December 30, 2012

၂၀၁၁ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ရရှိကြသူများ

Unknown | 3:37 PM | | |
၁။ အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆု - နောင်နောင် (ထာဝရ အလင်းတန်းများ)
၂။ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု - မယ်လိုဒီ (ထာဝရ အလင်းတန်းများ)
၃။ အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆု - မော့စ် (ထာဝရ အလင်းတန်းများ)
၎။ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆု - ချစ်စနိုးဦး (ရင်ကွဲနာ)
၅။ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆု - ထာဝရ အလင်းတန်းများ
၆။ အကောင်းဆုံး ရုပ်ရှင်ဓါတ်ပုံဆု - တင်ဆန်း (ပန်းကြာဝတ်မှုန်)
၇။ အကောင်းဆုံး တည်းဖြတ်ဆု - ဟိန်းထက် (ထာဝရ အလင်းတန်းများ)
၈။ အကောင်းဆုံး ရုပ်ရှင် တေးဂီတဆု - ဇော်မျိုးထွဋ် (ထာဝရ အလင်းတန်းများ)
၉။ အကောင်းဆုံး ဇာတ်ညွှန်းဆု - မြင့်အောင်၊ စိုးကျော်ဆန်း (ထာဝရ အလင်းတန်းများ)
၁၀။ အကောင်းဆုံး ရုပ်ရှင်အသံဆု - ဆန်းဦး (ပန်းကြာဝတ်မှုန်)
၁၁။ အကောင်းဆုံး ဒါရိုက်တာဆု - ထွန်းအောင်ဇော် (ထာဝရ အလင်းတန်းများ)

ဆက်လက်ကြည့်ရှုရန်....

Continue reading ...

December 18, 2012

Windows 8 အသုံးပြုသူများအတွက် Zawgyi-One Font အသုံးပြုနည်း

Unknown | 11:14 PM | | |
Windows 8 အသုံးပြုသူများအတွက် Zawgyi-One Font အသုံးပြုနည်းဖြစ်ပါတယ်…။ အရင်ဦးဆုံး Zawgyi Font and Zawgyi typing Keyboard မရှိသေးသူများ ကျနော်အောက်မှာပေးထားတဲ့ Links လေးတွေကနေ အရင်းဆုံးဒေါင်းလုပ်ယူလိုက်ပါ…။ ပြီးရင် Zawgyi-One Font ကိုInstall လုပ်ပါ…. Zawgyi typing Keyboard ဖိုင်ကိုဖွင့်ပြီး Setup ဆိုတာလေးကို Install လုပ်လိုက်ပါ...။ ပြီးရင် ဒုတိယဖိုင်ထဲက IEZawGyiGtalkfont ဆိုတာကို install လုပ်ပါ....။ အဲဒါတွေက ပထမအဆင့်ပါ… ဒုတိယအဆင့်က Control Panel ထဲဝင်ပြီး Language Setting ကိုပြင်ရပါမယ်…။ 

အဆင့်(၁) Control Panel ဖွင့်လိုက်ပါ ပြီးရင် All Control Panel Items ထပ်ဖွင့်လိုက်ပါ…။ ပြီးရင် ပုံမှာပြထားတဲ့အတိုင်း Language ဆိုပြီး ကမ္ဘာလုံးပုံလေးကို ကလစ်လိုက်ပါ….။
အပြည့်အစုံ ဖတ်ရှုရန်...
Continue reading ...

October 08, 2012

Microsoft Office Professional Plus 2013 + Keys (Fixed)

Unknown | 10:55 AM |

Microsoft Office Professional Plus 2013 Preview 64 bit / 32 bit ကို အဆင်ပြေအောင် Direct Link များဖြင့် ဒေါင်းလုပ်ရလွယ်ကူအောင် တင်ပေးထားပါတယ်။ လေ့လာချင်သူများအတွက် http://www.microsoft.com/office/preview/en မှာလေ့လာနိုင်ပါတယ်...။ သုံးကြည့်ချင်ရင်တော့ အောက်ပါလင့်ခ်တွေမှာ ဒေါင်းလုပ်ရယူနိုင်ပါတယ်...။သုံးရအဆင်ပြေအောင် ကီးတွေပါထည့်ပေးပါတယ်...။ အဆင်မပြေတာရှိရင် comments ပေးထားခဲ့ပါ...။

ဒေါင်းလုပ်ရယူရန်လင့်ခ်များ

Microsoft Office Professional Plus 2013 (32 bit)

Microsoft Office Professional Plus 2013 (64 bit)

 

Microsoft Office Professional Plus 2013 Keys


FCMXC-RDWMP-RFGVD-8TGPD-VQQ2X

PGD67-JN23K-JGVWV-KTHP4-GXR9G

Y89N6-KWWJX-YHFVP-DWMGK-XKR9J

JR3N8-YV72J-86V92-HC2PM-PRXTW

MT7NR-6GWBK-QGHBV-2YBFG-72V28


ခင်မင်လေးစားစွာဖြင့်

ပြည့်စုံ (ဝေါသားလေး)
Continue reading ...

August 04, 2012

Windows 7 Manager 4.1.1 Portable (Latest Version)

Unknown | 11:09 PM |

ဒီဆော့ဖ်ဝဲရ်ယားလေးကတော့ Yamicsoft Windows 7 Manager v4.1.1 Final Portable လေးပါ... Portable ဖြစ်တဲ့တွက် Serial key မလိုပါဘူး သုံးရတာလည်း အရမ်းကိုပေါ့ပါးလွယ်ကူပါတယ်... windows 7 ကို အသုံးပြုနေတဲ့ မိတ်ဆွေများအတွက် windows ရဲ့  system ပိုင်းတွေကို ကူညီပေး နိုင်တဲ့အပြင် hardware speed များ၊ Windows Startup and Shutdown တွေ ရဲ့  speed များကိုလည်း တိုးပေးနိုင်ပါတယ်။
ဒီဆော့ဝဲလ်ထဲမှာပါဝင်တဲ့ Information ,Optimizer, Cleaner , Customization , Security , Network, Misc,Utilities စတာတွေအပြင် မိမိတိုရဲ့  Windows အကောင်းဆုံးပြုပြင်ပြောင်းလဲပေးနိုင် မှာဖြစ်တဲ့အတွက် အသုံးပြုချင်တဲ့မိတ်ဆွေများ အောက်မှာ download ရယူနိုင်ပါတယ်။ဒေါင်းလုပ်၍ အဆင်မပြေတာရှိခဲ့ရင် ကွန်မန့်ထားခဲ့နိုင်ပါတယ်....




အသေးစိတ်ကို မူရင်းလင့်ခ်တွင် လေ့လာနိုင်ပါတယ်..
http://www.yamicsoft.com/windows7manager/index.html


အားလုံးအဆင်ပြေကြပါစေ..
ပြည့်စုံ (ဝေါသားလေး)
Continue reading ...

July 23, 2012

Iron Cross (IC) Show in USA

Unknown | 5:15 PM | |
လေးဖြူ ၊ အငဲ ၊ မျိုးကြီး ၊ ၀ိုင်ဝိုင်း ၊ D လွန်း တို့ပါဝင်သော...
Iron Cross (IC) State Show တက္ကဆပ်ပြည်နယ် ဒန်တွန်မြို့တွင် August 18 (စနေနေ့) 2012 ညနေ 6:30 pm ကျင်းပမှာဖြစ်ပါတယ်...။
ဝင်ကြေးက $ 50, $ 60, $ 80 ဖြစ်ပါတယ်...။ August 4 ရက်နေ့မတိုင်မီ လက်မှတ် ၀ယ်ယူသူများအတွက် $ 10 လျှော့ပေးမည်လို့တော့ ရေးထားတာပဲ ဒါပေမယ့် အတိအကျတော့ မသိပါဘူး ပေးထားသော ဖုန်းနံပါတ် အတိုင်း ဆက်သွယ်မေးမြန်နိုင်ပါတယ်..။

ကျင်းပမည့် နေရာလိပ်စာကတော့
University of North Texas, Denton
1401 W. Hickory Street
Denton, TX 76201
Continue reading ...

July 06, 2012

iPhone Jailbreak လုပ်တာကောင်းသလား ?

