April 25, 2012

နို့ဖိုးဒုက္ခသည် စခန်းမှ ဒုက္ခသည်အချို့ ဆန္ဒပြ

Unknown | 4:45 PM | | |
 
နို့ဖိုးဒုက္ခသည် စခန်းတွင်း တနေရာ 
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ အုန်းဖန်မြို့နယ် နို့ဖိုးဒုက္ခသည်စခန်းအတွင်းရှိ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး-UNHCR အရှေ့၌ ဒုက္ခသည် ၁၀၀ဦးခန့်က ယူအဲန်ဓါတ်ပုံရိုက်ပေးပြီး တတိယနိုင်ငံထွက် နိုင်ရန် ယနေ့ မနက် ၉နာရီခွဲမှ မွန်းလွဲ ၁နာရီအထိ တောင်းဆိုဆန္ဒ ပြခဲ့ကြသည်။ ဆန္ဒပြဒုက္ခသည်များသည် အများအားဖြင့် ၂၀၀၉ခုနှစ်မှစ၍ နို့ဖိုးစခန်းရှိ ရပ်ကွက်(၁၆)တွင် ရောက်ရှိလာသူများဖြစ်ပြီး ထိုင်း-မြန်မာနယ် စပ်အခြေစိုက် ဒုက္ခသည်များအတွက် စားနပ်ရိက္ခာထောက်ပံ့ပေးနေသည့် (TBBC)မှ ပေးသော ရိက္ခာလက်မှတ် ရရှိထားသူများဖြစ်သော် လည်း UNHCR မှတ်ပုံတင်လက်မှတ် မရှိသေးသည့်အတွက် ပြုလုပ်ပေးရန် ယခုလို ဆန္ဒပြကြခြင်းဖြစ်သည်ဟု သိရသည်။ နို့ဖိုးစခန်းအတွင်းရေးမှူး စောသူးလေဒို့စိုးက ဆန္ဒပြသူများသည် နိုင်ငံခြားသို့ သွားရောက်အခြေချရန် စောင့်ဆိုင်းနေကြသူများဖြစ်ကြပြီး UN အနေဖြင့် ၎င်းတို့အား ကူညီရန်နှင့် ဒုက္ခသည်အဖြစ် တရားဝင် အသိအမှတ်ပြုပေးရန်အတွက် ဆိုင်းဘုတ်ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြ ခြင်းဖြစ်သည်ဟု ပြောသည်။ “သူတို့တွေ ဆန္ဒပြပေမယ့် ယူအဲန်က ဓါတ်ပုံ (ယူအဲန် မှတ်ပုံတင်လက်မှတ်)လာရိုက်ပေးပြီး နိုင်ငံခြား ထွက်ဖို့က မဖြစ်နိုင်သေးဘူး။ ထိုင်း နိုင်ငံရဲ့ စည်းမျဉ်းစည်းကမ်းအရဆိုရင် ထိုင်းအစိုးရက သူတို့ကို လက်ခံမှ ယူအဲန်က လာလုပ်လို့ ရမယ်လေ။”ဟု ပြောသည်။ ယနေ့ မနက် ဒုက္ခသည်စခန်းအတွင်းသို့ ရောက်ရှိလာသည့် ယူအဲန်တာဝန်ရှိသူများက ဆန္ဒပြသူများကို ခေါ်ယူ ပြောဆိုမှုများရှိသော် လည်း တိကျသည့် အဖြေများ ပေးနိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။ ဆန္ဒပြမှုကို ကိုယ်တိုင် သွားရောက်ကြည့်ရှုခဲ့သူ ကရင်ဒုက္ခသည်များကော်မတီ(ကေအာရ်စီ) အဖွဲ့ဝင်တဦးဖြစ်သူ စောထွန်းဝင်းက “ဆန္ဒပြ တာက အဓိက နိုင်ငံခြားထွက်နိုင်ရေး ကိစ္စပါပဲ။”ဟု ပြောဆိုသည်။ နို့ဖိုးစခန်းတွင် ယခင်က ထိုသို့ အလားတူ ဆန္ဒပြသူများမှုမျိုး မရှိဘဲ ယနေ့ဆန္ဒပြမှုတွင် ကချင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်နှင့် သျှမ်း တိုင်းရင်း သားလူမျိုးများ ပါဝင်ခဲ့ကြသည်။ လက်ရှိ နို့ဖိုးဒုက္ခသည်စခန်းတွင် ကရင်အပါအ၀င် တိုင်းရင်းသားလူမျိုးများ စုစုပေါင်း ၁သောင်းကျော်နေထိုင်ပြီး တရားဝင် ဒုက္ခသည်အ ဖြစ် UNHCR မှ မှတ်ပုံတင်ပြီးသူ ၈ထောင်ခန့်နှင့် မှတ်ပုံမတင်ရသေးသူ ၃ထောင်ခန့် ရှိသည်ဟု ကေအာရ်စီ၏ ၂၀၁၂ခုနှစ်၊ ဇန်န၀ါရီလ ထုတ် ဒုက္ခသည်ဦးရေအရ သိရသည်။

Ref; KIC News
Continue reading ...

