October 31, 2009

နှုတ်ဆက်ခြင်း

Unknown | 10:26 AM |
ကျနော်အခုတလော ဘာစာမှရေးဖြစ်မှာမဟုတ်သလို ဘယ်မှလည်း အလည်မရောက်ဖြစ်တဲ့အတွက် အလည်လာကြသော ညီအစ်ကိုမောင်နှမများအားလုံးကို တောင်းပန်ပါတယ်...အလည်လာကြတဲ့အတွက်လည်း အထူးကျေးဇူးတင်ရှိပါတယ်...။ ဘလော့ဘ်ကိုတော့ ရပ်နားမှာမဟုတ်ပါဘူး ဆက်လက်ရေးသားသွားမှာပါ ကိုယ်ရေးကိုယ်တာကိစ္စလေးတွေကြောင့်ရယ် အင်တာနက် လိုင်းပြန်တက်မဆင်ရသေးတာကြောင့်ရယ် အကြောင်းကြောင်းကြောင့် ခဏခွဲနေရအုံးမှာပါ.... ဘလော့ဘ်ဂါညီအစ်ကိုမောင်နှမအားလုံးကို အစဉ်အမြဲသတိရလျှက်

ပြည့်စုံ (ဝေါသားလေး)
Continue reading ...

October 18, 2009

ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၏ (၄၇) နှစ်မြောက် မွေးနေ့ အမှတ်တရ

Unknown | 4:36 AM | | |
ကျတော်တို့က ဒီမိုကရေစီဖြစ်ပေါ်ပြောင်းလဲမှုကိုဘဲ တောင့်တတယ်။ ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်နိုင်တဲ့ ငြိမ်းချမ်းသောနည်းကိုပဲ ကျတော်တို့ ရွေးချယ်မှာ ဖြစ်တယ်။



ဖခင် ဦးသက်ညွန့် (ပန်းချီဆရာကြီး)နှင့် မိခင် ဒေါ်လှကြည်တို့မှ ၁၉၆၂ ခုနှစ် အောက်တိုဘာလ(၁၀)ရက်နေ့တွင်ရန်ကုန်မြို့တွင်မွေးဖွားခဲ့ပြီး မွေးချင်း(၅)ယောက်အနက် တတိယယောက်မြောက်သားဖြစ်သည်။ သင်္ကန်းကျွန်းမြို့နယ် အထက်တန်းကျောင်းတွင်တက်ရောက်ခဲ့ပြီး ၁၉၈၈ ခုနှစ်ကာလတွင် ရန်ကုန်တက္ကသိုလ်(ပင်မ)တွင် သတ္တဗေဒကျောင်းသားအဖြစ်ပညာသင်ကြားခဲ့ပြီး၊ ၁၉၈၈ ခုနှစ်သြဂုတ်လ (၂၈)ရက်နေ့မှာ ပြန်လည်ဖွဲ့စည်းခဲ့တဲ့ `ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်`တွင် ဥက္ကဌအဖြစ် တာဝန်ယူခဲ့သည်။ ၁၉၈၉ ခုနှစ် မတ်လ(၂၃)ရက်နေ့တွင် စစ်အစိုးရရဲ့ အဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ် အနှစ်(၂၀)ကျခံခဲ့ရသည်။ ၂၀၀၄ နိုဝင်ဘာလ (၁၉) ရက်နေ့တွင် စစ်တွေအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်ခဲ့ပြီး ' ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့'ခေါင်းဆောင်အဖြစ် ဒီမိုကရေစီအရေးတွင် ဆက်လက်လှုပ်ရှားခဲ့သည်။ ၂၀၀၆ ခုနှစ် စက်တင်ဘာလတွင် ဒုတိယအကြိမ် ပြန်လည်အဖမ်းခံရပြီး ၂၀၀၇ ဇန်န၀ါရီလ(၁၁)ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာပြီး စစ်အာဏာပိုင်တို့မှ လောင်စာဆီမြှင့်တက်မှုကြောင့် ၈၈ မျိုးဆက်ကျောင်းသားများနှင့်အတူ လမ်းလျှောက်ဆန္ဒပြခဲ့မှုဖြင့် ၂၀၀၇ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့ညတွင် တတိယအကြိမ် ထပ်မံဖမ်းဆီးခံခဲ့ရပြန်သည်။ ယခုအခါ စစ်အာဏာပိုင်များ၏ ကျိုင်းတုံအကျဉ်းထောင်ထဲတွင် ထောင်ဒဏ် (၆၅)နှစ်ကျခံနေသည်။ ဒီမိုကရေစီရေးအတွက် သက်စွန့်ကြိုးပမ်း အလုပ်တွေလုပ်ခဲ့တဲ့အတွက် ကိုမင်းကိုနိုင်ရရှိခဲ့တဲ့ဆုတွေက….

(၁) The John Humphrey Freedom Award(Canada) in 1999
(၂) The Student Peace Prize in 2001
(၃) The Homo Homini Award by People in Need Foundation in 2001
(၄) The civil Courage Prize 2005
(၅) The Gwangju Human Rights Award of South Korea in April 2009

ကိုမင်းကိုနိုင်ဟာ အကျဉ်းထောင်ထဲမှာ ကျခံနေရပေမယ့် စစ်အာရှင်စနစ်ကို ဆန့်ကျင်နေစဲ၊ ဒီမိုကရေစီကို တောင်းဆိုနေစဲပါ….။

ကိုမင်းကိုနိုင်ပြောဆိုခဲ့သော ပြောကြားချက်များအား စုစည်းဖေါ်ပြအပ်ပါသည်။
Continue reading ...

October 16, 2009

P for Pyae Sone နှင့် ပ For ပြည့်စုံ

Unknown | 1:02 AM |
ညီငယ် အ အဆိပ်ခွက်ရဲ့ ပ For ပြည့်စုံ နှင့် အမ ဆုမွန်ရဲ့ Pyae Sone & ပြည့်စုံ တဂ် နှစ်ခုကို သုံးမျိုး ရေးသားလိုက်ပါတယ်။

ညီငယ် အဆိပ်ခွက်က တဂ်တဲ့ ပ For ကိုပြည့်စုံ

1.What is your name : ပြည့်စုံ
2. A four Letter Word : ပြည့်စုံချင်တယ်။
3. A boy's Name : ပြည့်စုံ
4. A girl's Name : ပုလဲဝင်း
5. An occupation : ပန်းတိမ်
6. A color : ပန်းနုရောင်
7. Something you'll wear : ပင်နီတိုက်ပုံ
8. A food : ပဲကုလားဟင်း
9. Something found in the bathroom : ပ၀ါ (မျက်နှာသုတ်)
10. A place : ပြည် ရွှေစံတော်
11. A reason for being late : ပဲကုလားဟင်းအိုး တူးသွားလို့ :P :P :P
12. Something you'd shout : ပေါက်ကွဲလာရင်မလွယ်ဘူးမှတ် @%&^*@!#@
13. A movie title : ပျဉ်းမငုတ်တို
14. Something you drink : ပဲနို့
15. A musical group : ပန့်ခ် ( Big bag)
16. An animal : - ပိုးဖလံ
17. A street name : ပြည်တော်သာလမ်း
19. The title of a song : ပန်းချစ်သူ
20. A verb : ပြည့်စုံစေသည်။


အမဆုမွန်တဂ်တဲ့ ပြည့်စုံ နှင့် Pyae Sone


1. What is your name : Pyae Sone

2. A four Letter Word : Pray

3. A boy's Name : Pyae Sone

4. A girl's Name : Pan Phyu

5. An occupation : Packaging

6. A color : Purple

7. Something you'll wear : Patch jeans

8. A food : Pizza hut

9. Something found in the bathroom : Paper

10. A place : Peaceful quiet place

11. A reason for being late : Party at my house

12. Something you'd shout : Play dirty ! ! !

13. A movie title : Partner (Korea movie)

14. Something you drink : Pineapple juice

15. A musical group : Pooh

16. An animal : Peccary

17. A street name : Pyi street

18. A type of car: Pajero

19. The title of a song : Peace of mind - Boston

20. A verb : : Pacify


မြန်မာလို ထပ်ရေးရမယ်ဆိုရင်ဖြင့်


နံမည်က - ပြည့်စုံ

ပြောချင်တဲ့စကားလေး လေးလုံးက - ပြန်ဆုံချိန်လေး

ကောင်လေးနံမည်က - ပြည်အေး

ကောင်မလေးကတော့ - ပန်းကလေး

လုပ်ချင်တဲ့အလုပ်က - ပန်းဥယျာဉ်

အရောင်ထဲမှာတော့ - ပန်းဆီ

ဘာဝတ်ထားလဲဆိုတော့ - ပုဆိုး

ဘာအစားအစာကြိုက်လဲဆိုရင် - ပဲ ဟာလ၀ါ

ရေချိုးခန်းထဲတွေ့တာတော့ - ပုဆိုးပိုင်း

နေရာကတော့ - ပြည် ရွှေစံတော်မှာဆုံချင်တယ်။

ဘာဖြစ်လို့နောက်ကျလဲဆိုတော့ - ပန်းသွားဝယ်နေလို့ပါ။ (ပြောပြဘူး ဘယ်သူ့တွက်လဲဆိုတာ) :P

အော်ချင်နေတာကတော့ - ပြည်သူသာ အမိ၊ ပြည်သူသာ အဖ။

ဇတ်ကားထဲမှာတော့ - ပန်းဒဏ္ဍာရီ

ဘာသောက်ချင်လဲဆိုတော့ - ပန်းသီးဖျော်ရည်

တီးဝိုင်းနံမည်က - ပတ်ဇ်ဇဲလ် (Puzzle)

တိရစ္ဆာန်နံမည်က - ပိုးဟက်

လမ်းနံမည်ကတော့ - ပြည်ထောင်စုလမ်း

ကားက - ပရာဒို

သီချင်းလေးထဲမှာ - ပြည့်စုံလွန်း

ကြိယာထဲမှာတော့ - ပျော်ရွှင်ချင်တယ်။


အမဆုမွန်နှင့် ညီငယ်အဆိပ်အခွက်ရေ ပုံဖော်လိုက်ပြီနော်... ဆက်တဂ်ဖို့ကလည်း အားလုံးလိုလိုက ရေးသားပြီးကုန်ပြီဆိုတော့ ဆက်ပြီးမတဂ်ချင်တော့ပါဘူး...။ အခုတလော ဘယ်ရောက်ရောက် အက္ခရာတွေချည်မြင်နေရတယ်...။

ပျော်ရွှင်ချမ်းမြေ့ပါစေ

ပြည့်စုံ
Continue reading ...

October 09, 2009

♫ ♪ တခါတလေမှာ ဒီသီချင်းလေးတွေကို ညည်းတတ်တယ်

Unknown | 12:33 AM | |
တခါတလေမဟုတ် အခုတလော ခဏခဏဆိုသလိုတိုက်ဆိုင်နေတဲ့ သီချင်းလေးတွေညည်းဖြစ်နေတာ သံစဉ်တွေကတော့ ထပ်ထပ်နေတယ် လွမ်းကွဲကြေသံစဉ်တွေပေါ့…။ ကားထဲရောက်တော့ စီဒီဖွင့်ပြီး ညည်းဆိုရင်း နားထောင်လိုက်နဲ့ အလုပ်ထဲရောက်တော့ အမ်ပီသရီးလေးနဲ့ လွမ်းဆွတ်လိုက် အိမ်ပြန်ရောက်တော့ ကွန်ပျူတာဖွင့်ပြီး ခံစားလိုက်နဲ့ ခံစားမှုတွေ တိုးတိုးလာသလိုပဲ…။

Big bag- ကြုံရင်ပြောပေးပါ ဒီသီချင်းလေးဟာတိုက်ဆိုင်မှုဆိုရင်လည်းမမှားပါဘူး… ကျနော် ဒီကိုရောက်တာလည်း တစ်နှစ်ပြည့်ပြီ ကျနော်တို့ရဲ့ ဇာတ်လမ်းလေးဟာလည်း တစ်နှစ်ပြည့်ခဲ့ပြီပေါ့ဗျာ… ထပ်တူမကျတောင် အားလုံးနီးပါးတော့ တူနေသလိုပဲ…။

ကြုံရင်ပြောပေးပါ

♫ ♪ ဘာလိုလိုနဲ့ တစ်နှစ်ပြည့်ပြီပဲ အရင်လိုပဲငါစိတ်နာတယ် ဒီအချိန်ပဲငါ ကြေကွဲခဲ့ ၀န်ခံချင်လည်း ဆွံ့အနေခဲ့ ငါဟာမင်းအစွန့်ပစ်ခံလည်း မြူမှုန်အချစ်တောင်ပြန်မရခဲ့ ….
♫ ♪ (လမ်းကြုံရင်ပြောပေးကြပါ ကျနော့်ရဲ့အိပ်မက်တွေမှာ သူ့ရဲ့ပုံရိပ်တွေ အမြဲတမ်း ခြောက်လှန့်လို့နေတယ်… ပြောပြလိုက်ပါ (ပြောပေးကြပါ) ကျနော့်ရဲ့စိတ်ကူးတွေဟာ သူ့ရဲ့ပုံရိပ်တွေ အမြဲတမ်းခြောက်လှန့်လို့နေတယ်….) ♫ ♪

ကျနော်လည်း နောက်လဆို အိမ်ပြောင်းရတော့မယ် တစ်နှစ်ပြည့်ပြီ စာချုပ်က အဲဒါနဲ့ ဒီသီချင်းလေက အခုတလော တိုက်ဆိုင်မှုဖြစ်နေတယ် စိတ်ကူးယဉ် အိမ်လေးပေါ့ဗျာ… ဒါပေမယ့်လည်း ဘယ်တော့ဖြစ်လာမယ်ဆိုတာတော့… ဘယ်သူ့ကိုမှလည်း အပြစ်မတင်ချင် ကံကိုလည်း ပုံမချချင်ဘူး… ကံဆိုတာ တကယ်တော့အလုပ်ပါတဲ့ ပြောကြတာပဲ နောက်ပြီးလောကကြီးကဘာဖြစ်တယ် ညာဖြစ်တယ်ပေါ့…။ မျှော်လင့်ပြီး မျှော်လင့်သလိုဖြစ်မလာကြရင် ၀မ်းနည်း ကြေကွဲတတ်ကြတယ် ဒါပေမယ့်လည်း လူဆိုတာက မျှော်လင့်တတ်တဲ့ သတ္တ၀ါပဲလေ… သေချာတာတခုကတော့ ကျနော်က ပုထုဇဉ် ဆိုတဲ့ လူဖြစ်နေတော့ လိုအပ်နေအုံးမှာပါ… တောင့်တနေရအုံးမှာ မျှော်လင့်နေရအုံးမှာပါ… အိပ်မက်တွေ ဆက်မက်နေရအုံးမှာပေါ့ဗျာ.. သီချင်းလေးက ကိုအငဲရဲ့ အိမ်

အိမ်

♫ ♪ ♫ ♪ အခုတလောမှာ ငါမက်တဲ့ အိပ်မက်တွေ အရမ်းထူးဆန်းတယ်… မြက်ခင်းနဲ့ ခြံဝန်းနဲ့ အိမ်ကလေးကို တို့နှစ်ယောက်ပိုင်သတဲ့… ပိုက်ဆံလေးတွေ စုချင်တယ် လကုန်တိုင်းဆုတောင်းဆဲကွယ်… တို့နှစ်ယောက်အတွက် အိမ်လိုချင်တယ်… မနက်ဖြန် ဒီအခန်းက နေခဲ့တာ စာချုပ်ပြည့်တော့မယ် လက်ထဲမှာ ဘယ်မလဲငွေ ထပ်ငှားဖို့ စဉ်းစားကာနဲ့ စိတ်ညစ်လဲ ဘာထူးမှာလည်း အသက်တွေကသာ ကြီးခဲ့တယ် တို့နှစ်ယောက်အတွက် အိမ်ဘယ်မှာလည်း…
♫ ♪ (အကောင်းဆုံးနားခိုဖို့အတွက် နေရာလေးလိုချင်မိတယ် တစ်နေ့တော့ တို့နှစ်ယောက်စလုံးအတွက် လုံခြုံတဲ့အိမ်လိုချင်တယ်….) ♫ ♪ ♫ ♪
♫ ♪ တနေ့တော့ တနေ့ပေါ့… ဘယ်တော့လည်း မမေးလိုက်နဲ့ကွယ်… ဘယ်တော့မှ မဖြစ်လာဘူးလို့ အားမလျှော့ပါနဲ့ လိုက်လေဝေးလေ ပြေးနေဆဲ တို့အိပ်မက်တွေ ၀ိုးတ၀ါးရယ် တို့နှစ်ယောက်အတွက် အိမ်လိုချင်တယ်...

သိတဲ့အတိုင်း ခလုပ်ထိတော့ အမိတကြတယ်ဆိုတာ အမေ့ကိုလည်း အကြိမ်ကြိမ်သတိရနေမိတာပေါ့…။ ဝေးပြီးရင်းဝေးနေခဲ့တာ မဆုံနိုင်တဲ့အဝေးမှာ …. မျှော်လင့်တောင့်တ ကြေကွဲနေရုံမှအပ ဘာမှမတတ်နိုင်ပါ… သီချင်းလေးက ကိုထူးအိမ်သင်ရဲ့ လေလွင့်ခြင်းလမ်းမများ…

လေလွင့်ခြင်းလမ်းမများ

♫ ♪ အဝေးက လမ်းဟောင်းလေးကို ငါဟာနှုတ်ဆက် အမေ့ရဲ့ မျက်ရည်စက်တွေ ငါဟာ နှုတ်ဆက်
အပြာရောင်ကျောပိုးအိတ်တစ်ခုထဲ ဒဏ်ရာဟောင်းလေးကို ထည့်သွားရတော့မယ် အဆုံးမဲ့ မိုးသားထဲကို ငါပျံသန်းခဲ့ ငါ့ရဲ့ နှလုံးသားထဲမှာ လေလွင့်ခြင်းငှက် ဘယ်လို သွားရအုံးမှာလဲ ဘယ်မှာ အဆုံးသတ်မှာလဲ ...

♫ ♪(ရက်စက်တဲ့ လမ်းများ အဝေးမှာ ခေါ်သံတွေကြား ပြေးထွက်ခဲ့ ငြင်းမရပါလား (ရှေ့က) ရက်စက်တဲ့ လမ်းများ အဝေးမှာ ခေါ်သံများကြား လုံးဝငြင်းမရပါလား လေလွင့်ခြင်းလမ်းမများ မင်းရဲ့အနမ်းလေးများကို ငါဟာ နှုတ်ဆက် မင်းရဲ့ မျက်ရည်စက်တွေ ငါနှုတ်ဆက် ဒဏ်ရာများရဲ့အဝေးမှာ အဖြူရောင်မင်းရဲ့ ဘ၀လေး နေ….. နေခဲ့တော့….

ငါ့အတွက် ချွေးသိပ်ဖို့အိမ်ရယ် ရှိဦးမလား ငါ့အတွက်မေတ္တာတရားတွေ ရှိဦးမလား ဒါဟာ အဆုံးသတ်ခြင်းတစ်ခုလား ဒါဟာ အစပြုခြင်းတစ်ခုလား
လေလွင့်ခြင်းလမ်းမများ ( လေလွင့်ခြင်းရဲ့လမ်းမများ) ၃
♫ ♪ ♫ ♪ ♫ ♪ ♫ ♪ ♫ ♪

အမှန်တရားတွေအတွက် စွမ်းအားတွေလိုနေတယ်… ခံနိုင်ရည်တွေလိုအပ်နေတယ် အင်အားတွေ လိုနေတယ် အနာဂတ်တွေအတွက် မနက်ဖြန်များစွာအတွက် နံနက်ခင်းများစွာလှပဖို့ရာအတွက် စွမ်းအားတွေလိုအပ်နေတာ အသေအချာပါ… ဒါကြောင့် ကျနော်နေ့တိုင်းမဟုတ်တောင် အမြဲလိုလို နားထောင်နေမိတဲ့ ကိုလေးဖြူရဲ့ အတောင်ပံတစုံရဲ့ စွမ်းအား သီချင်းလေးပါ…။

အတောင်ပံတစုံရဲ့စွမ်းအား

♫ ♪ မင်းရဲ့မျက်ရည် သုတ်လိုက် ဘာတွေဆုံးရှုံးခဲ့ပြီလည်း မေးလိုက်စမ်းပါကလေးရယ် မှားယွင်းမှုတွေလား ဒါအမှန်တရားလား ကိုယ်စီဆုံးဖြတ်ချက်တွေနဲ့ ပြန်သုံးသပ်ပြီး အချိန်များကို ထိုးဖောက်ရင်း နင်ခံနိုင်ရည်ကိုမွေး အိုးးးး ဘ၀ရဲ့ အဓိပ္ပါယ်ရှာကြည့်လိုက် ဆုံးရှုံးခြင်းတွေ ဖြတ်သန်းလိုက် မင်းတွေ့ရမယ် အမှန်တရားများ မင်းရဲ့မျက်ရည်သုတ်လိုက် ရွှေရောင်အနာဂတ်ကိုကြည့်နှင့် သာယာတဲ့ မနက်ခင်းများစွာစီးဆင်းသွားလည်းပဲ ခေါင်းမော့ကြည့်လိုက်ပါ ကလေးရယ်အိပ်မက်ဆိုးတွေမကျနဲ့ နာကျင်တဲ့ခံစားချက်များနဲ့ ရင်ဆိုင်စဉ်းစားမိတာဘ၀ မင်းရဲ့စွမ်းအားများနဲ့ ရုန်းထွက်…

♫ ♪ (အိုးးးးးးးးး ဘ၀ရဲ့ အဓိပ္ပါယ်ရှာကြည့်လိုက် ဆုံးရှုံးခြင်းတွေ ဖြတ်သန်းလိုက် ရုန်းထွက်ရမယ့် အတောင်ပံများ မင်းယုံကြည်လိုက် မင်းသိထားတဲ့အခက်အခဲများ မှားခဲ့တာ ကမ္ဘာကြီးလား ရုန်းထွက်ရမယ့် အတောင်ပံများ မင်းယုံကြည်လိုက် စွမ်းအား စွမ်းအား ရုန်းထွက်ရမယ်…. စွမ်းအားးးးးးးးး )

ကိုဆောင်းယွန်းလရေ.. ဆောရီးပါ တော်တော်ကြာသွားတယ်ဗျာ… ကျနော်လည်း ခံစားမိသလောက်တော့ မျှဝေလိုက်တာပဲ ညည်းဆိုဖြစ်တာတော့ အများကြီးပဲ ဒီလောက်နဲ့ပဲ ကျေနပ်နိုင်မယ်လို့ ထင်ပါတယ်ဗျာ...။

ချစ်ခင်စွာဖြင့်
ပြည့်စုံ

Continue reading ...

September 27, 2009

မမေ့ကြပါနဲ့

Unknown | 1:32 AM |




Continue reading ...