Unknown | 7:59 PM |

မသိသေးသူ , လေ့လာနေသူများအတွက် အလွယ်တကူ လေ့လာလို့ရအောင် တစ်ဆင့် ပြန်လည်မျှဝေပေးလိုက်ပါတယ်... ခုချိန်မှာ iPhone တွေကို jailbreaking လုပ်တာ အတော်လေး ရေပန်း စားနေတယ်။ အထူးသဖြင့် iPhone 4S တွေကို jailbreak လုပ်တဲ့ ဆော့ဖ်ဝဲ application တွေလည်း အများကြီးပေါ်ထွက်လာတယ်။

လူတွေရဲ့ အမြင်မှာ iPhone တွေကို jailbreak လုပ်လိုက်ရင် အကျိုးအမြတ်တွေ အများကြီးရနိုင်တယ်လို့ ထင်ကြပါတယ်။ အလားတူ jailbreak မလုပ်ခြင်းကြောင့်လည်း ရရှိနိုင်တဲ့ အကျိုးတရားတွေ လည်းရှိနေပါတယ်။ လုပ်ချင်တဲ့သူတွေက လုပ်ဖို့ဆွယ်မယ်။ မလုပ်သင့်ဘူး ထင်တဲ့သူတွေက မလုပ်သင့်ကြောင်း ဆွယ်တရားဟောလိမ့်မယ်။‘ဒီတော့ လုပ်သင့်-မလုပ်သင့် ဘက်နှစ်ဘက် အမြင်ကိုကြည့်ရအောင်။


Jailbreaking ဆိုတာဘာလဲ

Jailbreak လုပ်တယ်ဆိုတာ Apple ကုမ္ဋဏီက iOS လို့ခေါ်တဲ့ operating system နဲ့ run တဲ့ သူ့ထုတ်ကုန်ပစ္စည်းတွေ အပေါ်မှာ ကန့်သတ်ထားတဲ့ သတ်မှတ်ချက်တွေကို ချိုးဖောက်ပြီးတော့ ကိုယ်သုံး ချင်တဲ့ လိုင်း၊ ကိုယ်သုံးချင်တဲ့ဆော့ဖ်ဝဲတွေနဲ့ သုံးနိုင်အောင် တရားမဝင် ပြုလုပ်ခြင်းလို့ အကြမ်းဖျင်း အဓိပ္ဋာယ်ဖွင့်ဆိုနိုင်ပါတယ်။

ဥပမာ နောက်ဆုံးထွက် iPhone 4S လိုမျိုးမှာ jailbreak လုပ်တာတွေ ခေတ် စားတယ်။ တစ်နည်းပြောရရင်တော့ ပိတ်ထားတာတွေကို ပွင့်သွားအောင် နည်းမျိုးစုံသုံးပြီး၊ သတ်မှတ်ထားတဲ့ ဟာ့ဒ်ဝဲအပေါ်မှာ အခြား ကိုယ်သုံးချင်တဲ့ နာမည်ကြီး ဆော့ဖ်ဝဲနဲ့ application တွေကို သုံးနိုင်အောင် စီစဉ်ခြင်း လို့ ဆိုနိုင်ပါတယ်။



iPhone 4 နဲ့ iPhone 4S တွေကို jailbreak လုပ်သင့်တယ်

iPhone ပိုင်ဆိုင်သူတွေအနေနဲ့ jailbreak ဟာ စိတ်ဝင်စားစရာ ကောင်းတဲ့ စွန့်စားမှုတစ်ခုလို့ဆိုနိုင်တယ်။ Application တွေ၊ network နဲ့ system တွေကို လမ်းပွင့်သွားပြီး ပြဿနာအတော်များများကို ဖြေ ရှင်းပြီးသားဖြစ်သွားလိမ့်မယ်။ မိုဘိုင်းဖုန်း အတော်များများဟာ သူတို့ ကိုယ်ပိုင် share တွေနဲ့သာ အဆင်ပြေကြတာများတယ်။
ကိုယ့်ဖုန်းကို ကိုယ့် system အတိုင်း ကန့်သတ်ချက်တွေရှိနေသရွေ့ jailbreaking တွေကခေတ်စားနေမှာပဲ။ ကန့်သတ်ချက်တွေကို မကြိုက်ရင်၊ iPhone အတွက် သတ်မှတ်ပေးထားတဲ့ application တွေကိုပဲ မသုံးချင်ရင်၊ iPhone 4/4S တွေကို လိုတာထက် ပိုသုံးချင်ရင် jailbreaking လုပ်သင့် တယ်လို့ အကြံပြုကြတယ်။


Jailbreaking လုပ်သင့်တယ်ဆိုတဲ့ အမြင် ၃ ရပ်ရှိတယ်

(၁) အခြား Network တွေကိုပါ ရနိုင်တယ်

iPhone သုံးသူတွေမှာ ပြဿနာက အထူးသဖြင့် iPhone 4 နဲ့ 4S မော်ဒယ်တွေမှာ သတ်မှတ်ထားတဲ့ network ကုမ္ဋဏီတွေရဲ့ လိုင်းခွင် အတွင်းမှာသာ သုံးနိုင်မယ်ဆိုတဲ့ ပြဿနာပဲဖြစ်ပါတယ်။ ဥပမာ iPhone တွေ ကို AT&T ကုမ္ဋဏီက လိုင်းသုံးစွဲခွင့် မူပိုင်ယူထားတယ်။ အဲဒီ မူပိုင်ခွင့်ဟာ ၂ဝ၁၂ ခုနှစ် အထိ သက်ရောက်မှုရှိနေလိမ့်ဦးမယ်။

AT&T ကုမ္ဋဏီဟာ ဆက်သွယ်ရေးဝန်ဆောင်မှုပေးရာမှာ ပြဿနာ ပေါင်းစုံရင်ဆိုင်နေရတယ်။ ဖုန်းခေါ်ရင်ပြုတ်ကျတာမျိုး၊ လိုင်းမကောင်း တာမျိုးတွေ ဖြစ်တတ်လို့ မိုဘိုင်းဖုန်းသုံးသူတွေဟာ AT&T နဲ့မှ သုံးရမယ် ဆိုတဲ့ ဖုန်းတွေကို ရှောင်တတ်ကြတယ်။

ဒါပေမယ့် iPhone ကိုမှ ကြိုက်တယ်ဆို တဲ့သူတွေကတော့ မလွှဲ မရှောင်သာ jailbreaking လုပ်တဲ့ ဆော့ဖ်ဝဲတွေကိုပဲ အားကိုးအားထား ပြုကြရတော့တယ်။ နောက်ဆုံးပေါ် iPhone 4S ကို jailbreak လုပ်တဲ့ ဆော့ဖ်ဝဲဟာ T-Mobile ကုမ္ဋဏီရဲ့ GSM လိုင်းဝန်ဆောင်မှုကို ရရှိအောင် ပြုလုပ်ပေးနိုင်တယ်။ T-Mobile ကတော့ အမေရိကန် ပြင်ပနိုင်ငံတွေမှာပါ သုံးနိုင်ပြီး လိုင်းခွင်လည်း ပိုမိတာကြောင့် လူကြိုက်များတယ်။

(၂) Application များများ သုံးနိုင်ခွင့်ရှိတယ်

Apple Store လို့ခေါ်တဲ့ အွန်လိုင်း application စတိုးမှာ Apple ကထုတ်သမျှ ဆော့ဖ်ဝဲ application တွေကို ရနိုင်တယ်။ အသုံးဝင်တဲ့ ဆော့ဖ်ဝဲတွေ၊ ဂိမ်းတွေကို ရယူနိုင်တယ်။ တကယ်လို့ iPhione 4/ 4S တွေကို jailbreak လုပ်လိုက်ရင် Apple က ကန့်သတ်ထားတဲ့ application တွေကိုပါ သုံးလို့ရသွားမယ်။ ခွင့်မပြုတာကို သုံးချင်ရင် တရားဝင်ခွင့်ပြုချက်တွေကို ချိုးဖောက် ရပါတယ်။ ‘ဒါမှလည်း ဂိမ်း အတော်များများကို ကစားနိုင်ပါလိမ့်မယ်။

Jailbreaking application တွေမှာ အကောင်းဆုံးတွေက
- MyWi
MyWi နဲ့ဆိုရင် iPhone 4S ကို မိုဘိုင်း hotspot တစ်ခုလို သုံးနိုင်တယ်။

- MxTube
YouTube က ဗီဒိယိုဖိုင်တွေကို download ချယူနိုင်တယ်။ ‘ဒါကြောင့် အင်တာနက်မရရင်လည်း offline မှာ ကြည့်နိုင်တယ်။

- PDANet
လူတိုင်းနဲ့ အင်တာနက် connection မှာ share လုပ်နိုင်လိမ့်မယ်။

- MY3G
Wi-Fi ရချင်ရင်သုံးနိုင်တယ်။ ခုထိ တော့ 3G ပဲရသေးတယ်။ YouTube ဗီဒီယိုဖိုင်တွေကို ကြည်လင်ပြတ်သားစွာ ကြည့်နိုင်တယ်။