April 16, 2012

The Lady (မြန်မာစာတမ်းထိုး) Full HD Movie

Unknown | 9:30 PM | | |


The Lady - ဒေါ်အောင်ဆန်းစုကြည်အကြောင်း ဇာတ်ကားကို နိုင်ငံတကာမှာ ရုံတင်ပြသပြီးပေမယ့် မြန်မာနိုင်ငံမှာ ယခုအချိန်ထိ ပြခြင်းမရှိသေးတဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်တပါတယ်...။ Online မှ HD Quality မြန်မာစာတမ်းထိုးဖြင့်ကြည့်ရှုနိုင်ပါပြီ...။

မြန်မာစာတမ်းထိုးဖြင့် ကြည့်ရှုရန်

ရုပ်ရှင်ကြည့်ရှုရန် ကလစ်ပါ

မြန်မာစာတမ်းထိုး မဟုတ်သောလင့်ခ်များမှ ကြည့်ရှုရန်အတွက်
Link - 1
Link - 2
Continue reading ...

April 14, 2012

တက္ကဆပ်ပြည်နယ် ဒါးလက်မြို့ နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်

Unknown | 3:28 PM | |


၁၄၊၄၊၂၀၁၂ (စနေနေ့)တွင် တက္ကဆပ်ပြည်နယ် ဒါးလက်မြို့မှာ ကျင်းပတဲ့သင်္ကြန်ပွဲဖြစ်ပါတယ်။ ဒါးလက်မြို့၊ အာဗင်းမြို့၊ ဖို့ဝက်မြို့ အစရှိတဲ့အနီးအနားမြို့များမှ မြန်မာမိသားစုများပေါင်းစုစည်းကာ ဘာသာအလိုက်ဝတ်ပြုဆုတောင်းပွဲများ၊ မြန်မာတီးဝိုင်းကာရာအိုကေများ သင်္ကြန်ယိမ်းအကများဖြင့်အတူ မုန့်လုံးရေပေါ်၊ မုန့်ဟင်းခါး၊ ရခိုင်မုန့်တီ အစရှိသည့် မြန်မာ့ရိုးရာအစားအစာများဖြင့်တည်ခင်းဧည့်ခံခဲ့ကြပါသည်။ သင်္ကြန်ပွဲတော်အခမ်းအနားကို ရွှေဗီဒီယိုအင်တာနက်ဝက်ဆိုဒ်မှ တိုက်ရိုက်ပြသခဲ့ပါသည်။
Continue reading ...

April 05, 2012

Cool Edit Pro 2.1 Protable

Unknown | 11:28 PM |


ဒီဆော့ဖ်ဝဲရ်လေးဟာ ကျနော်အရင်တုန်းက အသံပိုင်းဆိုင်ရာ Editing အသုံးပြုခဲ့တဲ့ Software လေးပါ အရမ်းလည်းသဘောကျခဲ့ပါတယ်... သုံးရတာလည်း အရမ်းလွယ်ကူတယ် ပေါ့ပါးတယ်... အသံဖိုင်တွေကို Recording, Editing, Cutting လုပ်လိုသူများအတွက် အကောင်းဆုံးဖန်တီးပေးနိုင်ပါတယ် ... MP3, WMA, WAV, AC3, M4A, AAC စတဲ့ Audio Format လေးတွေကို ထုတ်ပေးနိုင်ပါတယ်။ အသုံးပြုရန်အတွက် မိမိတို့ idea ရှိသလို အသုံးပြုနိုင်ပါတယ်... အောက်မှာ ဒေါင်းလုပ်ယူသွားလိုက်ပါ...



ဒေါင်းလုပ်ရယူရန်လင့်ခ်

Cool Edit Pro 2.1


နည်းပညာ တိုးတက်နိုင်ကြပါစေ
ပြည့်စုံ (ဝေါသားလေး)
Continue reading ...

