August 04, 2009

ရှစ်လေးလုံး စိတ်ဓါတ်မြှင့်တင်ကြ

Unknown | 8:57 PM | |
8888
ဤဓါတ်ပုံအား ကိုနစ်နေမန်းဘလော့မှ ကူးယူသည်။

မြန်မာနိုင်ငံပြည်သူတို့သည် အသက်၊သွေး၊ ချွေးများစွာစတေးကာ နယ်ချဲ့နှင့် ဖက်ဆစ်စနစ်တို့ကို တိုက်ပွဲဝင်၍လွတ်လပ်ရေးကိုရယူခဲ့သည်။ တိုင်းတပါးကျွန်ဘ၀မှ လွတ်မြောက်ပြီးလွတ်လပ်ရေး၏ အနှစ်သာရကို ခံစားခွင့်မရမီ စစ်အုပ်စုက နိုင်ငံ၏အချုပ်အခြာအာဏာကို သိမ်းယူခဲ့သည်။ မြန်မာလူထုသည် စစ်အာဏာရှင်တို့အား တိုင်းရင်းသား လက်နတ်ကိုင်တော်လှန်ရေးများ၊ ကျောင်းသား၊ အလုပ်သမား၊ တောင်သူလယ်သမားစသည့် အလွှာအသီးသီးတို့၏ လှုပ်ရှားမှုများ၊ မှိုင်းရာပြည့်နှင့် ဦးသန့်အရေးအခင်းကဲ့သို့ အချိန်အခါသင့်တိုက်ပွဲများ စသည့် သဏ္ဌာန်မျိုးစုံဖြင့် တလျှောက်လုံးဆန့်ကျင်ခဲ့သည်။ ဤသို့ဖြင့် ခေတ်ကာလ အဆက်ဆက် တော်လှန်တိုက်ပွဲဝင်ခဲ့ရာ ၁၉၈၈ ခုနှစ်၊ သြဂုတ်လ(၈)ရက်နေ့တွင်ကား…
လွန်ခဲ့သည့် (၂၁)နှစ် သြဂုတ်လ၌ မြန်မာနိုင်ငံတ၀န်းလုံးတွင်အုပ်စိုးမှု ဆန့်ကျင်သည့် လူထုအရေးတော်ပုံကြီးများဖြင့် မြန်မာ့သမိုင်းအား ရေးထိုးခဲ့ကြသည်။ လူထုသမိုင်းဖြစ်သည်။ ဖိနှိပ်သူအားတော်လှန်သည့် လူထုတိုက်ပွဲဖြစ်သည်။ ၁၃၅၀ ပြည့် ဒီမိုကရေစီအရေးတော်ပုံကြီးဖြစ်သည်။ ကျောင်းသားများကစသည်… အလုပ်သမားတို့ပါလာသည်… လယ်သမားများပါလာသည်… ရဟန်းသံဃာများလည်း မနေသာ ပါဝင်လာကြသည်… လူတန်းစားပေါင်းစုံ၊ အလွှာပေါင်းစုံပါဝင်လာကြသည်… အိမ်ရှင်မများလည်းမနေသာ စကောများ၊ ငရုတ်ကျဉ်ပွေ့များကိုင်၍ပါခဲ့ကြသည်… နောက်ဆုံး… ဖိနှိပ်အုပ်စိုးသူ၏ ဖိနှိပ်ရေးကိရိယာများဖြစ်သည့် လက်နက်ကိုင်တပ်ဖွဲ့များ ပါဝင်လာခဲ့ကြသည်… မြန်မာ့သမိုင်း၌ ဂုဏ်ရောင်ပြောင်သည့်ကြီးမားသော တိုက်ပွဲကြီးဖြစ်သည်…။ မြန်မာ့သမိုင်းတွင် ကမ္ဘာတည်သရွေ့ ဥဒါဉ်းတွင်နေမည့် လူထုအရေးတော်ပုံကြီးဖြစ်သည်…။ မဆလသည် ရပ်၊ကျေးမှ နိုင်ငံတော်ကောင်စီအထိ အုပ်ချုပ်ရေးအားချထားခဲ့သည်.. တပ်အား လက်ကိုင်ဒုတ်အဖြစ် တည်ဆောက်သည်.. ဖိနှိပ်ရေးယန္တရားများအား ချဲ့သည်… ဤသို့ (၂၆)နှစ် ခိုင်မြဲခဲ့သည့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအား ဖြုတ်ချနိုင်ခဲ့သည်။ ဒီမိုကရေစီတံခါးအား တွန်းဖွင့်နိုင်ခဲ့ကြသည်… (၂၁)နှစ်ကြာခဲ့ပါပြီ… သမိုင်းသည် ခါးသက်လှပေသည် အာဏာရှင်တို့သည် သူရဲကောင်းအထောင်အသောင်းတို့ရဲ့ အသက်သွေးတို့ဖြင့် အဆုံးသတ်ပစ်ခဲ့သည်… မမေ့…. နှလုံးသားအတွင်း စွဲနှစ်၍နေဆဲ… အသွေးအသားထဲတွင် စီးမျော၍နေဆဲ… လမ်းမများထက် သွေးတို့ကား မခြောက်သေး… ကျဆုံးသူ အာဇာနည် အထောင်အသောင်းတို့၏ အရိုးများ တွန်သံပို၍ကျယ်လောင်လာသလိုခံစားမိပါသည်….။
တော်လှန်ရေးတို့မည်သည် လူထုတိုက်ပွဲဖြင့် အဆုံးသတ်ရပေသည်။ အမှန်တရားသည် အချိန်ကြာတတ်သော်လည်းနောက်ဆုံးတွင် အနိုင်ရစမြဲဖြစ်သည်။ သမိုင်းသည် ကျွန်ုပ်တို့၏ နောက်ဆုံးတိုက်ပွဲအား ငံ့လင့်လျှက်ရှိသည်။ စေ့စပ်၍မရသော လက်တစ်ဆုပ်စာစစ်အာဏာရှင်တို့၏ နိဂုံးကမွတ် အဆုံးသတ်ချိန်သည် လွန်စွာနီးကပ်လာပြီ… ရှစ်လေးလုံးအရေးတောင်ပုံကြီးသည် သမိုင်းဝင်အောင်ပွဲ တစိတ်တဒေသကို ရယူပေးခဲ့ပြီးဖြစ်သည်… သို့ဖြင့်ရာ ရှစ်လေးလုံးအရေးတော်ပုံ၏ စိတ်ဓါတ်ကို ကိုင်စွဲလျက် ဒီမိုကရေစီအောင်ပွဲရသည်အထိ တိုက်ပွဲဝင်ရမည့်တာဝန်မှာ ကျွန်ုပ်တို့ပခုံးထက်တွင်ရှိနေသော သမိုင်းပေးတာဝန်ကြီးဖြစ်သည်။


ရှစ်လေးလုံးအရေးတော်ပုံကြီးတွင်ရေးစပ်ခဲ့သော အာဇာနည်များမှ အာဇာနည်များသို့ သ၀ဏ်လွှာ ကဗျာဖတ်ရှုလိုလျှင်...

ဒီမိုကရေစီအရေး တိုက်ပွဲအဆက်ဆက်ကျဆုံးသွားသော အာဇာနည်များအား ဦးညွှတ်လျှက်
ပြည့်စုံ

Continue reading ...

February 15, 2009

ခွေးဆွဲသွားခြင်း

Unknown | 12:06 PM |
Continue reading ...

August 09, 2008

အသိပေးအကြောင်းကြားခြင်း

Unknown | 7:07 AM |





အတုအယောင်အဖွဲ့အစည်းများရှိနေပါသဖြင့် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများအနေဖြင့်သတိထားသင့်ကြောင်း အသိပေးအပ်ပါသည်။
Continue reading ...

August 07, 2008

သြဂုတ်လ အနီရောင် လှုပ်ရှားမှု

Unknown | 2:00 AM |
Read this document on Scribd: 8888
Continue reading ...