- Intelliscreen
ဒီ application က ကိုယ့်လုပ်ငန်းအစီအစဉ်နဲ့ အီးမေးလ် account တွေကို ဖုန်းရဲ့ screen ပေါ်မှာ ပေါ်နေအောင် စီစဉ်ထားလို့ရတယ်။

(၃) 3G နဲ့ ဗီဒီယို Chat လုပ်နိုင်

iPhone 4 မှာကတည်းက ထူးခြားတဲ့ FaceTime video chat ဆိုတာပါတယ်။ အဲဒီ chat ကလည်း Wi-Fi network နဲ့မှရတယ်။ 3G connection နဲ့ FaceTime ကိုသုံးချင်ရင် iPhone 4S ကို jailbreak လုပ်မှရတယ်။ ‘ဒါမှလည်း iPhone ရဲ့ feature တွေကို 3G နဲ့ ရနိုင်တယ်။ Wi-Fi သုံးတာလောက် မကောင်းဘူးဆိုပေမယ့် အဆင်တော့ ပြေပါလိမ့် မယ်။ Wi-Fi နဲ့ connection ကျနေရင်လည်း ပြဿနာမရှိတော့ဘူးပေါ့။


ဒါတွေကတော့ jailbreaking လုပ်ရခြင်း အကျိုးတရားတွေလို့ ပြောရမယ်။ နောက်ထပ် အဆိုးတရား သုံးချက်ရှိသေးတယ်။ မလုပ်သင့် ဘူးဆိုတဲ့ အမြင်တွေပေါ့။

(၁) ဝရမ်တီ ပျက်ပြယ်သွားမယ်

Jailbreaking လုပ်တယ်ဆိုတာကို ဥပဒေကြောင်းနဲ့ညီတယ်၊ တရားဝင်တယ်လို့ ထင်နေကြပါတယ်။ အနည်းဆုံးကတော့ ပေးထားတဲ့ ဝရမ်တီ ပျက်ပြယ်သွားနိုင်ပါတယ်။ တကယ်လို့ ကိုယ့် iPhone မှာ ဝရမ်တီမရှိရင် ဖုန်းနဲ့ပတ်သက်ပြီး ပျက်စီး၊ ချွတ်ယွင်း၊ အခြား ပြဿနာတွေကို Apple ကုမ္ဋဏီအနေနဲ့ တာဝန်ယူတော့မှာ မဟုတ် ပါဘူး။ ဝရမ်တီဆုံးရှုံးတာမခံချင်ရင် jailbreaking မလုပ်ပါနဲ့လို့ပဲ တားရတော့မယ်။

(၂) အပိတ်ခံရမယ်

iPhone ကို လုံးဝသုံးမရနိုင်တဲ့ အနေအထား ဖြစ်သွားနိုင်တယ်။ တကယ်လို့ iPhone 4S ပေါ်မှာ ဆော့ဖ်ဝဲ application တွေကို jailbreak လုပ်ပြီးသုံးမယ်ဆိုရင် အပိတ်ခံလိုက်ရတဲ့အဖြစ်ကို ရင်ဆိုင်ရနိုင် တယ် ဆိုတာကို စိတ်ထဲမှာထားပြီးတော့မှ လုပ်သင့်တယ်။ ‘ဒီလိုဖြစ်သွားရင် သိမ်းထား မှတ်ထားတာတွေ ဆုံးရှုံးပြီး အသစ်ကနေ ပြန်စရတော့မှာဖြစ်လို့ စဉ်းစားသင့်တယ်။

(၃) လုံခြုံရေးပြဿနာ ဆင်ခြင်စရာ

Jailbreak လုပ်ထားတဲ့ iPhone တွေမှာ လုံခြုံရေးအတွက် သိပ်စိတ်မချရဘူး။ Jailbreak လုပ်လိုက်ကတည်းက ကိုယ့် iPhone ထဲကို ဟက်ကာတွေက မဟုတ်တာတွေထည့်ပေးလိုက်ပြီးပြီလို့ အချို့က ယူဆကြတယ်။ ‘ဒါကြောင့် jailbreak လုပ်ပြီးရင် ဖုန်းက ကိုယ့်ဘက်မှာ သိပ်မရှိတော့ဘူး။ စိတ်မချရတော့ဘူးလို့ ပြောကြတယ်။

Jailbreak ကို လုပ်သင့်တယ်၊ မလုပ် သင့်ဘူးလို့ အမျိုးမျိုး အငြင်းပွားနေကြတာ ယခုပြောခဲ့တာတွေထက် အများကြီးရှိနိုင်ပါ သေးတယ်။ ဘာပြောပြော မလုပ်မီစဉ်းစား ပါလို့ပဲ သတိပေးချင်ပါတယ်။

Ref; မြန်မာဆိုက်ဘာ မီဒီယာ
Continue reading ...

July 04, 2012

English-Myanmar, Myanmar-English Dictionary

Unknown | 8:28 PM |


သူငယ်ချင်းများရဲ့ တောင်းဆိုချက်အရ အင်္ဂလိပ် - မြန်မာ ၊ မြန်မာ - အင်္ဂလိပ် Dictionary များကိုပြန်လည်၍ ရှာဖွေစုစည်း တင်ပေးထားပါတယ်....။ အင်္ဂလိပ်စာ လေ့လာနေသူများအတွက် အသုံးတည့်မယ်လို့ ...။ မိမိနဲ့ အသုံးတည့်မည့် Dictionary ကိုဒေါင်းလုပ်ရယူရန်အတွက် Dictionary ကို သုံးမျိုးတင်ပေးထားပါတယ် မိမိနှစ်သက်ရာကို ဒေါင်းလုပ်ရယူ အသုံးပြုနိုင်ပါတယ်...။
အောက်ပါလင့်ခ်များတွင် ဒေါင်းလုပ်ရယူနိုင်ပါသည်။

ဒေါင်းလုပ်ရယူရန် လင့်ခ်များ....


English to Myanmar, Myanmar to English

English to Myanmar

English to Myanmar


သူငယ်ချင်းများအားလုံး အဆင်ပြေပျော်ရွှင်ကြပါစေ...

ပြည့်စုံ (ဝေါသားလေး)
Continue reading ...

June 16, 2012

နိုဘဲလ်ငြိမ်းချမ်းရေးဆုပေးပွဲ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားစဉ်

Unknown | 2:15 PM | | | |


ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးဖြတ်သန်းမှု ပုံရိပ်လွှာမှတ်တမ်း ရုပ်သံ




Ref; Kanal von peacerunning
Continue reading ...

June 13, 2012

ရခိုင်ပြည်နယ်၏ နောက်ဆုံးအခြေအနေ

Unknown | 6:13 PM | | |
ကြံ့ဖွံ့စစ်အစိုးရ၏ လုံခြုံရေးအားနည်းမှုကြောင့် ဆူပူအကြမ်းဖက်မှုဖြစ်ပွားပြီး မီးလောင်ပြာကျ သေဆုံးဒဏ်ရာရ ဒုက္ခသည်ဖြစ်ကြရသည့် ရခိုင်ပြည်နယ် နောက်ဆုံးအခြေအနေ (၁၃-၆-၂၀၁၂)




ရခိုင် ပြည်နယ် က အကြမ်း ဖက်မှုတွေမှာ ၄ ရက်အတွင်း လူ၂၁ ဦးသေ ၂၁ ဦးဒဏ် ရာပြီး အိမ်ခြေ ၁၆၀၀ ကျော် ပျက်စီး ခဲ့တယ်လို့ အစိုးရ က သတင်းထုတ်ပြန်ခဲ့ပါတယ်...။

Ref; DVB News
Continue reading ...

June 09, 2012

ဒေါ်အောင်ဆန်းစုကြည် မယ်လဒုက္ခသည်စခန်းခရီးစဉ်

Unknown | 9:27 AM | | |


ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းနိုင်ငံခရီးစဉ်အတွင်း မယ်လဒုက္ခသည်စခန်းကို သွားရောက်ခဲ့တဲ့အကြောင်း ကရင်ဘာသာနဲ့ ထုတ်လွှင့်ချက်တွေကို မြန်မာဘာသာ စာတန်းထိုး တင်ပြထားပါတယ်။

Ref: RFA News
Continue reading ...

