October 11, 2007

ကံခေလိုက်တဲ့ကဗျာ

Unknown | 7:13 AM |

ကံခေလိုက်တဲ့ကဗျာ

ကောက်ကိုင်လိုက်တဲ့ ဆေးပေါ့လိပ်က

ဘ၀ဆိုရင်…..

မီးသေနေတာတောင်

မျက်ရည်တွေ တအူအူထွက်ကျလာပုံမျိုး …။

စိတ်နာတဲ့အထဲမှာ ငါ့ဘ၀လည်းပါတယ်….

ဘ၀က … ကြယ်ကိုမခူးနိုင်ဘူး

နှလုံးသားက စံပယ်ကိုခူးချင်တယ်….။

မနေတတ်မထိုင်တတ်

ရေးလိုက်မိတဲ့ ကဗျာတောင်မှ

သောက နဲ့ စက်လက်

ဘာရယ်မဟုတ်ဘူး…

ဖိနပ်ပါးစုတ်စုတ် တရံနဲ့

ကမ္ဘာကြီးကို နင်းထားရတာ

အလိုလိုနေရင်း အားငယ်နေမိတယ်။

အဲဒီလိုပဲထင်ပါတယ်

ဘ၀ဆိုတာ…..

ကိုယ်က ကံခေတိုင်း

စိတ်ရှိလက်ရှိ မွှေနှောက်ခံနေရတဲ့

ကော်ဖီမစ် တစ်ခွက်လိုပဲနေမှာ ………။

မြူမင်းလွင်(ကောလင်း)

ပြည့်စုံ © 2013. All Rights Reserved | Powered by:Blogger

Designed by:Windroidclub