September 23, 2009

ကျနော့်ကို အမြင်ကတ်ကြသောအကြောင်းအရင်း

Unknown | 6:01 AM |
ညီမငယ်ဝက်ဝံလေးရယ် ညီငယ် အဆိပ်ခွက်ရယ်က ကျနော့်ကို ရေးပေးဖို့ တက်ဂ်ထားတာကြာပါပြီ ကျနော်လည်း အခုတလော မအားဖြစ်တာနဲ့ လေနေတာနဲ့ အလုပ်အချိန်ကလည်း ပြောင်းလိုက်တော့ ဘယ်မှမရောက် ဘာမှ မရေးဖြစ်ဘူးဖြစ်နေတာ အခုတော့ စဉ်းစားမိသလောက် နောက်ကြောင်းပြန်လိုက်ပါတယ်…
တကယ်တော့ လူတစ်ယောက်အဖို့ သူ့အကြောင်းသူပြန်ပြောရတဲ့ ကိစ္စဟာ အလွယ်ကူဆုံးနဲ့ အခက်ဆုံးပါပဲ။ စဉ်းစားမိသလောက် ပြောရမယ်ဆိုရင် ကျနော်တို့မှာ မိသားစုငါးယောက်ရှိပါတယ် ဖေဖေက ၀န်ထမ်းတစ်ဦးပါ မေမေကတော့ အိမ်မှာ ကုန်စုံဆိုင်လေးဖွင့်ထားတယ်။ အစ်ကိုကြီးရယ် ညီမလေးရယ် ကျနော်ရယ် ကျနော်တို့တော့ကတော့ ကျောင်းတက်တယ် ချောင်လည်တယ်လို့တော့မဟုတ်ပါဘူး စားနိုင်သောက်နိုင်ပေါ့ဗျာ။ ကျနော်ပြောမယ့်အကြောင်းကို အားလုံးမဟုတ်တောင် တချို့ခံစားဖူးကြမှာပါ။ နယ်မြို့ရပ်ကွက် ကျေးရွာတိုင်းမှာလိုလို အမြဲတမ်း မဖြစ်မနေ ပေးဆောင်နေရတဲ့ အစိုးရကောက်ခံငွေပေါ့ဗျာ ပေါ်တာကြေး၊ သံလမ်းကင်းကြေး၊ လမ်းတံတားစီမံကိန်းလုပ်အားပေးအတွက်ဆိုပြီး နှစ်စဉ်နှစ်တိုင်း အမြဲမပြတ်ကောက်ခံကြပါတယ် ခေါင်းစဉ်အမျိုးမျိုးပေါ့ဗျာ။ ကျနော်တို့ဆီမှာ အမြဲတမ်းပေးဆောင်ရပါတယ် တနေ့မှာ မေမေရယ် ကျနော်ရယ် အိမ်မှာရှိနေတယ် ဖေဖေမရှိဘူး ရက်ကွက်က လာတောင်းတယ် ဇောင်းတူရေအားလျှပ်စစ်စီမံကိန်းအတွက် လုပ်အားပေးတဲ့ လုပ်မယ်ဆိုရင် မပေးရဘူးတဲ့ မလုပ်ဘူးဆိုရင် ပေးဆောင်ရမယ်တဲ့ အဲဒါ မေမေက ဘယ်လောက်ပေးရမလည်းပေါ့ အမြဲတမ်းပေးဆောင်နေကြဆိုတာ ကျနော်မသိဘူး မေမေ့ကိုမေးကြည့်တော့ အရင်ကလည်း ခဏခဏပေးနေကြပဲတဲ့။ အခုဘယ်လောက်လည်းဆိုတော့ ၁၅၀၀ လားဘယ်လောက်လည်း မသိဘူး အတိအကျတော့မမှတ်မိဘူး ကျနော်လည်း တင်းသွားရော လိုက်လုပ်ပေးရင်မပေးရဘူးတဲ့ ကိုယ့်ထမင်းထုတ်နဲ့ကိုယ်လာခဲ့ပါတဲ့ လုပ်မယ်ဆိုရင်တဲ့။ ကျနော်လည်း ပြောချလိုက်တယ် အဲဒီလူကြီးကို ကျနော်တို့မိသားစုမှာ လိုက်လုပ်နိုင်တဲ့သူလည်းမရှိဘူး ပေးလည်းမပေးနိုင်ဘူးလို့ပြောလိုက်တယ် ဟာ အဲလိုတော့ မရဘူးလေတဲ့ ဒါဆိုဘယ်လိုလုပ်ရမလည်းလို့မေးတော့ ရပ်ကွက်ကောင်စီရုံးမှာလာရှင်းပါတဲ့ အိုကေ ရုံးမှာလိုက်ရှင်းမယ်လို့ပြောလိုက်တယ် ဖေဖေပြန်လာရင်လာခဲ့မယ်လို့ ပြောလိုက်တယ် မေမေက သားက ဘာတွေလျှောက်ပြောနေတာလည်းတဲ့ ပေးလိုက်အေးတာပဲဟာတဲ့ ဟာမေမေကလည်း အဲလိုငြိမ်နေရင် မေမေခဏခဏပေးနေရမှာပေါ့ ရတဲ့ဝင်ငွေနဲ့ သူတို့ပေးရတာနဲ့ မတရားကောက်ခံငွေကိုတော့ အလဟသမပေးနိုင်ဘူးလို့ အဲဒါတောင်မေမေက ပေးမယ်လုပ်နေတာ ကျနော်က မေမေ မပေးနဲ့ ရုံးမှာသွားရှင်းမယ်ဆိုပြီး အဲဒီလူကြီးကို ထပ်ပြောလိုက်တယ် သူလည်း ပြန်သွားတယ် နောက်နေ့ ကျနော်ရယ်ဖေဖေရယ် ရပ်ကွက်ရုံးသွားတယ် ဟိုရောက်တော့ ရပ်ကွက်ဥက္ကဌ ဆယ်တန်းတောင်မအောင်တဲ့သူတွေ အတွင်းရေးမှုးလည်း အတူတူပဲ အဲဒီမှာ ကျနော်ရယ်ဖေဖေရယ် ဖေဖေ့ကိုကျနော်က အိမ်မှာကတည်းက တိုင်ပင်ပြီးသား။ ကျနော်ကပြောလိုက်တယ် လုပ်အားပေးကောက်ခံငွေကိစ္စလာပြောတာဆိုပြီး စပြောလိုက်တယ် ကျနော့်ဖေဖေက အခုလက်ရှိ ရုံးဝန်ထမ်းပါ ကျနော်တို့တွေက ကျောင်းသားတွေ မေမေက မှီခို ဖေဖေရတဲ့လခနဲ့ အခုလို အခွန်ငွေတွေ ခဏခဏဆို ကျနော်တို့မိသားစုနဲ့ လုံးဝ မလောက်ငဘူး ဒါကြောင့်မပေးနိုင်ဘူးလာပြောတာပါလို့ အဲဒါလူကြီးက ကလေးပြောရမှာမဟုတ်ဘူး မင်းအဖေပြောရမှာတဲ့ ပြန်ပြောတယ် ကျနော်လည်း ဘယ်ရမလည်း ဖေဖေပြောလည်း ဒါပဲပြောရမှာပဲ အဲဒါကြောင့် ဖေဖေ့ကိုယ်စားပြောတာလို့အဲဒါလာပြောတာ အဲဒါနဲ့ ဖေဖေလည်း အဲဒါကိုပဲ ပြောပြလိုက်တယ် ။ ကျနော်လည်း ဦးတို့ ဘာအချက်အလက်လိုချင်လည်း ကျနော်တို့ ပေးမယ်လို့ ခွင့်ပြုပါအုံးဆိုပြီး ဖေဖေ့ကိုခေါ်ပြန်ခဲ့တာ။ နောက်နေ့ ဖေဖေ့ကို ရုံးက ဌာနမှုးဆီက လစာဝင်ငွေရယ် အချက်အလက်တွေနဲ့ စာကို တောင်းခိုင်းလိုက်ပြီး သွားပေးလိုက်တယ်…အဲဒါနဲ့ နောက်ဆိုဘာ အခွန်ငွေမှ လာမတောင်းတော့ဘူး။ အဲဒီလိုနဲ့ကျနော်လည်းအမှုမဲ့အမှတ်မဲ့ပေါ့နေနေလိုက်တာ တော်တော်ကြာကြာပေါ့ နောက်တော့ သူများတွေ မှတ်ပုံတင်လုပ်ကြတော့ ကျနော်လည်း မလုပ်ရသေးတော့ လုပ်မယ်ပေါ့ ရုံးသွားတော့ သန်းခေါင်စာရင်းလိုတယ်တဲ့ ရပ်ကွက်ထောက်ခံစာလိုတယ်တဲ့ ကျနော်လည်း အိမ်မှာ နောက်နေ့တောင်းတာပေါ့ မေမေ့ဆီမှာ သန်းခေါင်စရင်းဆိုတော့ မေမေ့ဆီမှာ အဟောင်းပဲရှိတယ် ပြဲနေပြီ အဲဒါနဲ့ ပြတော့မှတ်ပုံတင်ရုံးက မရဘူးတဲ့ ရပ်ကွက်မှာတောင်းလာခဲ့ပါတဲ့ ရပ်ကွက်ရုံးမှာရှိတယ်တဲ့ ဆိုတော့ ကျနော်လည်း ရပ်ကွက်ရုံးသွားတောင်းတော့ မရှိဘူးတဲ့ သူတို့လည်း ရှာကြည့်တာ သူများတွေအကုန်ရှိတယ် ကျနော်တို့မိသားစု သန်းခေါင်စာရင်းမရှိဘူး သူတို့ကပြောသေးတယ် မင်းတို့က ဒီရပ်ကွက်ဝင်တွေမဟုတ်ဘူးဖြစ်နေတယ်တဲ့ ကျနော်လည်း လေသွားတယ် ကျနော်လည်း ဒီမှာ မွေးတာ ဦးယောက္ခမကိုယ်တိုင် (သူ့ယောက္ခမက ၀င်းဆွဲ အရပ်လက်သည်) ကျနော့်ကိုမွေးထုတ်ထားတာဘာကြောင့် မဟုတ်ရတာလည်း အေးဦးလည်း အဲဒါမသိဘူး ဒီရပ်ကွက်မှာ မင်းတို့စာရင်းမရှိတဲ့အတွက် ထောက်ခံစာလုပ်ပေးလို့မရဘူးတဲ့ ဒီရပ်ကွက်စာရင်းမရှိတဲ့အတွက်တဲ့ အဲဒါနဲ့ ဖေဖေတို့မိသားစု အဖိုးတို့နေတဲ့ ရပ်ကွက်က ထောက်ခံစာပြန်ယူမွေးစာရင်းအဟောင်းယူပြီးမှတ်ပုံတင် ရုံးသွားတော့ အခုလက်ရှိနေတဲ့ရပ်ကွက် ထောက်ခံစာလိုတယ်ဆိုတော့ ပြောပြလိုက်တယ် အဲလိုနဲ့ မှတ်ပုံတင်ရုံးက ထောက်ခံစာနဲ့ ပြန်လုပ်ရတယ် သန်းခေါင်စာရင်းအသစ်ကို …. တော်တော် တတ်လည်းတတ်နိုင်ကြတဲ့ ရပ်ကွက်လူကြီးတွေ…
ကဲ ညီမငယ် ၀က်ဝံလေး(အခုသူ့ဆိုဒ်ဖွင့်တာမရဘူး ပိတ်ထားလားမသိဘူး) နဲ့ ညီငယ် အဆိပ်ခွက်ရေ မှတ်မိသလောက်တော့ ရေးလိုက်တာပဲ အမြင်ကတ်လား မကတ်လားတော့မသိဘူး မြင်တဲ့အတိုင်းပါပဲ ။

ချစ်ခင်စွာဖြင့်
ပြည့်စုံ

Continue reading ...

September 06, 2009

ဝက်ဝံလေးရဲ့ တက်ဂ်

Unknown | 2:34 AM |
ဝက်ဝံလေးက မိမိအကြိုက်နှစ်သက်ဆုံး သွားလည်နေကျ ဘလော့ ၅ ခု နှင့် ဘာကြောင့် ထိုဘလော့များအား ကြိုက်နှစ်သက်ရသလဲဆိုပြီး တက်ဂ်ထားတယ်..။ ကျနော်လည်း အခုတလော သူပြောသလိုပဲ ခံစားမှုတွေနဲ့ ထူပူနေတာနဲ့ အသစ်တွေတောင်မတင်ဖြစ်ဘူးဖြစ်နေတာ… သူတက်ဂ်လိုက်တော့မှ အဲဒါတွေပါ ဘယ်ပျောက်သွားလည်းမသိဘူး ခေါင်းကြိမ်းသွားတယ်… ချစ်သူနဲ့ကွေကွင်းနေပါတယ်ဆိုမှ အခုဘယ်သူတွေ စိတ်ဆိုးမလဲဆိုတာကို တွေးပြီးခေါင်းကြိမ်းနေတာ…။ သွားလည်နေကျဘလော့ဘ်တွေကတော့ လင့်ခ်ထားတဲ့အတိုင်း အားလုံးကို ပုံမှန်ရောက်ဖြစ်ပါတယ်… အကြိုက်ဆုံးဆိုတာတွေကတော့ ကျနော်က ခံစားမှုအားလုံးကို ကြိုက်တယ်လေ… ဘလော့ဘ်တစ်ခုချင်းစီမှာ ခံစားမှုတမျိုးစီရှိနေတဲ့အတွက် ကျနော်အားလုံးကိုဖတ်ဖြစ်ပါတယ် မည်သည့် စာမှ မည်သည့် ခံစားချက်ဟုဆိုပြီးတော့ အစွဲအလန်းမထားပါဘူး မည်သည့်စာကိုမဆို ဖတ်ပါတယ် မှတ်သားစရာလေးတွေကို မှတ်သားပါတယ်… ယူသင့်တာလေးတွေယူလိုက်ပါတယ်… အသိပညာလေးတွေပေါ့ဗျာ…။ ကဲ ၀က်ဝံလေးရေ… ၅ ဦးဆိုတော့လည်း ၅ ဦးပေါ့ဗျာ…

(၁) မေဓါဝီ - ကျနော်ဘလော့ဘ်ကို စသိတာ အမ မေဓါဝီကြောင့်ဆိုလည်း မမှားပါဘူး (၂၀၀၆)ခုနှစ်လောက်ကတည်းက သူက ဘလော့ဘ်ဆိုတာကို စိတ်ရှည်စွာနဲ့ ပြောပြခဲ့တယ် ရှင်းပြခဲ့တယ် နောက်ပြီး အကောင့်တခုဖွင့်ပေးခဲ့တယ် အဲလိုနဲ့ အဲဒီအချိန်မှာကတည်းက အမ မေဓါဝီဘလော့ဘ်ကို ပုံမှန်ဖတ်ဖြစ်တယ် မသိတာရှိရင် မေးမြန်းခဲ့တယ် ဘာသာရေး၊ ကျန်းမာရေး ဗဟုသုတ ရသအစုံကို လေ့လာဖတ်ရှုခွင့်ရခဲ့ပါတယ်... ယခုအချိန်ထိဆိုပါတော့…။

(၂) နစ်နေမန်း- အားလုံးလိုလိုသိကြမှာပါ သူကတော့ ယနေ့မြန်မာပြည်အခြေနေ အချိန်နဲ့တပြေးညီ သိခွင့်ရတယ်… အားလုံးလည်း လေ့လာမှတ်သားဖို့လိုမယ်လည်းထင်ပါတယ်… ဘာကြောင့်လည်းဆိုတော့ ကျနော်တို့တွေဟာ မြန်မာပြည်သားတွေဖြစ်နေလို့ပါပဲ… ယနေ့ဖြစ်ပျက်နေတာတွေက ကျနော်တို့အားလုံးနဲ့ ဆိုင်တယ်လို့လည်းထင်တယ်လေ…။

(၃) မမေသစ္စာမောင် - သူ့ဆီမှာ ရသ အစုံရှိတယ်… ကဗျာ၊ ဆောင်းပါး၊ အတွေးအရေး ဗဟုသုတ ဘာသာရေး အစုံကိုစုစည်းထားတဲ့နေရာလေးပေါ့…။ အခုဆိုရင် ဟင်းချက်နည်း မီးဖိုဆောင်လေးတစ်ခုတောင် ထပ်ဖွင့်လိုက်ပြီလေ…။

(၄) ညခင်းရဲ့ လမင်း- သူတို့နှစ်ယောက်စီမှာ ဇာတ်နိပါတ်တွေ ဖြစ်စဉ်လေးတွေ မြန်မာစကားပုံ ဆောင်းပါးလေးတွေ အစရှိတဲ့ ငြိမ်းချမ်း အေးချမ်းရာ နေရာလေးပေါ့…။

(၅) မနောသား - သူ့ကိုလည်းအားလုံးတော်တော်များများသိကြမှာပါ… ကျနော်ကတော့ အမြဲရောက်ဖြစ်ပါတယ် စက်တခုခုဖြစ်တာနဲ့ အမြဲကြည့်တမ်း ဖတ်ပြီး ပြဿနာလေးတွေရဲ့ အဖြေတွေကိုရှာဖြစ်တယ်… နည်းပညာတွေ စုစည်းထားတဲ့ စာအုပ်ကြီးတစ်အုပ်ပေါ့ဗျာ…။

ကဲ ၀က်ဝံလေးရေ…ကျေနပ်တော့နော် ခေါင်းတော့နည်းနည်းကြိမ်းသား….
ကျန်တဲ့သူငယ်ချင်းတွေဆီမှာလည်း နည်းပညာတွေ ဗဟုသုတတွေ ရသတွေ အစုံရှိပါတယ်… သူတို့ကိုလည်း ကြိုက်ပါတယ်… :) :) :) ဒါကြောင့်လည်း လင့်ခ်ထားတာပေါ့…။ (ကြောက်လို့သာပြောရတာ… တကယ်ပါ… ဖြစ်နိုင်ရင် အကုန်လုံးကို ညွှန်းချင်တာဗျ…)

လေးစားစွာဖြင့်
ပြည့်စုံ
Continue reading ...

August 31, 2009

ဗလာကောင်းကင်

Unknown | 9:02 AM | |
အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော၊ ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော၊ အစကဒါတွေနားမလည်ခဲ့ဘူး ဒါလေးများဘာမိတွန်သောက်ပျောက်ပေါ့ထင်ခဲ့မိတယ်…။ တကယ်တော့ လူတစ်ဦးတစ်ယောက်တိုင်းမှာ အမှတ်ရစရာအတွေ့ကြုံလေးတွေဖြစ်ဖူး ရှိဘူးကြမှာပါ။
ကျနော်တို့ပျော်ရွှင်ခဲ့တယ်၊ ကျနော်တို့ဝမ်းနည်းခဲ့တယ်၊ ကျနော်တို့ ရူးသွပ်ခဲု့ကြတယ်၊ ကျနော်တို့ စွဲလမ်းခဲ့ကြတယ်၊ နောက်ဆုံးတော့လည်းကျနော်တို့လမ်းခွဲခဲ့ကြတယ်…။ တစ်စုံတယောက်က တစ်စုံတရာကို စောင့်ရသလိုမျိုး တစ်စုံတရာက တစ်စုံတယောက်ကို ထားခဲ့သလိုမျိုးနဲ့ နှလုံးသားရေလည်အုံကြီး စုပ်ကွဲတဲ့အထိပေါ့…။
တချိန်ကကျနော့်ရင်ထဲကို ပုစ္ဆာလေးတစ်ပုဒ်ဝင်ရောက်မွှေနှောက်ခဲ့တယ် ပျော်ရွှင်ပြီးလွတ်လပ်မှုကိုမြတ်နိုးတဲ့ ကျနော့်ကိုမှ ကံကြမ္မာက ကျီစယ်တာလား ရှေးရေစက်ကြောင့်လားမသိ ကျနော့်စိတ် ကျနော့်အသိ ကျနော့်အာရုံတစ်ခုလုံးကိုဖမ်းစားစေတဲ့ ပုစ္ဆာလေးပေါ့…။ အထိအတွေ့ကြောင့်လား ကျနော်တွေးတတ်လာခဲ့တယ်၊ ဆွေးတတ်လာခဲ့တယ်၊ ကျနော့်ကြိုးစားမှုကြောင့်လား ကံကြမ္မာမျက်နာသာပေးမှုလားတော့မသိ
နောက်ဆုံးပုစ္ဆာလေးရဲ့အဖြေကိုရရှိခဲ့တယ်...။
ကျနော်မျှော်လင့်ချက်နဲ့ အသက်ရှင်စိတ်ကူးယဉ်မှုတွေ အကောင်ထည်ဖော်ဖို့ ကျနော်ကြိုးစားခဲ့တယ် ကျနော်ရိုးသားခဲ့တယ်။
ဒါပေမယ့် မတည်မြဲတဲ့ပြောင်းလဲခြင်းတရားကြောင့် ကျနော့်အိပ်မက်ရှည်တွေပျက်သုဉ်းခဲ့ချိန်ပေါ့ ကျနော်ရရှိခဲ့တဲ့ဖြေ ကျနော်မြတ်နိုးတန်ဘိုးထားတဲ့အရာက အစစ်အမှန်မဟုတ်ခဲ့ဘူးလေ…။ ကျနော်နားလည်ပါတယ် ကျနော်တို့ထာဝရတည်မြဲတယ်လို့ထင်ခဲ့တဲ့ မိုးကောင်းကင်ကြီးတောင်မှ နေရာဒေသအလိုက် ရာသီဥတုအလိုက် ပြောင်းလဲဖောက်ပြန်ကုန်ပြီလေ…။
ကမ္ဘာ့မြေပြင်တောင် တစ်ခါတစ်ရံ ကွက်တိကွက်ကြား ငလျင်လှုပ်ခဲ့တယ်..။ သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်လို့ ယုံကြည်ခဲ့တဲ့ကျနော် အဖြေမှားကိုမှ အမှန်ထင်ခဲ့တယ်…။
သူငယ်ချင်းတို့လည်းတစ်သက်မှာတစ်ခါလောက်တော့ ပုစ္ဆာလေးတစ်ပုဒ်လောက်တော့တွက်ဖူးမှာပါ ကိုယ်တွက်တဲ့ပုစ္ဆာလေး အဖြေမှန်ရဖို့ဆုတောင်းဖူးကြမှာပါ…।။

တစ်စုံတယောက်က တစ်စုံတရာကို စောင့်ရသလိုမျိုး
တစုံတရာက တစ်စုံတယောက်ကို ထားခဲ့သလိုမျိုးနဲ့
အရိုင်းဆန်တဲ့
နှလုံးသားရေလည်အုံကြီး စုပ်ကွဲတဲ့အထိ
နင့်နဲစွာ ကြေကွဲကြ
နင့်နဲစွာ ခံစားကြအုံးပေါ့॥။


ဗလာကောင်းကင်

ကိုယ့်ကောင်းကင် သူဖန်ဆင်းလို့
သူ့လမင်းနဲ့ ကိုယ်သာခဲ့
ကောင်းကင်နဲ့ ရင်ချင်းထပ်
ကြယ်တွေထက် ပိုလင်းလက်ဖို့
ကိုယ့်ရင်ခွင်ကြားမှာ
သူခဏ မှေးစက်ဘူးတယ်...၊
သူစံပျော်ရာ ကိုယ့်ကမ္ဘာမှာ
ပျော်ရွှင်မှုတွေ
ပြီးပြည့်စုံခြင်းတွေ
ခွန်အားတွေ
ယုံကြည်မှုတွေနဲ့
ကိုယ့်ကောင်းကင်သိပ်လှခဲ့တယ်…။
ကိုယ့်လမင်းလေး
အခုလည်း သာနေဆဲပါပဲ
ဒါပေမယ့်
ကိုယ့်ကောင်းကင်မှာတော့
မဟုတ်တော့ဘူးလေ...။

Anonymous + ပြည့်စုံ
Continue reading ...