June 03, 2012

သဘာဝကျကျ ဟာသအပိုင်းအစများ

Unknown | 9:41 PM | |
ရယ်သောသူသည် အသက်ရှည်၏တဲ့... သူငယ်ချင်းမိတ်တွေများ အတွက် အသက်ရှည် အပျင်းပြေစေဖို့ .... အမှတ်မထင် အံ့သြဖွယ်ရာ ရယ်ရွှင်ဖွယ်ရာ ဟာသ အပိုင်းအစများကို ကြည့်ရှုနိုင်ရန်ရှာဖွေတင်ပြပေးလိုက်ပါတယ်....

Continue reading ...

May 31, 2012

ဒုက္ခသည်များကို အတင်းအကျပ်ပြန်မပို့ရေး အတွက် ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြမည်

Unknown | 5:56 PM | |
မယ်လ ဒုက္ခသည်စခန်းတနေရာ

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့်ဇွန်လ ၂ ရက်နေ့မှာ ထိုင်းမြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေထဲက အကြီးဆုံးဖြစ်တဲ့ မယ်လဒုက္ခသည် စခန်းကို သွားရောက်မှာဖြစ်ပြီး ဒုက္ခသည်တွေက ကြိုဆိုဖို့ပြင်ဆင်နေကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည် စခန်းကိုရောက်လာတဲ့အခါ ဒုက္ခသည်တွေကို အတင်းအကျပ်ပြန်မပို့ရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးခိုင်မာအောင် ဆောင်ရွက်ပေးဖို့ တင်ပြတိုက်တွန်းမယ်လို့ မယ်လစခန်းဥက္ကဌ စောထွန်းထွန်းက ပြောပါတယ်။ “ ကျနော်တို့ ဒုက္ခသည်တွေက ဖိနှိပ်ညှဉ်းပန်း နှိပ်စက်မှုခံရလို့ ထွက်ပြေးလာတဲ့ ဒုက္ခသည်လူထုတွေပါ။ ကျနော်တို့အနေနဲ့ကတော့ ဘယ်သူမဆို ကိုယ့်နေရာကို ပြန်ချင်တာပေါ့။ ဒါပေမယ့် အခုလက်ရှိ မြန်မာနိုင်ငံရေး အခြေအနေက ပြုပြင်ပြောင်းလဲမှုတွေ ရှိနေပေမယ့် ကျနော်တို့ ဒုက္ခသည်တွေကို ပြန်နိုင်လောက်တဲ့ လုံခြုံစိတ်ချရတဲ့ အနေအထားမျိုးမရှိသေးဘူးလို့ထင်တယ်။ ကျနော်တို့ ပြန်လို့မရသေးဘူးလို့ ထင်တယ်။ ဒါ့ကြောင့် ဒေါ်စုကို ကျနော်တို့ တောင်းဆိုမှာပေါ့။ ဒီအမျိုးသားပြန်လည်သင့်မြတ်ရေးတွေ ကြိုးစားပြီးတော့ အကောင့်အထည်ဖော်ပေးဖို့၊ ဦးသိန်းစိန် အစိုးရကိုလည်း ပြန်ပြောင်းပေးဖို့၊ နောက်ပြီးတော့ နယ်စပ်ဒေသတွေအတွက် စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို အမြန်ဆုံးဖော်ဆောင်ပေးဖို့ ကျနော်တို့ တောင်းဆိုသွားမယ်လို့ စဉ်းစားထားပါတယ်။ ”
တာ့ခ်ခရိုင် သဆောင်ပန်းခရိုင် မယ်လကျေးရွာမှာ ၁၉၈၄ ခုနှစ်က ထူထောင်ခဲ့တဲ့ မယ်လဒုက္ခသည်စခန်းမှာ ဒုက္ခသည် ၅သောင်းလောက်ခိုလှုံနေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ မယ်လ ဒုက္ခသည်စခန်းမှာ လူထုကိုမိန့်ခွန်းပြောကြားဖို့ ရှိသလို ဆေးရုံနဲ့ ကျောင်းကိုသွားရောက်လေ့လာမယ်လို့ စောထွန်းထွန်းက ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောနိုင်ဖို့ မယ်လစခန်းရဲ့ ဘောလုံးကွင်းမှာ နေရာ ပြင်ဆင်ပေးထားပါတယ်။
ကရင်အမျိုးသားအစည်းအရုံးက ဒေါ်အောင်ဆန်းစုကြည်ထံကို အိတ်ဖွင့်ပေးစာ ၁ စောင်ပေးပို့ကြိုဆိုလိုက်ပါတယ်။ အဲဒီစာမှာ ဒုက္ခသည်စခန်းကို လာရောက်လည်ပတ်မှာကို ကြိုဆိုကြောင်းနဲ့ ကေအန်ယူနဲ့ အစိုးရကြား အပစ်အခတ်ရပ်စဲရေး ဆွေးနွေးနေဆဲ လက်ရှိကာလမှာ ဒုက္ခသည်တွေကို အတင်းအကျပ်ပြန်ဖို့မယ့်ကိစ္စကို စိုးရိပ်ပူပန်ကြောင်း ဖော်ပြထားပါတယ်။
ကေအန်ယူ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်က “ ဒုက္ခသည်အခြေအနေကို ကျမတို့ပြောချင်ပါတယ်။ အခုလောလောဆယ်မှာ ကျမတို့ ကေအန်ယူကတော့ ဒုက္ခသည်ပြန်ပို့ဖို့ အခြေအနေက မရောက်သေးဘူး။ အခုဆိုရင် စကားပြောနေတုန်းပဲဖြစ်နေသေးတယ်ပေါ့။ အဲဒါ နိုင်ငံရေးပြဿနာ မဖြေရှင်းရသေးတဲ့ အတွက်ကြောင့်မို့ အဲဒါ ဒုက္ခသည်ပြန်ပို့ရေးကိစ္စက နိုင်ငံရေးပြဿနာ ဖြေရှင်းပြီးမှ နောက်ပိုင်း ပြီးတော့ ဒုက္ခသည်တွေရဲ့ သူတို့ဘ၀အာမခံချက်၊ သူတို့ရဲ့လုံခြုံရေးအာမခံ ရရှိတဲ့နောက်ပိုင်းမှပဲ အဲဒါသူတို့ ဒီအခြေအနေပေါ်မှာ ပြန်ပို့လို့ရမယ်။ ”
မြန်မာဒုက္ခသည်တွေကို ပြန်ပို့ရေးမှာ အခြေခံ လူ့အခွင့်အရေးများနှင့် အညီဖြစ်သင့်ဖြစ်ထိုက်သည်များကို တိုက်တွန်းပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့တဲ့စာမှာတိုက်တွန်းထားပါတယ်။
မြန်မာဒုက္ခသည်ရဲ့ လူ့အခွင့်အရေးဆိုင်ရာနဲ့ ပတ်သတ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ မည်သည့်ကြိုးစားအားထုတ်မှု မဆို အသိအမှတ်ပြုထောင်ခံမယ်လို့လည်း စာမှာဖော်ပြပေးပါတယ်။

Ref; DVB
Continue reading ...

May 30, 2012

ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံ ခရီးစဉ်

Unknown | 9:36 PM | | |


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၄ နှစ်အတွင်း ပထမဆုံး ပြည်ပ ခရီးစဉ်အဖြစ် ထိုင်းနိုင်ငံကို မနေ့က ထွက်ခွာသွားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဘန်ကောက်မြို့ မှာ ဒီကနေ့ စတင်ကျင်းပတဲ့ ကမ္ဘာ့စီးပွားရေး ညီလာခံ မတက်ရောက်ခင် မဟာချိုင်ဒေသက မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေကို သွားရောက် တွေ့ဆုံခဲ့ပါတယ်။

Ref: RFA
Continue reading ...

