October 05, 2014

iPad နဲ့ iPodTouch ကနေ ဖုန်းခေါ်ရအောင်..

Unknown | 5:28 PM | |

iOS 8 မှာ ထူးထူးခြားခြား ပါဝင်လာတဲ့ လုပ်ဆောင်ချက် တစ်ခုကတော့ iPad, iPodTouch တို့ကနေ တိုက်ရိုက် ဖုန်းခေါ်ဆိုနိုင်ခြင်း၊ ပြန်လည် ဖြေကြားခြင်းတို့ကို လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်.. 

ဧည့်ခန်းထဲမှာ iPad နှင့် စာဖတ်နေခြင်း၊ တစ်ခုခုပြုလုပ်နေခြင်း စသည့်အချိန်များတွင် အိပ်ခန်းတွင်း ကျန်ခဲ့သော မိမိ၏ဖုန်း ခေါ်လာပါက ထိုင်ရာကနေ မထပဲ iPad ကနေ ပြန်လည် ဖြေကြားနိုင်သလို တိုက်ရိုက်လည်း ဖုန်းခေါ်ဆိုနိုင်ပါတယ်... 

ယခုလုပ်ဆောင်ချက်ကို iOS 8 နှင့် Mac OS X Yosemite တို့မှာ အသုံးပြုနိုင်ပြီး iPad, iPodTouch တွင်သာမက Mac computer များမှာပါ လုပ်ဆောင်နိုင်ပါတယ်။ 
သို့သော် iOS device များမှာတော့ ကန့်သတ်ချက် ရှိနေပြီး iOS 8 တင်ထားတိုင်းတော့ ယခုလို လုပ်ဆောင်ချက်မျိုးကို လုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး။ 

Device နှစ်ခုစလုံးကို iOS 8 နှင့် အထက် သွင်းထားဖို့ လိုအပ်ပြီး အောက်ဖော်ပြပါ Device များတွင်သာ အပြန်အလှန် ချိပ်ဆက်၍ အလုပ်လုပ်နိုင်ပါလိမ့်မည်။ 

Hardware Requirements 

  • iPhone 5, iPhone 5c, iPhone 5s, iPhone 6, iPhone 6 Plus
  • iPad (4th generation), iPad Air, iPad Mini, iPad Mini (Retina Display)
  • iPodTouch (5th generation)


iPad, iPodTouch တို့မှ Receive, Call လုပ်နိုင်ဖို့ Setting မှာလည်း ပြောင်လဲလုပ်ဆောင် ပေးထားရပါလိမ့်မယ်။ 

၁) Device နှစ်ခုစလုံး Wi-Fi လိုင်းတစ်ခုထဲ အတူတူချိပ်ဆက်ထားရပါ။ 

၂) Device နှစ်ခုစလုံးတွင် Settings > FaceTime မှာ Apple ID အတူတူ Sin In လုပ်ထားပါ။ 

၃) Device နှစ်ခုစလုံးတွင် Settings > FaceTime > iPhone Cellular Calls ကို "ON" ထားပါ။ 

၎) Device နှစ်ခုစလုံးတွင် Settings > iCloud မှာ Apple ID အတူတူ Sin In လုပ်ထားပါ။ 

၅) iPhone တွင် Settings > Phone >Wi-Fi Calling ကို "OFF" ထားပါ။ 

မှတ်ချက်။ ။ (မိမိဖုန်းလိုင်းက Wi-Fi Calling ကို support မလုပ်ပါက အဆင့် ၄ ထိပင် လုံလောက်ပါသည်)

အခုဆိုရင် iPad, iPodTouch တို့မှနေ၍ ဖုန်းခေါ်ဆို၊ လက်ခံဖို့ အဆင်သင့် ဖြစ်သွားပါပြီ။ ဖုန်းခေါ်ဆိုသည့်အခါ " Contacts, Calendar, Safari" တို့ထဲမှ ဖုန်းနံပါတ်ကို နှိပ်ပြီး ခေါ်ဆိုနိုင်ပါတယ်။ 






ယခုဖော်ပြပါနည်းအတိုင်း "iMessage" တွင် Sign In အတူတူ ဝင်ထားခြင်းဖြင့်လည်း iPad, iPodTouch တို့မှ SMS, MMS တို့ကိုလည်း ပေးပို့ ရယူနိုင်မှာ ဖြစ်ပါတယ်။ 

Credit to - မိုးသိကြား   


Continue reading ...

August 27, 2014

iPhone 5 များ၏ Battery ကိုပြန်လည်လဲလှယ်တပ်ဆင်ပေးသည့်အစီအစဉ်အား Apple ပြုလုပ်ပေးမည်

Unknown | 7:20 PM | | |


စက်တင်ဘာလ ၂၀၁၂ မှ ဇန်န၀ါရီ ၂၀၁၃ အတွင်းရောင်းချခဲ့တဲ့ iPhone 5 တွေရဲ့ Battery များမှာ ဘက်ထရီအားအလျင်အမြန်ကုန်လွယ်ခြင်းနှင့်အခြား Error များဖြစ်ပွားနေတာကို Apple မှတရားဝင် အတည်ပြုလိုက်ပါပြီ။ ဒီအတွက် စက်တင်ဘာလ ၂၀၁၂ မှ ဇန်န၀ါရီ ၂၀၁၃ အတွင်းရောင်းချခဲ့တဲ့ iPhone 5 များကို Apple မှ Battery အသစ်လဲလှယ်တပ်ဆင်ပေးမယ့်အစီအစဉ်ကို ၂၀၁၄ သြဂုတ်လ ၂၂ ရက်နေ့ကနေစတင်ပြီး ပြုလုပ်ပေးနေပြီလို့သိရပါတယ်။ Apple Retail Store ရှိတဲ့  မြို့ကြီးများ နဲ့ Apple အသိအမှတ်ပြု  Service Provider များထံမှာ အခမဲ့သွားရောက် လဲလှယ်တပ်ဆင်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
Error များဖြစ်ပေါ်နေသော iPhone 5 တွေရဲ့ Batteryလဲလှယ်တပ်ဆင်မှုများကို ပြုလုပ်ရမယ့်သူများအနေဖြင့်


