August 16, 2015

iOS 8+ အတွက် Speech Text

Unknown | 10:00 AM | |
iOS 8 နှင့်အထက်တွင် web Browser သို့မဟုတ် eBook, Note အစရှိသည်တို့မှ စာသား၊ စာပိုဒ်များကို selection ရွေးချယ်ပြီး အသံထွက် ဖတ်ပြသည့် Text speech လုပ်ဆောင်ချက်ကို ထည့်သွင်းပေးထားပါတယ်....

လူသိနည်းလှသည့် အဆိုပါလုပ်ဆောင် ချက်ကို မိမိ၏ iOS 8 device တွင် အသုံးပြုနည်းကို လွယ်ကူ ရှင်းလင်းစွာ ဖော်ပြပေးလိုက်ပါတယ်...

အောက်ပါ ပုံများအတိုင်း တစ်ဆင့်ခြင်း လုပ်ဆောင်သွားပါ။

ပထမဦးစွာ Home screen ရှိ Settings သို့ ဝင်ရောက်ပါ... 




အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်.... 
Credit to - မိုးသိကြား 

မိတ်ဆွေသူငယ်ချင်းများ အားလုံးအဆင်ပြေပျော်ရွှင်ကြပါစေ...

 
ပြည့်စုံ(ဝေါသားလေး)

Continue reading ...

October 05, 2014

iPad နဲ့ iPodTouch ကနေ ဖုန်းခေါ်ရအောင်..

Unknown | 5:28 PM | |

iOS 8 မှာ ထူးထူးခြားခြား ပါဝင်လာတဲ့ လုပ်ဆောင်ချက် တစ်ခုကတော့ iPad, iPodTouch တို့ကနေ တိုက်ရိုက် ဖုန်းခေါ်ဆိုနိုင်ခြင်း၊ ပြန်လည် ဖြေကြားခြင်းတို့ကို လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်.. 

ဧည့်ခန်းထဲမှာ iPad နှင့် စာဖတ်နေခြင်း၊ တစ်ခုခုပြုလုပ်နေခြင်း စသည့်အချိန်များတွင် အိပ်ခန်းတွင်း ကျန်ခဲ့သော မိမိ၏ဖုန်း ခေါ်လာပါက ထိုင်ရာကနေ မထပဲ iPad ကနေ ပြန်လည် ဖြေကြားနိုင်သလို တိုက်ရိုက်လည်း ဖုန်းခေါ်ဆိုနိုင်ပါတယ်... 

ယခုလုပ်ဆောင်ချက်ကို iOS 8 နှင့် Mac OS X Yosemite တို့မှာ အသုံးပြုနိုင်ပြီး iPad, iPodTouch တွင်သာမက Mac computer များမှာပါ လုပ်ဆောင်နိုင်ပါတယ်။ 
သို့သော် iOS device များမှာတော့ ကန့်သတ်ချက် ရှိနေပြီး iOS 8 တင်ထားတိုင်းတော့ ယခုလို လုပ်ဆောင်ချက်မျိုးကို လုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး။ 

Device နှစ်ခုစလုံးကို iOS 8 နှင့် အထက် သွင်းထားဖို့ လိုအပ်ပြီး အောက်ဖော်ပြပါ Device များတွင်သာ အပြန်အလှန် ချိပ်ဆက်၍ အလုပ်လုပ်နိုင်ပါလိမ့်မည်။ 

Hardware Requirements 

  • iPhone 5, iPhone 5c, iPhone 5s, iPhone 6, iPhone 6 Plus
  • iPad (4th generation), iPad Air, iPad Mini, iPad Mini (Retina Display)
  • iPodTouch (5th generation)


iPad, iPodTouch တို့မှ Receive, Call လုပ်နိုင်ဖို့ Setting မှာလည်း ပြောင်လဲလုပ်ဆောင် ပေးထားရပါလိမ့်မယ်။ 

၁) Device နှစ်ခုစလုံး Wi-Fi လိုင်းတစ်ခုထဲ အတူတူချိပ်ဆက်ထားရပါ။ 

၂) Device နှစ်ခုစလုံးတွင် Settings > FaceTime မှာ Apple ID အတူတူ Sin In လုပ်ထားပါ။ 

