October 15, 2007

စစ်အစိုးရ၏ အမိန့်ထုတ်ပြန်ချက်များ

Unknown | 5:29 AM |
တရုတ်များကို အကာအကွယ်ပေးရန် အမိန့်ထုတ်ပြန်

တရုတ် အမျိုးသားများ၏ အသက်အိုးအိမ် စည်းစိမ်များ အကာအကွယ်ပေးရန် မြန်မာနိုင်ငံ ရဲချုပ်က အောက်ခြေအထိ ညွှန်ကြားချက်ကို ယမန်နေ့က ထုတ်ပြန်ထားသည်။

ရန်ကုန်မြို့တွင် ညမထွက်ရ ကာဖျူးအမိန့်ကို ည ၁၁ နာရီမှာ ၃ နာရီအထိသာကန့်သတ် လျော့ချလိုက်သည်

စိုးဝင်းအား ၀မ်းနည်းခြင်းအထိမ်းအမှတ်ဖြင့် အလံလွှင့်ထူရန် အမိန့်ထုတ်

စ်အစိုးရက ပြီးခဲ့သည့် ၁၂ ရက်နေ့က ဗိုလ်ချုပ်ကြီး စိုးဝင်း သေဆုံးခြင်းအတွက် နိုင်ငံအ၀ှမ်းရှိ ဌာနဆိုင်ရာများအား အလံတ၀က်ထူရန် အမိန့်ထုတ်ပြန်ခဲ့သည်။ အမိန့်အမှတ် (၄/၂၀၀၇) ဖြင့် ဗိုလ်မှူးကြီး သန့်ရှင်း လက်မှတ်ဖြင့် ထုတ်ပြန်သည့် ကြေညာချက် တွင် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း ကွယ်လွန်ခြင်းကြောင့် ၀မ်းနည်းကြောင်း အထိမ်းအမှတ်အဖြစ် ၃ ရက်ကြာ အလံတိုင်တ၀က် လွှင့်ထူရန် ထုတ်ပြန်ခဲ့သည်။

No comments:

ပြည့်စုံ © 2013. All Rights Reserved | Powered by:Blogger

Designed by:Windroidclub