October 22, 2007

ဆန္ဒမှန်ထုတ်ဖော်ပြသသည့် ဇနီးမောင်နှံ ပြန်လွတ်

Unknown | 5:43 AM |
ဦးမောင်မောင်ဦးတို့ ဇနီးမောင်နှံက ယခုလ (၁၆) ရက်၊ ပေါင်းတည်မြို့၌ ပြုလုပ်သည့် စစ်အစိုးရ ထောက်ခံပွဲတက်သူတို့အား “တကယ်ပဲ ရဟန်းသံဃာနဲ့ပြည်သူကိုသတ်နေတဲ့အစိုးရကို ထောက် ခံသလား”ဟု နေအိမ်မှလှမ်း၍ မေးခွန်းထုတ်ခြင်းနှင့် “ရဟန်းရှင်လူပြည်သူများအား နှိပ်စက်
ညှဉ်းပန်း သတ်ဖြတ်နေသူများအား ရှုတ်ချကြ” ဆိုသည့် စာသားကို ၀ှိုက်ဘုတ်ပေါ်၌ရေး၍ ချိတ်ဆွဲခြင်းပြုလုပ်ခဲ့သဖြင့် ဖမ်းဆီးခံရခြင်းဖြစ်သည်။
ခေတ်ပြိုင်သတင်းဂျာနယ်မှကူးယူတင်ပြသည်။
သံဃာတော်များဘက်မှရပ်တည်ကာ မိမိဆန္ဒကို ထုတ်ဖော်ပြသမိသဖြင့် ဖမ်းဆီးခံနေရသည့်
ပဲခူးတိုင်း ပေါင်းတည်မြို့မှ မူလတန်းပြ ဆရာဟောင်း ဦးမောင်မောင်ဦးနှင့် ဒေါ်နီနီမာတို့ ဇနီးမောင်နှံကို အာဏာပိုင်များက အာမခံဖြင့် ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။

၎င်းတို့နှစ်ဦးအား လွှတ်ပေးရန် ပေါင်းတည်မြို့မှ သြဇာတိက္ကမ ရှိသည့် ဘုန်းတော်ကြီး
(၃) ပါးက အာဏာပိုင်များကို သွားရောက်မိန့်ကြားခဲ့သည့်အတွက် ပြီးခဲ့သည် စနေနေ့
နံနက်၌ ပေါင်းတည်ထောင်မှ ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း ဖမ်းဆီးခံရသူတို့၏ ဆွေမျိုးနီးစပ်တဦးက ပြောသည်။

၎င်းက “သံဃာတော်တွေဘက်ကနေ ဆန္ဒဖော်ထုတ်ပေးတဲ့ သူတို့လင်မယားကို ဖမ်းထားတာ ကန့်ကွက်ပါတယ်ဆိုပြီး ဆရာတော်တွေက အာဏာပိုင်တွေကို သွားပြောတဲ့အတွက် သူတို့ကို အာမခံနဲ့ အိမ်ကိုပြန်ပို့လိုက်တယ်၊ အိမ်မှာကျန်ခဲ့တဲ့ သူတို့ရဲ့အဖေက လိုက်သွားပြီး အာမခံလိုက် ရတယ်” ဟု ပြောသည်။

ဦးမောင်မောင်ဦးတို့ ဇနီးမောင်နှံက ယခုလ (၁၆) ရက်၊ ပေါင်းတည်မြို့၌ ပြုလုပ်သည့် စစ်အစိုးရ ထောက်ခံပွဲတက်သူတို့အား “တကယ်ပဲ ရဟန်းသံဃာနဲ့ပြည်သူကိုသတ်နေတဲ့အစိုးရကို ထောက် ခံသလား”ဟု နေအိမ်မှလှမ်း၍ မေးခွန်းထုတ်ခြင်းနှင့် “ရဟန်းရှင်လူပြည်သူများအား နှိပ်စက်
ညှဉ်းပန်း သတ်ဖြတ်နေသူများအား ရှုတ်ချကြ” ဆိုသည့် စာသားကို ၀ှိုက်ဘုတ်ပေါ်၌ရေး၍ ချိတ်ဆွဲခြင်းပြုလုပ်ခဲ့သဖြင့် ဖမ်းဆီးခံရခြင်းဖြစ်သည်။

၎င်းတို့အား ပြန်လွှတ်လိုက်သော်လည်း ပုဒ်မ ၅၀၅ (ခ) အရ နိုင်ငံတော်အစိုးရကို ထိခိုက်စေ သည့်ပြစ်မှု၊ ပုဒ်မ (၁၅၃) အရ ရန်စသည့်ပြစ်မှုတို့ဖြင့် တရားစွဲဆိုထားခြင်းကိုမူ အာဏာပိုင်များ
က ပြန်မရုပ်သိမ်းသေးဘဲ လာမည့် (၃၀) ရက်၌ အမှုရင်ဆိုင်ရန်ရှိကြောင်း သိရသည်။

“အမကတော့ ဖြစ်တဲ့အဖြစ်အပျက်ကို တည်တည်ငြိမ်ငြိမ်နဲ့ ဖြစ်တဲ့အမှုကို ဥပဒေအတိုင်း သူရင်ဆိုင်သွားမယ်တဲ့။ သူလုပ်ခဲ့တဲ့အမှုကို မှန်တယ်လို့ သူအခုလည်း ယုံကြည်တယ်ပေါ့နော်၊ နောင်တမရဘူးလို့ ပြောပါတယ်” ဟု ဒေါ်နီနီမာ၏ပြောကြားချက်ကို ၎င်း၏ဆွေမျိုးဖြစ်သူက ပြန်လည်ရှင်းပြသည်။

အသက် (၄၀) ကျော်အရွယ်ရှိ ဦးမောင်မောင်ဦးနှင့် ဒေါ်နီနီမာတို့သည် ပေါင်းတည်မြို့၌ မူလတန်းပြဆရာများ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး လက်ရှိတွင် ဆန်စပါးအရောင်း
အ၀ယ် လုပ်ငန်းလုပ်ကိုင်နေကြသည်။

1 comment:

Anonymous said...

Your own write-up offers cоnfirmed helpful to mysеlf.
Іt’ѕ гeally helpful and you rеally arе certainly quite well-іnfοrmed
of this tyρe. You gеt opened mу personаl eyes in order to different views on this ѕubјect matter together with іntгiguing and sounԁ cοntent.



Takе a look at my web sіte ... http://www.carquack.com

ပြည့်စုံ © 2013. All Rights Reserved | Powered by:Blogger

Designed by:Windroidclub