August 29, 2009

စိတ်ဖိစီးမှုနည်းပါးအောင် ထိန်းသိမ်းခြင်း အပိုင်း(၂)

Unknown | 10:32 PM |
လူမှုဆက်ဆံရေးလောကတွင် ကျွမ်းကျင်အဆင်ပြေသူတစ်ဦးဖြစ်လိုက သူတစ်ပါး၏သဘောကို သိရှိနားလည်တတ်ရန်လိုသကဲ့သို့ မိမိ၏ စိတ်ဓါတ်၊ မိမိ၏အမူအကျင့်များကိုလည်း ဝေဖန်သုံးသပ်ပြုပြင်တတ်ဖို့လိုပေသည်။
သင်သည် အခြားသူများ၏ အထင်အမြင်ကို ဂရုစိုက်လွန်းနေသည်လား၊ သင့်အလုပ်နှင့်ပတ်သက်၍ မကျေနပ်နိုင် စိတ်တိုင်းမကျနိုင် ပြင်၍ဆင်၍မပြီးနိုင် ဖြစ်နေခြင်းသည် သင့်မှာစိတ်ကျအားငယ်မှုတစ်ခုခုငုပ်လျှိုးတည်ရှိနေ၍လား၊ သူတစ်ပါးဝေဖန် ပြောဆိုမှုကို သင်ကြောက်နေသည်ဆိုပါစို့။ ကြောက်ရခြင်းအကြောင်းရင်းသည် ဘာလဲ။
ကိုယ့်ကိုကိုယ်စူးစမ်းစစ်ဆေးဖော်ထုတ်သည့်အခါ အကယ်၍ ကိုယ့်မှာ အပြစ်အနာအဆာတွေချို့ယွင်းချက်တွေ အမှန်တကယ်ရှိနေက ယင်းတို့ကွယ်ပျောက်အောင် ပြင်ဆင်ခြင်း၊ လေ့ကျင့်ခြင်း၊ ဖြည့်ဆည်းခြင်းများပြုနိုင်သကဲ့သို့ မိမိ၌ တကယ်တမ်းမချို့ယွင်းဘဲ စိတ်ကျအားငယ်ခြင်းသာရှိနေသည်ဆိုက မိမိစိတ်ကိုပင် ထိန်းကျောင်းပြုပြင်ကာ ရဲရဲဝံ့ဝံ့ရပ်တည် ကျင်လည်သွားနိုင်မည်ဖြစ်သည်။
လူသည် သူတစ်ပါးနှင့်လိုက်လျောညီထွေနေရန် လိုသကဲ့သို့ ကိုယ့်အရေး ကိုယ့်ကိစ္စကိုလည်း ဂရုစိုက်ရန်လိုပေသေးသည်။ သူတစ်ပါးအပေါ် သဘောကောင်းသလို မိမိကိုယ်တိုင်အပေါ်လည်း သဘောကောင်းတတ်ဖို့လိုသည်။ သို့မှသာ ရေရှည်စိတ်ချမ်းသာနိုင်မည်ဖြစ်သည်။
အချို့လူများမှာ လူတကာ၏ ကိစ္စ၊ လူတကာ၏ ပြဿနာတွင်ဝင်ပါတတ်၊ ၀င်ကူတတ်၏ သဘောကောင်းသူ၊ ချဉ်းကပ်ရလွယ်သူအဖြစ် လူသိများလာသည့်အခါ တဖြည်းဖြည်း လူတကာ အားမနာ ပါးမနာ သူ၏အချိန်ရော လုပ်အားကိုပါ အလွယ်တကူ ရယူသုံးစွဲလာကြတော့၏ သဘောကောင်းသော လူခမျာ သူတစ်ပါး ၀န်ထုပ်ဝန်ပိုးများကို ထမ်းရင်းအချိန်ကုန် လူပန်းကာ ကိုယ့်အလုပ်ကို အောင်မြင်စွာ အကောင်အထည်မဖော်နိုင်ဖြစ်လာပြီး နောက်ဆုံး၌ အရာမ၀င်သူ၊ အရည်အချင်းမရှိသူ၊ သူတစ်ပါးအလုပ်တွင် အဖော်လိုက်ရုံသက်သက်လောက်သာ တတ်နိုင်သူအဆင့်သို့ လျှောကျသွားတတ်ပေသည်။
ထို့ကြောင့် မိမိအပေါ် ဖိစီးလာမည့် အကူအညီမျိုး တောင်းခံလာလျှင် မိတ်ဆွေကို ဖြစ်စေ၊ ဆွေမျိုးကိုဖြစ်စေ၊ သဘောကောင်းလွန်မနေဘဲ ရှင်းရှင်းလင်းလင်း ငြင်းဆိုတတ်ရန် လိုပေသည်။ ထိုသို့ ငြင်းသဖြင့် လတ်တလောတွင် အားနာစရာဖြစ်ချင်ဖြစ်တတ်သော်လည်း သည်နည်းဖြင့်သာ ရေရှည်စိတ်ညစ်ရမည့်ဘေးမှ ကင်းဝေးနိုင်မည် ဖြစ်သည်။
လူ၌ စိတ်ဖိစီးမှုနည်းပါးအောင် ကာကွယ်သည့် ကိုယ်ခံစွမ်းအားတစ်ရပ်က မိမိကိုယ်ကို ယုံကြည်စိတ်ဖြစ်သည်။
ယုံကြည်စိတ်ပြည့်ဝသည့်အခါ မိမိဦးတည်ရည်မှန်းသည့်အရာကို ရအောင် အကောင်အထည်ဖော်မည့် အစွမ်းသတ္တိများရှိလာသကဲ့သို့ အခက်အခဲ အကျပ်အတည်းများကိုလည်း ကြံ့ကြံ့ခံကျော်လွှားနိုင်လာသည်။
လူသည်မိမိကိုယ်ကို ယုံကြည်စိတ်ချနိုင်ရန်အတွက် သူ့ခေါင်းထဲတွင်ရှင်းလင်း ပြတ်သားနေရန်လို၏ ခေါင်းထဲရှင်းနေရန်အတွက် စဉ်းစားစရာရှိသမျှ ရှင်းလင်းပြတ်သားစွာ စဉ်းစားဝေဖန်ထားရန်လို၏။
စဉ်းစားသောအလုပ်ကို သူတစ်ပါးနှင့်လုပ်၍မရ၊ ကိုယ့်တစ်ကိုယ်တည်းပဲလုပ်ရမည်ဖြစ်၏။ မိမိနှင့်အကြိတ်အနယ် ငြင်းခုံဝေဖန်ကာ ငါ့ရည်မှန်းချက်သည် ဘာ၊ ငါ့လက်ရှိ အရည်အချင်းအစွမ်း သတ္တိက ဘာ၊ ရည်မှန်းချက်အောင်မြင်ရေးအတွက် ရေရှည်လုပ်ရမည်က ဘာ၊ လက်တလော လုပ်သင့်သည်က ဘာ စသည်ဖြင့် ခေါင်းထဲတွင် ရှင်းလင်းပြတ်သားသွားပြီဆိုလျှင် ရဲဝံ့ယုံကြည်စိတ်တွေ ပြည့်ဝလာမည်။ စိတ်အားသတ္တိတွေ ကြီးမားလာမည် ဖြစ်သည်။
သည့်အတွက် အခါအားလျော်စွာ တစ်ကိုယ်တော် ခေါင်းရှင်းချိန်ကလေး ပေးထားရန်လို၏။ တစ်ယောက်တည်း လမ်းလျှောက်ထွက်ရင်းသော်လည်းကောင်း၊ စာကြည့်တိုက်မှာ၊ ဘုရားကျောင်းကန်မှာ၊ ပန်းခြံထဲမှာ၊ နေအိမ်က တိတ်ဆိတ်သောအခန်းတစ်ခန်းထဲမှာ ငြိမ်သက်စွာထိုင်ရင်းသော်လည်းကောင်း၊ တစ်ကိုယ်တည်းလွတ်လပ်စွာ စကားပြောကာ ခေါင်းရှင်းနိုင်ပေသည်။
နေ့စဉ်ခေါင်းရှင်းချိန်အနည်းငယ်စီပေးထားမည်ဆိုက ဦးတည်ချက်ပြတ်သားကာ ကိုယ့်ကိုကိုယ် ယုံကြည်စိတ်များ အစဉ်ပြည့်ဝနေမည်ဖြစ်သည်။

ဤဆောင်းပါးမှ သူငယ်ချင်းမိတ်ဆွေများ တစုံတခု ရလိုက်မယ်ဆိုရင်ဖြင့်ကျေနပ်ပါတယ်....။

ကိုးကား။ ။ (Ari Kiev ၏ A Strategy for Daily Living )

ပြည့်စုံ
Continue reading ...

August 24, 2009

စိတ်ဖိစီးမှုနည်းပါးအောင် ထိန်းသိမ်းခြင်း အပိုင်း(၁)

Unknown | 6:54 PM |
ကျနော်လည်း ဖိစီးမှုတွေများနေတာနဲ့ ဘာမှပုံဖော်လို့မရဘူးဖြစ်နေတယ်... တခုပြီးတခု တခုပြီးတခု အလွဲတွေချည်းဖြစ်ဖြစ်နေတယ်... လိုချင်တာတွေ လိုအပ်တာတွေ ဖြစ်ချင်တာတွေ ဖြစ်သင့်တာတွေကလည်း ဘယ်အချိန်မှ ဆန္ဒနဲ့ ဘ၀ တထပ်တည်းကျမလည်းမသိပါဘူး...။ အဲဒီလိုနဲ့ကျနော်လည်း ဘာကြောင့်လည်းဆိုပြီး လေ့လာနေမိတယ်….
နှစ်ဆယ်ရာစု လူမှုဘ၀တွေက စိတ်ဖိစီးမှုများလွန်းသော ဘ၀ဟု ဆိုကြတယ်။ ရှေးခေတ်ကထက် အဆမတန်တိုးတက်ပြောင်းလဲလာပြီး အရာရာ အလွန်မြန်ဆန်လာသောကာလဖြစ်တဲ့အလျောက် ယခုခေတ်လူများမှာ ရှေးခေတ်လူများထက် စိတ်ဖိစီးစရာအကြောင်းတွေများလာသည်ဟုဆိုလျှင် မှန်သင့်သလောက်မှန်သည်ဟု လက်ခံရမှာဖြစ်တယ်။ သို့သော် သည်ခေတ်ထဲမှာပင် အချို့လူများက စိတ်ပေါ့ပါးသက်သာနေကြပြီး အချို့လူများမှာ စိတ်ဖိစီးမှုလွန်ကဲကြီးမားနေတတ်သည်ကို သတိပြုဆင်ခြင်ကြည့်ရန်လိုပါသည်။
စိတ်ဖိစီးမှုလွန်ကဲရသည့် အဓိကအချက်တစ်ခုက မပြတ်သားခြင်းဖြစ်သည်။ သည်ကိစ္စတွင် တိကျသော ဦးတည်ရည်မှန်းချက်ရှိမရှိ ဟူသောအချက်သည်ကလည်း အတော်လေးစကားပြောပါတယ်။ ဦးတည်ချက် တိတိကျကျရှိသူသည် မိမိနှင့်သက်ဆိုင်ရာကိစ္စတွင်ပြတ်ပြတ်သားသား ကိုယ်ရောစိတ်ပါဆောင်ရွက်တတ်သည်။ သည်လူမျိုးတွင် အလုပ်တစ်ခုထဲတွင် အချိန်ပြည့်နစ်မြုပ်ချင် နစ်မြုပ်နေမည်ဖြစ်သော်လည်း လုပ်သမျှအလုပ်သည် ကိုယ့်စိတ်နှင့်ကိုယ့်ကို လုပ်နေခြင်း၊ ရဲဝံ့ကြည်စွာလုပ်နေခြင်းဖြစ်ရာ သူ့၌ စိတ်ဖိစီးမှု အလွန်နည်းပါးသည်။
ဦးတည်ချက် မရေရာသူများမှာ နေရာတကာပင်မပြတ်သား ချီတုံချတုံ၊ အများသဘောအများလက်ခံမည့်ပုံစံအတိုင်းလိုက်၍ လုပ်မိတတ်ကြသည်။ သူများစိတ်နှင့် ကိုယ့်ကိုယ် အလုပ်လုပ်ရသည့်အခါ ထက်သန်စိတ်နည်းသဖြင့် အောင်မြင်ရန်ခဲယဉ်းသွားတတ်သည်။ သည်အခါ သည်အလုပ်လုပ်မိခဲ့တာ မှားလားဟု ပြန်တွေးတောပြီး စိတ်အနှောက်အယှက် ဖြစ်ရပြန်သည်။
ဤသို့ဖြင့် ဦးတည်ချက်မခိုင်မာသူများမှာ မရေရာ မသေချာ နေထိုင်လည်ရင်း စိတ်ဖိစီးမှုဒါဏ်ကို သူတကာထပ်ခံနေရတတ်ပေသည်။ အချို့လူများတွင် စိတ်ဖိစီးမှုလွန်ကဲရသည့် အကြောင်းတစ်ခုကား အရေးပါလွန်းခြင်း၊ အထအနကောက်တတ်လွန်းခြင်းဖြစ်သည်။ သူတစ်ပါးအမှတ်တမဲ့ပြောလိုက်သည့် စကားတစ်လုံးကို အဓိပ္ပါယ်ဆွဲဆန့်ကာ ကြိတ်မနိုင်ခဲမရ ဖြစ်တတ်သူ၊ တစ်ဖတ်လူ၏ အမူအရာမှာ မိမိကို မလေးစားသည့်အရိပ်အရောင်ရိုးတိုးရိုးတိတ်ပါသည်ထင်လျှင်ပင် မခံချိ မခံသာ ဖြစ်တတ်သူ၊ သည်လူမျိုးများမှာ လူ့လောကတွင် ကျင်လည်နေသည့် ဘ၀တစ်လျှောက် စိတ်ချမ်းသာချိန် အလွန်နည်းပါးနေမှာ သေချာသည်။
" လောကကြီးမှာ လူတိုင်း သူ့ဘောနှင့် သူရပ်တည်နိုင်ကြသည်ပဲ၊ လူ့စိတ်ဆိုသည်က မတည်ငြိမ်၊ အမြဲပြောင်းလဲနေတတ်သည်။ မနေ့က ကြည်ဖြူသူသည်လည်း သည်ကနေ့ တစ်မျိုးတစ်မည် ဖြစ်နိုင်သည်။ မနက်ဖြန်ကျတော့ သဘောတွေ အရမ်းကောင်းချင်ကောင်းနေဦးမည် " စသည်ဖြင့် စဉ်းစားနားလည်ကာ သူ့ဘက်က ကိစ္စကို အလေးထားမနေဘဲမိမိ ဘက်ကအပြုသဘောဆောင်သော ဆက်ဆံမှု၊ အကောင်းဘက်ကို မျှော်လင့်သော စိတ်ထားတို့ဖြင့်သာ တစ်သမတ်တည်း သွားနိုင်အောင် ကြိုးစားမည်ဆိုက ရေရှည်တွင် တစ်ဖတ်သားတို့ထံမှ ခင်မင်မှု၊ ယုံကြည်မှု၊ အပြုသဘောဆောင်သည့်တုံ့ပြန်မှုများ မုချရရှိလာမည်ဖြစ်သည်။

အပိုင်း(၂) ဆက်လက်ဖော်ပြပါဦးမည်…။
ကိုးကား။ ။ (Ari Kiev ၏ A Strategy for Daily Living )

ပြည့်စုံ
Continue reading ...

August 17, 2009

လက်တလော

Unknown | 9:50 PM |
ကျနော့်ရဲ့ဘလော့ဘ်လေးကို အလည်လာကြသူများအားလုံးကို အထူးကျေးဇူးတင်ပါတယ် ကျနော်လည်း ပို့စ်အသစ်တင်မယ်ဆိုပြီး မတင်ဖြစ်တာ ကြာသွားတယ် ကျနော်လည်း ကိုယ့်စိတ်ကို စုစည်းလို့မရဖြစ်နေတယ် အခုတလော အာရုံတွေများနေတယ်လေ… ဘယ်လိုသံသရာတွေ ကွေးကောက်ခဲ့လို့လည်းမသိပါဘူး ခံစားမှုတွေ၊ ကြေကွဲမှုတွေ အစုံပါပဲ …။ ပို့စ်အသစ်တင်မှာပါ မပြီးဆုံးသေးတဲ့ ခရီးတွေအတွက် ဆက်လက်ချီတက်ရင်းပေါ့ အဆိုအမိန့်တခုလိုပေါ့ ဘ၀ဆိုတာ မြစ်တစင်းလိုပဲ ဘယ်တော့မှ ရပ်တန့်မသွားဘူး အမြဲတမ်းစီးဆင်းနေတယ်….။
Continue reading ...

August 04, 2009

ရှစ်လေးလုံး စိတ်ဓါတ်မြှင့်တင်ကြ

Unknown | 8:57 PM | |
8888
ဤဓါတ်ပုံအား ကိုနစ်နေမန်းဘလော့မှ ကူးယူသည်။

မြန်မာနိုင်ငံပြည်သူတို့သည် အသက်၊သွေး၊ ချွေးများစွာစတေးကာ နယ်ချဲ့နှင့် ဖက်ဆစ်စနစ်တို့ကို တိုက်ပွဲဝင်၍လွတ်လပ်ရေးကိုရယူခဲ့သည်။ တိုင်းတပါးကျွန်ဘ၀မှ လွတ်မြောက်ပြီးလွတ်လပ်ရေး၏ အနှစ်သာရကို ခံစားခွင့်မရမီ စစ်အုပ်စုက နိုင်ငံ၏အချုပ်အခြာအာဏာကို သိမ်းယူခဲ့သည်။ မြန်မာလူထုသည် စစ်အာဏာရှင်တို့အား တိုင်းရင်းသား လက်နတ်ကိုင်တော်လှန်ရေးများ၊ ကျောင်းသား၊ အလုပ်သမား၊ တောင်သူလယ်သမားစသည့် အလွှာအသီးသီးတို့၏ လှုပ်ရှားမှုများ၊ မှိုင်းရာပြည့်နှင့် ဦးသန့်အရေးအခင်းကဲ့သို့ အချိန်အခါသင့်တိုက်ပွဲများ စသည့် သဏ္ဌာန်မျိုးစုံဖြင့် တလျှောက်လုံးဆန့်ကျင်ခဲ့သည်။ ဤသို့ဖြင့် ခေတ်ကာလ အဆက်ဆက် တော်လှန်တိုက်ပွဲဝင်ခဲ့ရာ ၁၉၈၈ ခုနှစ်၊ သြဂုတ်လ(၈)ရက်နေ့တွင်ကား…
လွန်ခဲ့သည့် (၂၁)နှစ် သြဂုတ်လ၌ မြန်မာနိုင်ငံတ၀န်းလုံးတွင်အုပ်စိုးမှု ဆန့်ကျင်သည့် လူထုအရေးတော်ပုံကြီးများဖြင့် မြန်မာ့သမိုင်းအား ရေးထိုးခဲ့ကြသည်။ လူထုသမိုင်းဖြစ်သည်။ ဖိနှိပ်သူအားတော်လှန်သည့် လူထုတိုက်ပွဲဖြစ်သည်။ ၁၃၅၀ ပြည့် ဒီမိုကရေစီအရေးတော်ပုံကြီးဖြစ်သည်။ ကျောင်းသားများကစသည်… အလုပ်သမားတို့ပါလာသည်… လယ်သမားများပါလာသည်… ရဟန်းသံဃာများလည်း မနေသာ ပါဝင်လာကြသည်… လူတန်းစားပေါင်းစုံ၊ အလွှာပေါင်းစုံပါဝင်လာကြသည်… အိမ်ရှင်မများလည်းမနေသာ စကောများ၊ ငရုတ်ကျဉ်ပွေ့များကိုင်၍ပါခဲ့ကြသည်… နောက်ဆုံး… ဖိနှိပ်အုပ်စိုးသူ၏ ဖိနှိပ်ရေးကိရိယာများဖြစ်သည့် လက်နက်ကိုင်တပ်ဖွဲ့များ ပါဝင်လာခဲ့ကြသည်… မြန်မာ့သမိုင်း၌ ဂုဏ်ရောင်ပြောင်သည့်ကြီးမားသော တိုက်ပွဲကြီးဖြစ်သည်…။ မြန်မာ့သမိုင်းတွင် ကမ္ဘာတည်သရွေ့ ဥဒါဉ်းတွင်နေမည့် လူထုအရေးတော်ပုံကြီးဖြစ်သည်…။ မဆလသည် ရပ်၊ကျေးမှ နိုင်ငံတော်ကောင်စီအထိ အုပ်ချုပ်ရေးအားချထားခဲ့သည်.. တပ်အား လက်ကိုင်ဒုတ်အဖြစ် တည်ဆောက်သည်.. ဖိနှိပ်ရေးယန္တရားများအား ချဲ့သည်… ဤသို့ (၂၆)နှစ် ခိုင်မြဲခဲ့သည့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအား ဖြုတ်ချနိုင်ခဲ့သည်။ ဒီမိုကရေစီတံခါးအား တွန်းဖွင့်နိုင်ခဲ့ကြသည်… (၂၁)နှစ်ကြာခဲ့ပါပြီ… သမိုင်းသည် ခါးသက်လှပေသည် အာဏာရှင်တို့သည် သူရဲကောင်းအထောင်အသောင်းတို့ရဲ့ အသက်သွေးတို့ဖြင့် အဆုံးသတ်ပစ်ခဲ့သည်… မမေ့…. နှလုံးသားအတွင်း စွဲနှစ်၍နေဆဲ… အသွေးအသားထဲတွင် စီးမျော၍နေဆဲ… လမ်းမများထက် သွေးတို့ကား မခြောက်သေး… ကျဆုံးသူ အာဇာနည် အထောင်အသောင်းတို့၏ အရိုးများ တွန်သံပို၍ကျယ်လောင်လာသလိုခံစားမိပါသည်….။
တော်လှန်ရေးတို့မည်သည် လူထုတိုက်ပွဲဖြင့် အဆုံးသတ်ရပေသည်။ အမှန်တရားသည် အချိန်ကြာတတ်သော်လည်းနောက်ဆုံးတွင် အနိုင်ရစမြဲဖြစ်သည်။ သမိုင်းသည် ကျွန်ုပ်တို့၏ နောက်ဆုံးတိုက်ပွဲအား ငံ့လင့်လျှက်ရှိသည်။ စေ့စပ်၍မရသော လက်တစ်ဆုပ်စာစစ်အာဏာရှင်တို့၏ နိဂုံးကမွတ် အဆုံးသတ်ချိန်သည် လွန်စွာနီးကပ်လာပြီ… ရှစ်လေးလုံးအရေးတောင်ပုံကြီးသည် သမိုင်းဝင်အောင်ပွဲ တစိတ်တဒေသကို ရယူပေးခဲ့ပြီးဖြစ်သည်… သို့ဖြင့်ရာ ရှစ်လေးလုံးအရေးတော်ပုံ၏ စိတ်ဓါတ်ကို ကိုင်စွဲလျက် ဒီမိုကရေစီအောင်ပွဲရသည်အထိ တိုက်ပွဲဝင်ရမည့်တာဝန်မှာ ကျွန်ုပ်တို့ပခုံးထက်တွင်ရှိနေသော သမိုင်းပေးတာဝန်ကြီးဖြစ်သည်။


ရှစ်လေးလုံးအရေးတော်ပုံကြီးတွင်ရေးစပ်ခဲ့သော အာဇာနည်များမှ အာဇာနည်များသို့ သ၀ဏ်လွှာ ကဗျာဖတ်ရှုလိုလျှင်...

ဒီမိုကရေစီအရေး တိုက်ပွဲအဆက်ဆက်ကျဆုံးသွားသော အာဇာနည်များအား ဦးညွှတ်လျှက်
ပြည့်စုံ

Continue reading ...