  •  မိမိတို့ရဲ့ ဖုန်းအတွင်းရှိ Data များကို Backup လုပ်ခဲ့ကြရန်

  • " Find my iPhone” Feature ကို ပိတ်ခဲ့ကြရန်

  • Settings > General > Reset > ထဲကိုဝင်၍ Erase all Content and Settings ကိုနှိပ်ပြီး ဖုန်းရဲ့ Data & Setting များကိုရှင်းလင်းထားရန် Apple မှအသိပေးကြေညာထားသည်။


မိမိတို့ရဲ့ iPhone 5 က ပြသာနာရှိနေတဲ့ Battery များတပ်ဆင်ထားသော ဖုန်းစာရင်းထဲပါမပါသိနိုင်အတွက် အောက်က Link မှာ ၀င်ရောက်ပြီး ဖုန်း Serial Number ကိုရိုက်ထည့်ကာ Submit ကိုနှိပ်ပြီး စစ်ဆေးနိုင်တယ်လို့သိရပါတယ်။



(ဖုန်းရဲ့ Serial Number ကိုသိရှိရန် Setting > General > About ထဲသို့ဝင်၍ Serial Number ကိုကြည့်ရှုနိုင်ပါတယ်)

Credit to - သက်နိုင်စိုး (Myanmar Mobile App Store)
Continue reading ...

February 12, 2014

Where's My Refund ?

Unknown | 11:05 AM | |
(ဓါတ်ပုံအကြီးကြည့်ရှုရန် ပုံကိုကလစ်လိုက်ပါ )
တစ်နှစ်တစ်ကြိမ် မိမိပေးဆောင်ထားသော အခွန်ငွေများအား လျှောက်ထားပြီးနောက် ဘယ်တော့ရမည်ဆိုတာကို အစိုးရ၀က်ဆိုဒ် အင်တာနက်စာမျက်နှာတွင် ကြည့်ရှုခြင်းဖြစ်ပါတယ်။ (USA Only ) ဤသို့ကြည့်ရှုနိုင်ရန်အတွက် မိမိလျှောက်သည့် နေ့မှစ၍ ၇၂ နာရီကျော်လွန်မှ ချက်ကြည့်၍ရမည်ဖြစ်ပါသည်။ တခါတရံ တပါတ်(၇)ရက်ပြည့်မှချက်ကြည့်နိုင်ပါသည်။… ပထမအဆင့်အနေနဲ့ ပေးထားသောလင့်ခ်ကို ကလစ်လိုက်ပါ www.IRS.gov ပြီးလျှင် OK ကိုကလစ်လိုက်ပါ... ပုံတွက်ပြထားသည့်အတိုင်း မိမိ၏ ဆိုရှယ်နံပါတ်(SSN) ရိုက်ထည့်လိုက်ပါ ပြီးလျှင် မိမိလျှောက်ထားသည့်အတိုင်း တစ်ယောက်တည်း (Single) ဆိုလျှင် Single နေရာမှာ ကလစ်ပါ အိမ်ထောင်သည် (Married ) ဆိုလျှင် Married-Filing Joint Return ဆိုပြီးကလစ်ပါ… ပြီးလျှင် အခွန်သွားလျှောက်တုန်းက မိမိဘယ်လောက်ရမည်ဆိုတာ အတိအကျကို Refund Amount ဆိုတဲ့နေရာ $ --- မှာ မိမိရမည့် ငွေပမာဏကို ရိုက်ထည့်ပါ… ပြီးလျှင် Submit ကိုကလစ်လိုက်ပါ..။ ( အကယ်၍ မိမိရမည့် ငွေပမာဏ မမှန်ကန်ပါက ဘယ်တော့ရမည်ဆိုတာကို ကြည့်၍ မရနိုင်ပါ…)



ပုံတွင်ပြထားသည့်အတိုင်း မိမိကိုဘယ်ရက် လွှဲပေးမည်ဆိုတာရယ် လွှဲပေးမည့်ရက်မရလျှင် ဒုတိယသူပြထားသည့်ရက် (၅)ရက်အတွင်း မတိုင်ခင် ဆက်သွယ်မေးမြန်းရမည်ဖြစ်ပါသည်။

ဖုန်းဖြင့်လည်း ဆက်သွယ်မေးမြန်းနိုင်ပါသည်… ဆက်သွယ်ရန်ဖုန်းနံပါတ် - (800) 829-1040 အသေးစိတ်ကြည့်ရှုလိုပါက ဤနေကိုကလစ်ပါ Click here

အစစအဆင်ပြေနိုင်ကြပါစေ….
ပြည့်စုံ (ဝေါသားလေး)
Continue reading ...

