October 25, 2007

ဝန်ကြီးချုပ်အသစ် စစ်အစိုးရခန့်

Unknown | 6:00 AM |

မကြာမီက သေဆုံးသွားသူ ဗိုလ်ချုပ်ကြီး စိုးဝင်းနေရာတွင် အတွင်းရေးမှူး (၁) ဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး သိန်စိန်အား ဝန်ကြီးချုပ်အဖြစ်ခန့်အပ်ကြောင်း စစ်အစိုးရကအမိန့်ကြေညာချက်ကို ယမန်နေ့ကထုတ် ပြန်လိုက်ခြင်းဖြစ် ပြီး ၀န်ကြီးချုပ်ခန့် ခြင်းနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များ ပါရှိခြင်းမရှိချေ။
ကာလရှည်ကြာစွာ ခေတ္တဝန်ကြီးချုပ်အဖြစ် တာဝန်ယူနေရာမှ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုယ်တိုင် လက်မှတ်ထိုးကာ အမိန့် အမှတ် (၃/၂၀၀၇) ဖြင့် ၀န်ကြီးချုပ်ရာထူးကို ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။ ဒု-ဗိုလ်ချုပ်ကြီးသိန်းစိန်သည် ကာကွယ်ရေးတက္ကသိုလ် (ဒီအက်စ်အေ) အပတ်စဉ် (၉) ကျောင်းဆင်းဖြစ်ပြီး ရွှေတြိဂံတိုင်းမှူး၊ စစ်ရေးချုပ်၊ အတွင်းရေးမှူး (၂)၊ အတွင်းရေးမှူး (၁)
နှင့် အမျိုးသားညီလာခံကျင်းပရေး ကော်မရှင်ဥက္ကဋ္ဌ တာဝန်များထမ်းဆောင်ခဲ့ပြီး ၁၉၈၈ ခုနှစ် စစ်အစိုးရအာဏာ သိမ်းပြီး နောက်ဖြစ်လာသည့် (၅) ယောက်မြောက် ၀န်ကြီးချုပ်ဖြစ်သည်။
အမိန့်အမှတ် (၄/၂၀၀၇) ဖြင့် ဒုတိယဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးကို ယခု ဒု- ဗိုလ်ချုပ်ကြီး သိန်းစိန်နေရာ၌ အတွင်းရေးမှူး (၁) အဖြစ်လည်း ယမန်နေ့က စစ်အစိုးရက ခန့်အပ်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရအကြား အပြန်အလှန်ညှိနှိုင်းဆောင်ရွက်ရန် ခန့်အပ်ခဲ့ သည့် ဗိုလ်ချုပ်ကြည်အောင်အား ဦးကြည်အောင်အဖြစ်ပြောင်းလဲကာ အလုပ်သမားဝန်ကြီးဌာန ဝန်ကြီးအဖြစ်လည်း ခန့်အပ်ခဲ့သည်။
သီဟသူရတင်အောင်မြင့်ဦးသည် ကာကွယ်ရေးဝန်ကြီးဌာန စစ်ထောက်ချုပ်တာဝန်မှ ယခုကဲ့သို့ အတွင်းရေးမှူး (၁) နေရာသို့ ရောက်ရှိလာပြီး ယမန်နေ့က နေပြည်တော်တွင်ပြုလုပ်သည့် ကုလသမဂ္ဂနှစ်ပတ်လည်နေ့တွင် စတင် မိန့်ခွန်းပြောဆိုနေသည် ကို မြ၀တီရုပ်သံတွင် ထုတ်လွှင့် သွားသည်။
ထို့အပြင် စစ်အစိုးရက ယမန်နေ့က ဗိုလ်ချုပ်သုံးဦးအားလည်း ဒုဝန်ကြီးများအဖြစ် ခန့်အပ်ခဲ့ သည်။၎င်းတို့မှာ ကာကွယ်ရေး၊ အမှတ် (၂) စက်မှု၊ ဆက်သွယ်ရေးစာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနများအတွက် ဒု-၀န်ကြီးများအဖြစ် ဗိုလ်ချုပ်သိန်းဌေး၊ ဗိုလ်ချုပ်ကျော်စွာခိုင်နှင့် ဗိုလ်ချုပ် သိန်းထွန်းတို့ကို ယမန်နေ့က ခန့်အပ်လိုက်သည်။
ပုံမှန်အရ လေးလပတ်အစည်းအဝေးတွင်သာ စစ်ရာထူးများ အပြောင်းအလဲကို ပြုလုပ် သော်လည်း ဗိုလ်ချုပ်ကြီးစိုးဝင်း မကျန်းမမာဖြစ်စဉ်ကတည်းက ယခုလက်ရှိနေရာများကို ပြင်ဆင်ထားခြင်းဖြစ်ပြီး ယခင်အလုပ်သမားဝန်ကြီးအားပြောင်း ရွှေ့သတင်းမပါလာသဖြင့် ဖြုတ်လိုက်နိုင်သည်ဟု ဆိုသည်။

ပြည့်စုံ © 2013. All Rights Reserved | Powered by:Blogger

Designed by:Windroidclub