July 17, 2009

၆၂ နှစ်မြောက် အာဇာနည်နေ့

Unknown | 9:25 PM |
ဤဓါတ်ပုံအား ကိုနစ်နေမန်းဘလော့မှ ကူးယူသည်။

အမျိုးသား သူရဲကောင်းတစ်ယောက်ဟာ ဒီတိုင်းပြည်မှာ သိပ်တာရှည်မခံဘူး၊ ရန်သူများတယ် အများဆုံး သုံးနှစ်ပဲခံမယ်၊ ကျနော့်အတွက်တော့ ….. နောက် (၁၈)လထက်မပိုဘူးလို့ ယူဆတယ်….
ဗိုလ်ချုပ်အောင်ဆန်း
(မောရစ်ကောလစ်၏ Last And First in Burma စာအုပ်၊ စာမျက်နှာ ၂၆၉၊၂၇၀)မှ


ကျဆုံးခဲ့ရသော အာဇာနည်များ

ဗိုလ်ချုပ်အောင်ဆန်း (ခ) ဗိုလ်တေဇ
(၃၂) နှစ်။ မြန်မာ့အမျိုးသားရေးလှုပ်ရှားမှု၏ခေါင်းဆောင်ကြီး။ ဘုရင်ခံအမှုဆောင်ကောင်စီ၏ ဒု-ဥက္ကဌ(သို့) တကယ့်လက်တွေ့အားဖြင့်လွတ်လပ်ရေးမရမီ ၀န်ကြီးအဖွဲ့ ၏၀န်ကြီးချုပ်။၎င်းအပြင် ထိုအစိုးရအဖွဲ့၏ ကာကွယ်ရေးနှင့် နိုင်ငံခြားရေးဝန်ကြီး။ ကျည်ဆန် (၁၃) ချက်သင့်သော ဒါဏ်ရာဖြင့် နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးခဲ့ရသည်။

ဒီးဒုတ်ဦးဘချို
(၅၄) နှစ်။ စာရေးဆရာ။ သတင်းစာဆရာနှင့် ဒီးဒုတ်ဂျာနယ်၏ အယ်ဒီတာ။ပြန်ကြားရေးဝန်ကြီး။ သူ့အသက်အရွယ်နှင့် ဦးနှောက်ထဲဝင်သွားသော ကျည်ဆန် အပါအ၀င် ကျည်ဆန်(၅) ချက်ရရှိသည့်တိုင် နေ့လယ်ပိုင်းအထိ ရန်ကုန်ပြည်သူ့ဆေးကြီးတွင်အသက်ရှင်လျက် ရှိနေသေးသည်။

သခင်မြ
(၄၉) နှစ်။ လူငယ်ခေါင်းဆောင်များကြားတွင် အသက်အရွယ်ကြီးရင့်သော နိုင်ငံခေါင်းဆောင်။ ဘဏ္ဍာရေးဝန်ကြီး။ အဆုတ်ကို ထွင်းဖောက်သွားသော သေနတ်ဒါဏ်ရာဖြင့် နေရာတွင် ပွဲချင်းပြီးသေဆုံးသည်။

ဦးအဗ္ဗဒူရာဇတ်
(၄၉) နှစ်။ မန္တလေးမြို့ မူဆလင်ခေါင်းဆောင်။ ပညာရေးနှင့် အမျိုးသားစီမံကိန်းဝန်ကြီး။ ဒါဏ်ရာ (၆) ချက်ရရှိပြီး နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသည်။

ဦးဘ၀င်း
(၄၆) နှစ်။ ဦးအောင်ဆန်း၏ အကို။ ကူးသန်းရောင်းဝယ်ရေးနှင့် ထောက်ပံ့ရေးဝန်ကြီး။ ကျည်ဆန်ဒါဏ်ရာ(၈) ချက်ရရှိပြီး နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသည်။

မန်းဘခိုင်
(၄၃) နှစ်။ ဟင်္သာတမှ ကရင်လူမျိုးတဦးဖြစ်ပြီး ဂျပန်သိမ်းပိုက်ထားစဉ်ကပြန်လည်ခုခံတော်လှန်ရာ၌ပါဝင်ခဲ့သည်။စက်မှုလက်မှုဌာနနှင့် အလုပ်သမားဌာန၀န်ကြီး၊ ကျည်ဆန် (၁၅) ချက်ထိမှန်ခဲ့သည် နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသည်။

စပ်စံထွန်း
(၄၀) နှစ်။ ရှမ်းပြည်နယ်မှ မိုင်းပွန်စော်ဘွားကြီး။ နယ်ခြားဒေသဆိုင်ရာ အတိုင်ပင်ခံဝန်ကြီး။ ဦးခေါင်းတွင် ဒါဏ်ရာ (၂)ချက်ရရှိပြီး (၂၀) ရက်နေ့ မွန်းတည့်ချိန်တွင်ရန်ကုန်မြို့။ ပြည်သူ့ဆေးကြီး၌ သေဆုံးသွားသည်။

ဦးအုန်းမောင်
(၃၄) နှစ်။ သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးဌာန။ ဒုတိယအတွင်းဝန် (I.C.S)၊ အစီရင်ခံစာတခုကို လာရောက်တင်သွင်းနေစဉ် လူသတ်သမားများ၏ကျည်ဆန်များ ထိမှန်သွားခြင်းခံရသည်။ နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသည်။

ကိုထွေး
(၁၈) နှစ်။ ဦးရာဇတ်၏သက်တော်စောင့်၊ မန္တလေးအနီးရှိ တောင်ပြင် သိပံ္ပရပ်မှမူဆလင်လူငယ်တဦးဖြစ်သည်။ အစည်းအဝေးခန်းမတွင်းမှ သေနတ်သံများကြားရသဖြင့်အနီးရှိရုံးခန်းမှ ပြေးထွက်လာစဉ် ဆုတ်ခွာပြေးသွားနေသော လူသတ်သမားများ၏ ပစ်ခတ်ခြင်းကိုခံရပြီး ဒါဏ်ရာ(၄) ချက်ရရှိပြီး ဆေးရုံတွင် သေဆုံးသည်။

ယခင်ရေးခဲ့သော ပို့စ်အားဖတ်ရှုလိုလျှင်

ပြည့်စုံ
Continue reading ...

July 16, 2009

ကျေးဇူးတင်လွှာ

Unknown | 8:51 PM |
ကျနော်အရမ်းချစ်ရတဲ့ ကျနော့်ချစ်သူလေးရဲ့မွေးနေ့မှာ တခြားသူတွေရဲ့မွေးနေ့တွေလို ဘာအစီစဉ်မှမရှိ… သုံးဆောင်ဖို့ ဘာစားစရာမှမပါဘဲ မွေးနေ့ဆုတောင်း ဆုမွန်ကောင်းများ ပေးခဲ့ကြသော သူငယ်ချင်း ညီအစ်ကို ညီအမမောင်နှမများအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။ မွေးနေ့ရှင်ကလည်းပြောပေးပါတဲ့ သူ့ရဲ့ မွေးနေ့မှာ မွေးနေ့ဆုတောင်း ဆုမွန်ကောင်းများပေးခဲ့ကြသော အစ်ကို၊ အမ၊ ညီမ အားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း နောက်ပြီး မွေးနေ့ဆုတောင်းလေးတွေ ဖတ်ပြီးအတိုင်းမသိ ၀မ်းသာပီတိဖြစ်မိပါကြောင်း တစ်ဦးနဲ့တစ်ဦးမသိကြပေမယ့် ရင်းနှီးပြီးသား ခင်မင်ပြီးသူတွေလိုခံစားမိပါကြောင်း ပြောပေးပါတဲ့… ကျနော်က ပိုပြီး ကျေးဇူးတင်ဝမ်းသာမိပါတယ်ဗျာ… :) :) ;) ကျနော့်အတွက်ကျနော့်ဘက်ကနေ ၀ိုင်းပြီးဆုတောင်းပေးခဲ့ကြလို့။ မွေးနေ့လေးကို ကမန်းကတန်းလေးနဲ့မို့ ဧည့်ခံဖို့အစီအစဉ် မပါတာကို အနူးအညွှတ်တောင်းပန်ပါတယ်… နောက်မှ သီးသန့်ဧည့်ခံမယ် တပေါင်းတည်း .... :) :) ;)

မွေးနေ့ဆုတောင်းများအား အမှတ်တရအဖြစ် ပြန်လည်ဖော်ပြလိုက်ပါတယ်….။

WWKM, July 11, 2009 6:02 AM
မောင်ပြည့်စုံရဲ့ချစ်သူလေးမွေးနေ့မှာ စိတ်ချမ်းသာခြင်း ၊ကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံပြီး ....ပျော်ရွှင်ဖွယ်မွေးနေ့လေးဖြစ်နိုင်ပါစေလို့....

အမ၀ါ
Git Tuu, July 11, 2009 6:21 AM
ချစ်သူရဲ့ မွေးနေ့ကို သတိတရ ရှိတဲ့သူကို
လေးစားမိပါတယ် ။

သူငယ်ချင်းရဲ့ချစ်သူ ကောင်းသောလိုအင် ဆန္ဒတွေရရှိပါစေလို့ .....မွေးနေ့ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်....။

ခင်မင်စွာဖြင့်
ဂျစ်
မမသီရိ, July 11, 2009 6:39 AM
Happy Birthday ပါ
ပြည့်စုံရဲ့ချစ်သူလေးရေ

ဒီကလေးနဲ့ ဆို တသက်လုံး ပျော်ရွှင်သွားရမှာ
အသေအချာပါပဲ ကွယ်..
သူ့မှာ နူးညံ့တဲ့ နှလုံးသား
နားလည်လွယ်တဲ့ နှလုံးသားလေး ရှိနေတဲ့ အတွက်
ညီမလေး တသက်လုံး ပျော်ရွှင်ရမှာပါ॥

ချစ်ပါးလုံး, July 11, 2009 6:53 AM
ကိုပြည့်စုံချစ်သူ မွေးနေ့မှာ ပျော်ရွှင်ပါစေ။ ကိုပြည့်စုံတို့ ချစ်သူနှစ်ဦး ရာသက်ပန် ရိုးမြေကျ မွေးနေ့ကို ဆင်နွှဲနိုင်ပါစေ။
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး

မြစ်ကျိုးအင်း, July 11, 2009 8:38 AM
သူငယ်ချင်းရဲ့ချစ်သူမွေးနေ့မှာပျော်ရွှင်မှသြေချာပါတယ်
သူ့ကိုသိပ်ချစ်တဲ့ သူငယ်ချင်းပြည့်စုံရှိနေတယ်လေ...။
သူငယ်ချင်းနဲ့လည်း ပျော်ပျော်ရွှင်ရွှင် ဘ၀ခရီး အတူတူ သွားနိင်ပါစေကွာ

သီဟသစ်, July 11, 2009 9:14 AM
ကိုပြည့်စုံရေ

Happy Birthday လို့ ပြောပေးပါဗျာ

ခင်မင်စွာဖြင့်
သီဟသစ်

Honey, July 11, 2009 9:35 AM
ကိုပြည့်စုံရေ ချစ်သူလေးနဲ့အတူ ပြည့်စုံပျော်ရွှင်တဲ့ မွေးနေ့ပေါင်းများစွာ အတူဖြတ်သန်းနိုင်ကြပါစေလို့
ဆုတောင်းပေးပါတယ်
ပြည့်စုံ

kiki, July 11, 2009 12:32 PM
အသိနောက်ကျလို့ ပြည့်စုံ ရဲ့ ချစ်သူမွေးနေ့ 
ဆုတောင်းလေး နောက်ကျ သွားတယ် ။

ဒါကြောင့် ပိုပြီးဆုတောင်းပေးလိုက်ပါတယ်

ချစ်တဲ့ သူနဲ့  အတူပျော်ရွှင်ချမ်းမြေ့ စွာ
တူနှစ်ကိုယ် တိုင်းပြည်လေး ထူထောင်နိုင်ပါစေ လို့ .....

ခင်မင်လျှက်
မကိ

zweminhtun, July 11, 2009 12:33 PM
ပြည့်ချုံ ပြည့်ချုံ မချစ်မနှစ်သက်သူနဲ့အတူနေရခြင်းသည်လည်းဒုက္ခ
ချစ်ခင်နှစ်သက်သူနဲ့ကွေကွင်းရခြင်းသည်လည်းဒုက္ခတဲ့
ဆန္ဒနဲ့ဘဝ တစ်ထပ်တည်းမကျခဲ့ရင် ဘဝနောက်ဆန္ဒလိုက်နိုင်ပါစေကွာ
မင်းသူငယ်ချင်း
ဇွဲကြီး

ရွှန်းမီ, July 11, 2009 2:49 PM
အစ်ကိုပြည့်စုံချစ်သူရဲ့မွေးနေ့မှာ နှစ်ယောက်လုံးအတွက် အမှတ်တရပေါ့..
ပျော်ရွှင်စွာ အမြန်လက်တွဲနိုင်ပါစေး-)
ဆုတောင်းတွေ ပြည့်ပါစေ...

ချမ်းလင်းနေ, July 11, 2009 3:46 PM
နောင်...သာယာတဲ့ကမ္ဘာလေးမှာချစ်သူနှစ်ဦး ပျော်ရွင်သော မွေးနေများစွာ ယခုထက်ပို ဆင်နွဲနိုင်ပါစေကြောင်း ဆုတောင်းမေတ္တာပိုအပ်ပါသည်။...ငါဧ။်အဆွေ ဝေါသားရေ။ ငယ်ငယ်ငတော့ဝေါကိုရောက်ဘူးတယ်။အရမ်းသာယာတဲ့မြို့လေးပါ။ဝေါဘူတာကိုတော့မှတ်မိနေသေးတယ်။တွေရတာဝမ်းသာပါတယ်။

ဖိုးစိန်, July 11, 2009 3:54 PM
happy birthday!!!!


i wish all the best!

with love & peace


phoesein
ဖိုးစိန်, July 11, 2009 3:56 PM
i wish for your beloved girlfriend!!

;)
မေသစ္စာမောင်, July 11, 2009 7:29 PM
ပျော်ရွှင်သော မွေးနေ့လေးဖြစ်ပါစေ ညီမလေးရေ..။
ဒီကနေပဲ ဆုတောင်းပေးလိုက်တယ်နော်း)

ကိုပြည့်စုံရေ...
ချစ်သူလေးနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မွေးနေ့ပေါင်းများစွာ ဖြတ်သန်းနိုင်ပါစေလို့
ဆုတောင်းပေးလိုက်ပါတယ်

kaungkinpyar, July 11, 2009 8:41 PM
ပြည့်စုံရဲ့ ချစ်သူလေး ကို ဟက်ပီးဘတ်ဒေးပါလို့ နောက်ကျမှ လာပြောသွားပါတယ်

နွယ်ရိုး, July 11, 2009 8:48 PM
happy birthday

ဒေါ်ကောင်းကင်ပြာနဲ့အတူ နောက်ကျမှ ပြောသွားပါသည်၊း)
အလွမ်းပြေ, July 11, 2009 8:49 PM
ကိုပြည့်စုံရဲ့ ချစ်သူလေး မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ ကံကောင်းခြင်းများစွာကို ပိုင်ဆိုင်ပျော်ရွှင်ပါစေ..
ချစ်သူကို တန်ဖိုးထားတတ်တဲ့ ကိုပြည်စုံလည်း ချစ်သူနဲ့အတူ ထာဝရ ပျော်ရွှင်ပါစေရှင်..

ခင်မင်စွာဖြင့်
အလွမ်းပြေ

မယ်ကိုး, July 11, 2009 11:02 PM
မွေးရက်နည်းနည်း ကျော်နေပေမယ့် ကိုပြည့်စုံရဲ့  ချစ်သူလေးအတွက် ဆုမွန်ကောင်းတောင်းပေးပါရစေ...
ပျော်ရွှင်ပါစေ...

ငှက်ကလေး, July 12, 2009 1:16 AM
ဝေးးးး အတော်ပဲဗျိုးးး များမွေးနေ့လဲ ရောက်တော့မှာ မွေးနေ့လက်ဆောင် အဲဂလိုလေး ပေးမလား ခိခိ

စ တာနော် တကယ်ပေးချင်လဲ စိတ်ဆိုးဘူးရယ်

ဘိုင်

မွန်, July 12, 2009 4:58 AM
ကိုကြီးရေ လာတာနောက်ကျနေတာ
ကဗျာလေးက အဓိပ္ပါယ်ပြည့်လိုက်တာ
ရင်ထဲက မေတ္တာ စေတနာကို မြင်နေရတယ်
ချစ်သူလဲ ကိုကြိးပေးတဲ့ ဆုအတိုင်း ပြည့်စုံပါစေလို့ မွန်ကထပ်ဆိုတောင်းပေးခဲ့ပါတယ်

နွေးနေခြည်, July 12, 2009 9:36 AM
ပျော်ရွှင်ဖွယ် မွေးနေ့လေးဖြစ်ပါစေ.. ကိုပြည့်စုံချစ်သူရေ...
ကိုပြည့်စုံ ပေးတဲ့စုအတိုင်းပြည့်ပါစေ အမရေ॥

စည်သူ, July 12, 2009 9:52 AM
ကောင်းလိုက်တဲ့ ဆုတောင်း ကဗျာလေးပါဗျာ॥။

လသာည, July 12, 2009 10:13 AM
မွေးနေ့လက်ဆောင်ကဗျာလေး ကောင်းတယ်နော်။ မွေးနေ့ရှင်နှင့် ကိုပြည့်စုံ နှစ်ယောက်လုံး ပျော်ရွှင်ချမ်းမြေ့ပါစေကြောင်းနှင့်တူနှစ်ကိုယ် အမြန်နီးစပ်ပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်။ ခင်မင်စွာဖြင့်


Mhu Darye, July 12, 2009 10:51 AM
ဒါ ၂ကြိမ်မြောက် ဆုတောင်း ဖြစ်သွားပြီ...ရေးခဲ့ ပြောခဲ့တာတွေ မထင်လို့ ...ထပ်လာရေးပါတယ် ။

္ကဤချစ်သူ ၂ယောက်အား ဘုရားသခင် ကောင်းချီး ပေးပါစေလို့....း)


မေတ္တာရောင်ပြန်, July 12, 2009 8:38 PM
မောင်လေး ချစ်တဲ့ ချစ်သူရဲ့ မွေးနေ့မှာ ပျော်ရွှင်ချမ်းမြေ့ ကြပါစေလို့ မကြီး ဆုတောင်းပေးပါတယ်။ ကဗျားလေးကိုလည်း ခံစားသွားပါတယ်။ ချစ်သူအတွက် အခုလိုအမှတ်တရလေး ဖြစ်စေခဲ့တဲ့ မောင်လေးကိုလည်း လေးစားပါတယ်။

ခင်တဲ့
မရောင်


ahphyulay, July 13, 2009 6:06 AM
ချစ်သူတဲ့ ဗျာ... သိပ်နုတာပဲ၊ နုနုရွရွလှလှလေးတွေ
ဖန်တီးနိုင်ကြပါစေ..။ အမုန်းတွေကိုခလုပ်မတိုက်
မိစေပဲ အမြဲတန်း အပြုံးတွေနဲ့ ပဲ ခရီးဆက်နိုင်ကြ
ပါစေ...။ လာလည်တဲ့ အတွက်လဲ ကျေးဇူးကမ္ဘာ
လောက်ကို တင်ပါတယ်လို့ ...


မေကဆုန်, July 13, 2009 6:56 AM
အစ်ကိုရေ မွေးနေ့ဆုတောင်းနောက်ကျသွားတဲ့ အတွက် ဆောရီးပါ..
အစ်ကိုရဲ့ ချစ်သူလေး မွေးနေ့မှာ ပျော်ရွှင်ပြီး လိုအင်များ ပြည့်ဝကာ အစ်ကိုနဲ့ တူတူ မွေးနေ့ပေါင်းများစွာကိုဖြတ်ကျော် နိုင်ပါစေ


မေလေး, July 13, 2009 8:34 PM
ပြည့်စုံရေ
ငါမအားလို့ ဘယ်မှမရောက်ဖြစ်ဘူးဟယ်။ နောက်ကျသွားတာ ခွင့်လွှတ်ပါ။
ပြည့်စုံချစ်သူ ညီမလေးရေ
အပေါ်က အစ်ကိုတွေ အစ်မတွေ ပေးသွားတဲ့ ဆုတွေ အကုန်ရပါစေ။
ညီမလေးအပေါ် ချစ်ခင်ကြင်နာ ညှာတာတတ်တဲ့
ညီမလေးရဲ့ ချစ်သူပြည့်စုံနဲ့ ဘဝတစ်လျှောက်လုံး ပျော်ရွှင်စွာနဲ့ တွဲလက်များမြဲနိုင်ပါစေကွယ်။
လောကမှာ ကိုယ်အပေါ်တန်ဖိုးထားချစ်တတ်တဲ့ ချစ်သူနဲ့ ဆုံဆည်းရတာလဲ မင်္ဂလာတစ်ပါးပါဘဲ ညီမလေး။
ပြည့်စုံရေ ချစ်သူကို ချစ်တတ်တဲ့ တန်ဖိုးထားတတ်တဲ့
နင်နဲ့ နင့်ချစ်သူ ညီမလေး ပျော်ရွှင်စွာနဲ့ မွေးနေ့ပေါင်းများစွာ ဖြတ်ကျော်နိုင်ပါစေနော်။
ချစ်သူမွေးနေ့ကို ကိုယ်ကလုပ်ပေးလို့ ချစ်သူကတန်ဖိုးထား အသိအမှတ်ပြုခံရတာ ကြည်နူးဖို့ တကယ်ကောင်းတယ်ဟယ်။ငါကော့မန်က ရှည်သွားပြီ။
တကယ်ကို ကြည်နူးဝမ်းသာမိတယ် သူငယ်ချင်း။ နောက်နောင့် မွေးနေ့တိုင်းလဲ အတူတကွ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေနော်။


ဟန်လင်းထွန်း, July 13, 2009 9:36 PM
ပျော်ရွှင်စရာမွေးနေ့လေး ဖြစ်ပါစေ အကို


Khinmarlaraung, July 14, 2009 4:33 AM
အစ်ကို ပြည့်စုံရဲ့ ချစ်သူလေးသို့ ....
"Happy Birthday".....ဒီကနေ့ လေးမှသည်
နောင်နှစ်ပေါင်းများစွာတိုင် မွေးနေ့ ရှင်လေးအား
အလွန်ချစ်သော အစ်ကိုပြည့်စုံနှင့်အတူ ပြီးပြည့်
စုံသော ဘဝလေးကို အောင်မြင်ငြိမ်းချမ်းစွာ
ထူထောင်နိုင်ပါစေ။ မမြင်ဘူးပေမဲ့..ဒီနေရာ
လေးကနေ ပြောချင်ပါတယ် မွေးနေ့ ရှင်လေး
ရေ။ အစ်ကိုပြည့်စုံရဲ့ စစ်မှန်တဲ့ ချစ်ခြင်းတွေက
မွေးနေ့ ရှင်လေးကို ထာဝရ ပျော်ရွှင်စေမှာပါ။
:)...

စီဘောက်မှာ ဆုတောင်းပေးခဲ့ကြသော သူငယ်ချင်း မောင်နှမများ....