၃) Device နှစ်ခုစလုံးတွင် Settings > FaceTime > iPhone Cellular Calls ကို "ON" ထားပါ။ 

၎) Device နှစ်ခုစလုံးတွင် Settings > iCloud မှာ Apple ID အတူတူ Sin In လုပ်ထားပါ။ 

၅) iPhone တွင် Settings > Phone >Wi-Fi Calling ကို "OFF" ထားပါ။ 

မှတ်ချက်။ ။ (မိမိဖုန်းလိုင်းက Wi-Fi Calling ကို support မလုပ်ပါက အဆင့် ၄ ထိပင် လုံလောက်ပါသည်)

အခုဆိုရင် iPad, iPodTouch တို့မှနေ၍ ဖုန်းခေါ်ဆို၊ လက်ခံဖို့ အဆင်သင့် ဖြစ်သွားပါပြီ။ ဖုန်းခေါ်ဆိုသည့်အခါ " Contacts, Calendar, Safari" တို့ထဲမှ ဖုန်းနံပါတ်ကို နှိပ်ပြီး ခေါ်ဆိုနိုင်ပါတယ်။ 






ယခုဖော်ပြပါနည်းအတိုင်း "iMessage" တွင် Sign In အတူတူ ဝင်ထားခြင်းဖြင့်လည်း iPad, iPodTouch တို့မှ SMS, MMS တို့ကိုလည်း ပေးပို့ ရယူနိုင်မှာ ဖြစ်ပါတယ်။ 

Credit to - မိုးသိကြား   


Continue reading ...

August 27, 2014

iPhone 5 များ၏ Battery ကိုပြန်လည်လဲလှယ်တပ်ဆင်ပေးသည့်အစီအစဉ်အား Apple ပြုလုပ်ပေးမည်

Unknown | 7:20 PM | | |


စက်တင်ဘာလ ၂၀၁၂ မှ ဇန်န၀ါရီ ၂၀၁၃ အတွင်းရောင်းချခဲ့တဲ့ iPhone 5 တွေရဲ့ Battery များမှာ ဘက်ထရီအားအလျင်အမြန်ကုန်လွယ်ခြင်းနှင့်အခြား Error များဖြစ်ပွားနေတာကို Apple မှတရားဝင် အတည်ပြုလိုက်ပါပြီ။ ဒီအတွက် စက်တင်ဘာလ ၂၀၁၂ မှ ဇန်န၀ါရီ ၂၀၁၃ အတွင်းရောင်းချခဲ့တဲ့ iPhone 5 များကို Apple မှ Battery အသစ်လဲလှယ်တပ်ဆင်ပေးမယ့်အစီအစဉ်ကို ၂၀၁၄ သြဂုတ်လ ၂၂ ရက်နေ့ကနေစတင်ပြီး ပြုလုပ်ပေးနေပြီလို့သိရပါတယ်။ Apple Retail Store ရှိတဲ့  မြို့ကြီးများ နဲ့ Apple အသိအမှတ်ပြု  Service Provider များထံမှာ အခမဲ့သွားရောက် လဲလှယ်တပ်ဆင်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
Error များဖြစ်ပေါ်နေသော iPhone 5 တွေရဲ့ Batteryလဲလှယ်တပ်ဆင်မှုများကို ပြုလုပ်ရမယ့်သူများအနေဖြင့်


  •  မိမိတို့ရဲ့ ဖုန်းအတွင်းရှိ Data များကို Backup လုပ်ခဲ့ကြရန်

  • " Find my iPhone” Feature ကို ပိတ်ခဲ့ကြရန်

  • Settings > General > Reset > ထဲကိုဝင်၍ Erase all Content and Settings ကိုနှိပ်ပြီး ဖုန်းရဲ့ Data & Setting များကိုရှင်းလင်းထားရန် Apple မှအသိပေးကြေညာထားသည်။


မိမိတို့ရဲ့ iPhone 5 က ပြသာနာရှိနေတဲ့ Battery များတပ်ဆင်ထားသော ဖုန်းစာရင်းထဲပါမပါသိနိုင်အတွက် အောက်က Link မှာ ၀င်ရောက်ပြီး ဖုန်း Serial Number ကိုရိုက်ထည့်ကာ Submit ကိုနှိပ်ပြီး စစ်ဆေးနိုင်တယ်လို့သိရပါတယ်။



(ဖုန်းရဲ့ Serial Number ကိုသိရှိရန် Setting > General > About ထဲသို့ဝင်၍ Serial Number ကိုကြည့်ရှုနိုင်ပါတယ်)

Credit to - သက်နိုင်စိုး (Myanmar Mobile App Store)
Continue reading ...