January 09, 2014

သိထားရမည့် ObamaCare

Unknown | 11:50 AM | |

ကမ္ဘာသစ် (kabarthit.com)®  လူမှုစီးပွား မီဒီယာမှ ကူးယူဖော်ပြပါသည်။   
 
သမ္မတ အိုဘာမား တက်လာပြီးနောက် အမေရိကန် ပြည်ထောင်စုတွင် လူပြောအများဆုံးနှင့် ပြဿနာအဖြစ်ဆုံး ကိစ္စတစ်ခုမှာ Obama-care ဟု ခေါ်သည့် စနစ်သစ်ကျန်းမာရေးအာမခံဖြစ်ပါသည်။ အမေရိကန်နိုင်ငံတွင် နေထိုင်လျက်ရှိသော မြန်မာတိုင်းရင်းသားများလည်း Obamacare အကြောင်း ခြုံငုံ သိထားသင့်ပါသည်။ ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ စတင်ကျင့်သုံးမည့် ၎င်းအက်ဥပဒေအရ ကျန်းမာရေး အာမခံ မရှိသူများသည် ၂၀၁၅ ခုနှစ် ဧပြီလ အခွန်ဆောင်ချိန်တွင် ဒဏ်ငွေအတပ်ခံရပါမည်။
ထို့ကြောင့်၊ အရေးကြီးသော အချက်များကို အများနားလည်စေရန် လိုရင်းတိုရှင်း တင်ပြသွားပါမည်။
အမေရိကန်သမ္မတ ဘာရက်ခ် အိုဘားမား (အလယ်) ၂၀၁၀ ခုနှစ် မတ်လ ၂၃ ရက်နေ့က ဝါရှင်တန် ဒီစီရှိ အိမ်ဖြူတော်တွင် အမေရိကအတွက် သက်သာသော ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေကို လက်မှတ် ရေးထိုး အတည်ပြုနေပုံ ဖြစ်ပါသည်။