April 02, 2012

ကြားဖြတ်ရွေးကောက်ပွဲရလဒ် ကြေညာချက် (MRTV)

Unknown | 6:51 PM | | |


အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ၄၀ ဦးစာရင်း ထုတ်ပြန်

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ဧပြီ ၁ ရက်နေ့တွင် ကျင်းပခဲ့သည့် ကြားဖြတ်
ရွေးကောက်ပွဲ မဲဆန္ဒနယ် ၄၅ နေရာအနက် နေရာ ၄ဝ တွင် အနိုင်ရရှိသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ အမည်စာရင်းကို တနင်္လာနေ့က နိုင်ငံပိုင် ရုပ်မြင်သံကြားမှ ထုတ်ပြန်ကြေညာလိုက်သည်။
၎င်းထုတ်ပြန်ကြေညာချက်အရ နေရာ ၄ဝ လုံး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ ကိုယ်စားလှယ်များ အနိုင်ရရှိခဲ့ပြီး
ပြည်သူ့လွှတ်တော်အတွက် ၃၅ နေရာ၊ အမျိုးသားလွှတ်တော်အတွက် ၃ နေရာ၊ တိုင်းဒေသကြီးလွှတ်တော်အတွက် ၂ နေရာတို့ ဖြစ်ကြသည်။

ထုတ်ပြန်ကြေညာချက်များအရ "ယင်းပုဂ္ဂိုလ်များသည် ၎င်းတို့နှင့် ယှဉ်တွဲပါ လွှတ်တော်မဲဆန္ဒနယ်များ၏
လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြောင်း ကြေညာလိုက်သည်"ဟု ကော်မရှင်ကြေညာချက်တွင် ဖေါ်ပြပါရှိ သည်။ ကျန် ၅ နေရာမှ ရလဒ်များကို မကြာမီရက်ပိုင်းအတွင်း ကောမရှင်မှ တရားဝင် ထုတ်ပြန်ကြေညာဖွယ်ရှိသည်။

ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်သည့် လွှတ်တော်ကိုယ်စားလှယ်များစာရင်း



ပြည်သူ့လွှတ်တော်
(၁) စစ်ကိုင်း - ဦးခင်မောင်သိန်း
(၂) ပုလဲမြို့နယ် - ဒေါ်ခင်စန်းလှိုင်
(၃) လောင်းလုံမြို့နယ် ဦးအောင်စိုး
(၄) တောင်ငူမြို့နယ် ဦးအောင်စိုးမြင့်
(၅) ထန်းတပင်မြို့နယ် ဦးစိန်ထွန်း
(၆) သနပ်ပင်မြို့နယ် ဦးမြင့်ဦး
(၇) လက်ပံတန်းမြို့နယ် ဦးကျော်မင်း
(၈) မကွေးမြို့နယ် ဦးမြင့်သိန်း
(၉) ရေစကြိုမြို့နယ် ဒေါက်တာတင်ဌေးအောင်
(၁၀) မြိုင်မြို့နယ် ဦးမြင့်အောင်
(၁၁) ပခုက္ကူမြို့နယ် ဦးပိုက်ကို
(၁၂) ပွင့်ဖြူမြို့နယ် ဒေါက်တာအောင်မိုးညို
(၁၃) ဇမ္ဗူသီရိမြို့နယ် ဒေါ်စန္ဒာမင်း
(၁၄)ပုဗ္ဗသီရီမြို့နယ် ဦးဖြိုးဇေယျာသော်
(၁၅) ဒက္ခိဏသီရိမြို့နယ် ဦးနိုင်ငံလင်း
(၁၆)ဥတ္တရသီရီမြို့နယ် ဦးမင်းသူ
(၁၇)ကျောက်ပန်းတောင်း ဒေါက်တာဇော်မြင့်အောင်
(၁၈) နွားထိုးကြီးမြို့နယ် ဦးပေါခင်
(၁၉) မဟာအောင်မြေမြို့နယ် ဦးအုန်းကြိုင်
(၂၀) တံတားဦးမြို့နယ် ဒေါ်ခင်သန္တာ
(၂၁) မိတ္ထီလာမြို့နယ် ဦးဝင်းထိန်
(၂၂) ပြင်ဦးလွင်မြို့နယ် ဦးကျော်သီဟ
(၂၃) မော်လမြိုင်မြို့နယ် ဒေါ်ခင်ဌေးကြွယ်
(၂၄) ကော့မှူးမြို့နယ် ဒေါ်အောင်ဆန်းစုကြည်
(၂၅) သုံးခွမြို့နယ် ဒေါ်စုစုလွင်
(၂၆) ဒဂုံဆိပ်ကမ်းမြို့နယ် ဒေါက်တာမျိုးအောင်
(၂၇) မင်္ဂလာတောင်ညွန်မြို့နယ် ဒေါ်ဖြူဖြူသင်း
(၂၈) လှည်းကူးမြို့နယ် ဦးဖြိုးမင်းသိန်း
(၂၉) မရမ်းကုန်းမြို့နယ် ဒေါက်တာဒေါ်မေ၀င်းမြင့်
(၃၀) ကလောမြို့နယ် ဒေါက်တာဒေါ်သန်းငွေ
(၃၁) ပုသိမ်မြို့နယ် ဦးဝင်းမြင့်
(၃၂) မအူပင်မြို့နယ် ဦးစိန်ဝင်း (ခ) ဦးစိန်ဝင်းဟန်
(၃၃) မြောင်းမြမြို့နယ် ဦးမန်းဂျော်နီ
(၃၄) ၀ါးခယ်မမြို့နယ် ဒေါ်မြင့်မြင့်စန်း
(၃၅) မြန်အောင်မြို့နယ် ဦးကျော်မြင့်

