October 03, 2007

လူထုလှုပ်ရှားမှုကော်မတီမှ ကြေညာချက်ထုတ်ပြန်။

Unknown | 8:00 PM |

လူထုလှုပ်ရှားမှုကော်မတီမှ ကြေညာချက်ထုတ်ပြန်။

ကြေညာချက် အမှတ် ၃/၂၀၀၇

၃ အောက်တိုဘာလ ၂၀၀၇

ရဟန်းရှင်လူကျောင်းသားပြည်သူအပေါင်းတို့ -

၁။ စစ်အာဏာရှင်တစ်စု၏ လူမဆန်စွာ ဖမ်းဆီးနှိပ်စက်မှု၊ အကြမ်းဖက်သတ်ဖြတ်မှုအောက်တွင် သာသနာတော် ထွန်းကားပြန့်ပွားရေးနှင့် တမျိုးသားလုံး လွတ်မြောက်ရေးအတွက် အသက်ပေးလှုခဲ့ကြသော ရဟန်းအာဇာနည် များနှင့် ကျောင်းသားပြည်သူအာဇာနည်အပေါင်း၏ ကြီးမြတ်သော ဂုဏ်ပုဒ်များအား ရွတ်ဖတ်ပူဇော်၍ ၀မ်းနည်း ခြင်းအထိမ်းအမှတ် ၀တ်ပြုဆုတောင်းပွဲများအား နိုင်ငံတ၀န်းလုံးကျင်းပသွားကြမည်။

၂။ လူမျိုးအသီးသီးမှ သက်ဆိုင်ရာဘာသာများအလိုက် တန်းခိုးကြီးဘုရားများ၊ ဘုရားရှိခိုးကျောင်းများ၊ ဗလီ ကျောင်းများ၊ ဘုံကျောင်းများတွင်(၅)ရက်၊ (၁၀)လ၊ ၂၀၀၇ မှ(၇) ရက်၊ (၁၀)၊ ၂၀၀၇ အထိ သောကြာ၊စနေ၊ တနင်္ဂနွေ (၃)ရက်တိတိဖယောင်းတိုင်များထွန်းညှိပူဇော်၍ တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ဆုတောင်းသစ်စာ ပြုခြင်း များပြုလုပ်သွားမည်။

၃။ ဗုဒဘာသာဝင်များအနေနှင့် နေအိမ်နှင့် ဘုရားကျောင်းဆောင်များတွင် ဒီနေ့မှစ၍ သာသနာအလံတော်များ စိုက်ထူခြင်းဖြင့် ရဟန်းအာဇာနည်အပေါင်း၏ ထွန်းပြောင်သောသာသနာ့သမိုင်းအား မော်ကွန်းတင်သွားမည်ဖြစ် သည်။

၎။ ထိုသို့ ဆုတောင်းသစ်စာပြုကြရာတွင် -

(က) စစ်အာဏာရှင် မင်းဆိုးမင်းညစ်တို့၏ ဖိနှိပ်အုပ်စိုး၊ ဆေးသုတ်၊ ချယ်လှယ်မှုအောက်မှ အမြန်ဆုံး လွတ်မြောက်၍ တိုင်းပြည်ငြိမ်းချမ်းသာယာပါစေကြောင်း၊

(ခ) မတရားဖမ်းဆီး၊ ချုပ်နှောင်၊ နှိပ်စက်၊ညှင်းပန်းခံနေရသော သံဃာတော်များ၊ ကျောင်းသားလူငယ် များနှင့် ပြည်သူများ အမြန်ဆုံးပြန်လည် လွတ်မြောက်ပါစေကြောင်း။

(ဂ) အသက်ပေးလှူသွားကြသော အာဇာနည်အပေါင်းတို့လိုလားတောင့်တခဲ့သည့် လွတ်မြောက်ရေး၊ တရားမျှတရေး၊ ဒီမိုကရေစီရေးတို့အတွက် သွေးစည်းညီညွတ်စွာဖြင့် စစ်အာရှင်စနစ်ကို မြန်မာ့လူ့အဖွဲ့အစည်း၏ ခေတ်သစ်သမိုင်းကြောင်းပေါ်မှ အပြီးအပိုင်ဖယ်ရှား သွားမည်ဖြစ်ကြောင်း လေးလေးနက်နက်ဆုတောင်းသစွှာပြု သွားမည်ဖြစ်သည်။

လူထုလှုပ်ရှားမှုကြီးကြပ်ရေးကော်မတီ

လူထုလှုပ်ရှုားမှုကြီးကြပ်ရေးကော်မတီကို-

၁။ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုကြီး၊

၂။ သောတုဇနဘိက်ခူအဖွဲ့၊

၃။ သံဃာ့လှုပ်ရှားမှု ဦးဆောင်ကော်မတီ၊

၎။ ၈၈ မျိုးဆက်ကျောင်းသားများ၊

၅။ တိုင်းရင်းသားလူငယ်များ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၊

၆။ ကဗျာဆရာများသမဂ္ဂ၊

၇။ တေးရေးဆရာများသမဂ္ဂ၊

၈။ ရှေ့နေများသမဂ္ဂ၊

၉။ ၈၈ မျိုးဆက်သစ်သတင်းစာဆရာများသမဂ္ဂ၊

စတဲ့အဖွဲ့ (၉)ဖွဲ့စုံညီညှိနှိုင်းဆွေးနွေးပြီး စက်တင်ဘာ(၂၇)ရက်မှာ ဖွဲ့စည်းခဲ့ပါသည်။

No comments:

ပြည့်စုံ © 2013. All Rights Reserved | Powered by:Blogger

Designed by:Windroidclub