Obamacare ဆိုတာ ဘာလဲ?
သမ္မတ အိုဘားမားက ၂၀၁၀ ခုနှစ်တွင် 'လူမမာ ကာကွယ်စောင့်ရှောက်ရေးနှင့် သက်သာသော ပြုစုကုသမှု အက်ဥပဒေ' (Patient Protection and Affordable Care Act.) ကို လက်မှတ်ရေးထိုး အတည်ပြုခဲ့ပါသည်။ သမ္မတအမည်ကို အစွဲပြု၍ Obamacare ဟုသာ လူသိများပါသည်။
ဘယ်လို အာမခံ အစီအစဉ်တွေလဲ?
ကျန်းမာရေး အာမခံ အစီအစဉ်သစ်များကို အချို့ ပြည်နယ်များတွင် ပြည်ထောင်စု ဗဟိုအစိုးရက လုပ်ဆောင်ပေးကာ အချို့ပြည်နယ်များတွင် သက်ဆိုင်ရာ ပြည်နယ်အစိုးရ (အုပ်ချုပ်ရေးအဖွဲ့) က လုပ်ဆောင်မည် ဖြစ်သည်။
မြန်မာပြည်မှလာသူ အများဆုံးနေထိုင်သည့် ပြည်နယ်များအနက် ကယ်လီဖိုးနီးယား၊ နယူးယောက်၊ မေရီလင်း၊ နီဗားဒါး စသည်တို့တွင် ပြည်နယ်အစိုးရကလည်းကောင်း၊ အင်ဒီယာနာ၊ ဗာဂျီးနီးယား၊ ဖလော်ရီဒါ စသည်တို့တွင် ဗဟိုအစိုးရကလည်းကောင်း တာဝန်ယူ ဆောင်ရွက်မည် ဖြစ်သည်။
ထို့ကြောင့်၊ ပေးဆောင်ရမည့် အာမခံ လစဉ်ကြေးနှင့် အိတ်စိုက်ကုန်ကျငွေတို့သည် ပြည်နယ် တစ်ခုနှင့် တစ်ခု၊ လူတစ်ဦးနှင့်တစ်ဦး တူညီမည် မဟုတ်ပါ။
အာမခံအစီအစဉ်မှာ ဘာတွေ ပါဝင်သလဲ?
အာမခံအစီအစဉ်အားလုံးတွင် မပါမနေရ ပါဝင်သည့် ကုသစောင့်ရှောက်မှုများမှာ-
  • အရေးပေါ်ကုသမှု၊
  • ဆေးရုံတက်၍ အတွင်းလူနာ ကုသမှု ခံယူခြင်း၊
  • ဆရာဝန်ညွှန်ကြားသည့် ဆေးများ ဝယ်ယူအသုံးပြုခြင်း
  • ကိုယ်ဝန်ဆောင်နှင့် မွေးစကလေး ပြုစုစောင့်ရှောက်ခြင်း၊
  • ဓာတ်ခွဲခန်း စမ်းသပ်စစ်ဆေးခြင်းများ၊
  • ရောဂါကာကွယ်ရေးနှင့် နာတာရှည်ရောဂါကုသခြင်း၊ -စသည်တို့ ဖြစ်ပါသည်။
ယခင် ကျင့်သုံးနေသော ကျန်းမာရေးအာမခံစနစ်များကဲ့သို့ ရောဂါရှိပြီးသား လူများအတွက် နှုန်းထားပို၍ တောင်းခံခြင်း၊ ကျားမခွဲခြား၍ နှုန်းထား သတ်မှတ်ခြင်းမျိုးကို ခွင့်မပြုပါ။ ဥပမာ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါ ရှိနေသူတစ်ဦးသည် Obamacare အစီအစဉ်တွင် ရောဂါမရှိ ကျန်းမာသူများနှင့် တန်းတူ သတ်မှတ်နှုန်းထားကိုသာ ပေးဆောင်ရမည် ဖြစ်သည်။
သို့သော်၊ ဆေးလိပ်သောက်သူများအား နှုန်းထားပိုမို ကောက်ခံခြင်းကို ခွင့်ပြုပါသည်။
အစီအစဉ်ပုံစံများ
Obamacare အစီအစဉ်တွင် ပုံစံ ၅ မျိုး ခွဲခြားထားသည်။
ပေးဆောင်ရမည့် လစဉ်အာမခံကြေးနှင့် အိတ်စိုက်ကုန်ကျငွေတို့ပေါ်မူတည်၍ Bronze (ကြေး)၊ Silver (ငွေ)၊ Gold (ရွှေ)၊ Platinum (ပလက်တီနမ်) နှင့် Catastrophic (ဘေးဒုက္ခအဆင့်) ဟု ခွဲခြားထားသည်။
ယေဘုယျအားဖြင့် လစဉ်ကြေးနည်းလျှင် ဆရာဝန်ပြခ၊ ကုသစရိတ်၊ ဆေးဖိုးဝါးခတို့ များမည်၊ လစဉ်ကြေး များလျှင် အခြားစရိတ်စကများ နည်းမည် ဖြစ်သည်။ ထို့ကြောင့် မိမိ၏ မိသားစု ကျန်းမာရေး အခြေအနေပေါ် မူတည်ကာ မိမိ၏ ဝင်ငွေနှင့် သင့်လျော်ကိုက်ညီမည့် ပုံစံကို ရွေးချယ်ရမည် ဖြစ်ပါသည်။
အစီအစဉ်ပုံစံ ရွေးချယ်ရာတွင် အခမဲ့ အကြံဉာဏ်ပေး ကူညီမည့်ဝန်ထမ်းများ ရှိပါသည်။ မိမိ၏ ပြည်နယ်၊ နေထိုင်ရာဒေသအလိုက် ဆက်သွယ်တိုင်ပင်နိုင်ပါသည်။
လက်ရှိ ကျန်းမာရေးအာမခံ ရှိသူနှင့် မရှိသူ
အချို့သူများသည် မိမိ၏ အလုပ်လုပ်သော ကုမ္ပဏီ၊ ရုံးဌာနတို့မှ ကျန်းမာရေး အာမခံစနစ်တွင် ပါဝင်ထားသည်။ အချို့ကလည်း မိမိဖာသာ သင့်လျော်ရာ ကျန်းမာရေးအာမခံ တစ်ခုခုကို ဝယ်ယူ ပါဝင်ထားပြီး ဖြစ်နေပါမည်။ ထိုသူများအနေနှင့် Obamacare အစီအစဉ်အတွက် အထူးအထွေ ထပ်မံ လုပ်ဆောင်စရာ မလိုတော့ပါ။
ထို့အတူ၊ ဝင်ငွေနည်းသူများအတွက် အစိုးရ၏ ယခင် အစီအစဉ်များဖြစ်သော Medicare, Medicaid, Medi-Cal, CHIP စသည်တို့တွင် ပါဝင်နေသူများသည်လည်း ဘာမှ လုပ်ဆောင်ရမည် မဟုတ်ပါ။
သို့သော်၊ ကျန်းမာရေး အာမခံမရှိသော ယာယီအလုပ်၊ နာရီစား အလုပ် လုပ်ကိုင်နေသူများ၊ ဆူရှီးလုပ်ငန်းကဲ့သို့ အသေးစား ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်သူများသည် ကျန်းမာရေး အာမခံ အစီအစဉ် ပုံစံ ၅ မျိုး အနက်မှ တစ်ခုခုတွင် စာရင်းသွင်း ပါဝင်ရမည် ဖြစ်သည်။
တစ်နှစ်ထက်တစ်နှစ်တိုးမည့် ဒဏ်ငွေ