ဒုက္ခသည်များ နေရပ်ပြန်ရေးကိစ္စ စီစဉ်ပေးရန် ထိုင်းက မြန်မာကို တောင်းဆိုမည်

Unknown | 9:35 PM |
မယ်လ ဒုက္ခသည်စခန်းတနေရာ

ထိုင်းစစ်တပ်မှ ထိုင်းမြန်မာ နယ်စပ် ဒုက္ခသည် စခန်း (၉) ခုရှိ မြန်မာ ဒုက္ခသည် များအား နေရပ် ပြန်ပို့ရေး အစီအစဉ်များ အ လျင်အမြန် ဆောင်ရွက်ပေးရန် မြန်မာ အစိုးရအား ဆွေးနွေး စေလိုကြောင်း ထိုင်းအစိုးရထံသို့ တင်ပြထား သည်ဟု ထိုင်းကာ ကွယ်ရေး ဝန်ကြီး ဌာန၏ သတင်းများ အရ သိရှိ ရပါသည်။

ထိုင်းမြန်မာ နယ်စပ်ရှိ ဒုက္ခသည် စခန်း (၉) ခု၌ မြန်မာနိုင်ငံသား ဒုက္ခသည်ပေါင်း တသိန်းခွဲခန့် ရှိသည်ဟု ဖော်ပြကြသော်လည်း၊ အမှန်တစ်ကယ် အရေအတွက်မှာ နှစ်သိန်းခန့်အထိ ရှိနိုင်ကြောင်း ထိုင်းအာဏာပိုင်များမှ ပြောပါသည်။ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့၌ ကျင်းပခဲ့သည့် (၆) ကြိမ်မြောက် အာရှ ကာကွယ်ရေး ဝန်ကြီးများ ထိပ်သီး ဆွေးနွေးပွဲ၌ ထိုင်းကာကွယ်ရေး ဝန်ကြီး မစ္စတာ Sukumpol Suwanatat နှင့် မြန်မာနိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဗိုလ်ချုပ် လှမင်းတို့ တွေ့ဆုံခဲ့စဉ်၌လည်း အဆိုပါ မြန်မာ ဒုက္ခသည်များ နေရပ် ပြန်ပို့ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ နှစ်ဦးအမြင်များ ကိုဆွေးနွေးခဲ့ကြပါသည်။

ထိုင်းကာကွယ်ရေး ဝန်ကြီး မစ္စတာ Sukumpol Suwanatat မှ လွန်ခဲ့သည့် အပတ်၌ ထိုင်းတော်ဝင် တပ်မတော် စစ်ဦးစီး ချုပ်ဗိုလ်ချုပ် Prayuth Chan-ocha နှင့် တွေ့ဆုံခဲ့စဉ်၌လည်း မြန်မာ ဒုက္ခသည်များအား နေရပ်ပြန်ပို့ရေး အစီအစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း ထိုင်းကာကွယ်ရေး ဝန်ကြီးဌာန သတင်းရပ်ကွက်က ဆိုပါသည်။
မြန်မာ ဒုက္ခသည်များမှာမူ မြန်မာနိုင်ငံသို့ ပြန်ရန် ယုံကြည်မှု အလွန်နည်းပါး နေသေးသည်ဟု ဆိုပါသည်။ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည် မယ်လဒုက္ခသည် စခန်းသို့ သွားရောက်လည်ပတ်မည့် အစီအစဉ်သည် ဒုက္ခသည်များအတွက်
အားတက်စေခဲ့ပါသည်။

မြန်မာ ဒုက္ခသည်များသည် မြန်မာပြည်၏ စစ်ရေးအခြေအနေနှင့် ဖိနှိပ်အုပ်ချုပ်မှု စနစ်ဆိုးကြောင့် ထိုင်းနိုင်ငံသို့ဝင် ရောက် ခိုလှုံခဲ့ကြရပါသည်။ ဤ၀န်ထုတ်ဝန်ပိုးကို ထိုင်းနိုင်ငံက ကူညီစောင့်ရှောက်ထားသည်မှာ နှစ်ပေါင်း (၃၀) ခန့်ရှိနေပြီး ဖြစ်ပါ သည်။ ဤသို့ကြောင့် ဒုက္ခသည်များ ပြန်ပို့ရေးသည် ထိုင်းနိုင်ငံအတွက် အရေးကြီးလှပါသည်။

Ref: ရွှေဟင်္သာ သတင်းဌာန
Continue reading ...

April 25, 2012

နို့ဖိုးဒုက္ခသည် စခန်းမှ ဒုက္ခသည်အချို့ ဆန္ဒပြ

Unknown | 4:45 PM | | |
 
နို့ဖိုးဒုက္ခသည် စခန်းတွင်း တနေရာ 
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ အုန်းဖန်မြို့နယ် နို့ဖိုးဒုက္ခသည်စခန်းအတွင်းရှိ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး-UNHCR အရှေ့၌ ဒုက္ခသည် ၁၀၀ဦးခန့်က ယူအဲန်ဓါတ်ပုံရိုက်ပေးပြီး တတိယနိုင်ငံထွက် နိုင်ရန် ယနေ့ မနက် ၉နာရီခွဲမှ မွန်းလွဲ ၁နာရီအထိ တောင်းဆိုဆန္ဒ ပြခဲ့ကြသည်။ ဆန္ဒပြဒုက္ခသည်များသည် အများအားဖြင့် ၂၀၀၉ခုနှစ်မှစ၍ နို့ဖိုးစခန်းရှိ ရပ်ကွက်(၁၆)တွင် ရောက်ရှိလာသူများဖြစ်ပြီး ထိုင်း-မြန်မာနယ် စပ်အခြေစိုက် ဒုက္ခသည်များအတွက် စားနပ်ရိက္ခာထောက်ပံ့ပေးနေသည့် (TBBC)မှ ပေးသော ရိက္ခာလက်မှတ် ရရှိထားသူများဖြစ်သော် လည်း UNHCR မှတ်ပုံတင်လက်မှတ် မရှိသေးသည့်အတွက် ပြုလုပ်ပေးရန် ယခုလို ဆန္ဒပြကြခြင်းဖြစ်သည်ဟု သိရသည်။ နို့ဖိုးစခန်းအတွင်းရေးမှူး စောသူးလေဒို့စိုးက ဆန္ဒပြသူများသည် နိုင်ငံခြားသို့ သွားရောက်အခြေချရန် စောင့်ဆိုင်းနေကြသူများဖြစ်ကြပြီး UN အနေဖြင့် ၎င်းတို့အား ကူညီရန်နှင့် ဒုက္ခသည်အဖြစ် တရားဝင် အသိအမှတ်ပြုပေးရန်အတွက် ဆိုင်းဘုတ်ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြ ခြင်းဖြစ်သည်ဟု ပြောသည်။ “သူတို့တွေ ဆန္ဒပြပေမယ့် ယူအဲန်က ဓါတ်ပုံ (ယူအဲန် မှတ်ပုံတင်လက်မှတ်)လာရိုက်ပေးပြီး နိုင်ငံခြား ထွက်ဖို့က မဖြစ်နိုင်သေးဘူး။ ထိုင်း နိုင်ငံရဲ့ စည်းမျဉ်းစည်းကမ်းအရဆိုရင် ထိုင်းအစိုးရက သူတို့ကို လက်ခံမှ ယူအဲန်က လာလုပ်လို့ ရမယ်လေ။”ဟု ပြောသည်။ ယနေ့ မနက် ဒုက္ခသည်စခန်းအတွင်းသို့ ရောက်ရှိလာသည့် ယူအဲန်တာဝန်ရှိသူများက ဆန္ဒပြသူများကို ခေါ်ယူ ပြောဆိုမှုများရှိသော် လည်း တိကျသည့် အဖြေများ ပေးနိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။ ဆန္ဒပြမှုကို ကိုယ်တိုင် သွားရောက်ကြည့်ရှုခဲ့သူ ကရင်ဒုက္ခသည်များကော်မတီ(ကေအာရ်စီ) အဖွဲ့ဝင်တဦးဖြစ်သူ စောထွန်းဝင်းက “ဆန္ဒပြ တာက အဓိက နိုင်ငံခြားထွက်နိုင်ရေး ကိစ္စပါပဲ။”ဟု ပြောဆိုသည်။ နို့ဖိုးစခန်းတွင် ယခင်က ထိုသို့ အလားတူ ဆန္ဒပြသူများမှုမျိုး မရှိဘဲ ယနေ့ဆန္ဒပြမှုတွင် ကချင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်နှင့် သျှမ်း တိုင်းရင်း သားလူမျိုးများ ပါဝင်ခဲ့ကြသည်။ လက်ရှိ နို့ဖိုးဒုက္ခသည်စခန်းတွင် ကရင်အပါအ၀င် တိုင်းရင်းသားလူမျိုးများ စုစုပေါင်း ၁သောင်းကျော်နေထိုင်ပြီး တရားဝင် ဒုက္ခသည်အ ဖြစ် UNHCR မှ မှတ်ပုံတင်ပြီးသူ ၈ထောင်ခန့်နှင့် မှတ်ပုံမတင်ရသေးသူ ၃ထောင်ခန့် ရှိသည်ဟု ကေအာရ်စီ၏ ၂၀၁၂ခုနှစ်၊ ဇန်န၀ါရီလ ထုတ် ဒုက္ခသည်ဦးရေအရ သိရသည်။

Ref; KIC News
Continue reading ...