July 16, 2008

မြေသြဇာအဖွဲ့၏ ဂတိသစ္စာပြုချက်

Unknown | 5:00 AM |


(၆၁) နှစ်မြောက် အာဇာနည်ခေါင်းဆောင်ကြီးများအား တိုင်တည် ကတိသစ္စာပြုချက်

ရက်စွဲ။ ။ ၁၆၊ ၇၊ ၂၀၀၈။

ကျွန်ုပ်တို့ မြေသြဇာအဖွဲ့သားများသည် လူထုတရပ်လုံးအတွက် လိုအပ်လာမည့်အချိန်တွင် ကိုယ်ကျိုးစွန့်မည့်အဖွဲ့ဖြစ်သည်။ မှန်တာကိုပြောဆိုရဲသူများဖြစ်သည်။ မှန်တာကိုမပြောဆိုရဲတောင် မှားမှန်းသိတာ၊ မမှန်တာလုပ်နေတာကိုတော့ လုံးဝမထောက်ခံ မတိုက် တွန်းပါ။
ကျွန်ုပ်တို့မြေသြဇာအဖွဲ့သားများသည် နိုင်ငံရေးအသိပညာ၊ နိုင်ငံရေးရေချိန်များနုနယ်နေသေးပါသဖြင့် ပြည်တွင်းပြည်ပနောင်တော် များဆီမှ များစွာသင်ယူလေ့ကျင့်မှုကို လိုအပ်နေပါအုံးမည်။ အတိုက်အခံအင်အားစုခေါင်းဆောင်များ ပြည်တွင်းပြည်ပနိုင်ငံရေး အင်အားစုများအနေဖြင့် ကျွန်ုပ်တို့အားလုံးရဲ့ အတိတ်တွေ၊ အမြင်မတူတာတွေ အားလုံးကို ဘေးဖယ်ပြီး အလွန်ကြီးမားကျယ်ပြန့်တဲ့ လူထုတပ်ပေါင်းစုကြီးတရပ်ဖြစ်ပေါ်လာအောင် ၀ိုင်းဝန်းပူးပေါင်းလုပ်ကိုင်ကြဖို့ လိုအပ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းကပြောကြားခဲ့သလို `အာဏာရှင်ဝါဒ၊ လူမျိုးအချင်းမုန်းတီးရေးဝါဒ၊ စစ်တပ်ကသာ လွှမ်းမိုးရမည်ဆိုတဲ့ ဖက်ဆစ်အာဏာရှင်ဝါဒ၊ မင်းစိတ်ပေါက်နေတဲ့ အရာရှိတွေ ချယ်လှယ်တဲ့ စနစ်ဆိုးမျိုးရှိနေလျှင် အများပြည်သူတို့ဆန္ဒနှင့် လုပ်ကိုင်ရတဲ့ ဒီမိုကရေစီဝါဒခေတ်မစားနိုင်တဲ့ ဖက်ဆစ်ဝါဒ ဆင်တူရိုးမှား ပေါ်ထွက်လာနိုင်တယ်။ ဒီဝါဒမျိုးပေါ်လာရင် ပြည်သူလူထုဟာ လွတ်လပ်ရေး ဆိုတာမရနိုင်တော့ဘူး။ ဒါကြောင့် ကျနော်တို့အားလုံး ဒီမိုကရေစီဝါဒကို ခေတ်စားလာအောင်လုပ်ရမယ်။ အဲဒီဝါဒမျိုးရအောင် လွတ်လပ်တဲ့ ဗမာနိုင်ငံ ထူထောင်နိုင်အောင်ကြိုးစားကြရမယ်။´ ဒါကြောင့် ……
စစ်အာဏာရှင်ဗိုလ်ချုပ်မှူးကြီးမှစ၍ အောက်ခြေ တပ်မှူးတပ်သားအားလုံးကို ကျွန်ုပ်တို့အဖွဲ့မှ သတိပေးပြောကြားလိုက်ပါတယ်။ ခင်ဗျားတို့လုပ်ခဲ့တဲ့ လုပ်ရပ်တွေကို ပြန်သုံးသပ်ကြည့်ပါ ကျေးလက်တောရွာဒေသတွေ၊ ထောင်၊ အချုပ်ခန်းတွေမှာ သတ်ခဲ့ဖြတ်ခဲ့ အနိုင်ကျင့်ခဲ့တာတွေ ရန်ကုန်မြို့အပါအ၀င် မြို့တကာ လမ်းတကာတွေပေါ်မှာ လှုပ်ရှားမှုဖြစ်တိုင်းသွေးချောင်းစီးသတ်ဖြတ်ခဲ့တာတွေ စစ်အာဏာရှင်ဆန့်ကျင်သူ မည်သူ့ကိုမဆို ပုဒ်မအမျိုးမျိုးတပ်ပြီး ဖမ်းဆီးနှိပ်စက် နှစ်ရှည်ထောင်ဒါဏ်ချမှတ်ခဲ့တာတွေ ၂၀၀၇ ခုနှစ် စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးတွင်လည်း ဘုရားသားတော် သံဃာတော်တွေအပါအ၀င် ကျောင်းသားလူထုတွေကို ရိုက်နှက် သတ်ဖြတ် ဖမ်းဆီးနှိပ်စက် ရမ်းကားမှုတွေပြုလုပ်လို့ ကျနော်တို့လူထုနှင့် ခင်ဗျားတို့ လက်တဆုတ်စာ စစ်အာဏာရှင်တွေဖြစ်နေတဲ့ ပြဿနာအရပ်ရပ်ဟာ ပြေလည်သွားပါသလား။
လက်တဆုပ်စာစစ်အာဏာရှင်ရဲ့ လက်ကိုင်တုတ်များဖြစ်နေသော ကြံ့ဖွံ့၊ စွမ်းအားရှင် ရဲဘော်များအနေဖြင့်လည်း ကျွန်ုပ်တို့ ပြည်သူလူထုနှင့် ပူးပေါင်းပါဝင်ဖို့ လိုအပ်ပါတယ်။ စစ်အာဏာရှင် ထားရာနေ စေရာသွား ခိုင်းတာလုပ်ဆိုသည့်အလုပ်များ ဆက်လက်လုပ် ကိုင်ပါက လူထုတရပ်လုံးအတွက် စတေးခံဖို့ ပြင်ဆင်ထားကြပါ။
ရဲရဲတင်းတင်း အာမခံပြီး ပြောနိုင်သည်ကတော့ ကျွန်ုပ်တို့အဖွဲ့သည် မည်သည့် အဖွဲ့အစည်း မည်သူတဦးတယောက်အပေါ်မှာမှ မသန့်ရှင်းမစင်ကြယ်သော စိတ်ထားများနှင့် ပက်သတ်ဆက်ဆံမှုမရှိဘဲ မြန်မာပြည်စစ်အာဏာရှင် ကျဆုံးစေဖို့အတွက် ညီတဲ့သူများနှင့် ထိစပ် ဆောင်ရွက်လှုပ်ရှားမှုများပြုလုပ်ရာတွင်လည်း သန့်ရှင်းစင်ကြယ်စွာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း……
ယခုကျရောက်သော (၆၁) နှစ်မြောက် အာဇာနည်နေ့တွင် ကျဆုံးသွားသောခေါင်းဆောင်ကြီးများနှင့် စစ်အာဏာရှင် တော်လှန်ဆန့်ကျင်ရေးတွင် ကျဆုံးသွားသော ရဟန်း၊ရှင်၊လူ၊ ကျောင်းသား၊ပြည်သူများ၏ ၀ိဥာဉ်များကို တိုင်တယ် သစ္စာပြုပြီး စစ်အာဏာရှင် စစ်ဘားတိုက်ပြန်ရောက်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဆိုတဲ့အကြောင်း ကျွန်ုပ်တို့ အဖွဲ့မှ ကတိသစ္စာပြုပါသည်။

မည်သည့် စစ်အာဏာရှင်မှ လူထုကို တိုက်ရိုက်မအုပ်ချုပ်စေရ။

လူထုတရပ်လုံးအတွက် စတေးခံ
အကောင်းဆုံး မြေသြဇာ

Continue reading ...

May 23, 2008

တောင်းပန်ပါရစေ မရက်စက်ပါနဲ့

Unknown | 1:27 AM |





မေ ၂ ရက်နဲ့ ၃ ရက်နေ့တွေမှာ တိုက်ခတ်သွားတဲ့ နာဂစမုန်တိုင်းကြောင့် လူပေါင်းသိန်းနဲ့ချီသေဆုံးရတယ်။ သန်းနဲ့ချီပြီး အိုးအိမ်နေရာတွေ မဲ့သွားရတယ်။ နောက်ဆက်တွဲ အသက်အန္တရာယ်များနဲ့ စက္ကန့်တိုင်း နာရီတိုင်း ထိပ်တိုက်ရင်ဆိုင်နေကြရတယ်။

မြန်မာပြည်သူအားလုံး ဒီလိုဖြစ်လိမ့်မယ်လို့ မထင်ထားသလို စစ်အစိုးရကလဲ ဒီလိုဖြစ်လာလိမ့်မယ်လို့ သတိပေးမကြေငြာခဲ့ပါ။ ဘယ်သူ့မှာ တာဝန်ရှိတယ်လို့ပြောစရာမလိုတော့ပါ ဘူး။
အခုပြောစရာရှိတာက ဒါနိုင်ငံရေးမဟုတ်ဘူးဆိုတာဘဲ တွေ့ဆုံဆွေးနွေးရမဲ့အချိန်မဟုတ်ပါဘူး။ အစိုးရက ကျဉ်းမြောင်းတဲ့အမြင်သဘောထားနဲ့ ပြောချင်ရာပြောပြီးလုပ်ချင်တာ လုပ်နေတာကို ကုလသမဂ္ဂနဲ့ နိုင်ငံရေးခေါင်းဆောင်များက တွေ့ဆုံဆွေးနွေးနားချနေရဦးမယ်ဆိုရင် နောက်ထပ် သေကြရမဲ့ သန်းချီတဲ့အသက်တွေဟာ ဘယ်သူ့မှာ တာဝန်ရှိသလဲဆိုတဲ့ မေးခွန်းကို ဖြေကြရတော့မယ်။

ယခုချက်ချင်း ဘယ်သူ့ခွင့်ပြုချက်မှ စောင့်ဆိုင်းမနေတော့ဘဲ ကရုဏာကြောင့်ဖြစ်ပေါ်လာသော ပြတ်သားရဲရင့်သည့် ဆုံးဖြတ်ချက်ဖြင့် ကယ်တင်ပေးကြပါ။
ယခုချက်ချင်း တစစီကွဲကွာသွားကြတဲ့မိသားစုများနဲ့ ငတ်မွတ်နေတဲ့ ရင်ခွင်မဲ့ခလေးများကို အမြန်ဆုံးနွေးထွေးချီပွေ့ကြပါ။

မုန်တိုင်းခံပြည်သူများအား မရက်စက်ကြရန် တောင်းပန်အပ်ပါသည်။

နာဂစ် (ခ) နအဖ မုန်တိုင်းဒါဏ်ခံ ပြည်သူများ
Continue reading ...