၂၀၁၄ ခုနှစ် မတ်လ ၃၁ ရက်ကို နောက်ဆုံးထား၍ မည်သည့် ကျန်းမာရေး အာမခံစနစ်တွင်မှ ပါဝင်မထားသူများသည် ယခုအက်ဥပဒေအရ ဒဏ်ငွေ ပေးဆောင်ရမည်ဖြစ်သည်။
၂၀၁၅ ခုနှစ် ဧပြီလ အခွန်အစီရင်ခံစာ တင်သွင်းရာတွင် လူကြီး တစ်ဦးလျှင် ၉၅ ဒေါ်လာ၊ ကလေးတစ်ဦးလျှင် ၄၇.၅၀ ဒေါ်လာ၊ အိမ်ထောင်စုတစ်ခုလျှင် အများဆုံး ၂၈၅ ဒေါ်လာအထိ ဖြစ်စေ၊ အိမ်ထောင်စု ဝင်ငွေ၏ ၁ ရာခိုင်နှုန်း ဖြစ်စေ များရာနှုန်းထားကို ပေးဆောင်ရမည်။ ဒဏ်ငွေ ပမာဏသည် ကုန်ကျစရိတ်အနည်းဆုံး ဖြစ်သော Bronze ၏ တစ်နှစ်စာ နှုန်းထားနှင့် အတူတူ ဖြစ်သည်။
ဒဏ်ငွေသည် တစ်နှစ်ပြီးတစ်နှစ် တိုးမည်ဖြစ်ကာ ၂၀၁၅ ခုနှစ်တွင် အိမ်ထောင်စုဝင်ငွေ၏ ၂ ရာခိုင်နှုန်း သို့မဟုတ် လူကြီး တစ်ဦးလျှင် ၃၂၅ ဒေါ်လာ၊ ၂၀၁၆ ခုနှစ်တွင် အိမ်ထောင်စုဝင်ငွေ၏ ၂.၅ ရာခိုင်နှုန်း သို့မဟုတ် တစ်ဦးလျှင် ၆၉၅ ဒေါ်လာ ဆောင်ရမည် ဖြစ်သည်။
ဒဏ်ငွေ ကင်းလွတ်ခွင့်
အမေရိကန်နိုင်ငံတွင် အချို့လူများသည် အစိုးရ၏ Medicaid အစီအစဉ်အတွက် သတ်မှတ်ဝင်ငွေထက် များနေသော်လည်း အနည်းဆုံး ကျန်းမာရေး အာမခံကြေး မတတ်နိုင်သူများ ရှိပါသည်။ စနစ်သစ် Obamacare ကျန်းမာရေးအာမခံတွင် မပါဝင်နိုင်သော်လည်း ဒဏ်ငွေ ကင်းလွတ်ခွင့် ရရှိနိုင်ပါသည်။
ဒဏ်ငွေ ကင်းလွတ်ခွင့် လျှောက်ထားနိုင်သည့် အချက်အလက်အချို့မှာ-
  •  အနိမ့်ဆုံး သတ်မှတ်ထားသော ကျန်းမာရေး အာမခံပုံစံ (ဥပမာ၊ Bronze) သည် အိမ်ထောင်စု တစ်ခုလုံး၏ ဝင်ငွေစုစုပေါင်း၏ ၈ ရာခိုင်နှုန်းထက် များနေလျှင်၊
  • မိမိ၏ ဝင်ငွေသည် အခွန်ပေးဆောင်နိုင်သော ပမာဏမရှိပဲ အလွန်နည်းပါးသဖြင့် နှစ်ပတ်လည် အခွန်အစီရင်ခံစာ (tax return) တင်သွင်းခြင်း မရှိလျှင်၊
  • လွန်ခဲ့သော ၂၄ လအတွင်း မပေးဆောင်နိုင်သော ဆေးကုသစရိတ်များ ရှိနေခဲ့လျှင်၊
  • လျှပ်စစ်၊ ဂက်စ်စသည့် စွမ်းအင်ပေးဆောင်ရေး ကုမ္ပဏီများမှ ဓာတ်အား ဖြတ်တောက်ရန် သတိပေးစာ ရရှိထားလျှင်၊
  • လွန်ခဲ့သော ၆ လအတွင်း နေထိုင်ရာ အိမ်၊ အိမ်ခန်းတို့မှ နှင်ထုတ် ဖယ်ရှားခံထားရလျှင်၊ သို့မဟုတ်၊ မိမိ၏ အိမ်ကို သိမ်းယူခံရမည့် အခြေအနေ၊ အိမ်မှ နှင်ထုတ်ခံရမည့် အခြေအနေတို့နှင့် ရင်ဆိုင် ကြုံတွေ့နေရလျှင်၊
  • မိသားစုဝင်များထဲမှ နာမကျန်းသူ၊ မသန်စွမ်းသူ၊ အသက်ကြီးအိုမင်းသူများကို ပြုစုစောင့်ရှောက်နေရသဖြင့် ကုန်ကျစရိတ်များပြားနေလျှင်၊
  • မကြာခင်က မိသားစု အရင်းအချာ ကွယ်လွန်ထားလျှင်၊
-ကင်းလွတ်ခွင့် လျှောက်ထားနိုင်ပါသည်။
အထက်တွင် ဖော်ပြထားသည်မှာ အပြည့်အစုံမဟုတ်ပဲ အချို့ကိုသာ ကောက်နုတ်ထားခြင်းဖြစ်သည်။
အကြံပေးချက်
အမေရိကန်နိုင်ငံရောက် မြန်မာတိုင်းရင်းသားများအနေဖြင့်၊ မိမိ၏ အလုပ်မှ ကျန်းမာရေး အာမခံထားရှိလျှင် ဖြစ်စေ၊ အစိုးရ၏ Medicare, Medicaid, Medi-Cal, CHIP အစီအစဉ်တစ်ခုခုတွင် ပါဝင်နေလျှင် ဖြစ်စေ ဘာမျှ လုပ်ဆောင်ရန်မလိုပါ။
သို့သော်၊ ကျန်းမာရေးအာမခံ၊ benefit မရှိသည့် နာရီစား၊ ယာယီအလုပ်၊ ကိုယ်ပိုင် အသေးစား လုပ်ငန်းမျိုး လုပ်ကိုင်နေလျှင် Obamacare အစီအစဉ် တစ်ခုခုကို ၂၀၁၄ ခုနှစ် မတ်လ ၃၁ ရက်နေ့ မတိုင်မီ စာရင်းသွင်း ပါဝင်ရန် အရေးကြီးပါသည်။
စာရင်းသွင်းနည်း လေးမျိုး
Obamacare အစီအစဉ်တွင် ပါဝင်ရန် အစိုးရ၏ တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.healthcare.gov တွင် သွားရောက် လေ့လာ ကြည့်သင့်ပါသည်။
စာရင်းပေးနိုင်သော နည်း ၄ မျိုးမှာ-
၁။ အင်တာနက် ဝက်ဘ်ဆိုက်မှ အွန်လိုင်း
၂။ တယ်လီဖုန်း (1-800-318-2596 / TTY: 1-855-889-4325)
၃။ လူကိုယ်တိုင် တွေ့ဆုံဆွေးနွေး စာရင်းပေးခြင်း၊
၎။ လျှောက်လွှာပုံစံ ဖြည့်စွက်၍ စာတိုက်မှ ပေးပို့ခြင်း- တို့ ဖြစ်ကြသည်။
Obamacare နှင့်ပတ်သက်၍ သေသေချာချာ ရှင်းလင်းစွာ သဘောမပေါက်သူများသည် နံပတ် ၃ ဖြစ်သည့် လူကိုယ်တိုင် တွေ့ဆုံဆွေးနွေးပြီး အသင့်တော်ဆုံးကို ရွေးချယ်လုပ်ဆောင်ခြင်းသည် အကောင်းဆုံး ဖြစ်မည်ဟု အကြံပေးလိုပါသည်။
www.healthcare.gov တွင် မိမိ၏မြို့နှင့် ပြည်နယ် သို့မဟုတ် ဇစ် စာပို့သင်္ကေတတို့ဖြင့် အနီးဆုံး ဆွေးနွေးတိုင်ပင်နိုင်သော ဌာနကို လမ်းညွှန်ပေးပါမည်။