အမျိုးသားလွှတ်တော်
(၃၆) ပဲခူးတိုင်း ဒေသကြီး အမှတ် (၇) ဦးမင်းဦး
(၃၇) မကွေးတိုင်းဒေသကြီး အမှတ် (၄) ဦးအောင်ကြည်ညွန့်
(၃၈) ဧရာဝတီတိုင်းဒေသကြီး အမှတ် (၁၀) ဦးသိန်းဆွေ

တိုင်းဒေသကြီးလွှတ်တော်
(၃၉) ပဲခူတိုင်းဒေသကြီး အမှတ် (၂) ဦးမျိုးခိုင်
(၄၀) ဧရာဝတီတိုင်းဒေသကြီ အမှတ်(၂) ဒေါက်တာလှမြတ်သွေး

Ref: မဇ္ဈိမ သတင်းဌာန ၊ ကိုနစ်နေမန်း
Continue reading ...

April 01, 2012

ယှဉ်ပြိုင်ရာ ၄၄ နေရာလုံး NLD နိုင်ပြီဟုဆို

Unknown | 6:06 PM | | |
NLD ထောက်ခံသူများ ရွေးကောက်ပွဲ အောင်နိုင်မှု ဆင်နွှဲ



ဧပြီလ ၁ ရက်နေ့တွင် ကျင်းပပြီးစီးသွားသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပြည်နယ်နှင့်တိုင်းအသီးသီးမှ မဲဆန္ဒနယ် ၄၄ နေရာလုံးတွင် အနိုင်ရရှိသွားကြောင်း NLD ရုံးချုပ်မှ သိရသည်။

နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တွင် ယှဉ်ပြိုင်နေသော အဆိုတော် ဇေယျာသော် အနိုင်ရရှိကြောင်း နောက်ဆုံး သိရပြီးနောက် ၄၄ နေရာလုံး အနိုင်ရရှိသည်ဟု ဆိုနိုင်ခြင်းဖြစ်သည်။

၄၄ နေရာအနက် ၃၈ နေရာမှာ မဲရေတွက်ပြီးဖြစ်ကာ ကျန် ၆ နေရာတွင် မဲရေတွက်ဆဲဖြစ်သော်လည်း NLD ကိုယ်စားလှယ်လောင်းများက ပြိုင်ဘက်များအား မဲအရေအတွက် အများအပြား အသာဖြင့် ဦးဆောင်ပြီး
သေချာနေသည့်အတွက် ၎င်းတို့ အနိုင်ရရှိပြီးဖြစ်ကြောင်း ရုံးချုပ်သို့ ဖုန်းဖြင့် သတင်းပို့လာသဖြင့် ယခုကဲ့သို့ ယှဉ်ပြိုင်နေရာအားလုံး အနိုင်ရရှိသည်ဟု ဆိုနိုင်ခြင်းဖြစ်သည်။

တနင်္လာနေ့ နံက်နက်တွင် မဲအနိုင်ရရှိမှု အသေးစိတ်စာရင်းကို NLD မှ ထုတ်ပြန်ကြေညာမည် ဖြစ်ကြောင်း သိရသည်။

ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်နေရာ ၄၈ နေရာ ရှိသည့်အနက် ကချင်ပြည်နယ် မိုးကောင်း၊ ဖားကန့်နှင့် ဗန်းမော်မြို့များတွင် လုံခြုံရေးအကြောင်းပြချက်ဖြင့် ရွေးကောက်ပွဲ မကျင်းပဖြစ်ခဲ့ပေ။ ကျန် ၄၅ နေရာ တွင် NLD က ၄၄ နေရာ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည်။

Ref: မဇ္ဈိမသတင်းဌာန
Continue reading ...

ပြည့်စုံ © 2013. All Rights Reserved | Powered by:Blogger

Designed by:Windroidclub