April 16, 2012

The Lady (မြန်မာစာတမ်းထိုး) Full HD Movie

Unknown | 9:30 PM | | |


The Lady - ဒေါ်အောင်ဆန်းစုကြည်အကြောင်း ဇာတ်ကားကို နိုင်ငံတကာမှာ ရုံတင်ပြသပြီးပေမယ့် မြန်မာနိုင်ငံမှာ ယခုအချိန်ထိ ပြခြင်းမရှိသေးတဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်တပါတယ်...။ Online မှ HD Quality မြန်မာစာတမ်းထိုးဖြင့်ကြည့်ရှုနိုင်ပါပြီ...။

မြန်မာစာတမ်းထိုးဖြင့် ကြည့်ရှုရန်

ရုပ်ရှင်ကြည့်ရှုရန် ကလစ်ပါ

မြန်မာစာတမ်းထိုး မဟုတ်သောလင့်ခ်များမှ ကြည့်ရှုရန်အတွက်
Link - 1
Link - 2
Continue reading ...

April 14, 2012

တက္ကဆပ်ပြည်နယ် ဒါးလက်မြို့ နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်

Unknown | 3:28 PM | |


၁၄၊၄၊၂၀၁၂ (စနေနေ့)တွင် တက္ကဆပ်ပြည်နယ် ဒါးလက်မြို့မှာ ကျင်းပတဲ့သင်္ကြန်ပွဲဖြစ်ပါတယ်။ ဒါးလက်မြို့၊ အာဗင်းမြို့၊ ဖို့ဝက်မြို့ အစရှိတဲ့အနီးအနားမြို့များမှ မြန်မာမိသားစုများပေါင်းစုစည်းကာ ဘာသာအလိုက်ဝတ်ပြုဆုတောင်းပွဲများ၊ မြန်မာတီးဝိုင်းကာရာအိုကေများ သင်္ကြန်ယိမ်းအကများဖြင့်အတူ မုန့်လုံးရေပေါ်၊ မုန့်ဟင်းခါး၊ ရခိုင်မုန့်တီ အစရှိသည့် မြန်မာ့ရိုးရာအစားအစာများဖြင့်တည်ခင်းဧည့်ခံခဲ့ကြပါသည်။ သင်္ကြန်ပွဲတော်အခမ်းအနားကို ရွှေဗီဒီယိုအင်တာနက်ဝက်ဆိုဒ်မှ တိုက်ရိုက်ပြသခဲ့ပါသည်။
Continue reading ...

April 05, 2012

Cool Edit Pro 2.1 Protable

Unknown | 11:28 PM |


ဒီဆော့ဖ်ဝဲရ်လေးဟာ ကျနော်အရင်တုန်းက အသံပိုင်းဆိုင်ရာ Editing အသုံးပြုခဲ့တဲ့ Software လေးပါ အရမ်းလည်းသဘောကျခဲ့ပါတယ်... သုံးရတာလည်း အရမ်းလွယ်ကူတယ် ပေါ့ပါးတယ်... အသံဖိုင်တွေကို Recording, Editing, Cutting လုပ်လိုသူများအတွက် အကောင်းဆုံးဖန်တီးပေးနိုင်ပါတယ် ... MP3, WMA, WAV, AC3, M4A, AAC စတဲ့ Audio Format လေးတွေကို ထုတ်ပေးနိုင်ပါတယ်။ အသုံးပြုရန်အတွက် မိမိတို့ idea ရှိသလို အသုံးပြုနိုင်ပါတယ်... အောက်မှာ ဒေါင်းလုပ်ယူသွားလိုက်ပါ...



ဒေါင်းလုပ်ရယူရန်လင့်ခ်

Cool Edit Pro 2.1


နည်းပညာ တိုးတက်နိုင်ကြပါစေ
ပြည့်စုံ (ဝေါသားလေး)
Continue reading ...

April 02, 2012

ကြားဖြတ်ရွေးကောက်ပွဲရလဒ် ကြေညာချက် (MRTV)

Unknown | 6:51 PM | | |


အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ၄၀ ဦးစာရင်း ထုတ်ပြန်

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ဧပြီ ၁ ရက်နေ့တွင် ကျင်းပခဲ့သည့် ကြားဖြတ်
ရွေးကောက်ပွဲ မဲဆန္ဒနယ် ၄၅ နေရာအနက် နေရာ ၄ဝ တွင် အနိုင်ရရှိသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ အမည်စာရင်းကို တနင်္လာနေ့က နိုင်ငံပိုင် ရုပ်မြင်သံကြားမှ ထုတ်ပြန်ကြေညာလိုက်သည်။
၎င်းထုတ်ပြန်ကြေညာချက်အရ နေရာ ၄ဝ လုံး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ ကိုယ်စားလှယ်များ အနိုင်ရရှိခဲ့ပြီး
ပြည်သူ့လွှတ်တော်အတွက် ၃၅ နေရာ၊ အမျိုးသားလွှတ်တော်အတွက် ၃ နေရာ၊ တိုင်းဒေသကြီးလွှတ်တော်အတွက် ၂ နေရာတို့ ဖြစ်ကြသည်။

ထုတ်ပြန်ကြေညာချက်များအရ "ယင်းပုဂ္ဂိုလ်များသည် ၎င်းတို့နှင့် ယှဉ်တွဲပါ လွှတ်တော်မဲဆန္ဒနယ်များ၏
လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြောင်း ကြေညာလိုက်သည်"ဟု ကော်မရှင်ကြေညာချက်တွင် ဖေါ်ပြပါရှိ သည်။ ကျန် ၅ နေရာမှ ရလဒ်များကို မကြာမီရက်ပိုင်းအတွင်း ကောမရှင်မှ တရားဝင် ထုတ်ပြန်ကြေညာဖွယ်ရှိသည်။

ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်သည့် လွှတ်တော်ကိုယ်စားလှယ်များစာရင်း



ပြည်သူ့လွှတ်တော်
(၁) စစ်ကိုင်း - ဦးခင်မောင်သိန်း
(၂) ပုလဲမြို့နယ် - ဒေါ်ခင်စန်းလှိုင်
(၃) လောင်းလုံမြို့နယ် ဦးအောင်စိုး
(၄) တောင်ငူမြို့နယ် ဦးအောင်စိုးမြင့်
(၅) ထန်းတပင်မြို့နယ် ဦးစိန်ထွန်း
(၆) သနပ်ပင်မြို့နယ် ဦးမြင့်ဦး
(၇) လက်ပံတန်းမြို့နယ် ဦးကျော်မင်း
(၈) မကွေးမြို့နယ် ဦးမြင့်သိန်း
(၉) ရေစကြိုမြို့နယ် ဒေါက်တာတင်ဌေးအောင်
(၁၀) မြိုင်မြို့နယ် ဦးမြင့်အောင်
(၁၁) ပခုက္ကူမြို့နယ် ဦးပိုက်ကို
(၁၂) ပွင့်ဖြူမြို့နယ် ဒေါက်တာအောင်မိုးညို
(၁၃) ဇမ္ဗူသီရိမြို့နယ် ဒေါ်စန္ဒာမင်း
(၁၄)ပုဗ္ဗသီရီမြို့နယ် ဦးဖြိုးဇေယျာသော်
(၁၅) ဒက္ခိဏသီရိမြို့နယ် ဦးနိုင်ငံလင်း
(၁၆)ဥတ္တရသီရီမြို့နယ် ဦးမင်းသူ
(၁၇)ကျောက်ပန်းတောင်း ဒေါက်တာဇော်မြင့်အောင်
(၁၈) နွားထိုးကြီးမြို့နယ် ဦးပေါခင်
(၁၉) မဟာအောင်မြေမြို့နယ် ဦးအုန်းကြိုင်
(၂၀) တံတားဦးမြို့နယ် ဒေါ်ခင်သန္တာ
(၂၁) မိတ္ထီလာမြို့နယ် ဦးဝင်းထိန်
(၂၂) ပြင်ဦးလွင်မြို့နယ် ဦးကျော်သီဟ
(၂၃) မော်လမြိုင်မြို့နယ် ဒေါ်ခင်ဌေးကြွယ်
(၂၄) ကော့မှူးမြို့နယ် ဒေါ်အောင်ဆန်းစုကြည်
(၂၅) သုံးခွမြို့နယ် ဒေါ်စုစုလွင်
(၂၆) ဒဂုံဆိပ်ကမ်းမြို့နယ် ဒေါက်တာမျိုးအောင်
(၂၇) မင်္ဂလာတောင်ညွန်မြို့နယ် ဒေါ်ဖြူဖြူသင်း
(၂၈) လှည်းကူးမြို့နယ် ဦးဖြိုးမင်းသိန်း
(၂၉) မရမ်းကုန်းမြို့နယ် ဒေါက်တာဒေါ်မေ၀င်းမြင့်
(၃၀) ကလောမြို့နယ် ဒေါက်တာဒေါ်သန်းငွေ
(၃၁) ပုသိမ်မြို့နယ် ဦးဝင်းမြင့်
(၃၂) မအူပင်မြို့နယ် ဦးစိန်ဝင်း (ခ) ဦးစိန်ဝင်းဟန်
(၃၃) မြောင်းမြမြို့နယ် ဦးမန်းဂျော်နီ
(၃၄) ၀ါးခယ်မမြို့နယ် ဒေါ်မြင့်မြင့်စန်း
(၃၅) မြန်အောင်မြို့နယ် ဦးကျော်မြင့်