☎ မြန်မာဘာသာဖြင့် ဆက်သွယ်စုံစမ်းနိုင်သော အခမဲ့ဖုန်းနံပါတ်မှာ- 1-800-318-2596

မြန်မာဘာသာဖြင့် ရှင်းလင်းချက်ရနိုင်
အစိုးရ၏တရားဝင် ဝက်ဘ်ဆိုက်တွင် မြန်မာဘာသာဖြင့် ရှင်းလင်းချက်ကို ရယူနိုင်ပါသည်။
သတိပြုရန်- မြန်မာများ နားလည်အောင် ရှင်းပြထားသော နမူနာပုံစံသာ ဖြစ်၍ ၎င်းအပေါ်တွင် ဖြည့်စွက်ရမည် မဟုတ်ပါ။ နမူနာကြည့်ကာ အင်္ဂလိပ်ဘာသာ ပုံစံကိုသာ ဖြည့်စွက် တင်သွင်းရပါမည်။

ကမ္ဘာသစ် ’ (kabarthit.com)®  လူမှုစီးပွား မီဒီယာမှ ကူးယူဖော်ပြပါသည်။
Continue reading ...

January 08, 2014

ဒါဖတ်ပြီးမှ iOS 7+ သွင်းထားသော iDevice ကို ဝယ်ယူပါ...

Unknown | 7:03 PM | |
iOS 7+ iDevice များကို တစ်ဆင့်ပြန်လည် ဝယ်ယူခြင်း၊ ရောင်းချခြင်းများ မပြုလုပ်မိ (ဝယ်သူရော ရောင်းသူပါ) သိသင့်သိထိုက် လုပ်သင့်လုပ်ထိုက် စစ်ဆေးထိုက်သည့် အချက်အလက်များကို ကောင်းစွာ သိရှိ နားလည်ထားရန် လိုအပ်ပါသည်။

သို့မှသာ အနာဂါတ်တွင် ဖြစ်ပေါ်လာနိုင်သည့် အတားအဆီး အခက်အခဲများကို လွယ်ကူစွာ ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။
ရောင်း/ဝယ်သူများနှင့် iOS 7+ ပိုင်ရှင်များ အတွက် ဆောင်ရန် ရှောင်ရန်များကို မပြောမီ iOS 7 အကြောင်းကို ကောင်းစွာ နားလည်ထား စေချင်ပါတယ်။

Apple က နောက်ဆုံးထုတ်လိုက်သော iOS 7 သည် (ဖုန်းသူခိုးများ) နှင့် မတော်တဆ ပျောက်ဆုံးခဲ့ပါက မိမိ၏ တန်ဖိုးကြီးသော iDevice ကို လွယ်ကူစွာ ပြန်လည် ရှာဖွေရယူနိုင်ရန် နှင့် မိမိ၏ ခွင့်ပြုချက်မပါပဲ ဖုန်းကို စိတ်ကြိုက် မလုပ်နိုင်ရန် အတွက် စီမံထားတဲ့ လုံခြုံရေးကို တိုးမြင့်ထားပါတယ်။

iOS 7 Activation

Apple က ထုတ်လုပ်လိုက်သော iDevice တိုင်းမှာ Hardware ID တစ်ခုစီပါရှိပြီး Cellular service ရရှိနိုင်အောင် ပြုလုပ်ထားပါတယ်။
ဒါကြောင့် Internet connection ချိပ်ဆက်မိတဲ့ အခါမှာ iDevice ရဲ့တည်နေရာကို ရှာတွေ့နိုင်ပါတယ်။ နိုင်ငံခြားတိုင်းပြည်များမှာ Carrier Contract (စာချုပ်) နှင့် ရယူထားသော iPhone များကို Register လုပ်ပြီးမှ သုံးစွဲသူထံ ထုတ်ပေးခြင်းဖြစ်ပါတယ်။