May 11, 2008

May 07, 2008

နာဂစ်မုန်တိုင်းနှင့်ပတ်သတ်၍အရေးပေါ်ကြေညာချက်

Unknown | 8:47 AM |

၂၀၀၈ ခုနှစ်မေလ (၂) ရက်နေ့သောကြာနေ့ညပိုင်းမှစ၍ မြန်မာနိုင်ငံတွင်ဝင်ရောက်တိုက်ခိုက်ခဲ့သော နာဂစ်အမည် ရှိဆိုင်ကလုန်းမုန်တိုင်းကြောင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသများနှင့် ရန်ကုန်တိုင်း ၊ ပဲခူးတိုင်း ၊ ကရင်ပြည်နယ် မွန်ပြည်နယ်တို့တွင် ပျက်စီးဆုံး ရှုံးမှုကြီးမားခဲ့ပြီး လူအသေအပျောက်နှုံးမှာလည်းထိတ်လန့်တုန်လှုပ်ဖွယ်ရာအထိ ဖြစ်ခဲ့ရပါသည်။ လေမုန်တိုင်းတိုက်ရိုက်အတိုက်ခံရသည့်မြို့များဖြစ်သော ဘိုကလေးမြို့နယ်တွင် ပျက်စီးဆုံးရှုံးမှု အများဆုံးဖြစ်ခဲ့သည်။ ဘိုကလေးမြို့နယ်တွင်၉၅%ခန့်ပျက်စီးဆုံးရှုံးခဲ့သည်လူဦးရေ၂၂၀၀၀(၆.၀၅.၂၀၀၈)နေ့အထိသေဆုံးပြီးလူဦးရေ(၅၀၀၀၀)ကျော်ပျောက်ဆုံးနေဆဲဖြစ်သည်။ ယခုကဲ့သို့လေမုန်တိုင်းတိုက်ခိုက်ခဲ့သည့် အတွက် ကုန်ဈေးနှုံးမှာ ၂ ဆ ၃ ဆ တက်လာခဲ့ပါပြီ ၊ အသားငါး ၊ လောင်စာဆီဈေးနှုံးတို့မှာလည်း အဆပေါင်းများ စွာတက်သဖြင့်လေမုန်တိုင်း ဒဏ်ခံခဲ့ရသောပြည်သူလူထုမှာစားဝတ်နေရေးအတွက် မကြုံစဖူးအခက်အခဲများနှင့်ကြုံတွေ့နေရပါ သည်။ မုန်တိုင်း ဒဏ်ကြောင့် ကျန်းမာရေး ၊ ဆက်သွယ်ရေး ၊ နေရေး ထိုင်ရေး ၊ လျှပ်စစ်မီးပြတ်တောက်မှု ၊သောက်သုံးရေ ပြတ်လပ်မှုနှင့် လုံခြံရေးအခက်အခဲများကိုစစ်အစိုးရ၏ စစ်တပ် ၊ ရဲ ၊မီးသတ် စသည်မည်သည့် အာဏာပိုင်အဖွဲ့အ စည်းများကမှ တစုံတရာ ဖြေရှုင်းပေးခြင်းများမရှိသေးပေ ။ သို့သော် စစ်အစိုးရမှ၎င်းတို့၏ စစ်တပ်အရာရှိများ နေထိုင်သော နေရာများနှင့် ဗိုလ်ချုပ်ရွာများတွင် စစ်သားများဝင်ရောက်၍ ပိတ်ဆို့နေသော သစ်ပင်များကိုရှင်းလင်းဖယ် ရှားပြီး လုံခြံရေးအ ပြည့်အ၀ယူထားခဲ့သည် ။ ကျန်နေရာများတွင် သက်ဆိုင်ရာရပ်ကွက်အလိုက် ပြည်သူလူထုမှ မိမိတို့လုံခြုံရေး ၊ စားဝတ်နေရေး ပြဿနာများကို ကိုယ်ထူကိုယ်ထ စနစ်ဖြင့်ဖြေရှင်းနေရသည်။ သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့သော ပြည်နယ်နှင့်တိုင်း ဒေသများကို အာဏာပိုင်စစ်အစိုးရမှ သဘာဝဘေးဒဏ်ကျရောက်ခဲ့သော ဒေသများအဖြစ် ကြေငြာခဲ့သော်လည်း လက်တွေ့တွင်ယနေ့ထိ ထိရောက်သော အကူအညီများ ပေးခြင်းမရှိသေးပါ။ ယင်းသို့ သဘာဝဘေးဒဏ်ခံစားနေရသော ပြည်သူလူထုများအား အချိန်မီ အကူအညီများပေးရန်လိုအပ်နေပါသည်။ အထက်ပါပြည်သူလူထုခံစားနေရသော အခက်အခဲ အမျိုးမျိုးအားကျွန်ုပ်တို့လူထုတရပ်လုံး အတွက်စတေးခံ အကောင်းဆုံးမြေသြဇာ အဖွဲ့အနေနှင့် ပြည်သူလူထုနှင့် အတူအပြည့်အ၀ပူးပေါင်း ပါဝင်ကူညီနိုင်ရန် အတွက်မိမိတို့တက်နိုင်သည့်ဘက်မှ ၀ိုင်းဝန်းကူညီကြပါရန်အသိပေး အကြောင်းကြားပါသည်။ ကျွန်ုပ်တို့ အကောင်းဆုံးမြေသြဇာအဖွဲ့အနေဖြင့် ပြည်သူလူထုနှင့် လက်တွဲ၍ စားသောက်ကုန်နှင့် ကျန်းမာရေးကူညီစောင့်ရှောက်မှုများပေးခြင်း ဆေးဝါးများကို လှူဒါန်းပေးခြင်း စသည်တို့ကို ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ယင်းသို့ သဘာဝဘေးအန္တရာယ်ကပ် ဆိုးကြီးကျရောက်နေသော ပြည်သူလူထု၏အခက်အခဲအားကူညီနိုင်ရန်အတွက် ပြည်တွင်းပြည်ပမှ မျိုးချစ်မြန်မာများနှင့် နိုင်ငံရေးအဖွဲ့အစည်းအသီးသီးမှလည်း မိမိတို့တတ်နိုင်သလောက် ငွေအား၊ ပစ္စည်းအား ၀ိုင်းဝန်းကူညီပံ့ပိုးပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ စစ်အစိုးရအနေနှင့်ပြည်သူလူထုရင်ဆိုင်နေရသောအ ခက်အခဲများအားအရင်မဖြေရှင်း ပဲလူထုဆန္ဒခံယူပွဲ အားအဓိကထား ဆက်လက်လုပ် ဆောင်နေပါသည် ။ ယင်းသို့လုပ်ဆောင်နေခြင်းကို မြန်မာပြည်လူထုတရပ်လုံးနှင့်အတူ ကျွန်ုပ်တို့အဖွဲ့မှ လူထုလှုပ်ရှားမှုများဖြင့် စစ်အာဏာရှင်အစိုးရအား ဘားတိုက်ပြန်ရောက်သည် အထိတိုက်ထုတ်သွားမည်ဖြစ်ကြောင်း အသိပေး အကြောင်းကြားသည်။

“မည်သည့်စစ်အာဏာရှင်မှ လူထုအား မအုပ်ချုပ်စေရ။”

လူထုတရပ်လုံးအတွက်စတေးခံ
အကောင်းဆုံးမြေသြဇာ

Continue reading ...

May 03, 2008

အဆုံးအဖြတ်တိုက်ပွဲကြေငြာချက်

Unknown | 1:59 AM |


ပြည်တွင်းလှုပ်ရှားမှုအဖွဲ့တစ်ခုမှ ပေးပို့သည်။
Continue reading ...

April 12, 2008

ရင်ဖွင့်သံ

Unknown | 11:52 AM |
ပြည်သူအားလုံးဟာလဲ ကျနော်တိုနဲ့တသားထဲ ဖြစ်လာတာတွေ့ရတဲ့ အတွက် ခံစားမှု၊နိုးကြားတက်ကြွမှုတွေဖြစ်ပေါ်လာရခြင်းဟာ လူထုကပေးတဲ့ အင်အား
တွေပါ။အဓိက ပြောချင်တာကတော့ ပြည်သူများအနေနဲ့ကန့်ကွက်မဲပေးတာနဲ့
ပတ်သတ်ပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဟာ ဘယ်အကြောက်တရားကိုမဆို ကျော်
လွှားနိုင်တယ်ဆိုတဲ့အကြောင်း ဖေါ်ထုတ်ကန့်ကွက်မဲပေးကြမယ်လို့ ယုံကြည်ပါတယ်။

ကန့်ကွက်မဲပေးရေးဆိုတဲ့ တာဝန်ဟာ မြန်မာပြည်သူပြည်သားတိုင်းရဲ့ နှလုံးသားမှာ မည်သူတဦးတယောက်ကမှ မတိုက်တွန်းပဲ မိမိရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်သာ ဖြစ်ပါလိမ့်မယ်။ စတေးခံ ဆိုတာ ကျနော်တို့ချည်းပဲမဟုတ်ပါဘူးတိုင်းရင်းသားညီကိုမောင်နှမအားလုံး၊မြန်မာ တပြည်လုံးဟာလက်တဆုတ်စာ စစ်အာဏာရှင်တွေ အတွက် အသုံးချ စတေးခံနေရတာပါ။

အဲဒီတော့ ကျနော်တို့ဟာ လက်တဆုတ်စာ စစ်အာဏာရှင်တွေအတွက်တော့ စတေးမခံဘူး ကျနော်တို့တိုင်းရင်းသားညီအစ်ကိုတွေ၊ထောင်ကျနှိပ်စက်ခံနေရတဲ့ ဒီမိုကရေစီတိုက်ပွဲဝင် ခေါင်းဆောင်တွေ ကျောင်းသားတွေ သံဃာတွေ အားလုံး
နောက်ပြီး ကျနော်တို့နောက်ပေါ်ပေါက်လာမဲ့ ကျနော်တို့ရဲ့ မျိုးဆက်တွေအတွက် အကောင်းဆုံးစတေးခံပြီး စစ်အာဏာရှင်ကို တိုက်ထုတ်ကြပါစို့လို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ…

ကျော်ကျော် (အကောင်းဆုံးမြေသြဇာ)

Continue reading ...