အမျိုးသားလွှတ်တော်
(၃၆) ပဲခူးတိုင်း ဒေသကြီး အမှတ် (၇) ဦးမင်းဦး
(၃၇) မကွေးတိုင်းဒေသကြီး အမှတ် (၄) ဦးအောင်ကြည်ညွန့်
(၃၈) ဧရာဝတီတိုင်းဒေသကြီး အမှတ် (၁၀) ဦးသိန်းဆွေ

တိုင်းဒေသကြီးလွှတ်တော်
(၃၉) ပဲခူတိုင်းဒေသကြီး အမှတ် (၂) ဦးမျိုးခိုင်
(၄၀) ဧရာဝတီတိုင်းဒေသကြီ အမှတ်(၂) ဒေါက်တာလှမြတ်သွေး

Ref: မဇ္ဈိမ သတင်းဌာန ၊ ကိုနစ်နေမန်း
Continue reading ...

April 01, 2012

ယှဉ်ပြိုင်ရာ ၄၄ နေရာလုံး NLD နိုင်ပြီဟုဆို

Unknown | 6:06 PM | | |
NLD ထောက်ခံသူများ ရွေးကောက်ပွဲ အောင်နိုင်မှု ဆင်နွှဲ



ဧပြီလ ၁ ရက်နေ့တွင် ကျင်းပပြီးစီးသွားသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပြည်နယ်နှင့်တိုင်းအသီးသီးမှ မဲဆန္ဒနယ် ၄၄ နေရာလုံးတွင် အနိုင်ရရှိသွားကြောင်း NLD ရုံးချုပ်မှ သိရသည်။

နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တွင် ယှဉ်ပြိုင်နေသော အဆိုတော် ဇေယျာသော် အနိုင်ရရှိကြောင်း နောက်ဆုံး သိရပြီးနောက် ၄၄ နေရာလုံး အနိုင်ရရှိသည်ဟု ဆိုနိုင်ခြင်းဖြစ်သည်။

၄၄ နေရာအနက် ၃၈ နေရာမှာ မဲရေတွက်ပြီးဖြစ်ကာ ကျန် ၆ နေရာတွင် မဲရေတွက်ဆဲဖြစ်သော်လည်း NLD ကိုယ်စားလှယ်လောင်းများက ပြိုင်ဘက်များအား မဲအရေအတွက် အများအပြား အသာဖြင့် ဦးဆောင်ပြီး
သေချာနေသည့်အတွက် ၎င်းတို့ အနိုင်ရရှိပြီးဖြစ်ကြောင်း ရုံးချုပ်သို့ ဖုန်းဖြင့် သတင်းပို့လာသဖြင့် ယခုကဲ့သို့ ယှဉ်ပြိုင်နေရာအားလုံး အနိုင်ရရှိသည်ဟု ဆိုနိုင်ခြင်းဖြစ်သည်။

တနင်္လာနေ့ နံက်နက်တွင် မဲအနိုင်ရရှိမှု အသေးစိတ်စာရင်းကို NLD မှ ထုတ်ပြန်ကြေညာမည် ဖြစ်ကြောင်း သိရသည်။

ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်နေရာ ၄၈ နေရာ ရှိသည့်အနက် ကချင်ပြည်နယ် မိုးကောင်း၊ ဖားကန့်နှင့် ဗန်းမော်မြို့များတွင် လုံခြုံရေးအကြောင်းပြချက်ဖြင့် ရွေးကောက်ပွဲ မကျင်းပဖြစ်ခဲ့ပေ။ ကျန် ၄၅ နေရာ တွင် NLD က ၄၄ နေရာ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည်။

Ref: မဇ္ဈိမသတင်းဌာန
Continue reading ...

March 17, 2012

ဒီလိုလေး ခြစ်တတ်ရင် ရပြီ ( Vote NLD Campaign)

Unknown | 9:47 PM |
ဧပြီလ (၁) ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ကိုမဲပေးကြဖို့ တင်ဆက်ထားတဲ့ Vote NLD Campaign ဗွီဒီယို... သရုပ်ဆောင်... လူမင်း၊ ဝေဠုကျော်၊ ၀ိုင်း၊ ရဲတိုက်၊ ထွန်းအိန္ဒြာဗိုလ်၊ ချစ်သုဝေ နှင့် အခြားသရုပ်ဆောင်များ...။



Video from Our Production.
Continue reading ...

February 11, 2012

Valentine Skin Pack for Windows 7

Unknown | 7:41 PM |

Valentine Day အမှတ်တရ အနေနဲ့ Skin Pack တင်ပေးလိုက်ပါတယ်... For 32 bit and 64 bit အတွက် နှစ်ခုခွဲတင်ပေးထားပါတယ်... Valentine's Day အမှတ်တရအဖြင့် မဖတ်သေးသူများအတွက် ယခင်ရေးသားခဲ့ပြီးသော ...

Valentine's Day နှင့် ကွေကွင်းနေရသော ချစ်သူတွေ ...Click here

Skin Pack ဒေါင်းလုပ်ရယူရန်....

Skin Pack for 32 bit

Skin Pack for 64 bit

Continue reading ...

February 07, 2012

၂၀၁၀ ပြည့်နှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲ

Unknown | 9:36 PM | |


၂၀၁၀ပြည့်နှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲ ကြည့်ရှုရန် Click Here
Continue reading ...

January 28, 2012

သိထားသင့်သော Computer Virus အမျိုးမျိုးအကြောင်း

Unknown | 1:39 AM | |

Computer Virus

Computer virus ဆိုတာ သူ့ကိုသူ attach လုပ်ထားတဲ့ program (သို့) file တစ်ခုဖြစ်ပြီးကွန်ပျူတာ တစ်ခုကနေတစ်ခုကို ပြန့ှ်နှံ့ကူးစက်နိုင်ပါတယ် လူတွေမှာ Virus ကူးသလိုပဲ ပြန့်နှံ့ပြီးတော့ ကွန်ပျူတာရဲ့ System ကိုပုံမှန်အလုပ်မလုပ်အောင် နှောက်ယှက်မယ်၊ Windows ကို Error တွေများလာအောင်လုပ်မယ်၊ user data တွေကို ဖျက်ဆီးမယ်၊ Hardware တွေ Software တွေ အရေးကြီးတဲ့ File တွေကို ဖျက်ဆီးမယ် စတာတွေကို လုပ်ဆောင်ပါတယ်.. ဒါပေမယ့် Virus အများစုဟာ executable fileတွေဖြစ်ကြပါတယ် ဥပမာ.. chrome.exe, system.bat, flashy.com စသဖြင့်ပေါ့သူတို့ဟာ ကွန်ပျူတာထဲမှာ ရှိနေရင်တောင်မှ သင်ကိုယ်တိုင်မှ သွားမဖွင့်ရင်/ သွားမ run မိရင် ကွန်ပျူတာကို ဘာမှ မထိခိုက်နိုင်ပါဘူး ဒါကြောင့် မှတ်ထားရမှာက လူ၏ လုပ်ဆောင်ချက်မပါဝင်ပဲ Computer Virus သည် မပျံ့နှံ့ မကူးစက်နိုင်ပါ Virus ပျံ့နှံ့နိုင်တဲ့ နည်းလမ်းတွေကတော့ အမျိုးမျိုးရှိပါတယ်...forward E-mail က attached file တွေ၊ memory stick (flash/thumb drives) တွေ၊ Full sharing ကနေ virus infected file ထည့်တာတွေ၊ အချင်းချင်း မသိပဲနဲ့ Virus infected file ကို share လုပ်မိတာတွေစသဖြင့်ပေါ့…

Malware

Malware ဆိုတာ အင်္ဂလိပ်စကား ၂ လုံး Malicious Software ကိုပေါင်းစပ်ပြီး ကွန်ပျူတာပညာရှင်တွေက အလွယ်ခေါ်ကြတဲ့ virus လို program တွေပါပဲ.. အဲ့ဒီ Malware ကကွန်ပျူတာပိုင်ရှင်ရဲ့ ခွင့်ပြုချက်မရပဲ ၊ မသိစေပဲ single computer / server / computer network ထဲ ၀င်ပြီး ကွန်ပျူတာ System ပျက်ဆီးစေနိုင်အောင် ၊ အနှောက်အယှက်ဖြစ်အောင်ရေးလေ့ရှိကြပါတယ်..Malware တစ်ခုမှာ Computer Virus , Worms, Trojan Horses, Most Rootkits, Spyware, Dishonest Adware, Crimeware and Other Malicious and Unwanted Software တွေပါဝင်လေ့ရှိပါတယ်..

