October 15, 2007

ဖမ်းဆီးမှုများရပ်တန့်ရန်နှင့် ဖမ်းထားသူများပြန်လွှတ်ရန် ဂန်ဘာရီ တောင်းဆို

Unknown | 7:39 AM |

ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ အီဘရာဟင်ဂန်ဘာရီက နိုင်ငံရေးလှုပ်ရှားသူများအား ဖမ်းဆီးမှုများကိုရပ်တန့်ရန် နှင့် ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးရန် နအဖ စစ်အစိုးရကို တောင်းဆိုလိုက်သည်။

ဘန်ကောက်မြို့တွင်ယနေ့ပြုလုပ်သည့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာနစ်ဖိဘွန်ဆုံခမ်း နှင့် မစ္စတာဂန်ဘာရီတို့ မြန်မာ့အရေး တွေ့ဆုံဆွေးနွေးအပြီး စစ်အစိုးရအားတောင်းဆို လိုက်ခြင်းဖြစ်သည်။

အာရှဒေသတွင်းနိုင်ငံများကလည်း နအဖ စစ်အစိုးရကို ဖိအားပေးကြရန် မစ္စတာ ဂန်ဘာရီက ပြောဆိုလိုက်သည်။ မစ္စတာ ဂန်ဘာရီသည် နိုဝင်ဘာလလယ် (သို့မဟုတ်) ၎င်းထက်စော၍ မြန်မာနိုင်ငံသို့ သွားရောက်ရန် အစီအစဉ် ရှိပြီး ထိုခရီးစဉ် မတိုင်မီ မလေးရှား၊ အင်ဒိုနီးရှား၊ ဂျပန်၊ အိန္ဒိယနှင့် တရုတ် နိုင်ငံများသို့သွားရောက် ကာ မြန်မာ့ရေးကို ဆွေးနွေးမည်ဖြစ်သည်။

ဧရာဝတီအင်တာနက်မဂ္ဂဇင်းမှကူးယူတင်ပြသည်။

No comments:

ပြည့်စုံ © 2013. All Rights Reserved | Powered by:Blogger

Designed by:Windroidclub