October 18, 2007

လူရွှင်တော်ဇာဂနာ ပြန်လွတ်လာ

Unknown | 12:37 AM |

လူရွှင်တော်ဇာဂနာ ခေါ် ဒါရိုက်တာ ကိုသူရ မနေ့ည(၇)နာရီလောက်မှာ ပြန်လွတ်လာခဲ့ပါသည်။ ထိန်းသိမ်းရေး စခန်းမှာ(၂၁)ရက်ကြာထိန်းသိမ်းခံလာရတဲ့ ကိုဇာဂနာဟာ စိတ်ပိုင်းရော၊ ရုပ်ပိုင်းပါ ကျန်းမာရေးသိပ်မကောင်းတဲ့ အတွက် နေအိမ်မှာအနားယူနေရပါတယ်။

အတည်မပြုနိုင်သေးတဲ့သတင်းအရ ရုပ်ရှင်သရုပ်ဆောင် ကျော်သူ၊ ဇနီး မရွှေဇီးကွက်နှင့် ဟာသသရုပ်ဆောင် ဇာဂနာကို ယမန်နေ့ညက စစ်အစိုးရက ပြန်လွှတ်ပေးလိုက်သည်ဟုကြားသိရပါသည်။

သရုပ်ဆောင် ကျော်သူနှင့် မရွှေဇီးကွက်၏ သားကြီးဖြစ်သူ မောင်ပြည်သိန်းကျော်က “သတင်းတော့ ကြားတယ်။ ရန်ကုန်အိမ်ကို ဖုန်းဆက်လို့ မရသေးဘူး။ အဖေလွတ်တယ် မလွတ်သေးဘူးဆိုတာ ကျနော် မသိသေးဘူး။ လွတ်ရင်တော့ ကောင်းတာပေါ့။ တကယ် ထွက်တာဆိုရင် ၀မ်းသာပါတယ်”ဟု အမေရိကန်နိုင်ငံ ဖီးနစ်မြို့မှ ပြောကြားသည်။

စစ်အစိုးရက ဖမ်းဆီးထိန်းသိမ်းထားသူ(၂၀၀၀) ကျော်ပြန်လွှတ်ပေးလိုက်သည်ဟုကြေငြာခဲ့ပေမယ့် ထင်ရှားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုတော့ ပြန်လွှတ်ပေးခြင်းမရှိပါဘူး။ ဒါ့အပြင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ဆက်လက်ဖမ်းဆီးနေဆဲပါ။

No comments:

ပြည့်စုံ © 2013. All Rights Reserved | Powered by:Blogger

Designed by:Windroidclub