January 08, 2014

ဒါဖတ်ပြီးမှ iOS 7+ သွင်းထားသော iDevice ကို ဝယ်ယူပါ...

Unknown | 7:03 PM | |
iOS 7+ iDevice များကို တစ်ဆင့်ပြန်လည် ဝယ်ယူခြင်း၊ ရောင်းချခြင်းများ မပြုလုပ်မိ (ဝယ်သူရော ရောင်းသူပါ) သိသင့်သိထိုက် လုပ်သင့်လုပ်ထိုက် စစ်ဆေးထိုက်သည့် အချက်အလက်များကို ကောင်းစွာ သိရှိ နားလည်ထားရန် လိုအပ်ပါသည်။

သို့မှသာ အနာဂါတ်တွင် ဖြစ်ပေါ်လာနိုင်သည့် အတားအဆီး အခက်အခဲများကို လွယ်ကူစွာ ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။
ရောင်း/ဝယ်သူများနှင့် iOS 7+ ပိုင်ရှင်များ အတွက် ဆောင်ရန် ရှောင်ရန်များကို မပြောမီ iOS 7 အကြောင်းကို ကောင်းစွာ နားလည်ထား စေချင်ပါတယ်။

Apple က နောက်ဆုံးထုတ်လိုက်သော iOS 7 သည် (ဖုန်းသူခိုးများ) နှင့် မတော်တဆ ပျောက်ဆုံးခဲ့ပါက မိမိ၏ တန်ဖိုးကြီးသော iDevice ကို လွယ်ကူစွာ ပြန်လည် ရှာဖွေရယူနိုင်ရန် နှင့် မိမိ၏ ခွင့်ပြုချက်မပါပဲ ဖုန်းကို စိတ်ကြိုက် မလုပ်နိုင်ရန် အတွက် စီမံထားတဲ့ လုံခြုံရေးကို တိုးမြင့်ထားပါတယ်။

iOS 7 Activation

Apple က ထုတ်လုပ်လိုက်သော iDevice တိုင်းမှာ Hardware ID တစ်ခုစီပါရှိပြီး Cellular service ရရှိနိုင်အောင် ပြုလုပ်ထားပါတယ်။
ဒါကြောင့် Internet connection ချိပ်ဆက်မိတဲ့ အခါမှာ iDevice ရဲ့တည်နေရာကို ရှာတွေ့နိုင်ပါတယ်။ နိုင်ငံခြားတိုင်းပြည်များမှာ Carrier Contract (စာချုပ်) နှင့် ရယူထားသော iPhone များကို Register လုပ်ပြီးမှ သုံးစွဲသူထံ ထုတ်ပေးခြင်းဖြစ်ပါတယ်။

အကယ်၍ ထိုဖုန်း ပျောက်ဆုံးသွားခဲ့သော် (သို့) အခိုးခံရခဲ့သော်၊ Connection ချိပ်ဆက်မိတာနှင့် ဖုန်း၏ တည်နေရာကို Carrier ကုမ္ပဏီမှ ရှာဖွေပေးနိုင်သော်လည်း မည်သည့် ကုမ္ပဏီမှ အလုပ်ရှုပ်ခံပြီး တာဝန်ယူပြီး ရှာမပေးကြပါ (USA မှာတောင် မလုပ်ပေးပါ)။ ဒါကို သိရှိနားလည်ထားတဲ့ ဖုန်းသူခိုးများဟာလည်း ခိုးဖုန်းများကို ပြည်တွင်းမှာထက် ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချကြပါတယ်။

