May 31, 2012

ဒုက္ခသည်များကို အတင်းအကျပ်ပြန်မပို့ရေး အတွက် ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြမည်

Unknown | 5:56 PM | |
မယ်လ ဒုက္ခသည်စခန်းတနေရာ

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့်ဇွန်လ ၂ ရက်နေ့မှာ ထိုင်းမြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေထဲက အကြီးဆုံးဖြစ်တဲ့ မယ်လဒုက္ခသည် စခန်းကို သွားရောက်မှာဖြစ်ပြီး ဒုက္ခသည်တွေက ကြိုဆိုဖို့ပြင်ဆင်နေကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည် စခန်းကိုရောက်လာတဲ့အခါ ဒုက္ခသည်တွေကို အတင်းအကျပ်ပြန်မပို့ရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးခိုင်မာအောင် ဆောင်ရွက်ပေးဖို့ တင်ပြတိုက်တွန်းမယ်လို့ မယ်လစခန်းဥက္ကဌ စောထွန်းထွန်းက ပြောပါတယ်။ “ ကျနော်တို့ ဒုက္ခသည်တွေက ဖိနှိပ်ညှဉ်းပန်း နှိပ်စက်မှုခံရလို့ ထွက်ပြေးလာတဲ့ ဒုက္ခသည်လူထုတွေပါ။ ကျနော်တို့အနေနဲ့ကတော့ ဘယ်သူမဆို ကိုယ့်နေရာကို ပြန်ချင်တာပေါ့။ ဒါပေမယ့် အခုလက်ရှိ မြန်မာနိုင်ငံရေး အခြေအနေက ပြုပြင်ပြောင်းလဲမှုတွေ ရှိနေပေမယ့် ကျနော်တို့ ဒုက္ခသည်တွေကို ပြန်နိုင်လောက်တဲ့ လုံခြုံစိတ်ချရတဲ့ အနေအထားမျိုးမရှိသေးဘူးလို့ထင်တယ်။ ကျနော်တို့ ပြန်လို့မရသေးဘူးလို့ ထင်တယ်။ ဒါ့ကြောင့် ဒေါ်စုကို ကျနော်တို့ တောင်းဆိုမှာပေါ့။ ဒီအမျိုးသားပြန်လည်သင့်မြတ်ရေးတွေ ကြိုးစားပြီးတော့ အကောင့်အထည်ဖော်ပေးဖို့၊ ဦးသိန်းစိန် အစိုးရကိုလည်း ပြန်ပြောင်းပေးဖို့၊ နောက်ပြီးတော့ နယ်စပ်ဒေသတွေအတွက် စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို အမြန်ဆုံးဖော်ဆောင်ပေးဖို့ ကျနော်တို့ တောင်းဆိုသွားမယ်လို့ စဉ်းစားထားပါတယ်။ ”
တာ့ခ်ခရိုင် သဆောင်ပန်းခရိုင် မယ်လကျေးရွာမှာ ၁၉၈၄ ခုနှစ်က ထူထောင်ခဲ့တဲ့ မယ်လဒုက္ခသည်စခန်းမှာ ဒုက္ခသည် ၅သောင်းလောက်ခိုလှုံနေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ မယ်လ ဒုက္ခသည်စခန်းမှာ လူထုကိုမိန့်ခွန်းပြောကြားဖို့ ရှိသလို ဆေးရုံနဲ့ ကျောင်းကိုသွားရောက်လေ့လာမယ်လို့ စောထွန်းထွန်းက ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောနိုင်ဖို့ မယ်လစခန်းရဲ့ ဘောလုံးကွင်းမှာ နေရာ ပြင်ဆင်ပေးထားပါတယ်။
ကရင်အမျိုးသားအစည်းအရုံးက ဒေါ်အောင်ဆန်းစုကြည်ထံကို အိတ်ဖွင့်ပေးစာ ၁ စောင်ပေးပို့ကြိုဆိုလိုက်ပါတယ်။ အဲဒီစာမှာ ဒုက္ခသည်စခန်းကို လာရောက်လည်ပတ်မှာကို ကြိုဆိုကြောင်းနဲ့ ကေအန်ယူနဲ့ အစိုးရကြား အပစ်အခတ်ရပ်စဲရေး ဆွေးနွေးနေဆဲ လက်ရှိကာလမှာ ဒုက္ခသည်တွေကို အတင်းအကျပ်ပြန်ဖို့မယ့်ကိစ္စကို စိုးရိပ်ပူပန်ကြောင်း ဖော်ပြထားပါတယ်။
ကေအန်ယူ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်က “ ဒုက္ခသည်အခြေအနေကို ကျမတို့ပြောချင်ပါတယ်။ အခုလောလောဆယ်မှာ ကျမတို့ ကေအန်ယူကတော့ ဒုက္ခသည်ပြန်ပို့ဖို့ အခြေအနေက မရောက်သေးဘူး။ အခုဆိုရင် စကားပြောနေတုန်းပဲဖြစ်နေသေးတယ်ပေါ့။ အဲဒါ နိုင်ငံရေးပြဿနာ မဖြေရှင်းရသေးတဲ့ အတွက်ကြောင့်မို့ အဲဒါ ဒုက္ခသည်ပြန်ပို့ရေးကိစ္စက နိုင်ငံရေးပြဿနာ ဖြေရှင်းပြီးမှ နောက်ပိုင်း ပြီးတော့ ဒုက္ခသည်တွေရဲ့ သူတို့ဘ၀အာမခံချက်၊ သူတို့ရဲ့လုံခြုံရေးအာမခံ ရရှိတဲ့နောက်ပိုင်းမှပဲ အဲဒါသူတို့ ဒီအခြေအနေပေါ်မှာ ပြန်ပို့လို့ရမယ်။ ”
မြန်မာဒုက္ခသည်တွေကို ပြန်ပို့ရေးမှာ အခြေခံ လူ့အခွင့်အရေးများနှင့် အညီဖြစ်သင့်ဖြစ်ထိုက်သည်များကို တိုက်တွန်းပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့တဲ့စာမှာတိုက်တွန်းထားပါတယ်။
မြန်မာဒုက္ခသည်ရဲ့ လူ့အခွင့်အရေးဆိုင်ရာနဲ့ ပတ်သတ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ မည်သည့်ကြိုးစားအားထုတ်မှု မဆို အသိအမှတ်ပြုထောင်ခံမယ်လို့လည်း စာမှာဖော်ပြပေးပါတယ်။