April 02, 2008

ကန့်ကွက်မဲပေး….. ဒို့သွေးကြွေး

Unknown | 11:26 AM |
♥ ဒို့ရိုသေလေးစားတန်ဖိုးထားတဲ့ သံဃာတော်တွေကို မင်းတို့သတ်ခဲ့တယ်။
♦ မင်းတို့ရဲ့ မိဘတွေဖြစ်တဲ့ ပြည်သူတွေရဲ့ သွေးတွေနဲ့ ခြေဆေးခဲ့တယ်။
♥ မိဘတိုင်းရဲ့ ရင်နင့်သည်းချာဖြစ်တဲ့ ကျောင်းသားတွေကိုလည်း မင်းတို့
သတ်ခဲ့တယ်။
♦ ဒို့ပြည်သူတွေအကုန်လုံး မင်းတို့ကိုဘယ်လောက်ပတ်ပတ်စက်စက် ရွံမုန်း
တယ်ဆိုတာ ကမ္ဘာကသိစေရမယ်။
♥ ကန့်ကွက်မဲသည် တို့ရဲ့လက်နက်ပဲဖြစ်တယ်။
♦ သန်း(၅၀)ကျော် ပြည်သူတွေဟာ ဒို့ရဲ့လူတွေပဲ။
♯ လက်တွဲညီညီ မဲရုံဆီသို့
ကန့်ကွက်မဲပေး….
ပြည်သူ့အရေး..
သွေးကြွေးဆပ်ခွင့် <> ကြုံပြီ ဟေ့ …..


လူထုတရပ်လုံးအတွက် တေးခံ
အကောင်းဆုံးမြေသြဇာ
Continue reading ...

March 19, 2008

အကောင်းဆုံးမြေသြဇာအဖွဲ့မှ နအဖသို့ အိတ်ဖွင့်ပေးစာ

Unknown | 7:20 AM |
Continue reading ...

ပဲခူးခရိုင်ကျောင်းသားသမဂ္ဂ၏ သဘောထား ကြေညာချက်

Unknown | 7:06 AM |
၂၂-၃-၂၀၀၈
ယနေ့သည် ဗမာပြည်ဒီမိုကရေစီ အရေးတော်ပုံသမိုင်းတွင် ပဲခူးမြို့၏ သမိုင်းစာမျက်နှာသစ်ဖွင့်လှစ်ခြင်းနှစ်ပေါင်း(၂၀)တိတိ ပြည့်မြောက်ခဲ့ပေသည်။

၁။ ကိုယ်ဘာလုပ်နိုင်သလည်း လုပ်နိုင်တာလုပ်ကြရမည်။ သူများဘာလုပ်နေသလဲ ပြောရမည့် အချိန်မဟုတ်တော့ပါ။
၂။ ပဲခူးခရိုင်ကျောင်းသားသမဂ္ဂတွင် ပဲခူး၊ဝေါ၊ က၀၊ သနပ္ပင်၊ လေးမြို့နယ်ဖြင့် ဖွဲ့စည်းထားပါသည်။ ပဲခူးမြို့သည် ဗမာပြည်တွင် ၁၉၈၂ခုနှစ် နောက်ဆုံးသန်းခေါင်စာရင်းအရ လူဦးရေ အများဆုံးမြို့ဖြစ်သည်။ ၁၉၉၀ ရွေးကောက်ပွဲတွင် အန်အယ်လ်ဒီမှ ဦးမြတ်လှသည်။ လူဦးရေ မဲအများဆုံးရသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည်။
၃။ ၁၉၈၈ မတ်လ(၂၁) မြေနီကုန်းအရေးတော်ပုံ၏ ညတွင်ပင် ဗမာပြည်၏ ဥာဏ်တော်အမြင့်ဆုံး ရွှေမော်ဓော စေတီတော်၌ ပဲခူးကောလိပ်ကျောင်းသားများ စတင်သပိတ်မှောက်ဆန္ဒပြ၍ နေ၀င်း(မဆလ)အားဆန့်ကျင်ခဲ့ကြသည်။
၎။ ၁၉၈၈ မတ်လ (၂၂)တွင် ပဲခူးကောလိပ်တစ်ခုလုံး ဆန္ဒပြခဲ့ပြီး၊ ပဲခူးကောလိပ်မှ ကားဆယ်စီးအပြည့် ကျောင်းသားများ မြို့တွင်းဝင်ရောက် ဆန္ဒပြရာ ကျောင်းသား၊ သံဃာ၊ ပြည်သူများ ပူးပေါင်း၍ ဆန္ဒပြကြသည်။
၅။ မဆလ ပါတီကောင်စီမှ အကြမ်းဖက်ပစ်သတ်နှိမ်နင်းသဖြင့် ပြည်သူလူထုမှ ပေါက်ကွဲ၍ ဆန်ရုံး၊ ရဲ စီအိုင်ဒီရုံး၊ အလုပ်သမားရုံး၊ ရက်ကွက်ကောင်စီရုံး၊ ရွှေဟင်္သာစားဖျော်တို့အား တညလုံးမီးရှို့ခဲ့ကြသည်။
၆။ သေနတ်ဒါဏ်ရာဖြင့် ကျောင်းသားပြည်သူ(၉)ဦး ကျဆုံးခဲ့ပြီး ယခင်ဥဿဒဂုံကားဂိတ်အဟောင်း ယခုနာရီစင်ရှိရာနေရာတွင် အိမ်သာကျင်းထဲ၌ အလောင်းများ ဖျက်ဆီးဖျောက်ဖျက်ခဲ့သည်။
၇။ ကျောင်းသားပြည်သူ (၂၅၁)ဦးအား ဖမ်းဆီးခဲ့ပြီး တ၀က်ကျော်မှာ ကျောင်းသားများဖြစ်သည်။ ကျောင်းသားသမဂ္ဂဖွဲ့စည်းရေး၊ ဖမ်းဆီးကျောင်းသားပြန်လွှတ်ရေး၊ သေဆုံးကျောင်းသားလျော်ကြေးပေးရေး၊ ကျောင်းထုတ်ကျောင်းသားကျောင်းပြန်တက်ရေး စသော ကျောင်းသားအခွင့်အရေးတောင်းဆိုတိုက်ပွဲတွင် နေ၀င်းမဆလစစ်တပ်မှ ၀န်မခံဘဲနှင့် လိုက်လျောခဲ့ရသော တောင်းဆိုချက်မှာ ဖမ်းဆီးကျောင်းသားပြန်လွှတ်ရေးဖြစ်သည်။
၈။ ကျောင်းသားများ၏ စွန့်စားဝံ့မှုကို အမှန်တရားဖော်ထုတ်မှု သတ္တိများကို လေးစားသည့်အနေဖြင့် ရန်ကုန်၊ ပဲခူးကျောင်းသားများမှတဆင့် တနိုင်ငံလုံးသို့ ပျံ့နှံ့မည်ကို စိုးရိမ်၍ လည်းကောင်း၊ ကျောင်းသားသမဂ္ဂဖြိုခွဲခံရသော သမိုင်းဝင် ဆဲလ်ဗင်းဂျူလိုင်(၇-၇-၈၈) နေ့တွင် ပဲခူးမှ (၂၅၁)ယောက်အပါအ၀င် ရန်ကုန်ဖုန်းမော်အရေးတော်ပုံ၊ တံတားနီအရေးတော်ပုံ၊ မတ်လအရေးတော်ပုံများတွင် ဖမ်းဆီးထားသူအားလုံးအား အကြွင်းမဲ့ပြန်လွှတ်ပေးခဲ့သည်။ ဖမ်းဆီးကျောင်းသားပြန်လွှတ်ရေးတောင်းဆိုချက်အား ကျောင်းသားများမှ အောင်မြင်ခဲ့သည်။
၉။ ပဲခူးခရိုင်ကျောင်းသားသမဂ္ဂ၏ ဒီမိုကရေစီလှုပ်ရှားမှုများ ခေတ်အဆက်ဆက်ပြောမကုန်နိုင်တော့ပါ။ ၁၉၈၈ မှ ၂၀၀၈ နှစ်ပေါင်း (၂၀)အတွင်း နိုင်ငံရေးအကျဉ်းသားအများဆုံး အဖမ်းခံရသော မြို့ဖြစ်ပြီး၊ ယခုထိ ထောင်ထဲတွင်များစွာရှိနေ သေးသည်။
၁၀။ ၂၀၀၈ မေလ လူထုဆန္ဒဖော်ထုတ်ရမည့်ပွဲတွင် မဖြစ်မနေကြိမ်းသေလုပ်ဆောင်ရမည့်အချက်မှာ နအဖ၏ ဥပဒေမဲ့ အခြေခံဥပဒေကို ဆန့်ကျင်၍ ကန့်ကွက်မဲပေးရန်ဖြစ်ပြီး ကျန်အခြေအနေတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ၏ ဦးဆောင်ဆုံးဖြတ်ချက်အား လိုက်နာရန်ဖြစ်သည်။
၁၁။ NLD နှင့် ဒေါ်အောင်ဆန်းစုကြည်တို့တွင် ရဲရင့်ပြတ်သားသော သဘောထားမရှိပါက ပဲခူးမြို့ရှိ ရဟန်းရှင်လူပြည်သူအပေါင်းမှလူထုဆန္ဒဖော်ထုတ်ကန့်ကွက်မဲပေးပြီး ပြည်သူ့အာဏာလွှဲပြောင်း တာဝန်ပေးအပ်ပွဲကျင်းပမည်။
၁၂။ ၁၀-၈-၈၈ နေ့ ရွှေမောဓော ကျောက်ပန်းတောင်းဓမာရုံတွင် ပူတင်း စားဖူးမှ ပူတင်းအရသာသိမည်ဟု တရားဟောပြီး ရှေ့နေကြီးဦးမြတ်လှ ဒီမိုကရေစီလိုလားသူများအဖွဲ့ ပဲခူးမြို့ကို ဦးဆောင်ပါဝင်ခဲ့သည်။
၁၃။ NLD မှ ဦးမြတ်လှနှင့် ဒီမိုကရေစီပါတီမှ ဦးစိုးဝင်းတို့သည် ပဲခူးမြို့၏ ပြည်သူ့ကိုယ်စားလှယ်ဖြစ်ပြီး၊ ပြည်သူ၏တာဝန်များအား ယနေ့ထိမထမ်းဆောင်ရသေးသည့်အတွက် ပဲခူးမြို့သူမြို့သားများအနေဖြင့် လူထုဆန္ဒဖော်ထုတ်မဲပေးရမည့်နေ့တွင် ဦးမြတ်လှနှင့် ဦးစိုးဝင်းတို့အား ဦးမြတ်လှ၏ နေအိမ်သို့မဟုတ် NLDရုံးရှိရာသို့ သွားရောက်ပြီး လက်မှတ်ရေးထိုးတာဝန်ပေးအပ်၍ ပြည်သူ့အာဏာလွှဲပြောင်းပေးကြရန် လေးနက်စွာတိုက်တွန်းအပ်ပါသည်။
၁၄။ ဗမာပြည်သူပြည်သားများအားလုံးနှင့်ကမ္ဘာသူကမ္ဘာသားအားလုံးမှ ကမာ့္ဘကုလသမဂ္ဂတွင် ဦးမြတ်လှနှင့်ဦးစိုးဝင်းတို့အား ပြည်သူကရွေးချယ်တင်မြှောက်သော ပြည်သူ့အာဏာရရှိသူများအဖြစ် တခဲနက်သတ်မှတ်ပေးပါရန်ဖြစ်သည်။
၁၅။ ပဲခူးမြို့၏ ၂၂-၀၃-၈၈ အရေးတော်ပုံအား ရှေ့နေကြီးဦးမြတ်လှ(NLD)၊ ရှေ့နေကြီးဦးစန်းမောင်(NLD)၊ရှေ့နေကြီး ဦးအေးမြင့် (ဒီမိုကရေစီပါတီ) ယခုလမ်းပြကြယ်အဖွဲ့တို့အားမေးမြန်းနိုင်ပါသည်။

