


ဒီကနေ့ အောက်တိုဘာလ(၂၆)ရက် သီတင်းကျွတ်လပြည့်နေ့ဟာ သံဃာတော် တွေဦးဆောင်တဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြဖော်ထုတ်ပွဲကို စစ်တပ်က အကြမ်းဖက်နှိမ်နင်းခဲ့ခြင်းကြောင့် သံဃာတော်တွေသွေးမြေကျခဲ့ရတာ တလပြည့် တဲ့နေ့ဖြစ်ပါသည်။ မြန်မာပြည်နှင့်နိုင်ငံတကာတွင် အထိမ်းအမှတ်ဘုရားတက် မေတ္တာပို့သတာတွေပြုလုပ်ခဲ့သလို ဘာသာ ပေါင်းစုံမှလည်း ဆုတောင်းပွဲများပြုလုပ်ခဲ့ပါသည်။
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ မဲတော်ဆေးခန်းတွင်လည်း ဒီကနေ့ ည(၇)နာရီတွင် မြန်မာပြည်ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ ရရှိရေးအတွက်ဆုတောင်းပွဲနှင့်အတူ နိဗ္ဗာန်ဈေးပွဲတော် (မည်သူမ ဆိုကိုယ်ကြိုက်တာအလကားစားသောက်နိုင် ပါသည်။) ကျင်းပပြုလုပ်ခဲ့ပါသည်။ လူဦးရေ (၁၀၀၀)ကျော်တက်ရောက် ဆုတောင်းခဲ့ကြသည်။ ဆုတောင်းမေတ္တာပို့ပြီးနောက် အခမ်း အနားသို့တက်ရောက်လာကြသော ဘာသာပေါင်းစုံလူထုများသည်မယ်တော်ဆေးခန်းလမ်းတလျှောက်ရှိ နိဗ္ဗာန်ဈေးစား သောက်ပွဲသို့လှည့်လည်ပြီးဝါသနာရှင်များကသူတ နှစ်သက်ရာ တေးသီချင်းများဖြင့်သီဆိုကြသည်။
No comments:
Post a Comment