ဒီလိုနဲ့ Apple iPhone ပိုင်ရှင်များဟာ ဖုန်းပျောက်တဲ့အခါ နစ်နာနေခဲ့ကြပါတယ်။ ဒါတွေကို ပြေလည်စေရန် Apple က 2010 မှာ iOS 4.2 ကစလို့ "Find My iPhone" App ကို တီထွင်ခဲ့ပြီး 2011 အရောက်မှာတော့ "iCloud" service နှင့် တွဲဖက်ကာ မိမိ၏ iDevice ပျောက်ဆုံးသွားတဲ့ အခါမှာ Remote system (အဝေးထိန်းနည်း) နှင့် Lock ချခြင်း၊ Message ပေးပို့ခြင်းတို့ ပြုလုပ်နိုင်အောင် စီစဉ်ထားခဲ့ပါတယ်။

ဖုန်းပျောက်သွားတဲ့ အခါမှာ ဒီနည်းနဲ့ မိမိ၏ Personal Data တွေကို သူများလက်ထဲ မရောက်အောင် ကာကွယ်နိုင်ခဲ့ပေမယ့် ခိုးယူသူက ဖုန်းကို လိုချင်လို့ ခိုးတာဖြစ်တဲ့ အတွက် (message ပို့ Lock ချ) ပေမယ့် ပြန်မရတော့တာ များပါတယ်။

iOS 6 ထိ "Find My iPhone" နှင့် Lock ချလိုက်သော ဖုန်းပင်ဖြစ်သော်လည်း iTunes နှင့် ပြန်လည် ချိပ်ဆက်ကာ Restore လုပ်ပြီး "New Phone" အဖြစ် ပြန်လည် သုံးနိုင်နေတဲ့ အတွက် လုံခြုံမှုဟာ အပြည့်အဝ မရှိပဲ ခိုးသူ ကောက်ရသူ များမှာ Restore နှင့် အလုပ်ဖြစ်နေဆဲပါ....

iOS 7 မှာတော့ အဲဒီဟာကွက်ကို ပိတ်ဆို့နိုင်ခဲ့ပြီး ဖုန်းကို Lock ချလိုက်သည့်အခါ (သို့) Restore ပြန်လည်လုပ်သည့် အခါတွင် iOS 7 ကို Update လုပ်ခဲ့စဉ်က မူလပိုင်ရှင်၏ "Apple ID" မရှိပဲနှင့် (လုံးဝ) ဖုန်းသုံးလို့ မရအောင် Restore လုပ်လို့ မရအောင် စီစဉ် ကာကွယ်ထားလိုက်ခြင်း ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် လူတွေ ရိုးသားမှု ရှိလာစေရန် Apple က နည်းပညာနှင့် သွန်သင်ပေးတယ် လို့ပဲ ဆိုရမလိုပါ...

ယခုလောက် ဆိုရင်တော့ iOS 7 အကြောင်းကို အနည်းငယ် ရိပ်စားမိပြီဟု ယူဆပါတယ်...

ယနေ့ထိ နေတိုင်းနီးပါ ရောက်ရှိလာသော မေးလ်အများစုရဲ့ ပြဿနာဟာ iOS 7 "Activation" ပြဿနာ ဖြစ်နေပါတယ်။
iDevice ကို Restore လုပ်သည့်အခါ iOS 7 ကို သွင်းခဲ့စဉ်က Apple ID နှင့် Password တောင်းနေသဖြင့် "Activation" အဆင့်ကို တစ်ဆင့် ပြန်ဝယ်သူများ မကျော်နိုင်ကြပေ။

"Activation" ပြဿနာကို တရားဝင် ဖြေရှင်းနိုင်ရန်မှာ ရောင်းမည့်သူ (မူလပိုင်ရှင်) မှာ တာဝန်အပြည့်ရှိပြီး၊ (မူလပိုင်ရှင်) မရှိ/မသိပါက ဖြေရှင်းနိုင်မည် မဟုတ်ချေ...
ဝယ်ယူသူ အနေနှင့်လည်း ဈေးနှုန်းချိုသာမှုကိုသာ ဦးစားမပေးပဲ ပိုက်ဆံမရှင်းမီ စစ်ဆေးသင့်ပါတယ်။