စစ်ရန်နိုင်
ဥက္ကဌ
ပဲခူးခရိုင်ကျောင်းသားသမဂ္ဂ(ယာယီ)

Continue reading ...

February 14, 2008

Statement on Pado Mansha's assassination

Unknown | 8:50 PM |
Continue reading ...

February 11, 2008

(၆၁)နှစ်မြောက် ပြည်ထောင်စုနေ့ ထုတ်ပြန်ကြေညာချက်

Unknown | 8:14 AM |
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)အမေရိကားဌာနခွဲများ နှင့် မြန်မာနိုင်ငံကျောင်းသားလူငယ်များကွန်ကရက် တို့၏ (၆၁)နှစ်မြောက် ပြည်ထောင်စုနေ့ ထုတ်ပြန်ကြေညာချက်





Continue reading ...

February 10, 2008

ပြည်ထောင်စုနေ့ နှင့် ပင်လုံစာချုပ်

Unknown | 2:11 AM | |

၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ (၁၂)ရက်နေ့သည် (၆၁) နှစ်မြောက်ပြည်ထောင်စုနေ့ကို ကျရောက်ခဲ့ပြီဖြစ်သည်။ နှစ်စဉ်နှစ်တိုင်း ဖေဖော်ဝါရီလ(၁၂)နေ့သည် ပြည်ထောင်စုနေ့ဖြစ်သည်ဆိုတာကို မြန်မာပြည်သားအားလုံးသိပါသည်။ အဘယ့်ကြောင့်ဆိုသော် ကျောင်းသုံးစာအုပ်တွေမှာ ပြဌာန်းသင်ကြားစေခဲ့တဲ့သလို အထိမ်းအမှတ်ပွဲတွေကိုလည်း နှစ်စဉ်နှစ်တိုင်း အဲဒီနေ့မှာ ကျောင်းတွေပိတ်၊ ရုံးတွေပိတ်ပြီး တခမ်းတနားကျင်းပပြုလုပ်ကြခြင်းကြောင့်ဖြစ်ပါသည်။

ကျနော်လိုချင်တဲ့ ညီညွတ်ရေးက တတိုင်းပြည်လုံး လူတမျိုးလုံးရဲ့ လွတ်လပ်ရေး၊ လူတမျိုးလုံးရဲ့ အကျိုး၊ အဲဒီလို တူညီတဲ့ ရည်ရွယ်ချက်၊ တူညီတဲ့အကျိုး တူညီတဲ့အလုပ် ဒါတွေကိုရအောင် အဲဒီလို တူညီတဲ့အကျိုး၊ တိုင်းသူပြည်သားတွေရအောင်တူညီတဲ့ အလုပ်လုပ်တဲ့ ညီညွတ်ရေးမျိုးဖြစ်ရမယ်။ ပါးစပ်က ပြောရုံနဲ့မပြီးသေးဘူး။ ပါးစပ်ကညီညွတ်ပါတယ်လို့ ပြောလို့မဖြစ်ဘူး။ အလုပ်မှာလည်းတူရမယ်။ ရည်ရွယ်ချက်မှာလည်း၊ အဲဒါမျိုးကိုမှ ညီညွတ်ရေးလို့ခေါ်ထိုက်တယ်။
ဗိုလ်ချုပ်အောင်ဆန်း (၂၃.၁.၄၆ ဖဆပလ ပြည်လုံးကျွတ် ညီလာခံကြီးတွင် တင်သွင်းသော အဆိုအမိန့်မှ ကောက်နုတ်ချက်)

နယ်ချဲ့ဗြိတိသျှတို့က ဖိနှိပ်အုပ်ချုပ်သူတို့၏ စနစ်အတိုင်း နယ်ချဲ့ခြင်းနှင့် အတူ သွေးခွဲအုပ်ချုပ်ရေးကို အသုံးပြုခဲ့သည်။ ဗမာပြည်ကိုဝင်ရောက်သိမ်းပိုက် ပြီးသည်နှင့် တောင်တန်းမြေပြန် သွေးခွဲအုပ်ချုပ်နိုင်ခဲ့သည်။ အဲဒီနောက်ပိုင်း အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနှင့်ပြည်နယ်ခေါင်းဆောင်တွေကပြည်နယ်အနှံ့ကိုသွားပြီး ဆွေးနွေးစည်းရုံးခဲ့သည်။ သွေးခွဲမှုတွေကို စုစည်းခဲ့သည်။ ညီညွတ်ရေး တည်ဆောက်ခဲ့သည်။

(၁) ပထ၀ီနယ်နမိတ် အထင်အရှားရှိခြင်း။
(၂) ဗမာစကားမဟုတ်သည့် ဘာသာစကားရှိခြင်း။
(၃) ယဉ်ကျေးမှု (ဓလေ့ထုံးစံ) တမျိုးတည်းရှိခြင်း။
(၄) ရာဇ၀င်လာတမျိုးတည်း လူစုရှိခြင်း။
(၅) စီးပွားရေး လုံလောက်ခြင်း
(၆) လူဦးရေ အတော်အတန်ရှိခြင်း။
(၇) ပြည်ထောင်စုအဖွဲ့ဝင် သီးခြားနေလိုတဲ့ ဆန္ဒရှိခြင်း။
- ဆိုသည့်အချက်တွေကိုစံထားပြီး ပြည်ထောင်စု ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ရေးပြည်နယ်၊ လူမျိုးစုပြည်နယ် ဆိုပြီးခွဲခြားသတ်မှတ်ဖို့ သဘောတူညီခဲ့ကြပါသည်။

