October 21, 2007

ထိုင်း-မြန်မာနယ်စပ်တွင်ဘာသာပေါင်းစုံဆုတောင်းပွဲကျင်းပ

Unknown | 3:09 AM | |


ထိုင်း-မြန်မာနယ်စပ်ရှိ မယ်တော်ဆေးခန်းမှမိသားစုဝင်များနှင့် မယ်တော် Children Development Center စာသင်ကျောင်းမှ ကျောင်းသား/ကျောင်းသူများက မြန်မာပြည်ငြိမ်းချမ်းရေးနှင့်ဒီမိုကရေစီရရှိရေးအတွက် ဘာသာပေါင်းစုံဆုတောင်းပွဲကိုယနေ့ မနက် ၈း ၃၀ နာရီမှ ၁၁း၀၀ နာရီအထိ ပြုလုပ်ခဲ့ပါသည်။ ဘာသာပေါင်းစုံဆုတောင်းပွဲနှင့် ဂုဏ်ပြုသစ်ပင်စိုက်ပျိုးခြင်း အခမ်းအနားသို့ လူတစ်ထောင်ခန့်တက်ရောက်ခဲ့ပြီး ၊ တက်ရောက်သူများအားလုံးက အနီရောင်အင်္ကျီများဝတ်ဆင်ထားကြပြီး၊ အနီရောင်အင်္ကျီပေါ်တွင်“ လူအချင်းချင်းနှိပ်စက်ခြင်းကင်းရှင်းကြစေ၊ ဒို့မေတ္တာစွမ်းကမ္ဘာလွှမ်းအေးချမ်းကြစေ ” မေတ္တာပို့စာပိုဒ် အား အင်္ဂလိပ်၊ ထိုင်း၊ မြန်မာသုံးဘာသာဖြင့် ရေးသားထားပါသည်။
အခမ်းအနားတွင် ဒေါက်တာစင်သီယာမောင်မှ အဖွင့်အမှာ စကားပြောကြားပြီး၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလမ် (မူစလင်)ဘာသာများဖြင့် ဘာသာအလိုက် အသီးသီးမေတ္တာပို့ဆု တောင်းကြခြင်း၊ မယ်တော်ကျေးရွာထိုင် ရွာသူကြီးမှ မြန်မာပြည် ငြိမ်းချမ်းရေးအတွက်ဆုတောင်းပေးခြင်း၊ အခမ်းအနားတွင် တက်ရောက်လာကြသူအားလုံးမှဖရောင်းတိုင်မီးများထွန်းညှိပြီးမေတ္တာပို့ စာပိုဒ်ကိုသံပြိုင်ရွတ်ဆိုကာ ဆုတောင်းခြင်းများကို ပြုလုပ်ခဲ့ကြပါသည်။ ယခုအပတ်ပြုလုပ်သည့်ဆုတောင်းပွဲအပါအ၀င် ဆုတောင်းပွဲများကို မယ်တော်ဆေးခန်းမှ အပတ်စဉ် ကျင်းပပြုလုပ်ခဲ့သည်မှာ လေးကြိမ်မြောက်ဖြစ်သည်ဟု သိရှိရပြီး၊ ယခုအပတ်တွင်ပြုလုပ်သည့် ဆုတောင်းပွဲ တွင်ထူးခြားသည် မှာစက်တင်ဘာလအတွင်းက မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သော ရွှေဝါရောင်တော်လှန်ရေးအတွင်း ကျဆုံးပြန် လွန်တော် မူသွားကြသော ရဟန်းသံဃာတော်များ၊ ကျောင်းသားပြည်သူများအား လေးစားသောအားဖြင့် ဦးညွှတ်ဂုဏ် ပြုသည့် အနေဖြင့်လည်းကောင်း၊ ငြိမ်းချမ်းရေးနှင့်ဒီမိုကရေစီရေး အတွက်ရည်စူး၍ လည်းကောင်း၊ သစ်ပင်ပန်းပင် များစိုက်ပျိုးခဲ့ပြီး ထိုသစ်ပင်များတွင်လည်း အနီရောင်ဖဲပြားလေးများချီနှောင်၍ ဂုဏ်ပြုဦးညွှတ်ခြင်း၊ သစ္စာပြုခြင်း များကိုပြုလုပ်ခဲ့ကြပါသည်။
source; TTC





No comments:

ပြည့်စုံ © 2013. All Rights Reserved | Powered by:Blogger

Designed by:Windroidclub