15 Jul 09, 12:05
စေတမန်: အချိန်အခါရဲ့တန်ဖိုး ကိုဖတ်သွားပါတယ် မန့်လို့မရလို့ ဆီပုံးကဘဲအော်လိုက်ပါတယ်

13 Jul 09, 00:05
အနမ်း: မန့် လို့ မရဖြစ်နေလို့ ဒီကပဲဆုတောင်းပေးလိုက်မယ်နော်။ ချစ်သူနဲ့ ဘ၀တစ်လျှောက်လုံးအဆင်ပြေပျော်ရွှင်ပါစေလို့ ............

11 Jul 09, 18:40
မမသီရိ: မွေးနေ့လက်ဆာင်လာပေးတယ်နော်း) .. ချစ်သူလေးကို ပေးဖြစ်အောင်ပေး ပေး ပါ..း)

11 Jul 09, 20:41
မြစ်ကျိုးအင်း: မွေးနေ့ဆုတောင်းပေးသွားပါတယ်
12 Jul 09, 00:35

kiki: မွေးနေ့ ဆုတောင်း လေး နောက်ကျသွားတယ် .. ပျော်ရွှင်ချမ်းမြေ့ ကြပါစေ ...

12 Jul 09, 22:27
အညာနွေ: ချစ်သူမွေးနေ့ကို အမှတ်ရသလို အမေ့မွေးနေ့ကိုလည်း အမှတ်ရနော်

Continue reading ...

July 10, 2009

အချိန်အခါရဲ့ တန်ဖိုး

Unknown | 3:39 PM | |

မိုးတွေကသည်း
လေတွေက ထန်
ချမ်းအေးလှတဲ့ဂျုလိုင်ရဲ့ မိုးစက်တွေနဲ့အတူ
ရာဟု အချိန်ပိုင်းမှာ
လူ့လောကထဲ ရောက်ရှိလာခဲ့ပေါ့…။

သတိရတယ်
အပူအပင်ကင်းတဲ့ ဘ၀ရဲ့အစကို
သတိရတယ်
တဇွတ်ထိုးလုပ်တတ်လို့ အမေ့ရဲ့ ဆိုဆုံးမမှုတွေကို
သတိရတယ်
သူငယ်ချင်းလို တိုင်ပင်လို့ရတဲ့ အဖေ့ကို
သတိရတယ်
သစ်အိုပင်နဲ့ အိမ်အိုလေးကို
သတိရတယ်
စိတ်တူကိုယ်တူ သူငယ်ချင်းတွေကို
သတိရတယ်
ငါ့နာမည်ခေါ်တိုင်း လိုက်ရှာနေတဲ့ Kiss me ကို
သတိရတယ်
ပြန်မရတော့တဲ့ အတိတ်ရဲ့နေ့ရက်တွေဆီကို…..
သတိရတယ်……
သတိရတယ်……
သတိရနေတယ်….

ရင်နာခြင်းတွေပဲပေးတဲ့ ကံကြမ္မာကြောင့်လား
ဖြစ်ချင်တိုင်းမဖြစ်တတ်တဲ့ လောကရဲ့နိယာမကြောင့်လား…..
မဆုံနိုင်ကြသေးတဲ့ ကာလတစ်ခုမှာ
အဖေနဲ့အမေရဲ့အဝေး
သူငယ်ချင်းတွေရဲ့အဝေး
မှုန်ပြပြ အုံးဆိုင်းဆိုင်းတောတန်းရယ်
မှိုင်းညို့ညို့တောင်တန်းတွေနဲ့ ၀န်းရံထားတဲ့ ဇာတိမြေရဲ့အဝေး
ငါ့ကိုချစ်တဲ့ သူတွေရယ် ငါချစ်တဲ့သူတွေရဲ့အဝေး
ဝေးခဲ့ကြတယ်….
လတ်လတ်ဆတ်ဆတ်ကြီးကို ဝေးခဲ့ကြတယ်….
အားလုံးရဲ့အဝေးမှာ….
ကြားယောင်နေတယ် အဖေ့ရဲ့ အသံတွေ
မြင်ယောင်နေတယ် အမေ့ရဲ့ အရိပ်တွေ….

ကုန်လွန်ခဲ့တဲ့ အချိန်တွေရယ်
ပြီးဆုံးခဲ့တဲ့ အရာတွေရယ်
ကျော်ဖြတ်လာခဲ့တဲ့ အတားအဆီးတွေနဲ့
မာယာများတဲ့ ခေတ်ကြီးထဲ
ဆန္ဒနဲ့ ဘ၀ တထပ်တည်းကျမဲ့နေ့ကို
အဆုံးသက်မသွားတဲ့ မျှော်လင့်ချက်တွေနဲ့ပေါ့….။

ဂျူလိုင်(၁၀)နေ့မှာကျရောက်သော ချစ်သူအတွက် မွေးနေ့အမှတ်တရ ကဗျာလေးပါ…။

မိဘကျေးဇူးကို ဆပ်နိုင်ပြီး အလုပ်အကျွေးပြုနိုင်တဲ့ သမီးကောင်းရတနာလေးဖြစ်ပါစေ…
စိတ်ကျန်းမာ၊ ချမ်းသာမှုအပေါင်းနဲ့  ဘ၀လမ်းကို အခက်အခဲမရှိ ဆက်လှမ်းနိုင်ပါစေ…
ဆန္ဒနဲ့ ဘ၀ တထပ်တည်းကျပါစေ….

ချစ်တဲ့
ပြည့်စုံ
Continue reading ...

July 07, 2009

လမ်းကျဉ်း

Unknown | 8:41 PM | |
ကိုယ့်ကိုကိုယ် နေရာချနေရတာနဲ့
အချိန်တွေ ကုန်ခဲ့ပေါ့….
သောကမကင်းတဲ့မျက်နှာတွေက ငပေလို အသေလို
ဘ၀ ဘ၀တွေ ရှုသွင်း
ဘ၀ ဘ၀တွေ ပြန်ထုတ်
အဲဒါကလည်း နေ့စဉ်အလုပ်
အများကြီးမဖြစ်ချင်တဲ့ကောင်က
အများဖြစ်ချင်တာတွေလုပ်
ငါ့စိတ်တွေ ငါ့ကို
ပြန်ပြန်ညစ်နေလေရဲ့
မနက်ဖြန်တွေရဲ့ မနက်ဖြန်တွေမှာ
ဖိနပ်မခိုင်လို့တော့မဖြစ်ဘူး
လျှောက်နေတဲ့လမ်းက နည်းနည်းတော့ကြမ်းတယ်…။


နေနေ(နို့ဖိုးစခန်း)
Continue reading ...

July 05, 2009

စစ်အာဏာရှင်နှင့် ဆဲဗင်းဂျူလိုင်

Unknown | 11:25 PM |
ဇူလိုင် (၈)ရက်နံနက်လင်းအားကြီးအချိန်တွင် စစ်တပ်က ဒိုင်းနမိုက်ဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့သည် သမဂ္ဂအဆောက်အဦး

မြန်မာ့သမိုင်းမှာ ကျောင်းသား သမဂ္ဂတွေရဲ့ တိုက်ပွဲတွေဟာ ပညာရေးရည်မှန်းချက်၊ မျိုးသားရေးလွတ်မြောက်ရေး ဒီမိုကရေစီရည်မှန်းချက် စဖြင့်အမျိုးမျိုးရှိခဲ့ပါသည်။ ၁၉၂၀ သပိတ်၊ ၁၉၃၅-၃၆ သပိတ်၊ ၁၉၃၈ ခုနှစ်တွင်အမျိုးသားလွတ်မြောက်ရေးကိုတောင်းဆိုတဲ့ ပြည်လုံးကျွတ် အထွေထွေသပိတ်ရဲ့ အစိတ်အပိုင်းဖြစ်သည်။

၁၉၆၂ခုနှစ် မတ်လ (၂) ရက် အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးကောင်စီက မေလ (၉) ရက်နေ့မှာ တက္ကသိုလ် အက်ဥပဒေကို ရုပ်သိမ်းတဲ့အမိန့်ကို ထုတ်ပြန်လိုက်ပြီး တော်လှန်ရေး ကောင်စီက တက္ကသိုလ်အုပ်ချုပ်ရေး တာဝန်အားလုံးကို ချုပ်ကိုင်လိုက်ပါတယ်။ မေလ (၁၀)ရက်နေ့မှာ ဦးနေ၀င်းက တက္ကသိုလ်ကောင်စီဝင်တွေကို ခေါ်ယူတွေ့ဆုံပြီး တက္ကသိုလ်ကောင်စီကို ဖျက်သိမ်းလိုက်ပြီလို့ ပြောလိုက်ပါတယ်။ တက္ကသိုလ်အက်ဥပဒေအရ မဲပေးခြင်းစနစ်ကို ဖျက်သိမ်းလိုက်ပြီလို့နဲ့ ရွေးချယ်ခန်ထားတဲ့ ပါမောက္ခဦးကာကို ပေါမောက္ခချုပ်အဖြစ် တချက်လွှတ်အမိန့်နဲ့ ခန့်လိုက်တယ်။ အဲဒီအချိန်ကစပြီး တက္ကသိုလ်ကျောင်းသားတွေနဲ့ ဆရာတွေကို ချုပ်ချယ်တဲ့ ဥပဒေစည်းမျဉ်းသစ်ဆိုတာတွေကို တခုပြီး တခုထုတ်ပြန်လာတယ်။ တက္ကသိုလ်ကျောင်းဆောင်တွေကိုည(၈)နာရီမှာ သော့ခတ်ပိတ်မည်ဆိုသည့်အမိန့် ထွက်လာသည့်အခါ ကျောင်းသားတွေနေနဲ့ ကန့်ကွက်ဆန့်ကျင်မှုတွေကို စရတော့သည်။
ဂျူလိုင်လ (၇)ရက်နေ့ (၁)နာရီချိန်မှာ တကသ ဥက္ကဌကိုဗဆွေလေး လက်မှတ်နဲ့ ကျေငြာဖိတ်ခေါ်ထားတဲ့ ကျောင်းသားထု အစည်းဝေးစတယ်။ ပညာရေးတောင်းဆိုချက်၊ ဒီမိုကရေစီရေးတောင်းဆိုချက်တွေ ဆုံးဖြတ်ပြီး တက္ကသိုလ်ဝန်းထဲမှာ လှည့်လည်ဆန္ဒပြကြပါတယ်။ မွန်းလွဲသုံးနာရီကျော်လောက်မှာ ဆန္ဒပြပွဲပြီးလို့ လူစုခွဲကာအေးအေးဆေးဆေးရှိနေပြီးမှ တော်လှန်ရေးကောင်စီတွေက ရဲတပ်ဖွဲဝင်တွေကို စေလွှတ်ပြီးကျောင်းသားတွေကိုဖမ်းရာမှစပြီး တဖက်နဲ့ တဖက်ရင်ဆိုင်တိုက်ခိုက်မှုတွေစတင်ခဲ့ပါတယ်။ ကျောင်းသားတွေက အနာခံပြီး သတ္တိရှိရှိ ရင်ဆိုင်တိုက်ကြလို့ ရဲတွေနောက်ဆုတ်ကြရတယ်။ ရဲတွေနေရာမှာ စစ်သားတွေရောက်လာတယ်။ ဒုတိယဗိုလ်မှုးကြီး စိန်လွင်က ဦးဆောင်တယ်။ ၅ နာရီခွဲလောက်မှာ အထက်အမိန်ကိုရရှိတဲ့ စိန်လွင်က ပစ်မိန့်ပေးလို့ စစ်သားတွေနဲ့ လက်တကမ်းလောက်အကွာမှာ ရှိနေတဲ့ ကျောင်းသားထောင်ပေါင်းများစွာကို G 3 သေနတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ကြလို့ ၁၅၀ ကျော်ကျော်လောက် ကျဆုံးခဲ့ရတယ်။ နောက်နေ့မနက် ၅နာရီခွဲလောက်မှာ တကသ အဆောက်အအုံကို မိုင်းခွဲဖျက်စီးပစ်ကြတယ်။
ဦးနေ၀င်းကတော့ ဇူလိုင်(၇)ရက်အရေးအခင်းကို ဖြေရှင်းခဲ့တာဟာ ကျုပ်အမှားမဟုတ်ဘူး၊ ဗိုလ်အောင်ကြီးရဲ့အမှားသာဖြစ်တယ်လို့ (၁၉၈၈)ခုနှစ် ဇူလိုင်(၂၃)ရက်နေ့ ကျိုက္ကဆံညီလာခံမိန့်ခွန်းမှာရှောင်ထွက်ဖို့ကြိုးစားပြီးတဲ့နောက် ဦးအောင်ကြီးကလည်း သူ့တာဝန်မဟုတ်ဘူးလို့ငြင်းဆိုခဲ့ပြန်ပါတယ်။
ထို့ကြောင့်စစ်အာဏာရှင်တွေအနေနဲ့ အဖြစ်မှန်ကို ဖုံးဖိထားပြီး အမှားတွေ ကျူးလွန်ကြတာ ဒီနေ့အထိ အတောမသတ်ကြသေးပါဘူး။
ဒီနှစ်မှာဆိုရင် ဇူလိုင်လ(၇)ရက်ဖြစ်ပွားခဲ့တာ (၄၇)နှစ်ရှိသွားပါပြီ အဲဒီအရေးအခင်းတုန်းက တက္ကသိုလ်မှာအငယ်ဆုံးကျောင်းသားတွေဟာ အသက်(၁၆)နှစ်ရှိခဲ့တာမို့ အခုအချိန်မှာ အသက်(၆၃)နှစ်ရှိနေကြပါပြီ။ ခုထိဘာတွေမှားခဲ့သလဲ ဘာလုပ်ရပ်တွေဟာ အလွန်အကျွံလဲ၊ သေဆုံးသူအရေအတွက်တွေက အမှန်တကယ်ဘယ်လောက်ရှိခဲ့သလဲ၊ သေဆုံးသူစာရင်းထဲမှာမထည့်သွင်း မကြေညာဘဲထားတဲ့ ကျောင်းသူကျောင်းသားတွေနဲ့ မိဘဆွေမျိုး ညီအစ်ကိုမောင်နှမ တူ၊တူမတွေဟာ မိမိတို့ရဲ့ သားသမီး အကို၊အမတွေ ရန်ကုန်တက္ကသိုလ်ဝန်းထဲကနေ ဘယ်ကိုရောက်သွားသလဲ ဘယ်နည်းနဲ့ပျောက်ဆုံးသွားသလဲ ခုထိမသိကြသေးပါ။ ဒီအဖြစ်အပျက်တွေကို သင်္ခန်းစာယူပြီး နောက်နောင် ဒါမျိုးမဖြစ်ပွားအောင် ဘယ်လိုထိန်းသိမ်းကြမလည်းဆိုသည့် ကောက်ချက်မျိုး မရှိသေးပါဘူးး။ ထို့ကြောင့်ကျောင်းသားတွေရဲ့သမိုင်းတွေအဖြစ်မှန်တွေကိုမမေ့ပျောက်ကွယ်သွားအောင် အမှန်တရားတွေကို ဖော်ထုတ်ဖို့ရာ ပေးဆပ်ခဲ့ကြသော၊ ပေးဆပ်နေဆဲဖြစ်ကြသောသူတွေအတွက် သမိုင်းတာဝန်ကျေပြွန်စေဖို့ရာ အနာဂတ်မျိုးဆက်သစ်လူငယ်များရဲ့တာဝန်ဖြစ်သာဖြစ်တယ်။

မှတ်ချက်။ ။ ယခင်ရေးသားခဲ့သောပို့စ်အား ပြန်လည်ဖြည့်စွက်တင်ပြခြင်းဖြစ်သည်။


အသေးစိတ်အချက်လက်များနှင့် မှတ်တမ်းတင်ပုံများကြည့်ရှုရန် ဒီမှာနှိပ်ပါ

ပြည့်စုံ

Continue reading ...

June 23, 2009

အစာပြေ

Unknown | 9:46 PM |
“ ညီမလေးရေ ကိုကြီးခွေးကလေးကို ရေချိုးပေးမလို့ ကင်မရီဆပ်ပြာ
အသစ်တစ်ခဲယူလာ ပေးစမ်းဟေ့ ”
“ညီမလေး မအားသေးဘူး ကိုကြီး ကြက်ကောင်လုံးကြော် ကြော်နေတယ်။ ညနေစာအတွက်ရော လေးကောင်တောင် ကြော်နေရတယ်၊”
“အေး သားတို့သမီးတို့ အဲဒီလို အလုပ်ရှုပ်နေကြရင် ဖေဖေမစောင့်နိုင်တော့ဘူး။ ပရာဒိုတစ်စီးဝယ်မလို့ ချိန်းထားတဲ့လူနဲ့လွဲသွားလိမ့်မယ်၊ အမေကြီးရေ ကိုယ် လစ်မစ်တက် ယူသွားမယ်။ မင်းတို့မာ့စ်တူးနဲ့သွားကြ”
“ဖေကြီး သားငယ်ဖို့ ဘတ်တာကိတ် ၀ယ်လာနော်”
“ဟင့်အင်း မီးငယ် ဘတ်တာကိတ်မကြိုက်ဘူး ဖေကြီး။ ဂျေဒိုးနတ်ကိတ် ၀ယ်လာပေးပါ။ အဟိ”
“သားတို့သမီးတို့ကလည်းကွယ် အိမ်မှာ ရွှေပုဇွန်တွေရော။ ဂျမ်ဘိုထုပ်တွေရော ရှိသေးတာ။ ဟက်ပီးဝေါရောက်ရင်လည်း မေမေက ကြိုက်တာကျွေးအုံးမှာ။ ဖေကြီးကို မှာမနေကြနဲ့လေ”
“ဟဲ့ ဒီသားအမိ။ သားအဖတွေ သူများအိမ်က တီဗွီသွားသွားကြည့်ပြီး ကြားဖူးနားဝနဲ့ဘာတွေအရူးထနေကြတာလဲ ဒေါ်ကြီးကိုတော့ဘယ်သူမှ လာမကူကြဘူး။ ထမင်းတစ်အိုး။ ကန်စွန်းရွက်ကြော်၊ ငါးပိရည်ကျို၊ အားလုံးပြီးပြီ ထမင်းစားမယ်လာကြ”


ငြိမ်း (ရွှေလီ)
(ကလျာ။ ၂၀၀၀ ပြည့်နှစ်။ ဒီဇင်ဘာ) မှကူးယူဖော်ပြသည်။
Continue reading ...

June 14, 2009

ဒေါ်အောင်ဆန်းစုကြည်၏ (၆၄)နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်

Unknown | 12:28 PM |
Continue reading ...

အဖေများနေ့

Unknown | 4:32 AM |


အဖေ မရှိတော့ပေမယ့် အဖေက သားရင်ထဲ အမြဲရှင်သန်နေပါတယ်…အဖေသားတို့ကို အပြီးအပိုင်ခွဲခွာသွားတာ ဒီနေ့ဆို ၂ လနဲ့ ၉ ရက်ရှိပြီနော်… တချို့တွေကပြောကြတယ်. အဖေဆိုတာ သမီးတွေကို ပိုချစ်တယ်ပြောကြတယ်… ဒါပေမယ့် အဖေက သားကိုပိုချစ်တယ်နော်…
အဖေ … နောင်ဘ၀ဆိုတာ ရှိခဲ့ရင် ပြန်ဆုံပါရစေအဖေ… သားလေ လူတွေအကြောင်းကို သိသင့်သလောက်သိနေပြီ… အဖေ့ကိုပြောပြချင်တယ်ဗျာ….။

အဖေ… ကောင်းရာသုဂတိလားပါစေ….

ရောက်ရာဘုံဘ၀ကနေ သာဓုခေါ်သံကြားနိုင်ပါစေ…..
Continue reading ...

May 28, 2009

ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ဆန္ဒပြပွဲ

Unknown | 12:16 AM |


ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ UNHCR ရုံးရှေ့တွင် Joint Action Commettee မှ ဦးဆောင်၍ ဒေါ်အောင်ဆန်း စုကြည် လွတ်မြောက်ရေးတောင်းဆို ဆန္ဒပြပွဲတခုကို ကျင်းပခဲ့သည်။
စက်တင်ဘာ ရွှေဝါရောင် သံဃာတော်များ ၊ JAC တွင် ပါဝင်သော အဖွဲ့အစည်းများ ၊ စက်တင်ဘာ ရွှေဝါရောင် လူငယ် အင်အားစုများ၊ တသီးပုဂ္ဂလများ စုစုပေါင်း လူအင်အား ၁၅၀ ခန့်က TK လေး အထည်ချုပ်စက်ရုံ့ရှေ့တွင် စတင် စုစည်းကြပြီး နောက် UN ရုံးရှေ့သို့ ပိုစတာများကိုင်ဆောင်ကာ၊ ကြွေးကြော်သံများ အော်ဟစ်၍ ညီညာစွာ ချီတက်သွားကြသည်။
ယူအန် ရုံးရှေ့တွင် မိနစ် ၂၀ခန့် စုရုံး၍ " ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဒို့အရေး၊ ဒေါ်အောင်ဆန်း စုကြည် ချက်ခြင်းလွတ် ၊ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ဒို့အရေး၊ စစ်အာဏာရှင် စနစ် ပြုတ်ကျရေး ဒို့အရေး ” စသည့် ကြွေးကြော်သံများ ကို ဟစ်ကြွေးခဲ့ကြသည်။
ဆန္ဒပြရခြင်းနှင့်ပါတ်သက်သော JAC ၏ သဘောထားထုတ်ပြန်ချက် မြန်မာ ၊အင်္ဂလိပ် တို့ကိုလည်းဝေငှပြီး သတင်းဌာန အသီသီး၏ မေးမြန်းချက်များကို ဖြေကြားခဲ့ကြသည်။
ယူအန်မှ အရာရှိတဦး၏ လက်သို့ JAC မှ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် အမြန်ဆုံး ဆောင်ရွက်မှုများပြုပါရန် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး မစ္စတာ ဘန်ကီမွန်းသို့ တောင်းဆိုထားသည့် အိတ်ဖွင့်ပေးစာ ကိုပေးအပ်ခဲ့သည် ။
ထိုနောက်တွင် ကမ္ဘာမကြေသီချင်းကို သီဆို၍ ဆန္ဒပြပွဲကို လူစုခွဲ ရုတ်သိမ်းခဲ့ပါသည်။ရဲများက လာရောက် စစ်ဆေး မေးမြန်းမှုများ ပြုလုပ်ခဲ့သော်လည်း ဖမ်းဆီးမှု သတင်းများ မရှိခဲ့ပါ။

သတင်းပေးပို့သော အကောင်းဆုံးမြေသြဇာအဖွဲ့မှ တာဝန်ခံ ကိုကျော်ကျော်အား အထူးကျေးဇူးတင်ရှိပါသည်။

Continue reading ...