Ref; DVB
Continue reading ...

May 30, 2012

ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံ ခရီးစဉ်

Unknown | 9:36 PM | | |


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၄ နှစ်အတွင်း ပထမဆုံး ပြည်ပ ခရီးစဉ်အဖြစ် ထိုင်းနိုင်ငံကို မနေ့က ထွက်ခွာသွားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဘန်ကောက်မြို့ မှာ ဒီကနေ့ စတင်ကျင်းပတဲ့ ကမ္ဘာ့စီးပွားရေး ညီလာခံ မတက်ရောက်ခင် မဟာချိုင်ဒေသက မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေကို သွားရောက် တွေ့ဆုံခဲ့ပါတယ်။

Ref: RFA
Continue reading ...

ဒုက္ခသည်များ နေရပ်ပြန်ရေးကိစ္စ စီစဉ်ပေးရန် ထိုင်းက မြန်မာကို တောင်းဆိုမည်

Unknown | 9:35 PM |
မယ်လ ဒုက္ခသည်စခန်းတနေရာ

ထိုင်းစစ်တပ်မှ ထိုင်းမြန်မာ နယ်စပ် ဒုက္ခသည် စခန်း (၉) ခုရှိ မြန်မာ ဒုက္ခသည် များအား နေရပ် ပြန်ပို့ရေး အစီအစဉ်များ အ လျင်အမြန် ဆောင်ရွက်ပေးရန် မြန်မာ အစိုးရအား ဆွေးနွေး စေလိုကြောင်း ထိုင်းအစိုးရထံသို့ တင်ပြထား သည်ဟု ထိုင်းကာ ကွယ်ရေး ဝန်ကြီး ဌာန၏ သတင်းများ အရ သိရှိ ရပါသည်။