**iOS 7+ iDevice ကို တစ်ဆင့် ပြန်ဝယ်မည့်သူများ ငွေမချေမီ စစ်ဆေးဆောင်ရွက်ရန်**

၁) မိမိဝယ်ယူရန် ရယ်ရွယ်သော iOS 7 iDevice သည် Passcode ခံထားခြင်း မရှိစေရ (ခံထားပါက ဖြုတ်ခိုင်းပါ)
၂) Settings -> iCloud တွင် Sign In ဖြစ်နေသည်ကို အောက်ပါအတိုင်း တွေ့ရပါမည်။ 



၃) ထိုနောက် Settings -> General -> Reset -> Erase All Content and Settings ကို နှိပ်ပြီး Erase iPhone ကို ထပ်မံနှိပ်သည့် အခါ Apple ID နှင့် Password တောင်းလာပါမည်။  



  • ထိုအခါ ရောင်းမည့်သူအား "Password" သွင်းခိုင်းပါ။
  • Password သွင်းပြီး Reset လုပ်ပြီးသွားတဲ့ အချိန်မှာ ဖုန်းသည် Restore mode ကိုရောက်ရှိသွားပါလိမ့်မယ်၊ စိတ်မပူပါနှင့် အိမ်ရောက်မှ မိမိ၏ ကိုယ်ပိုင် Apple ID နှင့် iTunes တွင် Restore/Update လုပ်နိုင်သွားပါပြီ..
  • အကယ်၍ မသွင်းပေးနိုင်ပါက ထိုဖုန်းကို မည်မျှပင် ဈေးသက်သာပေ့စေ (လုံဝ) (လုံးဝ) မဝယ်ယူပါနှင့်တော့။ ဤ Apple ID နှင့် Password သည် သင့်ကို တောက်လျှောက် ဒုက္ခပေးနေပါလိမ့်မည်။ 
 **အကယ်၍ သင်သည် မစစ်ဆေးပဲ ဝယ်ယူခဲ့မိပြီးသူဖြစ်ပါက မူလပိုင်ရှင်နှင့် ဆက်သွယ်ကာ အောက်ပါနည်း (၂) နည်းနှင့် Activate လုပ်နိုင်ပါသေးသည်**

နည်းလမ်း (၁)

မူလပိုင်ရှင်ထံမှ Apple ID ရဲ့ "Password" ကို ဆက်သွယ် တောင်းခံခြင်း...

ဤနည်းလမ်းသည် အလွန်ရင်နှီးသူများ (သို့) လူချင်း တွေ့ဆုံနိုင်သော အခွင့်အရေးရှိခဲ့လျှင်သာ အဆင်ပြေနိုင်ရန်ရှိပါတယ်။ Apple ID သည် အရေးကြီးတာမို့ မိမိ၏ "Password" ကို အလွယ်တစ်ကူပေးရန် မည်သူမျှ မမိုက်မဲတတ်ပါ...

အကယ်၍ တစ်နည်းနည်းနှင့် "Apple ID Password" ကို ရလာပါက Settings -> General -> Reset -> Erase All Content and Settings ကို နှိပ်ပြီး Erase iPhone လုပ်နိုင်ပါပြီ...
Reset လုပ်ပြီးသွားတဲ့ အချိန်မှာ ဖုန်းသည် Restore mode ကိုရောက်ရှိသွားပါလိမ့်မယ်၊ စိတ်မပူပါနှင့် မိမိ၏ ကိုယ်ပိုင် Apple ID နှင့် iTunes တွင် Restore/Update လုပ်နိုင်သွားပါပြီ..


နည်းလမ်း (၂)

မူလပိုင်ရှင်ထံသို့ ဆက်သွယ်ပြီး အောက်ပါအဆင့်များအတိုင်း လုပ်ဆောင်ခိုင်းပါ။

၁) iCloud တွင် SignIn လုပ်ရန် PC မှနေ၍ www.icloud.com/find ကိုသွားပါ။ 



၂) ပုံတွင်ပြထားသည့်အတိုင်း "All Devices" ကို နှိပ်ပြီး မိမိရောင်းမည့် (ရောင်းလိုက်သည့်) iDevice ကိုရွေးပါ။
  
၃) "Erase iPhone" ကိုနှိပ်ပြီး Erase လုပ်ပါ။ 

  