May 25, 2009

နော့ကယ်လိုလိုင်းနားပြည်နယ်မှ သင်္ကြန်ပွဲ

Unknown | 9:16 PM |


၂၄၊၅၊၂၀၀၉(တနင်္ဂနွေနေ့)တွင် နော့ကယ်ရိုလိုင်းနားပြည်နယ် Chapel Hill မြို့ကလေးမှာကျင်းပတဲ့မြန်မာ့ရိုးရာသင်္ကြန်ပွဲလေးပါ။ Chapel Hill တစ်မြို့လုံးမှာရှိတဲ့မြန်မာမိသားစု အသိုင်းဝိုင်းရဲ့မျှော်လင့်တကြီးစောင့်ဆိုင်းနေတဲ့ နေ့လေးတစ်ရက်ပေါ့။ တစ်နှစ်မှာမှတကြိမ်ပြုလုပ်ခွင့်ရတဲ့ မြန်မာ့ချစ်စရာရေသဘင်နှစ်သစ်ကူးလေးမှာ
မြန်မာတိုင်းရင်းသားအစုံအလင် လာရောက်ပျော်ပါးပြီးမြန်မာ့ရိုးရာအမွေနှစ် ဆက်လက်ထိန်းသိမ်းတဲ့ပွဲလေးကို အောင်မြင်စွာကျင်းပနိုင်ခဲ့တယ်။ အဓိကရည်ရွယ်ချက်ကတော့ကမ္ဘာမှာမြန်မာဟာမြန်မာပါပဲ
ဘယ်နေရာ ဘယ်ဒေသတွေပဲရောက်နေရောက်နေ ကိုယ့်လူမျိုးတွေရဲ့ရိုးရာမပျက်တဲ့ယဉ်ကျေးမှုလေးကို နောင်ပြည်ပမှာကြီးပြင်းလာမယ့် မျိုးဆက်သစ်လေးတွေကို လက်ခံသိရှိဆက်လက်ထိန်းသိမ်းကျင်းပ သွားနိုင်အောင်ကျင်းပပေးတဲ့ပွဲလေးပါ။လူမျိုးပေါင်းစုံကြားထဲမှာမြန်မာလူမျိုးတွေရဲ့ ယဉ်ကျေးမှုစည်းလုံးမှုစိတ်စေတနာကောင်းတွေကိုပြချင်တဲ့ပွဲလေးပါ အခြေနေအကြောင်းကြောင်းကြောင့် အမေရိကန်ရောက်နေပေမယ့်မြန်မာလူမျိုးတွေရဲ့စိတ်ထဲမှာကိုယ်လူမျိုး ကိုယ့်ယဉ်ကျေးမှုကိုအမြဲထိန်းသိမ်းတယ်ဆိုတာ လာရောက်ကြည့်ကြတဲ့အမေရိကန်လူမျိုးတွေ
နားလည်လက်ခံအောင်၊ ပြည်နယ်အသီးသီးမှာရောက်ရှိနေတဲ့ အသိမိတ်ဆွေတွေနဲ့ပြန်လည်ဆုံဆည်းကျင်းပတဲ့ ဆုံဆည်းပွဲလေးလည်းဖြစ်တယ်။
သင်္ကြန်မှာ မြန်မာရိုးရာသင်္ကြန်သီချင်း ရိုးရာအက ရိုးရာအစားအစာ တွေကိုလာသမျှဧည့်ပရိတ်သတ်အားလုံးကို စတုဒီသာ ကျွေးမွေးပြီး ဖျော်ဖြေ ဧည့်ခံသွားပါတယ်။ တစ်နှစ်လုံးစိတ်ရောကိုယ်ပါမောပန်းခဲ့သမျှကို သင်္ကြန်ရေစင်အေးနဲ့တစ်ယောက်ကိုတစ်ယောက် ပတ်ဖြန်းပြီးဘဝအမောတွေကို ဖြေဖျောက်တဲ့ပွဲလေးဆိုလည်းမမှားဘူးပေါ့။ အဲဒီအချိန်မှာပဲ သဘာဝတရားကြီးကလည်းကောင်းချီးပေးတဲ့အနေနဲ့ သင်္ကြန်မိုးလေးပတ်ဖြန်းသွားခဲ့တယ်….။

Continue reading ...

May 19, 2009

နိုင်ငံရေးဆိုတာ လူတိုင်းနဲ့ဆိုင်တယ်

Unknown | 12:28 AM |


နိုင်ငံရေးဆိုတာ လူတိုင်းနဲ့ဆိုင်တယ်

တချို့က နိုင်ငံရေးဆိုတာ နိုင်ငံရေးပါတီတွေလုပ်တဲ့အလုပ်လို့ထင်တယ်။ မဟုတ်ပါဘူး တခါတုန်းက ဖေဖေက ပြောဘူးပါတယ် နိုင်ငံရေးဟာ ကိုယ်နဲ့မဆိုင်ဘူုးထင်ပေမယ့် နိုင်ငံရေးဟာ ကိုယ့်ဆီရောက်လာလိမ့်မယ်၊ ဒါရှောင်လို့မရဘူး၊ ဒါဘာဖြစ်လို့လဲဆိုတော့ ဒီနိုင်ငံတွင်းမှာ ဖြစ်နေတဲ့ ကိစ္စမှန်သမျှဟာ နိုင်ငံရေးဘဲ။ ရှောင်လို့မရဘူးနော်။ စီးပွားရေးဆိုတာလည်း နိုင်ငံရေးဘဲ။ လူမှုဆိုတာလည်း နိုင်ငံရေးဘဲ။ ဘာမဆို နိုင်ငံရေးဘဲ ဒါကြောင့်မို့လို့ ပြည်သူလူထုဟာ နိုင်ငံရေးကျွမ်းကျင်မှ ဒီနိုင်ငံဟာ တိုးတက်မှာပါ။ ပြည်သူလူထုဟာ နိုင်ငံရေး မကျွမ်းကျင်ဘူး နိုင်ငံရေးအသိမရှိဘူးဆိုလို့ရှိရင် နိုင်ငံတစ်နိုင်ငံတိုးတက်ဖို့ ဆိုတာဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ အဲဒီတော့ ကိုယ့်ရဲ့မိသားစု၊ ကိုယ်တစ်ဦးတယောက်နဲ့ပါတ်သတ်တဲ့ကိစ္စတွေကိုဘဲ စိတ်ဝင်စားမယ်ဆိုလို့ရှိရင် ကျမတို့ နိုင်ငံကိုအကျိုးပြုနိုင်မယ့်ပြည်သူပြည်သားတွေဆိုတာတော့ ဖြစ်လာနိုင်မှာလဲမဟုတ်ပါဘူး။ အဲဒီတော့ ကိုယ့်ရဲ့ မိသားစုနဲ့ ကိုယ်တစ်ဦးတယောက်ကောင်းကျိုးအတွက်ဘဲ မစဉ်းစားပါနဲ့၊ အဲဒီလိုစဉ်းစားလို့ရှိရင် ရေရှည်မှာ ကိုယ့်အကျိုးလဲမဖြစ်လာနိုင်ပါဘူး။ ကျမတို့တယောက်နဲ့ တယောက် ညီညီညွတ်ညွတ်နဲ့ လက်တွဲမှသာလျှင် ကျမတို့ နိုင်ငံဟာ တိုးတက်နိုင်မှာပါ။

ကုန်ဈေးနှုန်းတက်တာသိရင် နိုင်ငံရေးသိပါတယ်

ကျမတို့နိုင်ငံတိုးတက်အောင်လုပ်ဖို့ဆိုတာဟာ လူတိုင်းလူတိုင်းရဲ့ တာဝန်ဖြစ်ပါတယ်။ ပြည်သူပြည်သားအားလုံးမှာ တာဝန်ရှိတယ်ဆိုတာကိုနားလည်ရပါလိမ့်မယ်။ တချို့ကပြောတယ် ကျနော်တို့ ကျမတို့ဟာ နိုင်ငံရေးနားမလည်ဘူး၊ နားမလည်လို့ရှိရင် ကုန်ဈေးနှုန်းတက်တယ်ဆိုရင် သိပါသလား။ အဲဒါနိုင်ငံရေးဘဲ၊ ဘာဖြစ်လို့ ကုန်ဈေးနှုန်းတက်တာတော့သိပြီး နိုင်ငံရေးနားမလည်ဘူးလို့ပြောနေရတာလဲ။ အဲဒါ ကျမ အခြေခံကိစ္စတခုကိုပြောနေတာနော် ဘယ်သူမှရှောင်လို့မရတဲ့ ကိစ္စတခုကိုပြောတာ။ ဒါကြောင့်မို့လို့ နိုင်ငံရေးဆိုတာ မီးဖိုချောင်ထဲအထိရောက်တယ်လို့ပြောတာဟာ ဒါပဲ။ ဒီတော့ မီးဖိုချောင်ထဲမှာ ထိုင်နေတဲ့ အိမ်ရှင်မများတောင် နိုင်ငံရေးနားလည်ရမယ်။ အိမ်ရှင်မများဟာ နိုင်ငံရေးနားမလည်ဘဲနဲ့ ရုံးသွားတဲ့အခါမှာ ညည်းလို့ရှိရင် ကျမတို့က မကြိုက်ဘူုး။ နိုင်ငံရေး နားမလည်ဘူးလို့တော့ပြောတယ်၊ ဈေးသွားတဲ့အခါမှာ ကုန်ဈေးနှုန်းဖြင့်တော့ သိပ်ပြီးတော့ဈေးတက်တာဘဲဆိုတာ၊ ဒါ ညည်းတာဆိုတာတော့ သိပ်ပြီးတော့ မဟုတ်သေးဘူး။ အဲဒီတော့ နှစ်ခုလုံးကို နားလည်ရမယ်။ ကိုယ့်ရဲ့ ဘ၀ရဲ့ပြဿနာတွေကို နားလည်သလို၊ ကိုယ့်နိုင်ငံရဲ့ ပြဿနာတွေကို နားလည်ရမယ်။ ကိုယ့်ဘ၀ပြဿနာတွေဟာ ကိုယ့်နိုင်ငံရဲ့ ပြဿနာနဲ့ ဆက်နွယ်နေတယ်ဆိုတာ ကျမတို့ အားလုံးသဘောပေါက်ဖို့ လိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းကောက်နှုတ်ချက်များမှ
Continue reading ...

May 06, 2009

ကျေးဇူးအထူးတင်ရှိပါကြောင်း

Unknown | 3:53 PM |
ပို့စ်ကွန်မန့်မှာရော စီဘောက်မှာပါ အားပေးစကားပြောကြားပြီး ထပ်တူခံစားပေးကြသော

ထပ်တူထပ်မျှ ကြေကွဲခံစားပေးတဲ့ ၀သန်မိုး၊ ဘ၀ဆက်တိုင်း မိသားစုနဲ့ ဝေးကွာခြင်းမှ ကင်းဝေးပါစေလို့ ဆုတောင်းပေးသော မကြီး မေတ္တာရောင်ပြန်၊ ထပ်တူခံစားပေးသော Ree Noe၊ ဘ၀တူတွေမို့ ထပ်တူစိတ်မကောင်းဖြစ်ပြီး အဆက်အသွယ် မပြတ်စေရန် အားပေးသော အမနန်းဝါ၀ါမောင်၊ အဝေးရောက်နေကြတဲ့ သားသမီးတွေအတွက် အရမ်းကြေကွဲစရာကောင်းပါတယ်ဆိုပြီး ထပ်တူထပ်မျှ ခံစားပေးသော Anonymous၊ အခုလို အဖြစ်ဆိုးတွေမှ ကင်းဝေးပါစေလို့ ဆုတောင်းပေးသော အစ်ကိုအိမ်၊ သင်္ခါရတရားတွေအတွက် အသိတရား၊ မေတ္တာတရား ရေစဉ်တွေနဲ့အတူ ၀မ်းနည်းဆွေးပူမှုတွေကို ငြိမ်းချမ်းစွာနဲ့ လက်ခံနိုင်ဖို့ ဆုတောင်းပေးသော ညီမလေးKhinmarlaraung၊ သေပြီးသူအား သာဓုအပြည့်အ၀ခေါ်နိုင်ရန်အတွက် ပစ္စည်းလေးပါး လှူဒါန်းပေးဖို့ပြောကြားပေးသော အမညခင်း၊ ထပ်တူထပ်မျှခံစားပေးသော သူငယ်ချင်းhtike၊ အသက်ရှင်နေသရွေ့ကောင်းမှုကုသိုလ်လုပ်ပေးပါလို့ ထပ်တူ ၀မ်းနည်းကြေပေးသော ကိုဖြိုးဇာနည်၊ ကျနော့်အတွက် စိတ်မကောင်းဖြစ်ပြီးဖေဖေအတွက် ကောင်းရာသုဂတိလားပါစေလို့ ဆုတောင်းပေးသော ကိုမြစ်ကျိုးအင်း၊ အဝေးရောက်သားသမီးတွေအတွက် ဘယ်လောက်ခံစားရမယ်ဆိုတာ ကိုယ်ချင်းစာရင်း အလှူအတန်းလုပ်အမျှဝေပေးဖို့ နားလည်ခံစားပေးသော မနွေးနေခြည်၊ ကျန်မာရေးဂရုစိုက်ဖို့ ပြောသောညီမဝေလေး၊ စိတ်မကောင်းမဖြစ်ဖို့ အားမငယ်ဖို့ ဖေဖေမရှိတော့ပေမယ့် မေမေရှိသေးကြောင်းပြောရင်း ဆုတောင်းပေးသွားသော မမေဒီဇာ၊ မေမေအတွက် အသက်ရှည်ကျန်းမာစေဖို့ ဖေဖေအတွက် ကောင်းကင်နိုင်ငံရောက်ပါစေလို့ ဆုတောင်းပေးသော ညီမchitpalone....

စီဘောက်မှာ အားပေးစကားပြောကြားပြီး ထပ်တူခံစားပေးကြသော

ညီလေးရေ မင်းရဲ့ အဖေ မြန်မာပြည်မှာ ဆုံးသွားတာကို သိလိုက်ရတဲ့အတွက် ညီလေးနဲ့အတူတူ ထပ်တူထပ်မျှ ၀မ်းနည်းရပါတယ်နော်။ လုံးဝ စိတ်မကောင်းဘူးကွာ ။ အဲဒါ ငါတို့တော်လှန်ရေးသမားတွေရဲ့ ပေးဆပ်မှု့တွေပဲပေါ့ညီရာ နော်။ လို့ထပ်တူကြေကွဲပေးသော ကိုကျော်ကျော်(အကောင်းဆုံးမြေသြဇာ)၊ ပထမဆုံးလာလည်ဖူးပြီး စိတ်မကောင်းဖြစ်ခဲ့ရပါတယ်ဆိုပြီး ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးသွားသော ပန်းကလေး၊ ကိုယ်လုပ်တဲ့ ကောင်းမှုကုသိုလ်တိုင်းကို အဖေက်ု သတိတရနဲ့ အမျှပေးပါနော်လို့ပြောကြားအားပေးသော အမ မအေးမွန်...

အီးမေးလ်မှတဆင့် အားပေးစကားပြောပြီး ဆုတောင်းကြသော သူငယ်ချင်း ညီအစ်ကိုမောင်နှမများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်... ပေးတဲ့ဆုနဲ့ ပြည့်ပါစေလို့....

ရောက်ရာဘုံဘ၀ကနေ သာဓုခေါ်သံကြားနိုင်ပါစေ ဖေဖေ ...

ပြည့်စုံ (ဝေါသားလေး)
Continue reading ...

May 04, 2009

အဖေကောင်းရာသုဂတိလားပါစေ...

Unknown | 10:23 PM |
အဖေ သားကိုမေးသွားတယ်နော်… သားဖြေသိမ့်မရဘူးအဖေရယ်… ဒီနေ့ဆို အဖေ ဆုံးတာ တစ်လပြည့်ပြီနော်…
သားကိုယ်သား သိနေသလိုပဲအဖေရယ်… စိတ်တွေလေးနေတယ်… ဘာလုပ်လုပ်အဆင်မပြေဘူးဖြစ်နေတယ်… အားလုံးက အလွဲလွဲအချော်တွေချည်းပဲ… သားအိမ်ကို အရမ်းသတိရနေတယ်… ဆက်သွယ်ချင်ပေမယ့် မြန်မာပြည်ရဲ့ ဆက်သွယ်မှု ကွန်ယက်တွေကြောင့် ဘယ်လိုမှ အဆက်အသွယ်မရဘူး… နောက်ညီဝမ်းကွဲတစ်ယောက် ပြောတယ်… အခုဆက်လို့ရပြီတဲ့ အော်တိုတွေဆင်လိုက်ပြီတဲ့ သားဝမ်းသာလိုက်တာ အဲဒီသတင်းကြားတော့လေ… သားဖုန်းဆက်တော့ ဘယ်လိုမှ ခေါ်မရဘူး.. ဖုန်းလိုင်းတွေက ပြတ်တောက်ပြတ်တောက်ဖြစ်နေတာ… အဲဒါနဲ့ ကျနော့်ကိုအရမ်းခင်တဲ့မန္တလေးက အမတစ်ယောက်က မောင်လေးဘာမှ မပူပါနဲ့တဲ့ သူဆက်သွယ်ပေးမယ်တဲ့… သူဆက်သွယ်ပေးခဲ့တယ်… အဲဒါနဲ့ ကျနော်အဆက်အသွယ်ရခဲ့တယ်… ၀မ်းသာစရာပေါ့ဗျာ.. အဒေါ်အိမ်မှာ အော်တိုဖုန်းရှိတယ်တဲ့.. အဲဒီကိုဆက်ပါတဲ့… အဲဒီသတင်းကြားတော့ဝမ်းသာလိုက်တာ… ငါခဏခဏဆက်လို့ရပြီဆိုပြီး အဲဒါနဲ့ မန္တလေးက အမက သူဆက်သွယ်ပေးတယ် ကျနော်ဆက်မယ် ဖုန်းစောင့်နေပါဆိုပြီး အိမ်ကိုလှမ်းဆက်သွယ်ပေးတယ်… ကျနော့်ဘ၀ရဲ့ အမှတ်တရနေ့ပေါ့…. ဧပြီလ ၂၄ရက်နေ့ကပေါ့… အမေ့ကိုခေါ်ပေးပါလို့ကျနော်ပြောတော့ ကျနော့်အစ်ကိုဖြစ်နေတယ်…သူက ညီမင်းနေကောင်းလားတဲ့ အမေရန်ကုန်သွားတယ်ညီမလေးရောပါသွားတယ်... မင်းကိုငါတို့ဆက်သွယ်တာ ဘယ်လိုမှ ဆက်လို့မရဘူး… မင်းအဆင်ပြေလားတဲ့ အေးငါအားလုံးအဆင်ပြေတယ် ငါလည်းဆက်သွယ်တာ ဘယ်လိုမှ ဆက်သွယ်လို့မရဘူး ငါအိမ်ကို အခုတလော အရမ်းသတိရတယ်ကွာလို့ ကျနော်ပြောတော့သူ ၀မ်းနည်းသံကြီးနဲ့ သူပြန်ပြောတယ်… မင်းကိုငါပြောစရာရှိတယ်.. ငါပြောမယ်နော်တဲ့ မင်းဘာမှ စိတ်မကောင်းမဖြစ်ပါနဲ့… စိတ်ခိုင်ခိုင်ထားနော်တဲ့… အေးပါ ငါဘာမှ မဖြစ်ပါဘူး… မင်းရောနေကောင်းလားဆိုတော့ အေးကောင်းပါတယ်…ငါပြောမယ်နော်တဲ့.. အဖေဆုံးပြီ ဒီလ (၅)ရက်နေ့တနင်္ဂနွေနေ့ မနက်(၄)နာရီက မင်းကိုဖုန်းဆက်တာဆက်လို့မရဘူး အဖေက သူမဆုံးခင်မှာ မင်းကိုပဲမေးနေတယ်… အဲဒါနဲ့မင်းကိုဆက်သွယ်တာဘယ်လိုမှ ဆက်မရဘူး.. မင်းကလည်း မဆက်သွယ်တော့ ဘယ်လိုမှ ဆက်သွယ်မရဘူးဖြစ်နေတာ… မင်းဘာမှ စိတ်မကောင်းမဖြစ်ပါနဲ့ သေသွားပြီပဲ မင်းလည်း အဖေ့အတွက် ဆုတောင်းပေးပေါ့တဲ့… အစ်ကို ငါနေ့တိုင်းဆုတောင်းတယ် ညတိုင်းဘုရားရှစ်ခိုးတိုင်းပေါ့ ငါအရမ်းဝမ်းနည်းကွာ… ငါဘယ်လိုဖြေသိမ့်ရမလည်းကွာ… မင်းသိတဲ့အတိုင်း ငါတို့ခွဲခွာခဲ့တာ အခုဆို ၅ နှစ်ပြည့်တော့မယ်… အဖေနဲ့ စကားတစ်ခါမှ ကောင်းကောင်းမပြောဖြစ်ခဲ့ဘူး… အခုအဆက်အသွယ်ရတော့ အဖေဆုံးပြီဆိုတော့ ငါဘယ်လိုဖြေသိမ့်ရမလည်းကွာ… အမေဘယ်တော့လောက်ပြန်လာမလည်းဆိုတော့ တစ်ရက်နှစ်ရက်လောက်နေရင်ပြန်လာမယ် အိုကေ အဲဒါဆို နောက်နေ့ငါဖုန်းထပ်လိုက်မယ်.. အမေ့ကိုပြောလိုက်နော်…
ကံကြမ္မာကလည်း ရင်နာချင်းတွေပဲ ပေးခဲ့တယ်… နောက်…ကျနော်ဖုန်းထပ်ဆက်တော့ အမေနဲ့ဆုံတယ်… သားအခုနေကောင်းလားတဲ့ ကျန်းမာရေးဂရုစိုက်နော်တဲ့… သားဘယ်လိုခံစားရမယ်ဆို အမေသိပါတယ် ဒါပေမယ့်သားရယ် ဘယ်တတ်နိုင်မလည်း ဖြစ်သွားကြပြီဘဲ… ဆုတောင်းပေးပေါ့သားဖေဖေကို ကောင်းရာသုဂတိလားပါစေလို့တဲ့…. အခု တလပြည့်အတွက် အမေတို့လုပ်မယ် သားအဲဒီကနေ အမျှဝေပေးပါ ညနေ(၅)နာရီလောက်မှာ ဘုန်းကြီးတရားနာမယ် သားဖုန်းဆက်နော်တဲ့…

အကုသိုလ်က ၀င်လာရင် အပေါင်းအဖော်ပါ ပါလာတတ်တယ်တဲ့ ကျနော့်အတွက်တော့ ဆွေမျိုးတွေပါပါတယ်ဗျာ… နောက်တစ်ရက်ဖုန်းထပ်ဆက်တော့ အမေ မရှိဘူးတဲ့ နင့်အန်တီအိမ်မှာတဲ့.. ဘာဖြစ်လို့လည်း မေးတော့ နင့်အစ်ကို ၀မ်းကွဲဆုံးပြီညကဘဲ.. ကားကားချင်းတိုက်တာတဲ့… ပွဲချင်းပြီးဘဲကြားရတဲ့သတင်းတွေကလည်းတစ်ခုမှ မကောင်းဘူး…. သူဆုံးတာ ၂၉ ရက်နေ့ သူ့ရက်လည်ဆွမ်းကျွေးက အဖေတစ်လပြည့်တဲ့နေ့နဲ့တိုက်ဆိုင်နေတယ်…. ၀မ်းနည်းစရာအဖြစ်အပျက်တွေချည်းပဲ… ၀ဋ်ကြွေးရှိခဲ့ရင် ဒီဘ၀မျှနဲ့ကြေပါစေလို့ဆုတောင်းပါတယ်….

အဖေ…ကောင်းရာသုဂတိလားပါစေအဖေ …. ဘ၀ဆက်တိုင်းဆက်တိုင်း… ကွေကွင်းခြင်းတွေနဲ့ ကင်းဝေပါစေအဖေ…. သားဘုရားရှစ်ခိုးရင်တောင်အခုသားပြောင်းပြီးရှစ်ခိုးနေရပြီအဖေ… အရင်က သားဘုရားရှစ်ခိုးတိုင်း အဖေကျန်းမာပါစေကိုယ်စိတ်နှစ်ပါးအေးချမ်းပါစေ အမေလည်းကျန်းမာပါစေ ကိုယ်စိတ်နှစ်ပါး အေးချမ်းပါစေ… အခုတော့ အဖေကောင်းရာသုဂတိလားပါစေလို့ ပြောင်းပြီးရှစ်ခိုးနေရပြီ…

အစ်ကိုရေ…. ကောင်းရာသုဂတိလားပါစေ… ဘ၀ဆက်တိုင်း ဒီလို အဖြစ်မျိုးနဲ့ကင်းဝေးပါစေ….