Worm

Worm ဆိုတာက virus နဲ့ဆင်တူအောင်ရေးထားကြတာပါပဲ.. virus တစ်ခုရဲ့ Sub-class လို့လည်းခေါ်လို့ ရပါတယ် သူကတော့ Virus လို လူကဖြန့်မှ ပျံ့တာမျိုးမဟုတ်ပဲ သူပါသူ Computer network ထဲမှာရှိတဲ့ အခြား ကွန်ပျူတာတွေကို လူရဲ့လုပ်ဆောင်ချက် လုံးဝမပါပဲနဲ့ ပျံ့နှံ့စေတာဖြစ်ပါတယ် အကြီးမားဆုံး အန္တရာယ်ကတော့ သူက သူ့ပါသူ System file တစ်ခုလို အယောင်ဆောင်ပြီး သူ့ကိုယ်သူ သန်းပေါင်း ၁၀၀ လောက် copy ပွားနိုင်ပါတယ်၊ Hard disk ရဲ့ used space ကို များလာစေတယ်..Computer ရဲ့ System memory usage တွေ များလာစေတယ်.. network bandwidth တွေကိုတက်လာစေတယ်... Run ထားတဲ့ program တွေကို Not Responding ခဏခဏဖြစ်လာစေတယ်.. လူသိများတဲ့ Worm ကတော့ Blaster worm ပါ.. Blaster worm က Computer System ထဲမှာ ရှိနေပြီဆိုတာနဲ့ Cracker တွေက ကွန်ပျူတာကို Remote လုပ်ပြီး ထိန်းချုပ်နိုင်အောင် ရေးထားပါတယ်..

Trojan Horse

Trojan horse ကို Trojan လို့လည်းခေါ်ပါတယ်.. ပုံမှန်အားဖြင့် အသုံးဝင်တဲ့ Software တွေမှာ ထည့်ထားတတ်ကြပါတယ်... ဥပမာပေါ့... Game တစ်ခုကို Install ပြီးဆော့နေပေမယ့် အခြားတစ်ဖက်မှာ Hacker တွေ Cracker တွေက ကွန်ပျူတာထဲကို ၀င်မွှေနေလို့ရအောင်လုပ်ပေးနေတယ်.. အဲဒီတော့ အဲဒီ Game ကို Trojan horse လို့ခေါ်တာပေါ့ .. တစ်ကယ်တော့ Game က တရားဝင်ထုတ်ထားတဲ့ Game ပဲ.. ဒါပေမယ့် Virus infected ဖြစ်နေတဲ့ Game လို့ပြောရလိုဖြစ်နေတာပေါ့.. Trojan horse တစ်ခုဟာ အောက်ပါအချက်များကို လုပ်ဆောင်ပေးနိုင်ပါတယ်..
♦ Remote Access
♦ Data Destruction
♦ Downloader/dropper
♦ Server Trojan (Proxy, FTP , IRC, Email, HTTP/HTTPS, etc.)
♦ Disable security software
♦ Denial-of-serviceattack(Dos)

Spyware

သူကတော့ သူခိုးပေါ့နော်.. သူက ကွန်ပျူတာကို ထိခိုက်ဖျက်ဆီးချင်မှ ဖျက်ဆီးမယ်.. ဒါပေမယ့် ကွန်ပျူတာမှာသုံးနေတဲ့ user ရဲ့ အမျိုးမျိုးသော အချက်အလက်တွေ၊ အရေးကြီးတဲ့ Data တွေကို သူ့ရဲ့ Main server တစ်ခုခုကို နေ့စဉ် သတင်းပို့ပေးနေတယ်... Spyware တွေက များသောအားဖြင့် Web browser တွေကနေ ၀င်နိုင်ပါတယ်... ပြီးရင် သူက Browser home page ကိုပြောင်းထားတတ်ပါတယ်..သင့်ကို Error message တွေ အမျိုးမျိုးပြမယ်..(ဥပမာ- သင့်ကွန်ပျူတာမှာ problems တွေများနေပြီ..အဲဒါတွေပြင်ချင်ရင် အောက်ကခလုတ်ကို နှိပ်ပါ) စသဖြင့် ဆွဲဆောင်မယ်၊ သင်က link တစ်ခုကို click လိုက်ပေမယ့် သင်မဖွင့်ပဲနဲ့ အခြား Porn Site တွေ အလိုလိုပွင့်လာမယ် စသဖြင့်ပေါ့... တစ်ချို့ လူတွေက http cookie တွေကို Spyware တွေလို့ ထင်ကြပါတယ်.. တကယ်တော့မဟုတ်ပါဘူး ဒါပေမယ့် အဲဒိ cookie ထဲမှာ Spyware က track လုပ်နိုင်တဲ့ Data တွေပါလာတတ်တာကြောင့်  Spyware Remover တော်တော်များများက Cookie တွေကို ဖျက်ပစ်ကြတာပါ … Spyware ကိုကာကွယ်ချင်ရင်တော့ pop-ups ကျလာတဲ့linkတွေကိုရှောင်တာကောင်းပါတယ်...

Adware

Adware ဆိုတာကတော့ Advertising-supported software (သို့) software package တစ်ခုဖြစ်ပါတယ်.... သူကတော့ Screen မှာ Automatic ပေါ်လာအောင်ဖန်တီးထားပြီး Download အတင်းလုပ်ခိုင်းပါတယ်... အချို့သော Adware များဟာ Spyware များဖြစ်တတ်ကြပါတယ်...

Crimeware

Crimeware ဆိုတာကတော့ Spyware, Adware, Malware အမျိုးအစားတွေထဲမှာပါပါတယ်.. သူ့ရဲ့ရည်ရွယ်ချက်ကတော့ financial crime တွေအတွက်ရည်ရွယ်ပြီးရေး ကြတာများပါတယ်..သူက user password တွေ၊ links တွေ၊ အချက်အလက်တွေ ကို မှတ်သားထားနိုင်ပြီး သူ့ကို Run ထားတဲ့လူက ပြန်ဖွင့်ကြည့်ပြီး user data တွေကို ခိုးယူနိုင်တာပေါ့.... ဥပမာပြောရရင်.. ခုခေတ်စားနေတဲ့ key logger တို့ .. keystroke logging software တို့ဟာ Crimeware အမျိုးအစားတွေပဲ ဖြစ်ပါတယ်.. အထက်ပါ ComputerVirus အကြောင်းများကို စာဖတ်သူများ ဗဟုသုတ ရစေရန် ရည်ရွယ်၍ ရေးသားလိုက်ရခြင်းဖြစ်ပါသည်။

Ref: Myanmar Computer Emergency Response Team
Continue reading ...

January 04, 2012

Mavis Beacon Teaches Typing

Unknown | 8:59 PM | |

လက်ကွက်လေ့ကျင့်ရန် Typing Software တောင်းဆိုထားတဲ့ သူငယ်ချင်းတွေအတွက် တင်ပေးလိုက်ပါတယ်...။ အခြေခံကွန်ပျူတာကို စတင်လေ့လာ သူတွေအတွက် လက်ကွက် ဟာ အရေးကြီးဆုံးဖြစ်ပါတယ်... အဲဒီလက်ကွက်ကို ကျွမ်းကျင်အောင်လေ့ကျင့်ဖို့ အတွက် ဒီ software လေးက ကူညီးပေးပါလိမ့်မယ်...အရမ်းကောင်းတဲ့ဆော့ဖ်ဝဲလေးပါ... ဂိမ်းကစားပြီး လေ့ကျင့်လည်း ရပါတယ်။ စိတ်ဝင်စားတယ်ဆိုရင် ဒေါင်းလုပ်ရယူနိုင်ပါတယ်....

ဒေါင်းလုပ်ရယူရန်လင့်ခ် Mavis Beacon Teaches Typing Platinum 20
Continue reading ...

ပြည့်စုံ © 2013. All Rights Reserved | Powered by:Blogger

Designed by:Windroidclub