အကယ်၍ ထိုဖုန်း ပျောက်ဆုံးသွားခဲ့သော် (သို့) အခိုးခံရခဲ့သော်၊ Connection ချိပ်ဆက်မိတာနှင့် ဖုန်း၏ တည်နေရာကို Carrier ကုမ္ပဏီမှ ရှာဖွေပေးနိုင်သော်လည်း မည်သည့် ကုမ္ပဏီမှ အလုပ်ရှုပ်ခံပြီး တာဝန်ယူပြီး ရှာမပေးကြပါ (USA မှာတောင် မလုပ်ပေးပါ)။ ဒါကို သိရှိနားလည်ထားတဲ့ ဖုန်းသူခိုးများဟာလည်း ခိုးဖုန်းများကို ပြည်တွင်းမှာထက် ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချကြပါတယ်။

ဒီလိုနဲ့ Apple iPhone ပိုင်ရှင်များဟာ ဖုန်းပျောက်တဲ့အခါ နစ်နာနေခဲ့ကြပါတယ်။ ဒါတွေကို ပြေလည်စေရန် Apple က 2010 မှာ iOS 4.2 ကစလို့ "Find My iPhone" App ကို တီထွင်ခဲ့ပြီး 2011 အရောက်မှာတော့ "iCloud" service နှင့် တွဲဖက်ကာ မိမိ၏ iDevice ပျောက်ဆုံးသွားတဲ့ အခါမှာ Remote system (အဝေးထိန်းနည်း) နှင့် Lock ချခြင်း၊ Message ပေးပို့ခြင်းတို့ ပြုလုပ်နိုင်အောင် စီစဉ်ထားခဲ့ပါတယ်။

ဖုန်းပျောက်သွားတဲ့ အခါမှာ ဒီနည်းနဲ့ မိမိ၏ Personal Data တွေကို သူများလက်ထဲ မရောက်အောင် ကာကွယ်နိုင်ခဲ့ပေမယ့် ခိုးယူသူက ဖုန်းကို လိုချင်လို့ ခိုးတာဖြစ်တဲ့ အတွက် (message ပို့ Lock ချ) ပေမယ့် ပြန်မရတော့တာ များပါတယ်။

iOS 6 ထိ "Find My iPhone" နှင့် Lock ချလိုက်သော ဖုန်းပင်ဖြစ်သော်လည်း iTunes နှင့် ပြန်လည် ချိပ်ဆက်ကာ Restore လုပ်ပြီး "New Phone" အဖြစ် ပြန်လည် သုံးနိုင်နေတဲ့ အတွက် လုံခြုံမှုဟာ အပြည့်အဝ မရှိပဲ ခိုးသူ ကောက်ရသူ များမှာ Restore နှင့် အလုပ်ဖြစ်နေဆဲပါ....

iOS 7 မှာတော့ အဲဒီဟာကွက်ကို ပိတ်ဆို့နိုင်ခဲ့ပြီး ဖုန်းကို Lock ချလိုက်သည့်အခါ (သို့) Restore ပြန်လည်လုပ်သည့် အခါတွင် iOS 7 ကို Update လုပ်ခဲ့စဉ်က မူလပိုင်ရှင်၏ "Apple ID" မရှိပဲနှင့် (လုံးဝ) ဖုန်းသုံးလို့ မရအောင် Restore လုပ်လို့ မရအောင် စီစဉ် ကာကွယ်ထားလိုက်ခြင်း ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် လူတွေ ရိုးသားမှု ရှိလာစေရန် Apple က နည်းပညာနှင့် သွန်သင်ပေးတယ် လို့ပဲ ဆိုရမလိုပါ...

ယခုလောက် ဆိုရင်တော့ iOS 7 အကြောင်းကို အနည်းငယ် ရိပ်စားမိပြီဟု ယူဆပါတယ်...

ယနေ့ထိ နေတိုင်းနီးပါ ရောက်ရှိလာသော မေးလ်အများစုရဲ့ ပြဿနာဟာ iOS 7 "Activation" ပြဿနာ ဖြစ်နေပါတယ်။
iDevice ကို Restore လုပ်သည့်အခါ iOS 7 ကို သွင်းခဲ့စဉ်က Apple ID နှင့် Password တောင်းနေသဖြင့် "Activation" အဆင့်ကို တစ်ဆင့် ပြန်ဝယ်သူများ မကျော်နိုင်ကြပေ။

"Activation" ပြဿနာကို တရားဝင် ဖြေရှင်းနိုင်ရန်မှာ ရောင်းမည့်သူ (မူလပိုင်ရှင်) မှာ တာဝန်အပြည့်ရှိပြီး၊ (မူလပိုင်ရှင်) မရှိ/မသိပါက ဖြေရှင်းနိုင်မည် မဟုတ်ချေ...
ဝယ်ယူသူ အနေနှင့်လည်း ဈေးနှုန်းချိုသာမှုကိုသာ ဦးစားမပေးပဲ ပိုက်ဆံမရှင်းမီ စစ်ဆေးသင့်ပါတယ်။


**iOS 7+ iDevice ကို တစ်ဆင့် ပြန်ဝယ်မည့်သူများ ငွေမချေမီ စစ်ဆေးဆောင်ရွက်ရန်**

၁) မိမိဝယ်ယူရန် ရယ်ရွယ်သော iOS 7 iDevice သည် Passcode ခံထားခြင်း မရှိစေရ (ခံထားပါက ဖြုတ်ခိုင်းပါ)
၂) Settings -> iCloud တွင် Sign In ဖြစ်နေသည်ကို အောက်ပါအတိုင်း တွေ့ရပါမည်။ 



၃) ထိုနောက် Settings -> General -> Reset -> Erase All Content and Settings ကို နှိပ်ပြီး Erase iPhone ကို ထပ်မံနှိပ်သည့် အခါ Apple ID နှင့် Password တောင်းလာပါမည်။  