မိသားစုနဲ့ အဆက်အသွယ်ရအောင်ကူညီပေးခဲ့ကြသော ကိုကျော်ကျော်( အကောင်းဆုံးမြေသြဇာ)၊မန္တလေးမှအမ (မန္တလာသူ)ရန်ကုန်မှ ညီမ ဒါလေး၊ ညီလေး ချန်တူးဝမ် တို့အား အထူးကျေးဇူးတင်ရှိပါတယ်...။

ပြည့်စုံ
Continue reading ...

April 01, 2009

ရွေ့လျားတန်းဖိုး

Unknown | 10:07 PM |
တရွေ့ရွေ့နဲ့ ထွက်ခွာသွားတဲ့
နူပျိုမှုတွေကို
တဖြည်းဖြည်းချင်းကပ်လာတဲ့
အိုမင်းမှုတွေက
နှုတ်မဆက်အားဘူး
အချိန်နောက်ကျခြင်းနဲ့ စောသွားခြင်းရဲ့ကြားမှာ
တိကျမှုတော့ရှိရမယ်….။

လုပ်ပြီးခဲ့သမျှတွေထဲက
နောင်တတွေကိုနံပါတ်တတ်
တစ်ရာမှ မပြည့်သေးတာပဲ…။

မတရားဈေးနဲ့ ရထားတဲ့လွတ်လပ်မှုတွေက
နောင်တချိန် အဖိုးတန်ကောင်းပါရဲ့…
ဥတုသုံးလီကို
ကိုယ်၊ စိတ်၊ နှလုံး သုံးပါးနဲ့
(÷) စားကြည့်တဲ့အခါ အရသာမရှိတဲ့ သုညလိုအကောင်ဟာ
ဘယ်သူရှိအုံးမလဲ…။

အဲဒါနဲ့ပဲ…
ကျနော့်အစ်ကိုပြောတဲ့ အေးစက်နေတဲ့ အညံ့စားကော်ဖီတစ်ခွက်ကို
သောက်ချလိုက်တယ်…။



မှတ်ချက်။ ။ ကိုချိုတူးရဲ့ အညံ့စားကော်ဖီ

နေနေ(နို့ဖိုး-စခန်း)

Continue reading ...

March 19, 2009

အောင်မြင်မှု လမ်းကြောင်းပေါ်မှ မြန်မာလူငယ်တစ်ဦး

Unknown | 11:25 PM |

အမေရိကန်နိုင်ငံ တက္ကဆပ်ပြည်နယ် ဖို့ဝက်မြို့ အာလင်တန်ဟိုက်စ် အထက်တန်းကျောင်းဟာ ထူးချွန်တဲ့အားကစားသမား မွေးထုတ်ပေးရာမှာ အစဉ်အလာရှိတဲ့ကျောင်းဖြစ်တယ်။ အခုလည်းပဲ ကျနော်တို့မြန်မာနိုင်ငံမှ ဒုက္ခသည်အဖြစ် ရောက်ရှိလာတဲ့ မြန်မာလူငယ်တစ်ဦးကို ဘောလုံးအားကစားသမား ကောင်းအဖြစ်မွေးထုတ်ပေးခဲ့ပြန်ပါတယ်။


သူ့နာမည်က မင်းကိုအောင်ဖြစ်ပါတယ်။ သူဟာ မြန်မာ့နိုင်ငံရေးအသိုင်းအ၀ိုင်းမှ မွေးဖွားလာသူတစ်ဦးဖြစ်ပါတယ်။ သူဟာ နိုင်ငံရေး အကျဉ်းသားဟောင်းတစ်ဦးဖြစ်တဲ့ ကိုသန့်ဇင်+မအေးအေးအောင်တို့၏ ဒုတိယသားဖြစ်တယ်။ ကိုမင်းကိုအောင်ဟာ မြန်မာနိုင်ငံမှာနေစဉ်ကတည်းက ဘောလုံးကိုအရူးအမူးစွဲလမ်းခဲ့သူဖြစ်တယ်။ မြန်မာပြည်မှ ထိုင်းနိုင်ငံသို့ ဖခင်ဖြစ်သူနှင့်ရှောင်တိမ်းလာစဉ် သူဟာ အသက် (၁၅)နှစ်ပဲရှိသေးတယ်။ မိခင်နှင့် အစ်ကိုတစ်ယောက် ညီတစ်ယောက်ကို ခွဲခွာလာတာ အခုအချိန်ထိပြန်မတွေ့ရသေးပါဘူး။ သူဟာ အာလင်တန် ဟိုက်စ် အထက်တန်းကျောင်းကို စတက်ကတည်းက ဘောလုံးကိုဘဲ ကစားခဲ့တာအခုဆိုရင် စီနီယာအထက်တန်းအသင်းမှာ အားထားရတဲ့ရှေ့တန်း တိုက်စစ်မှူးတစ်ယောက်အဖြစ်ကစားနေသူဖြစ်ပါတယ်။

ဒါကြောင့် နိုင်ငံတကာရောက် မြန်မာလူငယ်များအားကျအတုယူနိုင်ရန်အတွက် ဒီပို့စ်ကို တင်ပေးလိုက်ခြင်းဖြစ်ပါတယ်။ အပြည့်အစုံဖတ်ရှုနိုင်ရန် နေ့စဉ်ထုတ် အမေရိကန် Star-Telegram သတင်းစာမှာပါတဲ့ သတင်းဆောင်းပါးကို ဒီလင့်ခ်မှာ ဖတ်ရှုနိုင်ပါတယ်။
Continue reading ...

March 05, 2009

ရိုင်ဖယ်သေနတ်နှင့် ဆရာဝန်

Unknown | 10:20 PM |
(၁)
မြေ၀သုန်သည် ဂုဏ်ပြုအပ်သည့် ဧည့်သည်တယောက်အား ဆီးကြို၍ ထွေးပွေ့ထားခဲ့သည်မှာ ကြာပြီ။ သူကျ ဆုံးခဲ့သည့် ၁၉၆၇ ခုနှစ် အောက်တိုဘာလ (၉) ရက်နေ့မှ။ နှစ်ပေါင်း (၄၀) ရှိလေပြီ။ သူကား ဆရာဝန်တဦး။ သို့သော် သူကား မောင်းပြန်ရိုင်ဖယ် သေနတ်ကိုသာ ကိုင်၏။

လူတယောက်ချင်း ခံစားရတဲ့ ရောဂါတွေကို ကုရတာထက် လူ့အဖွဲ့အစည်းအလိုက် ခံစားရတဲ့ ဝေဒနာတွေကို ကုသပေးရတာ ပိုအကျိုးရှိပါတယ်” သူပြောခဲ့သည့် စကားဖြစ်၏။ ၁၉၅၉ ခုနှစ် ဇန်န၀ါရီလ (၁) ရက်နေ့က ကျူးဘားနိုင်ငံ ဟားဗားနားမြို့၌ ပြောခဲ့ခြင်းဖြစ်၏။


(၂)
၁၉၆၇ ခုနှစ် အောက်တိုဘာလ (၉) ရက်နေ့တွင် သူကွယ်လွန်ခဲ့ပြီဟူသည်အား အတည်ပြုနိုင်သည်က အောက်တိုဘာလ (၁၅) ရက်နေ့မှဖြစ်သည်။ ကျူးဘားသမ္မတ ရဲဘော်ကြီး ဖီဒယ် ကက်စထရိုမှ အတည်ပြု ထုတ်ပြန်ပေးခဲ့ခြင်း ဖြစ်သည်။ သူ၏ ရုပ်အလောင်းမှ ဖြတ်၍ယူလာခဲ့သည့် လက်မောင်းရင်းမှ ပြတ်နေသည့် လက်နှစ်ဖက်အားကြည့်၍ သူကွယ်လွန်ခဲ့ပြီဟု အတည်ပြုခဲ့ရခြင်းဖြစ်သည်။ သူ၏ အလောင်းကိုမူ မတွေ့ခဲ့ကြ ရ။ နှစ်ပေါင်း (၃၀) အထိ ပျောက်ဆုံးနေခဲ့၏။ ၁၉၉၇ ခုနှစ် ဇူလိုင်လ (၁၂) ရက်တွင်မှပင် သူ၏ ရုပ်အလောင်း အား မြေ၀သုန်အတွင်းမှ ပြန်လည် တူးဖော်ရရှိတော့၏။

ဘိုးလီးဗီးယားနိုင်ငံ “ဗယ်ရီဂရန်ဒေသ” လေယာဉ်ကွင်းငယ်လေး အနီးမှ ဖြစ်သည်။ ကျင်းငယ်အတွင်း၌ ရုပ်အ လောင်း အရိုးစု (၇)စုအား တွေ့ရ၏။ အရိုးစု အမှတ် (၂)က လက်မောင်းရင်းမှနေ၍ လွှနှင့် တိုက်ဖြတ်ထားခြင်း ခံရသဖြင့် လက်နှစ်ဖက်စလုံး မရှိ။ ဒီအင်အေစစ်ဆေးမှုပြု၍အတည်ပြုနိုင်ခဲ့၏။သူ...။

သူကား နှစ်ပေါင်း (၃၀) ကြာမှပင် ကျူးဘားနိုင်ငံ “ဆန်တာကလာရာမြို့” ရှိ သူ၏ ဂူဗိမာန်အတွင်း ကိုယ်အင်္ဂါ စုံလင်စွာနှင့် လဲလျောင်းရတော့၏။

(၃)
သူနှင့် ပတ်သက်၍ သူ့ဝန်းကျင်၏ မှတ်ချက်အမြင်များမှ သူ့အား တွေ့ရမည်။ ပြင်သစ်အတွေးအခေါ် ပညာရှင် “ယန်ပေါဆတ်” က သူ့အား “ကျနော်တို့ခေတ်ရဲ့ အပြီးအပြည့်အစုံဆုံး လူသား” ဟူ၍ မှတ်ချက်ပေး၏။ အမေရိ ကန်နိုင်ငံ မေရီလင်းအင်စတီကျူက သူ့အား “ကမ္ဘာပေါ်တွင် နာမည် အကျော်ကြားဆုံး ၂၀-ရာစု ၏ သင်္ကေတတခု” ဟု သတ်မှတ်၏။ သူ၏ ရဲဘော်ကြီး ကျူးဘားသမ္မတ ဖီဒယ်ကက်စထရိုကမူ သူ့အား “သူဟာ သူ့ရဲ့ အ ကျင့်စာရိတ္တ၊ သူ့ရဲ့ စိတ်ဓာတ်၊ သူ့ရဲ့ကြံ့ခိုင်မှုနဲ့ အလုပ်လုပ်ရာမှာ စိတ်အားထက်သန်မှုတွေကို ထားရစ်ခဲ့တာဖြစ်တယ်။ တခွန်းတည်း အတိုချုပ် ပြောရမယ်ဆိုရင်သူ့ရဲ့စံနမူနာတွေကိုကျနော်တို့အတွက်ထားခဲ့တာဖြစ်တယ်”

(၄)
သူ့အား အားဂျင်တီးနားနိုင်ငံ၏ မြို့တော် “ဗွေနိုဇာရီမြို့” မှ မိုင် ၁၀၀ ကျော်ဝေးသည့် “ရိုစာရီယိုမြို့” တွင် မွေးဖွားခဲ့၏။ “ရိုစာရီယိုမြို့” က “ပါရာနာ” မြစ်၏ မြစ်ဝကျွန်းပေါ်ဒေသတွင် တည်ရှိသည့်မြို့ဖြစ်သည်။ စိုစွတ်၏။ အစဉ်အမြဲ အေးခဲ၍ နေသည်။

သူကား ၁၉၂၈ ခုနှစ် ဇွန် (၁၄) ရက်နေ့ဖွားဖြစ်သည်။ မောင်နှမ (၅) ယောက်အနက် အကြီးဆုံးဖြစ်သည်။ ဖခင် အာနက်စ်စတို ဂွေဗားယာလင်(ခ်ျ)က အင်ဂျင်နီယာ တဦးဖြစ်ပြီး မိခင်က စီလီယာ ဆာနာဖြစ်၏။ သူကား ငယ် စဉ်က ချူချာ၏။ ပန်းနာရင်ကြပ်သည်တဦး။ အေးလျှင် ပန်းနာဝေဒနာက ထပြီ။ ပန်းနာရင်ကြပ်ရောဂါ ရှိပေမယ့် သူကား အားကစားဖက်တွင်လည်း ထူးချွန်ခဲ့၏။ “ရဂ္ဂဘီပွဲ” များတွင် ခပ်ကြမ်းကြမ်း ကစားတတ်သည်။ ဖခင်က သူ့အား ငယ်စဉ်ကပင် သေနတ်ပစ် သင်ပေး၏။ စစ်တုရင် ကစားနည်း သင်ပေး၏။ သူသည် စစ်တုရင် ကစားရာတွင်လည်း ထူးချွန်သူတဦး ဖြစ်ခဲ့သလို သေနတ်ပစ်ရာတွင်လည်း…။

(၅)
သူက ငယ်စဉ်ကပင် စာအုပ်ပုံအကြား၌ ကြီးပြင်းခဲ့ရသူဟု ဆိုရမည်။ ဖခင်၏ ကိုယ်ပိုင် စာကြည့်ခန်းတွင် စာအုပ် ပေါင်း ၃၀၀၀ ကျော်ရှိ၏။ စာကြည့်တိုက်ငယ်လေး တခုပမာ။ “ဂျက်လန်ဒန်” ၊ ”“ဂျူးလဘန်း”၊ “ဆစ်ဂမန်ဖ ရိုက်”၊ “ဘာထရန်ရပ်ဆဲလ်” တို့အား ငယ်စဉ်ကပင် ဖတ်ခဲ့ရ၏။ သူက ကဗျာကိုလည်း အရူးအမူး စွဲလန်း၏။ “ပက်ဘလိုနီရူးဒါ” ၏ ကဗျာများအား အာဂုံဆောင် နိုင်သည်အထိ ဖတ်ခဲ့၏။ ဖခင်က လက်ဝဲ၀ါဒီ တဦးဖြစ်၍ သူ့ဖခင်၏ စာကြည့်ခန်းတွင် ကားမတ်ခ်၏ ကျမ်းများက ရှိပြီးဖြစ်သည်။ သူ လေ့လာခွင့်ရခဲ့၏။


(၆)
၁၉၄၇ ခုနှစ်တွင် သူ “ဗွေနိုဇာရီး” တက္ကသိုလ်တွင် ဆေးပညာ သင်ယူခဲ့သည်။ ထိုတက္ကသိုလ်မှပင် ဒေါက်တာ ဘွဲ့ ရရှိခဲ့၏။ ၁၉၅၁ ခုနှစ်တွင် သူသည် ဆေးတက္ကသိုလ် တက်နေရင်း ခွင့်ယူ၍ သူငယ်ချင်းတဦးနှင့် အတူ မော် တော်ဆိုင်ကယ် တစီးနှင့် လက်တင်အမေရိကတိုက်တလွှား ခရီးနှင်၏။ ချီလီသို့ ရောက်၏။ ချီလီမှသည် ပီရူး၊ အီကွေဒေါ၊ ကိုလံဘီယာ၊ ထိုမှ ဗင်နီးဇွဲလား...။

ဤခရီးစဉ်မှ သူသည် လက်တင်အမေရိကရှိ ပြည်သူတို့၏ ဆင်းရဲမွဲတေမှု၊ လူတန်းစား မညီမျှမှုများအား တွေ့ခဲ့ သည်။ ဤခရီးစဉ် အကြောင်းအား သူကိုယ်တိုင် စာပြန်ရေး၏။ “မော်တော်ဆိုင်ကယ် ဒိုင်ယာရီ” ဟူ၍ စာအုပ် အဖြစ် ထုတ်ဝေခဲ့၏။ စရေးသည်မှာ စပိန်ဘာသာနှင့် ဖြစ်သည်။ နောက်ပိုင်းတွင်မူ အင်္ဂလိပ်ဘာသာသို့ ပြန်၍ ထုတ်ဝေခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် ထိုစာအုပ်အားမှီး၍ ရုပ်ရှင် ပြန်ရိုက်၏။

(၇)
၁၉၅၃ ခုနှစ်တွင် အာဂျင်းတီးနား အစိုးရက ဆရာဝန်များအား အတင်းအကျပ် အမှုထမ်းခိုင်း၏။ သူက လူတ ယောက်ချင်း ခံစားနေရသည့် ဝေဒနာအား မကုသချင်။ ဤတွင် သူသည် အာဂျင်းတီးနားမှ တိမ်းရှောင် ထွက်ခဲ့တော့၏။ ပီးရူး၊ အီကွေဒေါ၊ ပနားမား၊ ကော်စတာရီကာ၊ နီကာရာဂွား၊ ဟွန်ဒူးရပ်စ်၊ အဲလ်ဘာလဗာဒို၊ ဂွာတီမာလာတို့မှ မက္ကဆီကိုသို့ ရောက်၏။ မက္ကဆီကိုတွင် သူသည် ကျူးဘားမှ ဖီဒယ်ကက်စထရိုတို့ အုပ်စုနှင့် တွေ့၏။ ပေါင်းမိ၏။ ထိုစဉ်က ဖီဒယ်ကက်စထရိုတို့ အုပ်စုအား“၂၆J”ရဲဘော်များဟုခေါ်ကြသည်။

ဖီဒယ်ကက်စထရိုတို့၏ “၂၆ J” ရဲဘော်များက ကျူးဘား အာဏာရှင် “ဖူလ်ဂျင်စီယို ဘာတစ္စတာ” အစိုးရအား လက်နက်ကိုင် ပုန်ကန်ရန် ကြိုးပမ်းနေကြသည့် တော်လှန်ရေးသမား လူငယ်များ။ မက္ကဆီကိုတွင်ပင် “၂၆ J” ရဲဘော်များနှင့်အတူ သူ စစ်သင်တန်းတက်ခဲ့၏။ သင်တန်းဆရာက မက္ကဆီကိုမှ ဗိုလ်မှူးကြီးဟောင်းတဦး။ သင်တန်းမှူး ဗိုလ်မှူးကြီးဟောင်း “အယ်ဘာတိုဘေးယို”က မှတ်ချက်ပြု၏။ “သူသည် သင်တန်းသားများအား လုံးအနက် အထူးချွန်ဆုံးဖြစ်သည်” ဟူ၍။



(၈)
၁၉၅၆ ခုနှစ် နိုဝင်ဘာလ (၂) ရက်နေ့တွင် “၂၆ J” ရဲဘော်များနှင့်အတူ သူသည် ကျူးဘားနိုင်ငံသို့ ၀င်ခဲ့ကြ၏။ Gramma အမည်ရှိ မော်တော်ငယ် တစီးနှင့်။ မိုင် ၁၃၀ ကျော်ဝေးသည့် ပင်လယ်ခရီးအား နှင်ကြ၏။ ရဲဘော်ရှစ် ကျိပ်နှင့် တယောက်။ ဓားကောက်သဏ္ဍာန် ကျူးဘားကျွန်းပေါ်သို့ ရောက်၏။ မကြာ ကျူးဘားအာဏာရှင် တပ်များနှင့် တိုက်ပွဲများ ဖြစ်သည်။ တိုက်ပွဲအဖြေက မကောင်း။ သူတို့ဘက်မှ ရဲဘော် (၆၉) ယောက် ကျဆုံး ကုန်၏။ သူ၊ ဖီဒယ်ကက်စထရိုနှင့် ရဲဘော်(၁၂)ယောက်သာ ကျန်တော့၏။ အငတ်ငတ် အပြတ်ပြတ်။ ကြံခင်း များအတွင်း ပုန်းနေကြ၏။ ကြံများ စုတ်ရင်းသာ အာဟာရ ဖြည့်နေ ကြရသည်မှာ ရက်သတ္တပတ်ခန့် ကြာ၏။ ဤမှ သူတို့ အာဏာရှင်အား ပြန်တိုက်၏။ မောင်းပြန်ရိုင်ဖယ် (၁၂) လက်။လူ(၁၂)ယောက်နှင့်။

(၉)
ကျူးဘားနိုင်ငံ “ဆီအဲယားမေထရာ” တောင်တန်းများပေါ်မှာ သူတို့ လွတ်မြောက်နယ်မြေ တည်ဆောက်၏။ သူပုန်စခန်းဖွင့်၏။ အောင်မြေ။

သူသည် ထိုဒေသမှစ၍ လူထုအတွင်း ဆေးခန်းများ ဖွင့်၏။ စာသင်ကျောင်းများ တည်ထောင်၏။ ဤတွင် သူ သည် မောင်းပြန်ရိုင်ဖယ်အား လက်မှကိုင်ရင်း လူထုအား ဆေးကုသ၏။ လူတယောက်ချင်း၏ ဝေဒနာအား သက်သာစေရန် ဆောင်ရွက်သလို လူ့အဖွဲ့အစည်း၏ ခံစားနေရသော ဝေဒနာကိုလည်း ကု၏။ လူထုမှ ထောက်ခံလာသည်။ တော်လှန်ရေးသည် မြင့်တက်၍ လာ၏။ ဒီလှိုင်းများသဖွယ် အားနှင့် မာန်နှင့်၊ အဆုံး၌ ကျူးဘား အာဏာရှင်အစိုးရ ကျဆုံးရ၏။

(၁၀)
ကျူးဘား တော်လှန်ရေးတွင် ကျူးဘားမဟုတ်သော သူသည် ရဲဘော်ကြီး ဖီဒယ်ကက်စထရိုပြီးလျှင် ဒုတိယ သြဇာအာဏာ အရှိဆုံးပုဂ္ဂိုလ် ဖြစ်လာ၏။ ကျူးဘားနိုင်ငံ၏ ပြန်လည်ထူထောင်လုပ်ငန်းများတွင် အဓိက တာ ၀န်ယူခဲ့သည်။ လူတန်းစားမဲ့ လူ့အဖွဲ့အစည်းသစ်ဆီသို့ ချီတက်ရာတွင် သူသည် စီးပွားရေးရာအပိုင်း၌ အဓိက ပဲ့နင်းကြီးအဖြစ် မောင်းနှင်ခဲ့ရသည်။ ကျူးဘားနိုင်ငံသုံး ငွေစက္ကူပေါ်၌ သူ့လက်မှတ်ထိုးပေးရ၏။ ထိုစဉ်က GATT (ကုန်သွယ်ရေးနှင့် အခွန်အကောက်ဆိုင်ရာ အထွေထွေ သဘောတူညီချက်အဖွဲ့) အစည်းအဝေးပွဲများ သို့ သူတက်ရောက်ခဲ့ရသည်။ သံလွင်ရောင် စစ်ဝတ်စုံ၊ ပြောက်ကျား ယူနီဖောင်းနှင့်...။

(၁၁)
၁၉၆၂ ခုနှစ်ကား စစ်အေးတိုက်ပွဲ အရှိန်အမြင့်မားဆုံး ကာလဟု ဆိုရမည်။ ဆိုဗီယက်တို့၏ ဒုံးကျည်များအား ကျူးဘားတွင် တည်ဆောက်မည်။ အမေရိကန်က သဘောမတူ။ ဤတွင် တင်းမာမှုက ကြီးမား၍လာ၏။ နျူက လီးယားစစ်ပွဲများ ဖြစ်လေမည်လား။ ကက်စထရိုနှင့် ခရူးရှော့ ဆက်ဆံရေးက အထူးကောင်းမွန်၏။