၁၉၄၇ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ရှမ်းပြည်တောင်ပိုင်း ပင်လုံတွင် ဗမာပြည်နှင့် တောင်တန်းနယ်များ ပူးပေါင်းရေးအတွက် သဘောတူညီကြောင်း လွတ်လပ်ရေးရဲ့ ရှေ့ပြေး ဖြစ်သော ပင်လုံစာချုပ်ကိုချုပ်ဆိုနိုင်ခဲ့သည်။ ရှမ်းပြည်မှ စော်ဘွားများ၊ ချင်း၊ ကချင်ခေါင်းဆောင်များ၊ တောင်တန်းသားများ ညီညွတ်ရေးအဖွဲ့ချုပ် (The Supreme Council of the United Hill Peoples: SCOUHP) ကိုယ်စားလှယ်များ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဖဆပလခေါင်းဆောင်များပါဝင်ခဲ့သည်။ ပင်လုံစာချုပ်တွင် ကိုယ်စားလှယ် ၂၃ ဦး လက်မှတ်ရေးထိုးခဲ့ကြသည်။ ပင်လုံစာချုပ်သည် ဗမာပြည်၏ “ ပြည်ထောင်စုနိုင်ငံ” ပြည်ထောင်စုပုံစံထူထောင်ရေးအတွက် အုတ်မြစ်ဖြစ်ပါသည်။
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ တန်းတူညီမျှရေး၊ သွေးစည်းညီညွတ်ရေးအတွက် အုတ်မြစ်ချခဲ့သော်လည်း ၁၉၆၂ ခုနှစ်မှ ယနေ့ကာလအထိ ဗမာပြည် ဖက်ဆစ်စစ်အုပ်စုက ယင်းလမ်းစဉ်တွေကို ချေဖျက်ခဲ့ကြသည်။ ပြည်တွင်းစစ်တွေကိုဖန်တီးကာ စစ်အာဏာရှင်သက်ဆိုးရှည်ရေးအတွက် ပြည်ထောင်စနစ်ထားရှိခဲ့သည်။ စစ်အာဏာရှင်စနစ်တည်မြဲရေး၊ ရှင်သန်ရေး အတွက် ကောက်ကျစ်နည်းတွေကို အမျိုးမျိုး ရာသီအလိုက် မရိုးနိုင်အောင်ကို အသုံးပြုနေခဲ့သည်မှာ ယနေ့ဆိုလျှင် (၄၅) နှစ်ရှိပြီဖြစ်သည်မှာ သက်သေတွေပြခဲ့ပါသည်။ ဖက်ဆစ်ဗိုလ်နေ၀င်းအုပ်စိုးသည့်ကာလတွင် တပြည်ထောင်စနစ်ကို အဓမ္မဖန်တီးခဲ့သည်။ ၈၈ အရေးအခင်းဖြစ်ပြီးသည့်နောက်ပိုင်းတွင် စစ်အုပ်စုသည် သူတို့၏ အကျပ်အတည်း ထွက်ပေါက်အဖြစ် ရွေးကောက်ပွဲကျင်းပပေးခဲ့သည်။ စစ်အုပ်စုသည် စစ်တန်းလျားပြန်ရမှာ၊ အာဏာလက်လွှတ်ရမှာစိုးသဖြင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို တမင်အာဏာလွှဲမပေးဘဲထားခဲ့သည်မှာယနေ့အထိပင်ဖြစ်ပါသည်။ အခြေခံဥပဒေ ရေးဆွဲမည့်အစား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မဟုတ်သည့် ဖက်ဆစ်စစ်အုပ်စုက သေနတ်နှင့်စစ်တပ်ကိုလက်ကိုပြုကာ သူတို့အတွက် အာဏာမြဲရေး အခြေခံဥပဒေကို ရေးဆွဲခဲ့သည်။ တိုင်းရင်းသားပြည်သူတွေ တကယ်စည်းလုံး ညီညွတ်ပြီး တိုးတက်အောင်တော့ မလုပ်နိုင်ခဲ့ကြပါဘူး တိုင်းပြည်ဟာ တနေ့တခြား အဖက်ဖက်ကသာအောက်ကျနောက်ကျနဲ့ အောက်တန်းကျပြီး ဖရိုဖရဲဖြစ်ခဲ့ကြပါတယ်။ အာဏာမြဲရေးအတွက် အရှက်တရား၊ သိက္ခာကင်းမဲ့လှစွာ ပြောင်ပြောင်တင်းတင်းပဲ အာဏာမြဲရေးလုပ်လာရင်း ၂၀၀၃ မေ (၂၉-၃၀) ဒီပဲယင်းလူသတ်ပွဲကိုဖန်တီးခဲ့သည်ကို အားမရ ၂၀၀၇ စက်တင်ဘာ အစုလိုက်အပြုံလိုက်လူတွင်မကသေး ဘုရားသားတော်သံဃာတော်များကိုပါ ရိုက်နှက်သတ်ဖြတ် ထောင်သွင်းအကျဉ်းချမှုများကို တနေ့တခြားရဲတင်းစွာပြုလုပ်ဖန်တီးခဲ့သည်။ တနေ့တခြား သတ်ဖြတ်တာ၊ လုယက်တာ၊ အမျိုးသမီးတွေကိုအနိုင်ကျင့်တာ၊ ပေါ်တာဆွဲတာ၊ သယံဇာတများဖြစ်သော သစ်၊ ကျောက်သံပတ္တမြား ခိုးရောင်းခိုးထုတ်နေတာတွေဟာ မရပ်သေးပါ။ လက်နက်ကိုင် အပစ်ရပ်ငြိမ်းအဖွဲ့တွေဆို မှောင်ခိုရောင်းဝယ်ခွင့်များ၊ ဘိန်းစိုက်ဘိန်းရောင်းခွင့်များ ပေးထားပြီးငြိမ်ဆေးကျွေးထားပြီးနှစ်သိမ့်ခဲ့ကြသည်။ အခုလိုဖြစ်ရပ်တွေက အထင်အရှားမို့ ဒီမိုကရေစီမရသမျှ ပြည်ထောင်စုသစ်ကြီးဘယ်တော့မှဖြစ်မလာနိုင်တော့ပါ။
ဒေါ်အောင်ဆန်းစုကြည်၏(၁၆၊၂၊၉၈)မွေတော်ဓါတ်ဆင်စေတီ၊ မိုးဗြဲတွင်ပြောကြားခဲ့သော မိန့်ခွန်းမှ ကောက်နုတ်တင်ပြရမည်ဆိုလျှင် “ ပြည်ထောင်စုတစ်ခု ထူထောင်ဖို့ဆိုတာ ဗမာတွေရဲ့ ကတိအပေါ်မှာမတည်ပါဘူး။ ပြည်ထောင်စုတိုင်းရင်းသားများအားလုံး တစ်ယောက်အပေါ် တစ်ယောက်သစ္စာရှိမှုအပေါ်မှာ တည်ပါတယ်” ထို့အတွက်ကြောင် ကျနော်တို့ တိုင်းရင်းသားပြည်ထောင်စုဖွားညီနောင်အပေါင်းတို့ ညီညီ ညွတ်ညွတ်နဲ့ ပြည်ထောင်စုမူစစ်စစ်ဖြစ်ဖို့အတွက်ကို ကျနော်တို့တတွေ လက်တွဲညီစွာနဲ့ ပြန်လည်ထူထောင်ကြဖို့အတွက် ပင်လုံစိတ်ဓါတ်ကို ပြန်လည်တည့်မတ်ကြပါစို့။