ထိုင်းမြန်မာ နယ်စပ်ရှိ ဒုက္ခသည် စခန်း (၉) ခု၌ မြန်မာနိုင်ငံသား ဒုက္ခသည်ပေါင်း တသိန်းခွဲခန့် ရှိသည်ဟု ဖော်ပြကြသော်လည်း၊ အမှန်တစ်ကယ် အရေအတွက်မှာ နှစ်သိန်းခန့်အထိ ရှိနိုင်ကြောင်း ထိုင်းအာဏာပိုင်များမှ ပြောပါသည်။ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့၌ ကျင်းပခဲ့သည့် (၆) ကြိမ်မြောက် အာရှ ကာကွယ်ရေး ဝန်ကြီးများ ထိပ်သီး ဆွေးနွေးပွဲ၌ ထိုင်းကာကွယ်ရေး ဝန်ကြီး မစ္စတာ Sukumpol Suwanatat နှင့် မြန်မာနိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဗိုလ်ချုပ် လှမင်းတို့ တွေ့ဆုံခဲ့စဉ်၌လည်း အဆိုပါ မြန်မာ ဒုက္ခသည်များ နေရပ် ပြန်ပို့ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ နှစ်ဦးအမြင်များ ကိုဆွေးနွေးခဲ့ကြပါသည်။

ထိုင်းကာကွယ်ရေး ဝန်ကြီး မစ္စတာ Sukumpol Suwanatat မှ လွန်ခဲ့သည့် အပတ်၌ ထိုင်းတော်ဝင် တပ်မတော် စစ်ဦးစီး ချုပ်ဗိုလ်ချုပ် Prayuth Chan-ocha နှင့် တွေ့ဆုံခဲ့စဉ်၌လည်း မြန်မာ ဒုက္ခသည်များအား နေရပ်ပြန်ပို့ရေး အစီအစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း ထိုင်းကာကွယ်ရေး ဝန်ကြီးဌာန သတင်းရပ်ကွက်က ဆိုပါသည်။
မြန်မာ ဒုက္ခသည်များမှာမူ မြန်မာနိုင်ငံသို့ ပြန်ရန် ယုံကြည်မှု အလွန်နည်းပါး နေသေးသည်ဟု ဆိုပါသည်။ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည် မယ်လဒုက္ခသည် စခန်းသို့ သွားရောက်လည်ပတ်မည့် အစီအစဉ်သည် ဒုက္ခသည်များအတွက်
အားတက်စေခဲ့ပါသည်။

မြန်မာ ဒုက္ခသည်များသည် မြန်မာပြည်၏ စစ်ရေးအခြေအနေနှင့် ဖိနှိပ်အုပ်ချုပ်မှု စနစ်ဆိုးကြောင့် ထိုင်းနိုင်ငံသို့ဝင် ရောက် ခိုလှုံခဲ့ကြရပါသည်။ ဤ၀န်ထုတ်ဝန်ပိုးကို ထိုင်းနိုင်ငံက ကူညီစောင့်ရှောက်ထားသည်မှာ နှစ်ပေါင်း (၃၀) ခန့်ရှိနေပြီး ဖြစ်ပါ သည်။ ဤသို့ကြောင့် ဒုက္ခသည်များ ပြန်ပို့ရေးသည် ထိုင်းနိုင်ငံအတွက် အရေးကြီးလှပါသည်။

Ref: ရွှေဟင်္သာ သတင်းဌာန
Continue reading ...

ပြည့်စုံ © 2013. All Rights Reserved | Powered by:Blogger

Designed by:Windroidclub