(၁၂)
၁၉၆၄ ခုနှစ် ဒီဇင်ဘာလမှ ၁၉၆၅ ခုနှစ် မတ်လအထိ သူသည် နိုင်ငံတကာ ခရီးစဉ်များသွား၍ သံခင်းတမန် ခင်းများအား ခင်းကျင်း၏။ ပြင်သစ်၊ အီဂျစ်၊ အယ်ဂျီရီယား၊ ဂါနာ၊ ဂီနီ၊ မာလီ၊ ဒါဟိုမီ၊ ကွန်ဂို၊ အိုင်ယာလန်နှင့် တရုတ်ပြည်သစ်နိုင်ငံများသို့။

ထိုစဉ်က ဆိုဗီယက်ပြည်ထောင်စုနှင့် တရုတ်ပြည်တို့က သဘောတရားအရ ကွဲလွဲနေကြချိန်ဖြစ်သည်။ သူက သဘောတရားအရတွင် “မော်” တို့နှင့် တူ၏။ ဤအတိုင်းပင် သူ့ခရီးစဉ်များအတွင်း ပြောဆိုဆွေးနွေး၏။ ကျူး ဘားခေါင်းဆောင်တဦး ပြောခြင်းဖြစ်၍ ကျူးဘားသဘောထားဟု ကမ္ဘာက မြင်ကြ၏။ ဤတွင် သူ့အပေါ် ဖီဒယ်ကက်စထရိုတို့ ညီအစ်ကို မနှစ်မြို့တော့။ သူတို့ ညီအစ်ကိုက “ခရူးရှော့”နှင့် နီးစပ်သူ။ သူခရီးစဉ်အပြီး “ဟားဗားနား” သို့ ပြန်ရောက်၏။ ဖီဒယ်ကက်စထရိုတို့ ညီအစ်ကိုနှင့် သူ၏ဆက်ဆံရေးက အေးအေးစက်စက်။ မကြာ သူ ကျူးဘားမှ ပျောက်သွားခဲ့တော့၏။ အားလုံးအားစွန့်လွှတ်၍...။

(၁၃)
အာဖရိကတိုက်ရှိ ကွန်ဂို-ကင်ရှာဆား ပြောက်ကျားစစ်ပွဲအတွင်း သူ သေနတ်ကိုင်၍ ရောက်သွား၏။ အာဖရိက တောနက်ကြီးအတွင်း ပြောက်ကျားစစ် ဆင်နေတော့၏။ ရာသီဥတုက ဆိုးသည်။ ထိုစဉ်က သူအသက်သည် (၃၈) နှစ်ခန့်ရှိပြီ။ ပန်းနာရင်ကျပ် ဝေဒနာက ပြန်ထ၍လာပြီ။ ဆိုးဆိုးဝါးဝါး။ မရတော့။ သူ အနားယူရသည်။ အ နားယူစဉ် ကာလအတွင်း “ကွန်ဂို ဒိုင်ယာရီ” အား ရေးခဲ့သည်။ သူ၏ တော်လှန်ရေးကာလ ကွန်ဂိုအတွေ့အကြုံများ။

(၁၄)
ထို့နောက် သူသည် ဘိုလီးဗီးယားအစိုးရအား တော်လှန်ရန် ဘိုလီဗီးယားသို့ ထွက်ခဲ့၏။ သူနှင့် ရဲဘော် (၁၇) ယောက်။ ဗီယက်နမ် ရဲဘော်များလည်း ပါသည်။ ပြီးလျှင် လက်တင်အမေရိကမှ ရဲဘော်များ။ ၁၉၆၇ ခုနှစ် အောက်တိုဘာ (၇)ရက်နေ့တွင် သူနှင့် ရဲဘော်များ ဘိုလီးဗီးယားနိုင်ငံ ယူဂို(ချူရီ) တောင်ကြားအတွင်းသို့ ၀င် ခဲ့ကြ၏။ ရိုင်ဖယ် သေနတ်များနှင့်။

ချောင်းရိုးငယ်အား ဖြတ်ကြ၏။ ဤတွင် ၀ိုင်းဝန်းပစ်ခတ်မှုအား သူတို့ ရုတ်တရက် ခံလိုက်ကြရ၏။ သူ ဦးဆောင် သည့် ပြောက်ကျားများ ဘိုလီးဗီးယား စစ်တပ်၏ ချုံခိုတိုက်ခိုက်ခြင်းအား ခံကြရပြီ။ အကျအဆုံးက များသည်။ သူလည်း ထိ၏။ ဆုတ်၍ မရ။ တက်၍ မရ။ နောက်ဆုံး သူ ဘိုလီးဗီးယား စစ်တပ်၏ ဖမ်းဆီးခြင်းအား ခံလိုက်ရ၏။

(၁၅)
၁၉၆၇ခုနှစ်အောက်တိုဘာလ(၉)ရက်နေ့။
ဘိုလီးဗီးယားနိုင်ငံ၏ မြို့တော်နှင့် ဝေးကွာလွန်းသည့် “ဗယ်လီဂရန်ဒေမြို့” လေယာဉ်ကွင်းငယ်၏ အနီးတွင် ဘိုလီးဗီးယားစစ်တပ်သည် ဒဏ်ရာနှင့် စစ်သုံ့ပန်းတဦးအား နောက်ပြန် လက်ထိပ်ခတ်၍ ထားသည်။ လက်ထိပ်ခတ် ခံထားရသည့် စစ်သုံ့ပန်းသည် ဘိုလီးဗီးယား စစ်သားများ၏ အရှေ့၌ မတ်မတ်ရပ်၍ နေသည်။ စစ်သားများက စစ်သုံ့ပန်းအား မောင်းပြန်ရိုင်ဖယ်သေနတ်များနှင့်ချိန်ထား၏။ စစ်သုံ့ပန်းက စစ်သားများအား သူ၏ စူးရှသော မျက်လုံးများနှင့် ကြည့်၏။

အမိန့်သံထွက်လာ၏။
ယမ်းပေါက်ကွဲသံများ ဆူညံ၍ သွားသည်။ ယမ်းညှော်နံ့တို့က လေယာဉ်ကွင်းအနီး မွှန်၍နေသည်။ စစ်သုံ့ပန်း သည် တဖြေးဖြေး ပျော့ခွေ၍ ကျသွားသည်။ သွေးတို့က ခန္ဓာကိုယ်အနှံ့မှ ယိုစီး၍ ထွက်လာသည်။ ပြီးလျှင် ဘို လီးဗီးယား စစ်သားများက သွေးအလူးလူးနှင့် လဲနေသော အလောင်း၏ လက်နှစ်ဖက်အား လက်မောင်းရင်းမှ လွှနှင့်တိုက်၍ ဖြတ်ကြ၏။ ထိုနောက် လေယာဉ်ကွင်း အနီးတွင်ပင် လက်မပါသော ခန္ဓာကိုယ်အား ကျင်းတူး၍ မြုပ်နှံလိုက်ကြတော့၏။

(၁၆)
မပုပ်မသိုးရန် ဆေးရည် စိမ်ထားသည့် လက်နှစ်ဖက်အား ဘိုလီးဗီးယားအစိုးရမှ ကျူးဘားသမ္မတ ဖီဒယ်
ကက်စထရိုထံသို့ပို့လိုက်၏။
၁၉၆၇ခုနှစ်အောက်တိုဘာလ(၁၅)ရက်။
ဤလက်နှစ်ဖက်အား ဖီဒယ်ကက်စထရိုသည် မြင်သည်နှင့် သိ၏။ သူနှင့် တော်လှန်ရေးများအတွင်း လက်တွဲခဲ့ သည့် လက်များ။ မလွဲနိုင်။သူ…။သူ…။
“အာနက်စ်တို ဂွေဗားရား ဒီလာဆနာ” သို့မဟုတ် “ချေ”။
ချေဟူသည်က…..စပိန်ဘာသာအရ“ရဲဘော်၊ရဲဘက်”ဟူ၍ဖြစ်သည်။
“မြေ၀သုန်ရေ ...
ဂုဏ်ပြုအပ်တဲ့
ဧည့်သည်တယောက်ကို
ဆီးကြိုပေတော့ ...”
(အော်ဒင်)

(ခေတ်ပြိုင် ဂျာနယ်မှ ရွှေအိမ်စည်၏ဆောင်းပါအား ကူးယူဖော်ပြသည်။)


Continue reading ...

February 15, 2009

ခွေးဆွဲသွားခြင်း

Unknown | 12:06 PM |
Continue reading ...

February 14, 2009

Valentine's Day နှင့် ကွေကွင်းနေရသော ချစ်သူတွေ

Unknown | 1:56 AM |


Valentine's Day အတွက်အမှတ်တရအနေနဲ့ ယခင်ဖတ်ပြီးသော သူငယ်ချင်းများလည်း ပြန်လည်ခံစားစေနိုင်ရန် မဖတ်ရသေးသော သူငယ်ချင်းများလည်း ခံစားနိုင်ရန်အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်.....

အချစ်၏ ဒုက္ခသည် အခြားအားလုံးသော
ပျော်ရွှင်မှုများထက်၊ ပို၍ချိုသာပေသည်။
(ဂျွန်ခရိုင်းဒင်း)

ဗယ်လင်တိုင်းစ်ဒေး (Valentine's Day) ခေါ်ချစ်သူများနေ့အကြောင်း ပါးစပ်ရာဇ၀င်အမျိုးမျိုး ရှိခဲ့သော်လည်း အများစု ယုံကြည်သည်ကတော့ စိန့်ဗယ်လင်တိုင်းသည် ရောမအာဏာရှင် ကလောဒီယပ်စ်ခေတ်က ခရစ်ယာန် သင်းအုပ်တစ်ပါးဖြစ်သည်ဟု ဆိုသည်။ အာဏာရှင်ကို အာခံမှုဖြင့် ဖမ်းဆီးသတ်ဖြတ်ခံရသူဖြစ်သည်။ အေဒီ ၂၆၉ ခုနှစ် ဖေဖော်ဝါရီလ (၁၄) ရက်တွင် ကွယ်လွန်ခဲ့သည်ဆိုသည်။ အေဒီ(၄၉၆)တွင် ပုပ်ရဟန်းမင်း ဂယ်လက်ဆီးယပ်စ်က ဗယ်လင်တိုင်းကို ဂုဏ်ပြုရန် ဖေဖော်ဝါရီ (၁၄) ကိုသတ်မှတ်ခဲ့သည်ဆို၏။

ဤသို့သော် ဗယ်လင်တိုင်းစ်ဒေးတွင် ထူးခြားသည့်ရာဇ၀င်တစ်ခုခုတော့ရှိနေသည်။ နိုင်ငံတကာ ချစ်သူများကလည်း ကြိုဆိုသည်။ တဖြည်းဖြည်းနှင့် ဖေဖော်ဝါရီ (၁၄)သည် ချစ်သ၀ဏ်လွှာတို့ အပြန်အလှန်မှတ်မှတ်ရရပေးပို့စရာ နေ့တစ်နေ့အဖြစ်ထင်ရှားလာသည်။ ကဗျာလေးတွေပို့ကြ စုဆုံကြသည်။ ဆုတောင်းကြသည်။ ချိန်းဆိုကြသည်။ တိုင်တယ်ကြသည်။ ပြီးတော့ ချစ်ကြသည်။

တကယ်တမ်း ရှေးယခင်ရောမခေတ်တုန်းကတော့ ဖေဖော်ဝါရီ (၁၄) သည် နတ်ဘုရားမ ဂျူနိုကို ဂုဏ်ပြုရသည့်နေ့ဖြစ်သည်။ ဂျူနိုသည် နတ်၊ နတ်သမီးတို့အားလုံး၏ အရှင်မဟု ရှေးခေတ်ရောမတို့ယုံသည်။ ဗယ်လင်တိုင်း၏ ရာဇ၀င်သည် ရောမအာဏာရှင် ကလောဒီးယပ်စ်(၂)လက်ထက် နိုင့်ထက်စီးနင်းအုပ်ချုပ်မှုများနှင့်အတူ စဖြစ်ပေါ်ခဲ့သည်။ ရောမသားတို့သည် မင်းဆိုးလက်ထက်တွင်မပျော်ပိုက်ကြ။ ရောမမင်းဆိုး ကလောဒီးယပ်စ်ကို သူတို့မနှစ်မြို့ကြ။ ကလောဒီးယပ်စ်ကတော့ စစ်တပ်အင်အားကို အကြီးအကျယ်ချဲ့ထွင်ချင် သည်။ ယောက်ျားတိုင်းကို စစ်ထဲဝင်စေချင်သည်။ ရောမသားလူငယ်တို့က စစ်မတိုက်ချင်ကြ။ မိသားစုက မခွဲချင်ကြ။ ချစ်သူကို မထားခဲ့ချင်ကြ။ ဒါကိုပဲ ကလောဒီးယပ်စ်က ဒေါသထွက်သည်။ သူ့တွက်ကိန်းက လက်ထပ်မင်္ဂလာပွဲများမရှိလျှင် ဒီကောင်တွေ စစ်ထဲဝင်နိုင်လာလိမ့်မည်။ ထို့ကြောင့် လက်ထပ်ပွဲများခွင့်မပြုတော့ကြောင်း အမိန့်ထုတ်သည်။

လူငယ်များကတော့ အမိန့်သစ်သည် ရက်စက်သည်၊ တရားလွန်သည်ဟုထင်သည်။ မလိုက်နာနိုင်ကြ။ ရောမ၌ သင်းအုပ်ဆရာဖြစ်သည့် ဗယ်လင်တိုင်းသည် ကလောဒီးယပ်စ်၏ အမိန့်အာဏာကို အာခံခဲ့သည်။ သူနှင့် စိန့်မာရီယပ်စ်တို့က ချစ်သူလူငယ်စုံတွဲတို့ကို လျို့ဝှက် စွာ လက်ထပ်ပေးသည်။ ထို့ကြောင့် ဗယ်လင်တိုင်းသည် ရောမမြို့သား အားလုံးရှေ့တွင် ဖမ်းဆီးဒရွတ်ဆွဲခေါ်ယူခံရသည်။ မသေမချင်း ခေါင်းကို တင်းပုတ်ဖြင့် ထုသတ်ခံရသည်။ ဖေဖော်ဝါရီ (၁၄)ရက်မှာ သူသည် အာဇာနည်အဖြစ် သေဆုံးခဲ့သည်ဟု သမိုင်းချန်နယ်က ရှင်းပြသည်။

ထိုမှစကာ သည်နေ့ရောက်တိုင်း ဗယ်လင်တိုင်း၏ ကျေးဇူးတော်ကို တသချီးကျူးကြသည်။ ချစ်ခြင်းမေတ္တာကိုလေးနက်စာဖွဲ့ကြသည်။ ဤအလေ့အထကလေး ပိုထွန်းကားလာသည်။ အလယ်ခေတ်ရောက်တွင်တော့ ဗယ်လင်တိုင်းနေ့ မနက်တွေ့ဆုံရသော လုလင်ပျိုသည် အပျိုမကလေး၏ ဖူးစာရှင်ဖြစ်သည်ဟူသော ယုံကြည်မှုများပင်ရှိလာခဲ့သည်။

(၁၇) ရာစုအရောက်လောက်တွင်တော့ အိမ်ထောင်ရှင်များပင်လျှင် ဗယ်လင်တိုင်းနေ့ကို ပါဝင်ဆင်နွှဲလာကြတော့သည်။ ဗယ်လင်တိုင်းနေ့တွင် ပို့သည့်ပန်းပွင့်ကလေးများ၊ စာသ၀ဏ်လွှာကလေးများဖြင့် သည်လင် သည်မယားတို့၏ ချစ်မေတ္တာကိုအသစ်တဖန် လန်းဆန်းလာစေကြသည်။ အိုအောင်မင်းအောင်နှစ်ကိုယ့်တစ်စိတ်ဘ၀ကို ဗယ်လင်တိုင်းနေ့တွင် ထပ်မံသစ္စာတိုင်ကြလေးနက်ကြစေပြန်သည်။

(၁၉) ရာစု အရောက် ဂူတင်ဘတ်တို့ ပုံနှိပ်စက်များ ထွန်းကားလာချိန်နောက်ပိုင်းတွင် ပုံနှိပ်ဖော်ပြသည့် ဗယ်လင်တိုင်း ကတ်ကလေးများက ဥရောပတခွင် ပလူပျံလာတော့သည်။ ဥရောပတိုက်အနှံ့က စတိုက်ဌာနများတွင် ချစ်မေတ္တာသင်္ကေတများကို သယ်ဆောင်လာသည့် ကတ်ပြားငယ်များ သိန်းသန်းချီကာ ပြည့်နှက်လာတော့သည်။

“ကမ္ဘာ့ရွာ” ကုန်သွယ်စီးပွားခေတ်တွင်တော့ ချစ်သူများနေ့သည် ထူးထူးခြားခြား အရောင်းမြှင့်တင်စရာအဖြစ် ပိုလို့ပင် ထင်ရှားလာသည် နိုင်ငံတကာချစ်သူများ သိသိသာသာ အလေးထားနေကြသည့် နေ့တစ်နေ့အဖြစ် ထင်ရှားလာသည်မှာ ကြာခဲ့ပြီဖြစ်သော်လည်း မြန်မာနိုင်ငံတွင်တော့ လွန်ခဲ့သော (၁၀)နှစ်ခန့်အထိ လူငယ်များစွာထုကြားတွင် သိပ်မထင်ပေါ်သေးပါ။

ယနေ့ကာလတွင်တော့ ချစ်သူများနေ့သည် မြန်မာပြည်သားများစွာအတွက် အလွန်ရင်းနှီးကျွမ်းဝင်လာခဲ့ချေပြီ။ မြန်မာ့မီဒီယာများ၊ မြန်မာ့ဈေးကွက်တွင် ချစ်သူများနေ့သည် တဟုန်ထိုးရေပန်းစားလာလွန်းသဖြင့် အရောင်းမြှင့်တင်ပွဲကလေးများ၊ ရေးသားတင်ပြမှုများကိုပင် အာဏာရှင်စစ်အစိုးရက ပိတ်ပင်တားမြစ်ခြင်းများ၊ ဖမ်းဆီးချုပ် နှောင်မှုများပြုလုပ်ခဲ့သည်။ ချစ်မေတ္တာကို ပိတ်ပင်တားဆီးသည့် မင်းဆိုးကြောင့် စတင်ဖြစ်ပေါ်လာသော (Valentine's Day) အထိမ်းအမှတ်နေ့ကလေးသည် မြန်မာပြည်မှာလည်း မင်းဆိုး၏ တားမြစ်ခြင်းခံရပြန်ပြီဟုဆိုနိုင်ပါသည်။

မြန်မာနိုင်ငံပြင်ပက ချစ်သူတွေက နိုင်ငံတွင်း၊ နိုင်ငံပြင် အဝေးချစ် ချစ်ရသူတွေအတွက်တော့ ဤနေ့ကိုအလွမ်းစိတ်ကလေးများဖြင့် ဖြတ်သန်းရသည်မှာ သေချာပါသည်။ ဤနေ့ကလေးတွင် နိုင်ငံတကာချစ်သူများနွေးထွေးဆုံဆည်း ချစ်ရည်လူးနိုင်သည့် နေ့တစ်နေ့ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ချစ်သောသူတို့ ကွေကွင်းနေဆဲ မြန်မာနိုင်ငံတွင်မဆုံသေးသည့် ချစ်သူတို့ မည်မျှရှိမည် မှန်းဆရဲနိုင်စရာမရှိ။ ဇာတိမြေနဲ့အဝေး၊အိုးအိမ်နဲ့အဝေး မြန်မာအလုပ်သမား (၂) သန်းကျော်ဟာ ထိုင်းနိုင်ငံမှာရှိနေသည်။ အဝေးရောက်ဒုက္ခသည်များကလည်း သိန်းဂဏာန်းများစွာရှိသည်။ နိုင်ငံတကာတွင်လည်း ကျောင်းသားများ အလုပ်သမားများသိန်းချီရှိနေသည်။ နိုင်ငံရေးအတွက် စီးပွားရေးအတွက်၊ ပညာရေးအတွက် အကြောင်းမျိုးစုံဖြင့် ပြည်ပရောက် မြန်မာထုမှာ အခြားနိုင်ငံတကာပြည်ပရောက်များ၏ အရေအတွက် အချိုးနှင့်ယှဉ်လျှင် ထိပ်ဆုံးတန်းတွင် ရှိနိုင်သည်။ ချစ်သောသူနှင့်ဝေးကွာနေရသူများစာရင်းတွင် မြန်မာပြည်သားအရေအတွက်က အလွန်အမင်း များပြားဖွယ်ရှိသည်။ ထိုင်းနိုင်ငံတွင် သန်းချီသည့် ရွှေ့ပြောင်းလုပ်သားများ၊ နိုင်ငံတကာရောက် ကျောင်းသားများ၊ အလုပ်သမားများ၊ နိုင်ငံရေးယုံကြည်ချက်ကြောင့်၊ စီးပွားရေးကြောင့်၊ ပညာရေးကြောင့် မြန်မာပြည် မပြန်နိုင်သေးသူများတွင် ချစ်သူများနေ့၌ ချစ်သူနှင့်ဝေးနေရသူများ၊ မြန်မာနိုင်ငံသားများ ချစ်သောသူနှင့် ဆက်လက်ကွေကွင်းနေကြရခြင်းများကို မြင်ရကြားရသည့်အခါ စိတ်မကောင်းပါဘူး အလွမ်းချင်း ကိုယ်ချင်းစာမိတယ်...။

“ သူနဲ့ဝေးနေတဲ့ ကာလအတွင်းမှာ ကိုယ့်အခွင့်အရေးတွေ ဆုံးရှုံးသွားတာပေါ့ ”

“ ပြီးခဲ့တဲ့ ချစ်သူများနေ့တွေမှာ သူများစုံတွဲတွေ ပျော်နေတာမြင်တဲ့အခါ ၀မ်းသာပေမယ့် ကိုယ့်အတွက်တော့ တွေးမိရင်တော့ ၀မ်းနည်းမိတယ်”

“ ကျနော်ကံကောင်းချင်တယ်ဗျာ... စားဝတ်နေရေးအခက်အခဲကြောင့် ကျနော်တို့ တွေဝေးခဲ့ကြတယ် အခုတော့ ဝေးပြီးရင်းဆက်ဝေးနေရအုံးမယ် ကံကောင်းပါရစေဗျာ...”

“ ကျနော်လည်း နောက်တစ်နှစ်ခွဲလောက် ကျောင်းဆက်တက်ရင်း သူနဲ့ ဆက်ဝေးနေရဦးမယ်”

တကယ်တော့ အချစ်ဆိုတာ နှစ်တွေဘယ်လောက်ဘဲကြာကြာရေမြေဘယ်လောက်ခြားခြား ခံစားမှုက ဆန်းသစ်နေမြဲပါ။

အခြေအနေအကြောင်းအမျိုးမျိုးကြောင့် ချစ်သူတွေ ကွေကွင်းခြင်းဒုက္ခတွေကင်းဝေးပြီး ပျော်ရွှင်နိုင်ကြပါစေ ... ...။

ပြည့်စုံ

ကိုးကား .....
- ချစ်သူများနေ့နှင့် ဝေးနေသေးတဲ့ချစ်သူတွေ (သန်းဝင်းထွဋ်)
Continue reading ...

ပြည့်စုံ © 2013. All Rights Reserved | Powered by:Blogger

Designed by:Windroidclub