  • message pop up တက်လာပါမည် (Erase လုပ်ခြင်းဖြင့် content နှင့် settings များကို ဖျက်သွားပြီး Location ကိုလည်း ရှာဖွေနိုင်မည် မဟုတ်တော့ပါ)၊ "Erase" ကိုနှိပ်ပါ။


    • Erase လုပ်ရန် Apple ID ကို password နှင့် Sign-In ၀င်ပါ။

       
    • ဤအဆင့်တွင် မည်သည့် ဖုန်းနံပါတ် နှင့် message မျှမထည့်ပဲ "Next" နှိပ်ပါ။ "Done" နှိပ်ပါ။  

    • အခုဆိုရင် iDevice ကို "Erase" လုပ်နေပါပြီ။ (iDevice မှာ အလုပ်လုပ်နေပါပြီ)။  


    ၄) "Remove from Account" ကို နှိပ်ပါ။
    Apple ID ကိုပါဖျက်ပြီး အခြားမည်သူမဆို iDevice ကို လွပ်လွပ်လပ်လပ် သုံးနိုင်စေရန် "Remove" ကို နှိပ်ပါ။  


     ပြီးပါပြီ...
    အခုဆိုရင် iDevice ကို iTunes နှင့် ချိပ်ဆက် မိမိ၏ Apple ID နှင့် SignIn လုပ်၍ iOS 7+ ကို Update/Restore ပြန်လုပ်နိုင်ပါပြီ..

    မှတ်ချက်။ ။ (Jailbroken iDevice ဖြစ်ခဲ့ပါက အဝိုင်းလည် နေတာမှာတင် ကြာနေခဲ့ရင် DFU mode သုံးပြီး ချိပ်ဆက်ပါ) 


    Source Ref; ကိုမိုးသိကြား ၀က်ဆိုဒ်မှာကူးယူဖော်ပြပါသည်။
Continue reading ...

November 12, 2013

iOS 7+ တွင် မြန်မာလို ဖတ်ရှုနိုင်ပြီ

Unknown | 4:55 PM | | |
iOS 7 နှင့်အထက်ကို ယနေ့ထိ Jailbreak လုပ်လို့ မရသေးတာ အားလုံးပဲသိကြပါလိမ့်မယ်။ Jailbreak မရသေးတဲ့အတွက် မြန်မာစာ အခက်အခဲကို ရင်ဆိုင်နေကြရမှာပါ။ အခုတော့ ဒီအခက်အခဲကို ကျော်လွှားနိုင်ဖို့ မြန်မာ Developer တစ်ဦးဖြစ်သူ (ယခင်ကလည်း iDevice အတွက် ဇော်ဂျီကို ကြိုးပမ်းပေးခဲ့သူ၊ Mogok Browser, Likebook App များကိုရေးသားသူ) "ကိုသန့်သက်ခင်ဇော်" က iOS 7 နှင့်အထက်မှာ မြန်မာစာကို ကောင်းမွန်စွာ ဖတ်ရှုနိုင်အောင် စီစဉ်ပေးလိုက်ပါပြီ... အကျယ်ချဲ့ကြည့်ရန်...
ဇော်ဂျီဖောင့် ဖတ်နိုင်ရန်အတွက်... မိမိ iDevice ၏ "Safari Browser" မှနေ၍ "http://d.pr/f/M8Es+" ကို ရိုက်ထည့်ပါ။ (သို့မဟုတ်) ဤနေရာကို နှိပ်ပြီးသွားပါ။ ထိုအခါ iDevice ၏ Setting ထဲသို့ရောက်သွားပြီး "Install" ဆိုတာကို နှိပ်လိုက်ပါ။ "Install" လုပ်ပြီးသွားတဲ့ အခါမှာ မည်သည့် App တွင်မဆို မြန်မာစာ(ဇော်ဂျီ) နှင့် ရေးသားထားသော စာများကို ကောင်းမွန်စွာ ဖတ်ရှုနိုင်ပါလိမ့်မည်။ Install လုပ်ပြီးသော်လည်း ဖတ်ရှု၍ မရသေးပါက iDevice ကို Reboot လုပ်ပါ။ Special Credit to : ကိုစေတန်, ကိုမိုးသိကြား
Continue reading ...

ပြည့်စုံ © 2013. All Rights Reserved | Powered by:Blogger

Designed by:Windroidclub