၁၉၄၇ ခုနှစ် ပင်လုံစာချုပ်

မြန်မာပြည်ဘုရင်ခံ၏ အမှုဆောင်ကော်မတီမှ အဖွဲ့ဝင်အချို့နှင့် စပ်ဖများအားလုံးတို့အပြင် ရှမ်းပြည်နယ်များ၊ ကချင်တောင်တန်းဒေသများနှင့် ချင်းတောင်တန်းဒေသတို့မှ ကိုယ်စားလှယ်များတို့တက်ရောက်ကြသော ပင်လုံမြို့တွင်ကျင်းပသည့် အစည်းအဝေးကြီးတရပ်တွင် ကြားဖြတ်မြန်မာအစိုးရနှင့် ချက်ချင်းပူးပေါင်းခြင်းအားဖြင့် ရှမ်း၊ ကချင်နှင့် ချင်းတို့သည် လွတ်လပ်ရေးကို ပိုမို၍ လျင်မြန်စွာရရှိလိမ့်မည်ဟု အစည်းအဝေးတက်ရောက်သူအဖွဲ့ဝင်တို့သည် ကန့်ကွက်သူမရှိဘဲ အောက်ပါအတိုင်း သဘောတူညီကြလေသည်။
၁။ တောင်တန်းသားများ စည်းလုံးညီညွတ်ရေးအဖွဲ့(တစညဖ)၏ ကြိုးကိုင်အဖွဲ့ကိုယ်စားလှယ်များ၏ ထောက်ခံချက်အရ တောင်တန်းသားများ၏ ကိုယ်စားလှယ် တဦးကို ဘုရင်ခံကရွေးချယ်၍ နယ်စပ်ဒေသများကိစ္စနှင့်ပတ်သက်၍ ဆောင်ရွက်ရန်အတွက်ဘုရင်ခံ၏ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ခန့်ထားရမည်။
၂။ ဤအတိုင်ပင်ခံပုဂ္ဂိုလ်ကို ဘုရင်ခံ၏ အမှုဆောင်ကောင်စီတွင် ဌာနလက်ကိုင်မရှိကောင်စီဝင်တဦးအဖြစ်ခန့်ထား၍ ကာကွယ်ရေးနှင့် ပြည်ပကိစ္စရပ်များတွင် ထုံးနည်းဥပဒေရ အမှုဆောင်ကောင်စီ၏ အာဏာလက်အောက်သို့ ရောက်ရှိသည့်နည်းတူ နယ်စပ်ဒေသကိစ္စများကိုလည်း အမှုဆောင်ကောင်စီ၏ အာဏာအောက်သို့ ရောက်ရှိစေရမည်။ ဤနည်းလမ်းများအတိုင်း နယ်စပ်ဒေသဆိုင်ရာ အတိုင်ပင်ခံပုဂ္ဂိုလ်အား အုပ်ချုပ်ခွင့်အာဏာကိုပေးအပ်ရမည်။
၃။ အဆိုပါအတိုင်ပင်ခံပုဂ္ဂိုလ်ကို ၎င်းနှင့်လူမျိုးချင်းမတူသော ဒုတိရအတိုင်ပင်ခံနှစ်ဦးက ကူညီစေရမည်။ ရှေးဦးစွာ ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်နှစ်ဦးတို့သည် ၎င်းတို့အသီးသီးသက်ဆိုင်သည့်နယ်များ၏ ကိစ္စရပ်များကို ဆောင်ရွက်ရန်ဖြစ်၍ အတိုင်ပင်ခံပုဂ္ဂိုလ်မှာအခြားနယ်စပ်ဒေသအားလုံးတို့၏ ကိစ္စရပ်များကို ဆောင်ရွက်စေရန်ဖြစ်သည်။ ၎င်းတို့ ထုံးနည်းဥပဒေအရ တွဲဖက်တာဝန်ယူရသည့်မူအတိုင်း ရွက်ဆောင်စေရမည်။

၎။ အတိုင်ပင်ခံပုဂ္ဂိုလ်သည် အမှုဆောင်ကောင်စီတွင် အဖွဲ့ဝင်လူကြီးအနေဖြင့် နယ်စပ်ဒေသများ၏ တဦးတည်းသောကိုယ်စားလှယ်အဖြစ် ပါဝင်ရမည်ဖြစ်သော်လည်း ဒုတိရအတိုင်ပင်ခံပုဂ္ဂိုလ်များသည် နယ်စပ်ဒေသများနှင့် သက်ဆိုင်ရာကိစ္စရပ်များကိုဆွေးနွေးကြသည့် အခါ အမှုဆောင်ကောင်စီတွင် တက်ရောက်နိုင်ခွင့်ရှိစေရမည်။

၅။ အထက်တွင်သဘောတူညီသည့်အတိုင်း ဘုရင်ခံ၏ အမှုဆောင်ကောင်စီကို တိုးချဲ့မည်ဖြစ်သော်လည်း နယ်စပ်ဒေသများ၏ နယ်တွင်းအုပ်ချုပ်ရေးတွင် ယခုခံစားနေရသော ကိုယ်ပိုင်အုပ်ချုပ်ရေးကို မည်သည့် နည်းနှင့်မဆို တစုံတရာလက်လွတ်စေရန် အဆိုပါ ကောင်စီက ပြုလုပ်ခြင်းမရှိစေရ။ နယ်စပ်ဒေသများအတွက် နယ်တွင်းအုပ်ချုပ်ရေးတွင် ကိုယ်ပိုင်အုပ်ချုပ်ရေး ရာခိုင်နှုန်းအပြည့် ရှိစေရမည်ဟူသောမူကို သဘောတူညီကြသည်။

၆။ ပူးပေါင်းထားပြီးသည့် ဤမြန်မာပြည်အတွင်း သီးသန့်ကချင်ပြည်နယ်တခုနယ်နမိတ် သတ်မှတ်၍ တည်ထောင်ရန် ပြဿနာမှာ တိုင်းပြုပြည်ပြု လွှတ်တော်က ဆုံးဖြတ်ရန်ဖြစ်သော်လည်း ဤကဲ့သို့ သီးခြားပြည်နယ်တခု ထားရှိသင့်ကြောင်းကို သဘောတူညီကြသည်။ ဤရည်ရွယ်ချက် ထမြောက်ရန်အလို့ငှာ ပထမခြေလှမ်းအနေဖြင့် ၁၉၃၅ ခုနှစ်မြန်မာနိုင်ငံတော်အစိုးရ အက်ဥပဒေအရ နောက်ဆက်တွဲစာရင်းပါ အပိုင်း(၂)ဒေသများကဲ့သို့ မြစ်ကြီးနားနှင့် ဗန်းမော်ခရိုင်တို့၏ အုပ်ချုပ်ရေးတွင်နယ်စပ်ဒေသအတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒုတိရအတိုင်ပင်ခံပုဂ္ဂိုလ်အား ဆွေးနွေးတိုင်ပင်ရမည်။

၇။ နယ်စပ်ဒေသများ၏ နယ်သူနယ်သားတို့သည် ဒီမိုကရေစီနိုင်ငံများတွင် အခြေခံများအဖြစ် အသိအမှတ်ပြုထားသော အခွင့်အရေးများတို့ကို ခံစားနိုင်ခွင့်ရှိစေရမည်။

၈။ ဤစာချုပ်တွင် သဘောတူညီကြသည့် အစီအစဉ်မှာ ပဒေသရာဇ်ရှမ်းပြည်နယ် နယ်မြေစုတွင် ယခုအပ်နှင်းထားပြီးသော ဘဏ္ဍာရေးနှင့် ပတ်သက်သည့် ကိုယ်ပိုင်အုပ်ချုပ်ရေးကို ထိခိုက်ခြင်းမရှိစေရန်။

၉။ ဤစာချုပ်တွင် သဘောတူညီကြသည့်အစီအစဉ်မှာ မြန်မာပြည်အခွန်တော်ငွေများမှ ကချင်တောင်တန်းနယ်များနှင့် ချင်းတောင်တန်းနယ်များက ရသင့်ရထိုက်သော ဘဏ္ဍာရေးအကူအညီကို ထိခိုက်ခြင်းမရှိစေရ၊ မြန်မာပြည်နှင့် ပဒေသရာဇ်ရှမ်းပြည်နယ်မြေစု၏ ဘဏ္ဍာရေးအစီအစဉ်များကဲ့သို့ ကချင်တောင်တန်းနှင့် ချင်းတောင်တန်းများအတွက် အလားတူအစီအစဉ်များကို ထားရှိကျင့်သုံးရန်ဖြစ်နိုင်မည်မဖြစ်နိုင်မည်ကို ဘုရင်ခံ၏ အမှုဆောင်ကောင်စီက နယ်စပ်ဒေသများ၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒုတိရအတိုင်ပင်ခံပုဂ္ဂိုလ်တို့နှင့် အတူ စစ်ဆေးကြည့်ရှုရမည်။

မြန်မာနိုင်ငံတော်အစိုးရ

(ပုံ) အောင်ဆန်း
၁၂-၂- ၄၇

ကချင်ကော်မတီ
(ပုံ) ဆမားဒူဝါးဆင်ဝါးနောင်
မြစ်ကြီးနား။

(ပုံ) ဇော်ရစ်
မြစ်ကြီးနား။

(ပုံ) ဒိန်ရတန်
မြစ်ကြီးနား။

(ပုံ) ဇော်လ
ဗန်းမော်။

(ပုံ) ဇော်လွန်း
ဗန်းမော်။

(ပုံ) လဗန်းဂရောင်း
ဗန်းမော်။

ချင်းကော်မတီ
(ပုံ) ဦးလွှာမှုန်း
အေတီအမ်၊ အိုင်တီအက်စ် အမ်၊ ဖလမ်း။

(ပုံ) ဦးသောင်ဇာခပ်
အေတီအမ်း၊ တီးတိန်။

(ပုံ) ဦးကွယ်မန်း
အေတီအမ်၊ ဟားခါး။

ရှမ်းကော်မတီ
(ပုံ) ခွန်းပန်စိန်။
တောင်ပိုင်းစပ်ဖလုံ။

(ပုံ) စပ်ရွှေသိုက်
ညောင်ရွှေစပ်ဖလုံ။

(ပုံ) စပ်ဟုံဖ
မြောက်ပိုင်းသိန္နီစပ်ဖလုံ။

(ပုံ) စပ်နွံ
လဲချားစပ်ဖလုံ။

(ပုံ) စပ်စံထွန်း
မိုင်းပွန်စပ်ဖလုံ။

(ပုံ) စပ်ထန်အေး
သာမိုင်းခမ်းစပ်ဖလုံ။

(ပုံ) ဦးဖြူ
သထုံ စပ်ဖလုံ၏ ကိုယ်စားလှယ်။

(ပုံ) ခွန်းဖုံး
မြောက်ပိုင်း သိန္နီ

(ပုံ) ဦးတင်ဧ
(ပုံ) ဦးထွန်းမြင့်
(ပုံ) ဦးကြာပု
(ပုံ) ဦးခွန်စော
(ပုံ) စပ်ရစ်ဖ။
(ပုံ) ဦးခွန်ထီး။

------ ----------- ------- ------- -------- ---------
THE PANGLONG AGREEMENT
1947


Dated the12th February 1947,
Panglong,
A conference having been held at Panglong, attended by certain Members of the Executive Council of the Governor of Burma, all Saohpas and representative of the Shan States, the Kachin Hills and the Chin Hills:

The Members of the conference, believing that freedom will be more speedily achieved by the Shans, the Kachins and the Chins by their immediate co-operation with the Interim Burmese Government:
1. A Representative of the Hill Peoples, selected by the Governor on the recommendation of representatives of the Supreme Council of the United Hill Peoples (SCOUHP), shall be appointed a Counsellor for Frontier Areas shall be given executive authority by similar means.