  • ထိုအခါ ရောင်းမည့်သူအား "Password" သွင်းခိုင်းပါ။
  • Password သွင်းပြီး Reset လုပ်ပြီးသွားတဲ့ အချိန်မှာ ဖုန်းသည် Restore mode ကိုရောက်ရှိသွားပါလိမ့်မယ်၊ စိတ်မပူပါနှင့် အိမ်ရောက်မှ မိမိ၏ ကိုယ်ပိုင် Apple ID နှင့် iTunes တွင် Restore/Update လုပ်နိုင်သွားပါပြီ..
  • အကယ်၍ မသွင်းပေးနိုင်ပါက ထိုဖုန်းကို မည်မျှပင် ဈေးသက်သာပေ့စေ (လုံဝ) (လုံးဝ) မဝယ်ယူပါနှင့်တော့။ ဤ Apple ID နှင့် Password သည် သင့်ကို တောက်လျှောက် ဒုက္ခပေးနေပါလိမ့်မည်။ 
 **အကယ်၍ သင်သည် မစစ်ဆေးပဲ ဝယ်ယူခဲ့မိပြီးသူဖြစ်ပါက မူလပိုင်ရှင်နှင့် ဆက်သွယ်ကာ အောက်ပါနည်း (၂) နည်းနှင့် Activate လုပ်နိုင်ပါသေးသည်**

နည်းလမ်း (၁)

မူလပိုင်ရှင်ထံမှ Apple ID ရဲ့ "Password" ကို ဆက်သွယ် တောင်းခံခြင်း...

ဤနည်းလမ်းသည် အလွန်ရင်နှီးသူများ (သို့) လူချင်း တွေ့ဆုံနိုင်သော အခွင့်အရေးရှိခဲ့လျှင်သာ အဆင်ပြေနိုင်ရန်ရှိပါတယ်။ Apple ID သည် အရေးကြီးတာမို့ မိမိ၏ "Password" ကို အလွယ်တစ်ကူပေးရန် မည်သူမျှ မမိုက်မဲတတ်ပါ...

အကယ်၍ တစ်နည်းနည်းနှင့် "Apple ID Password" ကို ရလာပါက Settings -> General -> Reset -> Erase All Content and Settings ကို နှိပ်ပြီး Erase iPhone လုပ်နိုင်ပါပြီ...
Reset လုပ်ပြီးသွားတဲ့ အချိန်မှာ ဖုန်းသည် Restore mode ကိုရောက်ရှိသွားပါလိမ့်မယ်၊ စိတ်မပူပါနှင့် မိမိ၏ ကိုယ်ပိုင် Apple ID နှင့် iTunes တွင် Restore/Update လုပ်နိုင်သွားပါပြီ..


နည်းလမ်း (၂)

မူလပိုင်ရှင်ထံသို့ ဆက်သွယ်ပြီး အောက်ပါအဆင့်များအတိုင်း လုပ်ဆောင်ခိုင်းပါ။

၁) iCloud တွင် SignIn လုပ်ရန် PC မှနေ၍ www.icloud.com/find ကိုသွားပါ။ 



၂) ပုံတွင်ပြထားသည့်အတိုင်း "All Devices" ကို နှိပ်ပြီး မိမိရောင်းမည့် (ရောင်းလိုက်သည့်) iDevice ကိုရွေးပါ။
  
၃) "Erase iPhone" ကိုနှိပ်ပြီး Erase လုပ်ပါ။ 

  

  • message pop up တက်လာပါမည် (Erase လုပ်ခြင်းဖြင့် content နှင့် settings များကို ဖျက်သွားပြီး Location ကိုလည်း ရှာဖွေနိုင်မည် မဟုတ်တော့ပါ)၊ "Erase" ကိုနှိပ်ပါ။


    • Erase လုပ်ရန် Apple ID ကို password နှင့် Sign-In ၀င်ပါ။

       
    • ဤအဆင့်တွင် မည်သည့် ဖုန်းနံပါတ် နှင့် message မျှမထည့်ပဲ "Next" နှိပ်ပါ။ "Done" နှိပ်ပါ။  

    • အခုဆိုရင် iDevice ကို "Erase" လုပ်နေပါပြီ။ (iDevice မှာ အလုပ်လုပ်နေပါပြီ)။  


    ၄) "Remove from Account" ကို နှိပ်ပါ။
    Apple ID ကိုပါဖျက်ပြီး အခြားမည်သူမဆို iDevice ကို လွပ်လွပ်လပ်လပ် သုံးနိုင်စေရန် "Remove" ကို နှိပ်ပါ။  


     ပြီးပါပြီ...
    အခုဆိုရင် iDevice ကို iTunes နှင့် ချိပ်ဆက် မိမိ၏ Apple ID နှင့် SignIn လုပ်၍ iOS 7+ ကို Update/Restore ပြန်လုပ်နိုင်ပါပြီ..

    မှတ်ချက်။ ။ (Jailbroken iDevice ဖြစ်ခဲ့ပါက အဝိုင်းလည် နေတာမှာတင် ကြာနေခဲ့ရင် DFU mode သုံးပြီး ချိပ်ဆက်ပါ) 


    Source Ref; ကိုမိုးသိကြား ၀က်ဆိုဒ်မှာကူးယူဖော်ပြပါသည်။
Continue reading ...

ပြည့်စုံ © 2013. All Rights Reserved | Powered by:Blogger

Designed by:Windroidclub