October 10, 2007

Unknown | 1:30 AM |
၁၂ ရက်၊ ၁၂ နာရီတွင် ၁၂ မိနစ်ငြိမ်သက်ကြရန်ပြည်သူများအား လူငယ်အင်အားစု တိုက်တွန်း NEJ/ (၉) ရက်အောက်တိုဘာ

အောက်တိုဘာ (၁၂) ရက်မှစတင်ကာ (၃) ရက်တိတိ နေ့လည် (၁၂) နာရီအချိန်တွင် မြန်မာပြည်သူပြည်သားများအနေဖြင့် ၀မ်းနည်းခြင်းအထိမ်းအမှတ်ကို ပြသရန် မိမိတို့၏နေအိမ်များတွင် (၁၂) မိနစ်တိတိနေပေးကြပါရန်နှင့် မလွဲမရှောင်သာ အပြင်သို့ရောက်ရှိနေပါကလည်း အမိုးအကာများအောက်သို့ ခဏ၀င်ပေးကြပါရန် လူငယ်အင်အားစုအဖွဲ့က ယနေ့ကြေညာချက်ထုတ်ပြန်တိုက်တွန်းလိုက်သည်။
စာပေ၊ ဂီတအနုပညာရှင်များ၊ ၀န်ထမ်းများ၊ ကွန်ပျူတာ ပညာရှင်လူငယ်များနှင့် ကျောင်းသားလူငယ်များပါဝင်သည့် Generation Wave ခေါ် အကြမ်းမဖက်အမျိုးသားရေးလှုပ်ရှားမှု လူငယ် အင်အားစု (မြန်မာနိုင်ငံ) က ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

No comments:

ပြည့်စုံ © 2013. All Rights Reserved | Powered by:Blogger

Designed by:Windroidclub