October 19, 2007

နအဖတပ်တွင်းမှ အောက်ခြေတပ်သားတွေရဲ့ဇနီးမယားတွေတပ်ထဲကနေထွက်ပြေး

Unknown | 1:38 AM |

နအဖတပ်တွင်း စီးပွားရေးလူမှုရေး ကျပ်တည်းမှု၊ အရာရှိကတော် တွေရဲ့ အနိုင်ကျင့်မှု တို့ကြောင့် အောက်ခြေတပ်သားတွေရဲ့ ဇနီးမယားတွေ တပ်ထဲကနေထွက်ပြေး နေကြောင်း ကိုယ်တိုင် ထွက်ပြေး လာသူတစ်ဦးက ပြောခဲ့ပါသည်။

တပ်သားတစ်လစာကျပ်(၃)သောင်းကျော်ရပေမဲ့ တလအသုံးစရိတ်က သိန်းချီနေပြီး အိမ်ထောင်သည် တွေကို တပ်တိုင်းမှာ ရိက္ခာမပေးလို့ စားဝတ်နေရေး အလွန်ကျပ်တည်းလို့ ထိုင်း-မြန်မာနယ်စပ်ကိုထွက်ပြေး လာရတာလို့ ရေဖြူမြို့နယ်အခြေစိုက် ခမရ(၄၀၇)ကတပ် သား မောင်မောင်ရဲ့ ဇနီး မတင်တင်က ပြောခဲ့ပါ သည်။

အရာရှိကတော်တွေကလွဲပြီး အကြပ်တပ်သားတွေရဲ့ ဇနီးတွေအားလုံး တပ်ပိုင်စိုက်ပျိုး မွေးမြူရေး လုပ်ငန်းတွေမှာ တနေ့လုံးအလုပ်လုပ်ကြရပေမယ့် အကျိုးအမြတ်ကိုတော့ မခံစား ရဘူး

တပ်အရာရှိအိမ်ထောင်သည်တွေ လျှပ်စစ်(၂၄)နာရီပေမယ့် တပ်သားတွေကတော့ အချိန်းနည်းနည်း သာရလို့ လစဉ်ဖယောင်းတိုင်ဝယ်ထွန်းနေခဲ့ရပါသည်။

ရဲဘော်ဇနီးတွေဟာ မကြာခဏ မနက်(၆)နာရီကနေ ညနေ(၅)နာရီထိ အခြေခံစစ် သင်တန်း၊ အမျိုးသမီးရေးရာ၊ ပြည်ခိုင်ဖြိုး စတဲ့သင်တန်းတွေကို မတက်မနေရ တက်ရပါတယ်၊

လင်ယောက်ျားတွေ ရှေ့တန်းထွက်ရချိန်မှာ ရဲဘော်ဇနီးတွေကပဲ အရာရှိမိန်းမတွေရဲ့ လုံခြုံရေး၊ တပ်ရင်း လုံခြုံရေးကင်းစတာတွေ နေ့ည မပြတ်စောင့်ကြပ်ပေးခဲ့ရသည်။

အရာရှိကတော်တွေရဲ့ အဆူအငေါက်ခံရသလို ပြည်ပရေဒီယိုတွေနား ထောင်ခွင့်မရှိတဲ့ အထိ တပ်တွင်း ပိတ်ပင်မှုတွေရှိနေတယ်လို့မတင်တင်ကပြောပြပါသည်။

No comments:

ပြည့်စုံ © 2013. All Rights Reserved | Powered by:Blogger

Designed by:Windroidclub