2. The said Counsellor shall also be appointed a Member of the Governor's Executive Council, without portfolio, and the subject of Frontier Areas brought within the purview of the Executive Council by Constitutional Convention as in the case of Defence and External Affairs. The Counsellor for Frontier Areas shall be given executive authority by similar means.

3. The said Counsellor shall be assisted by two Deputy Counsellors representing races of which he is not a member. While the two Deputy Counsellors should deal in the first instance with the affairs of their respective areas and the Counsellor with all the remaining parts of the Frontier Areas, they should by Constitutional Convention act on the principle of joint responsibility.

4. While the Counsellor, in his capacity of Member of the Executive Council, will be the only representative of the Frontier Areas on the Council, the Deputy Counsellors shall be entitled to attend meetings of the Council when subjects pertaining to the Frontier Areas are discussed.

5. Though the Governor's Executive Council will be augmented as agreed above, it will not operate in respect of the Frontier Areas in any manner which would deprive any portion of those Areas of the autonomy which it now enjoys in internal administration. Full autonomy in internal administration for the Frontier Areas is accepted in principle.

6. Though the question of demarcating and establishing a separated Kachin State within a Unified Burma is one which must be relegated for decision by the Constituent Assembly, it is agreed that such a State is desirable. As a first step towards this end, the Counsellor for Frontier Areas and the Deputy Counsellors shall be consulted in the administration of such areas in the Myitkyina and the Bhamo Districts as are Part II Scheduled Areas under the Government of Burma Act of 1935.

7. Citizens of the Frontier Areas shall enjoy rights and privileges which are regarded as fundamental in democratic countries.

8. The arrangements accepted in this Agreement are without prejudice to the financial autonomy now vested in the Federated Shan States.

9. The arrangements accepted in this Agreement are without prejudice to the financial assistance which the Kachin Hills and the Union Hills are entitled to receive from the revenues of Burma, and the Exeutive Council will examine with the Frontier Areas Counsellor and Deputy Counsellors the feasibility of adopting for the Kachin Hills and the Chin Hills financial arrangement similar to those between Burma and the Federated Shan States.

Burmese Government.
(Signed) Aung San

Kachin Committee.

(Signed) Sinwa Naw, Myitkyina
(Signed) Zaurip, Myitkyina
(Signed) Dinra Tang, Myitkyina
(Signed) Zau La, Bhamo
(Signed) Zau Lawn, Bhamo
(Signed) Labang Grong, Bhamo

Chin Committee

(Signed) U Hlur Hmung, Falam
(Signed) U Thawng Za Khup, Tiddim
(Signed) U Kio Mang, Haka

Shan Committee

(Signed) Saohpalong of Tawngpeng State.
(Signed) Saohpalong of Yawnghwe State.
(Signed) Saohpalong of North Hsenwi State.
(Signed) Saohpalong of Laihka State.
(Signed) Saohpalong of Mong Pawn State.
(Signed) Saohpalong of Hsamonghkam State
(Signed) Representative of Hsahtung Saohpalong. Hkun Pung
(Signed) U Tin E
(Signed) U Htun Myint
(Signed) U Kya Bu
(Signed) Hkun Saw
(Signed) Sao Yape Hpa
(Signed) Hkun Htee

Continue reading ...

February 08, 2008

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)၏သဘောထားနှင့် ထုတ်ပြန်ကြေညာချက်

Unknown | 7:09 AM |
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဒုတိယအကြိမ် ဗဟိုကော်မတီ မျက်နှာစုံညီအစည်းအဝေးကြီး၏ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ တိုးချဲ့ပြင်ဆင်ခြင်းအပါအ၀င် ခိုင်မာကျယ်ပြန့်သော နိုင်ငံရေး ဦးဆောင်မှုနှင့်ပတ်သက်သည့် သဘောထားထုတ်ပြန်ချက်




အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ဒုတိယအကြိမ် ဗဟိုကော်မတီ မျက်နှာစုံညီအစည်းအဝေးထုတ်ပြန်ကြေညာချက်

Continue reading ...

January 04, 2008

လွတ်လပ်ရေးသစ္စာအဓိဌာန် (၉)ချက်

Unknown | 4:11 AM |
အောင်စေသတည်း။ မြန်မာသက္ကရာဇ်- ၁၃၀၉ ခုနှစ်- ပြာသိုလဆုတ်-၉ ရက်-(အင်္ဂလိပ်သက္ကရာဇ်- ၁၉၄၈ ခုနှစ်- ဇန်န၀ါရီလ ၄ ရက်) တနင်္ဂနွေနေ့ ကောင်းမြတ်သော မင်္ဂလာအခါ၌။ ဤငါတို့ မြန်မာပြည်သည် လုံးဝ လွတ်လပ်သော အချုပ်အချာအာဏာပိုင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးအဖြစ်သို့ရောက်သတည်း။

၁။ ငါတို့သည်- ဤနေ့ ဤအချိန်မှစ၍ ငါတို့အား-လွတ်လပ်သောလမ်းသို့ ပို့ဆောင်ခဲ့သော-
ငါတို့၏ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းချမှတ်ခဲ့သည့် လမ်းစဉ်အတိုင်း တသဝေမတိမ်း ချီတက်မည်။

၂။ ငါတို့သည်- ဤနေ့ ဤအချိန်မှစ၍။ ငါတို့၏ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ကြီး၏ သစ္စာကို- မသွေမဖည်- စောင့်ထိန်းမည်။

၃။ ငါတို့သည်- ဤနေ့ ဤအချိန်မှစ၍။ လွတ်လပ်သော နိုင်ငံသားတို့၏ မွန်မြတ်သော အခွင့် အရေးကို ခံယူသည့်နည်းတူ လွတ်လပ်သောနိုင်ငံသားတို့၏ တာဝန်ဝတ္တရားများကိုလည်း မတိမ်းမငဲ့ ထမ်းဆောင်ပါမည်။

၎။ ငါတို့သည်- ဤနေ့ဤအချိန်မှစ၍။ ငါတို့ခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်း၏ လုံလ ဥဿာတဖြင့် ရရှိပြီးဖြစ်သော အမျိုးသားညီညွတ်ရေးကို။ ကျောက်စိုင် ကျောက်ခိုင်ကဲ့သို့ ခိုင်မြဲအောင် ထိန်းသိမ်းမည်။

၅။ ငါတို့သည်- ဤနေ့ဤအချိန်မှစ၍။ ငါတို့နိုင်ငံတော်သားတူသရွေ့ကို- ကြီးငယ်နီးဝေးမခြား- တသွေးတသားတည်းပြု၍။ နည်းများနိမ့်မြင့် မရှိစေရ- ညီတူ ညီမျှပြုမည်။

၆။ ငါတို့သည်- ဤနေ့ဤအချိန်မှစ၍။ သူတပါးကိုလည်း မတရားမပြု။ ငါတို့အား မတရားပြုမူ ခြင်းကိုလည်း မခံ- အသက်နှင့်လဲ၍ ကာကွယ်မည်။

၇။ ငါတို့သည်- ဤနေ့ဤအချိန်မှစ၍။ ငါတို့နိုင်ငံတော်ကြီး၏ တရားဥပဒေများကို ရိုသေစွာလိုက်နာကျင့် သုံးမည်။

၈။ ငါတို့သည်- ဤနေ့ဤအချိန်မှစ၍။ ငါတို့နိုင်ငံနှင့် ငါတို့ လွတ်လပ်ရေးကို အသက်နှင့်လဲ၍- ကာကွယ်စောင့် ရှောက်မည်။

၉။ လုံးဝလွတ်လပ်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး ကမ္ဘာအရှည်တည်မြဲရေးတာဝန်သည်- ငါတို့နှင့်တကွ- ငါတို့ သားမြေး နောင်လာအဆက်ဆက်တို့အပေါ်၌ တည်စေမည်။

ဤ ငါတို့ သစ္စာအဓိဌာန်မှန်သည့်အတိုင်း- ငါတို့ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးသည် ကမ္ဘာအရှည် တည်စေသတည်း။

(ဦးအောင်စောဦးပြုစုသော လွတ်လပ်ရေးရွှေရတုစာအုပ်မှ ကူးယူဖော်ပြသည်)
Continue reading ...

December 27, 2007

သံဃာ့တပ်ပေါင်းစုကြီး၏ ကြေငြာချက်

Unknown | 2:18 AM |

ကိုထိုက်ဘလော့မှ ကူးယူတင်ပြသည်။
Continue reading ...

ပြည့်စုံ © 2013. All Rights Reserved | Powered by:Blogger

Designed by:Windroidclub