October 12, 2007

Unknown | 9:24 PM |

၁၂ ရက်နေ့ည မြန်မာ့အသံတွင်ကြေညာခဲ့သော နအဖ၏ ၃/၂၀၀၇ ကြေငြာချက်

နအဖ၏ ခေါင်းမာနေပုံ တင်းခံနေပုံနှင့် ပြည်သူတွေရဲ့လိုလားချက်ဖြစ်တယ်ဆိုပြီး လိမ်လည်ထားပုံအားသိရှိနိုင်ရန် တင်ပြလိုက်ပါသည်။

အပိုဒ်(၁) ပြည်ထောင်စုမြန်မာနိုင်ငံတော်အခြေအနေသည် ဒေသတွင်းနှင့် နိုင်ငံတကာတို့၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိခိုက်မှုမရှိသော်လည်း၂၀၀၇ခုနှစ် အောက်တိုဘာလ(၁၁)ရက် နေ့တွင် ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေး ကောင်စီဥက္ကဌ၏ သဘောထားထုတ်ပြန်ချက်ကို ကြေငြာခဲ့သည့်အတွက် မြန်မာနိုင်ငံအနေဖြင့်များစွာစိတ်မ ကောင်းဖြစ်ရပါသည်။

အပိုဒ်(၂) ဒေသတွင်းနိုင်ငံများ ကမ္ဘာ့နိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးစွာဆက်ဆံရေး ကမ္ဘာ့ကုသမဂ္ဂအဖွဲ့ချုပ် နှင့်အစဉ်တစိုက်ပူးပေါင်းဆောင်ရွက်ရေးသည် ပြည်ထောင်စုမြန်မာနိုင်ငံ၏ အခြေခံနိုင်ငံခြား ရေးမူဝါဒပင်ဖြစ်ရာ မိမိတို့၏မူဝါဒနှင့်အညီ ဆက်လက်ဆောင်ရွက်အကောင် အထည် ဖေါ်သွားမည်ဖြစ်ပါသည်။

အပိုဒ်(၃) နိုင်ငံတော်အစိုးရသည် နိုင်ငံ့တာဝန်ကို မလွှဲမရှောင်သာ ရယူလိုက်ရသည်နောက် ပြည်သူ၏ ဆန္ဒနှင့်အညီ ခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံ တော်တည် ဆောက်ရန် အတွက် နိုင်ငံတော်ရှေ့ဆက်သွားမည့် မူဝါဒလမ်းစဉ် (၇)ရပ်ကိုချမှတ် အကောင်အထည်ဖေါ်လျှက်ရှိရာ အိမ်နီး ချင်းနိုင်ငံများနှင့်အာစီယံနိုင်ငံများအပါအ၀င် ကမ္ဘာ့နိုင်ငံများက ထောက်ခံကြိုဆိုလျက် ရှိကြပါသည်။

အပိုဒ်(၄) နိုင်ငံတော် ရှေ့ဆက်သွားမည့်မူဝါဒလမ်းစဉ်(၇)ရပ်ကို အကောင်အထည်ဖေါ်လျက်ရှိရာ ပထမအ ဆင့်ဖြင့်သည့် အမျိုးသားညီလာခံကို အောင်မြင်ကျင်းပနိုင်ခဲ့ပြီးဖြစ်သည့်အပြင် ဖွဲ့စည်းပုံအခြေဥပဒေပေါ်ပေါက် ရေးအတွက် အခြေခံမူနှင့်အသေးစိတ်အခြေခံသည့်မူများကို နိုင်ငံတ၀ှမ်း တိုင်းရင်းသားပြည်သူ များက တခဲနက် ထောက်ခံကြောင်းဆန္ဒဖော်ထုတ်ပြသလျှက်ရှိနေပါ သည်။

အပိုဒ်(၅) သို့ပါ၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီဥက္ကဌ၏ သဘောထားထုတ်ပြန်ချက်သည် ပြည်သူများ၏ ဆန္ဒဖော်ထုတ်ပြသမှုနှင့်အည်ီသာဖြစ်သင့်သည်ဟုယူဆပါသည်။ မည်သို့ပင်ဖြစ်စေနိုင်ငံတော်အစိုးရသည်ပြည်သူ့ ဆန္ဒ၏နှင့်အညီ ပြည်သူလူထုနှင့်အတူလက်တွဲကာ နိုင်ငံတော်ရှေ့ဆက်သွားမည့် မူဝါဒလမ်းစဉ်(၇)ရပ်အတိုင်း မမှိတ်မသုန် ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြအပ်ပါသည်။

အမိန့်အရ

ပုံ /

သန့်ရှင်း

ဗိုလ်မှူးကြီး အတွင်းရေးမှူး ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရအဖွဲ့။

No comments:

ပြည့်စုံ © 2013. All Rights Reserved | Powered by:Blogger

Designed by:Windroidclub