံသဟိဂ်မြို့မှာ ဘ၀ဇာတ်သိမ်း မလှခဲ့သလို၊ ဗိုလ်ခင်ညွန့်ဆိုလည်းပြည်သူတွေကိုအညွန့်ချိုးခဲ့လို့ သူ့အညွန့်လည်း ကျိုးခဲ့ပါပြီ။ ၂၀၀၃ ရဲ့တရားခံ ဗိုလ်စိုးဝင်း ဆိုလည်း အသေထွက် ထွက်သွားပြီ အဆုံးသတ်မလှခဲ့ပါဘူး။ ဒါတွေ ဟာအာဏာရှင်အာဏာရူး တွေရဲ့ ဖြစ်မြဲအစဉ် အလာပါ။

အဲဒါကိုမှ တရားမရ၊ သံဝေဂမရဘဲ ပထမအကြိမ်၂၀၀၃ မေလ ဒီပဲယင်းလုပ်ကြံ မှုပြုလုပ်ခဲ့ပါတယ် ဒါတင်အားမရ သေးလို့ဆက်ပြီး ဒုတိယအကြိမ်မြောက် သံဃာတော် တွေရဲ့ငြိမ်းချမ်းစွာ ပရိတ်ရွတ်၊ မေတ္တာပို့ပြီး ငြိမ်းချမ်းစွာနဲ့ပြည်သူတွေရဲ့အခက်အခဲကို တောင်းဆိုချက်(၄)ချက်နဲ့တောင်းဆိုနေတဲ့အပေါ် မဖြေရှင်းပေးသည့် အပြင်မြန်မာပြည်သမိုင်းမှာကျနော်တို့အဆိုးဆုံအရက်စက်အကြမ်းကြုပ်ဆုံးအဖြစ်ကိုမြင်တွေ့နေရပါတယ်။

ကျနော်တို့မြန်မာဗုဒ်ဓဘာသာတွေဟာ မဝေးလှသေးတဲ့ခေတ်က မျက်နှာဖြူတွေကို ရွှေတီဂုံကုန်း တော်ပေါ်မှာ ဖိနပ်မချွတ်လို့ အင်္ဂလိပ်တွေကို အသေခံပြီးဓားနဲ့ခုတ်ခဲ့တော်လှန်ခဲ့ပါတယ်။ပြင်းပြင်းထန်ထန်ကို တိုက်ပွဲဆင်ခဲ့ရပါတယ်၊အထောက်အထားနဲ့ သမိုင်း ဖြစ်ခဲ့တယ်။

အခုများကြတော့ တိုင်းတပါးသားထက်တောင်သာနေပုံများ မိုက်ရိုင်းလိုက်ပုံ ကန်းကုန်လိုက် ပုံများရွှေတီဂုံကုန်းတော်ပေါ်မှာ ပြည်သူတွေကိုနှိပ်စက် သတ်ဖြတ်လုပ်ရုံမက ဘုရားရဲ့သားတော် တွေကိုပါ လေးဆူဓါတ်ပုံ ရွှေတိဂုံဘုရားခြေတော်ရင်းမှာ သွေးမြေကျအောင် ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ရုံတင်မက အသက်မသေဘဲ ဆက်လက်တောင်းဆိုတိုက်ပွဲဝင် နေသူများကိုလည်း ညမထွက်ရအမိန့်ထုတ် (သူတို့ပဲထွက်တယ်) ညအချိန်မတော် ၀င်ရောက်ဖမ်းဆီး ထောင်သွင်းအကျဉ်းချ၊ ဘုန်းကြီးကျောင်းတွေကို လည်း ညအချိန်မတော် ၀င်ရောက်ဖမ်းဆီးသတ်ဖြတ် ရိုက်နှက်ဖျက်ဆီးပစ်ခဲ့ပါသည်။ သတင်းများအရ (၆၀၀၀)နီးပါးရှိပြီဟုသိရသည်။

အင်္ဂလိပ်ကိုလိုနီအစိုးရ၊ ဂျပန်ဖက်ဆစ်ကာလတုန်းက သံဃာတော်တွေ ကိုရိုက်နှက်တယ်ဆိုတာ တော့ရှိခဲ့ဖူးတယ်၊ ဒါဟာလည်း ဓလေ့ထုံးစံမတူတဲ့ လူမျိုးကွဲတိုင်း တပါးက ဖက်ဆစ်တွေပါ။ အခုများတော့ သမိုင်းစာမျက်နှာအသစ်ဖွင့်လိုက်တဲ့ အာဏာရူးဘုရင်ရူးသန်းရွှေ တို့ရက်စက်ယုတ်မာ လိုက်ပုံများ သံဃာတော်တွေ သီလရှင်တွေကိုသတ်ဖြတ် လူမမယ်ကိုရင်ငယ်လေး တွေကိုပါဖမ်း ဆီးလူဝတ်လည်း ရဲဘက်စန်းပို့ (ကချင်ပြည်နယ်၊ ဘ၀သစ်ရဲဘက်စခန်း)ပို့။ တွေးလိုက်တိုင်း ရင်ထဲမှာ ဆို့နင့်နင့်ကြီးနဲ့ ခံပြင်းနာကျည်းမှု တွေပိုတိုးလာတယ်။ မြို့လယ်လမ်းမတွေပေါ်မှာပါ နအဖစစ်လူ့တိရိစ္ဆာန် တွေကရတနာ သုံးပါးထဲက တစ်ပါးကို စစ်ဖိနပ်တွေနဲ့ကန်ကျောက်ရိုက် နှက်သတ်ဖြတ်မှုဟာ မြင်တွေ့ရသူ ဒါယကာ၊ ဒါယကာမတွေ မျက်ရည်ကျတာ သဘာဝကျပါတယ်။ ဒီနအဖလူ့တိရိစ္ဆာန် အမျိုးဘာသာသာသနာ ကိုဖျက်ဆီး တဲ့ကောင်တွေ တစ်ဘ၀စံသမားတွေကို ပတ္တနိဣုဇနကံစောင်တာနဲ့တောင် လုံလောက်မယ်မထင်ဘူး။

လူအချင်းချင်းနှိပ်စက်ချင်း ကင်းရှင်းကြပါစေ။ ဒို့မေတ္တာစွမ်း ကမ္ဘာလွှမ်းအေးချမ်းကြပါစေ။

ပြည့်စုံ

ပြည့်စုံ © 2013. All Rights Reserved | Powered by:Blogger

Designed by:Windroidclub