December 30, 2012

၂၀၁၁ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ရရှိကြသူများ

Unknown | 3:37 PM | | |
၁။ အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆု - နောင်နောင် (ထာဝရ အလင်းတန်းများ)
၂။ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု - မယ်လိုဒီ (ထာဝရ အလင်းတန်းများ)
၃။ အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆု - မော့စ် (ထာဝရ အလင်းတန်းများ)
၎။ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆု - ချစ်စနိုးဦး (ရင်ကွဲနာ)
၅။ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆု - ထာဝရ အလင်းတန်းများ
၆။ အကောင်းဆုံး ရုပ်ရှင်ဓါတ်ပုံဆု - တင်ဆန်း (ပန်းကြာဝတ်မှုန်)
၇။ အကောင်းဆုံး တည်းဖြတ်ဆု - ဟိန်းထက် (ထာဝရ အလင်းတန်းများ)
၈။ အကောင်းဆုံး ရုပ်ရှင် တေးဂီတဆု - ဇော်မျိုးထွဋ် (ထာဝရ အလင်းတန်းများ)
၉။ အကောင်းဆုံး ဇာတ်ညွှန်းဆု - မြင့်အောင်၊ စိုးကျော်ဆန်း (ထာဝရ အလင်းတန်းများ)
၁၀။ အကောင်းဆုံး ရုပ်ရှင်အသံဆု - ဆန်းဦး (ပန်းကြာဝတ်မှုန်)
၁၁။ အကောင်းဆုံး ဒါရိုက်တာဆု - ထွန်းအောင်ဇော် (ထာဝရ အလင်းတန်းများ)

ဆက်လက်ကြည့်ရှုရန်....

Continue reading ...

July 23, 2012

Iron Cross (IC) Show in USA

Unknown | 5:15 PM | |
လေးဖြူ ၊ အငဲ ၊ မျိုးကြီး ၊ ၀ိုင်ဝိုင်း ၊ D လွန်း တို့ပါဝင်သော...
Iron Cross (IC) State Show တက္ကဆပ်ပြည်နယ် ဒန်တွန်မြို့တွင် August 18 (စနေနေ့) 2012 ညနေ 6:30 pm ကျင်းပမှာဖြစ်ပါတယ်...။
ဝင်ကြေးက $ 50, $ 60, $ 80 ဖြစ်ပါတယ်...။ August 4 ရက်နေ့မတိုင်မီ လက်မှတ် ၀ယ်ယူသူများအတွက် $ 10 လျှော့ပေးမည်လို့တော့ ရေးထားတာပဲ ဒါပေမယ့် အတိအကျတော့ မသိပါဘူး ပေးထားသော ဖုန်းနံပါတ် အတိုင်း ဆက်သွယ်မေးမြန်နိုင်ပါတယ်..။

ကျင်းပမည့် နေရာလိပ်စာကတော့
University of North Texas, Denton
1401 W. Hickory Street
Denton, TX 76201
Continue reading ...

June 16, 2012

နိုဘဲလ်ငြိမ်းချမ်းရေးဆုပေးပွဲ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားစဉ်

Unknown | 2:15 PM | | | |


ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးဖြတ်သန်းမှု ပုံရိပ်လွှာမှတ်တမ်း ရုပ်သံ




Ref; Kanal von peacerunning
Continue reading ...

April 25, 2012

နို့ဖိုးဒုက္ခသည် စခန်းမှ ဒုက္ခသည်အချို့ ဆန္ဒပြ

Unknown | 4:45 PM | | |
 
နို့ဖိုးဒုက္ခသည် စခန်းတွင်း တနေရာ 
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ အုန်းဖန်မြို့နယ် နို့ဖိုးဒုက္ခသည်စခန်းအတွင်းရှိ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး-UNHCR အရှေ့၌ ဒုက္ခသည် ၁၀၀ဦးခန့်က ယူအဲန်ဓါတ်ပုံရိုက်ပေးပြီး တတိယနိုင်ငံထွက် နိုင်ရန် ယနေ့ မနက် ၉နာရီခွဲမှ မွန်းလွဲ ၁နာရီအထိ တောင်းဆိုဆန္ဒ ပြခဲ့ကြသည်။ ဆန္ဒပြဒုက္ခသည်များသည် အများအားဖြင့် ၂၀၀၉ခုနှစ်မှစ၍ နို့ဖိုးစခန်းရှိ ရပ်ကွက်(၁၆)တွင် ရောက်ရှိလာသူများဖြစ်ပြီး ထိုင်း-မြန်မာနယ် စပ်အခြေစိုက် ဒုက္ခသည်များအတွက် စားနပ်ရိက္ခာထောက်ပံ့ပေးနေသည့် (TBBC)မှ ပေးသော ရိက္ခာလက်မှတ် ရရှိထားသူများဖြစ်သော် လည်း UNHCR မှတ်ပုံတင်လက်မှတ် မရှိသေးသည့်အတွက် ပြုလုပ်ပေးရန် ယခုလို ဆန္ဒပြကြခြင်းဖြစ်သည်ဟု သိရသည်။ နို့ဖိုးစခန်းအတွင်းရေးမှူး စောသူးလေဒို့စိုးက ဆန္ဒပြသူများသည် နိုင်ငံခြားသို့ သွားရောက်အခြေချရန် စောင့်ဆိုင်းနေကြသူများဖြစ်ကြပြီး UN အနေဖြင့် ၎င်းတို့အား ကူညီရန်နှင့် ဒုက္ခသည်အဖြစ် တရားဝင် အသိအမှတ်ပြုပေးရန်အတွက် ဆိုင်းဘုတ်ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြ ခြင်းဖြစ်သည်ဟု ပြောသည်။ “သူတို့တွေ ဆန္ဒပြပေမယ့် ယူအဲန်က ဓါတ်ပုံ (ယူအဲန် မှတ်ပုံတင်လက်မှတ်)လာရိုက်ပေးပြီး နိုင်ငံခြား ထွက်ဖို့က မဖြစ်နိုင်သေးဘူး။ ထိုင်း နိုင်ငံရဲ့ စည်းမျဉ်းစည်းကမ်းအရဆိုရင် ထိုင်းအစိုးရက သူတို့ကို လက်ခံမှ ယူအဲန်က လာလုပ်လို့ ရမယ်လေ။”ဟု ပြောသည်။ ယနေ့ မနက် ဒုက္ခသည်စခန်းအတွင်းသို့ ရောက်ရှိလာသည့် ယူအဲန်တာဝန်ရှိသူများက ဆန္ဒပြသူများကို ခေါ်ယူ ပြောဆိုမှုများရှိသော် လည်း တိကျသည့် အဖြေများ ပေးနိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။ ဆန္ဒပြမှုကို ကိုယ်တိုင် သွားရောက်ကြည့်ရှုခဲ့သူ ကရင်ဒုက္ခသည်များကော်မတီ(ကေအာရ်စီ) အဖွဲ့ဝင်တဦးဖြစ်သူ စောထွန်းဝင်းက “ဆန္ဒပြ တာက အဓိက နိုင်ငံခြားထွက်နိုင်ရေး ကိစ္စပါပဲ။”ဟု ပြောဆိုသည်။ နို့ဖိုးစခန်းတွင် ယခင်က ထိုသို့ အလားတူ ဆန္ဒပြသူများမှုမျိုး မရှိဘဲ ယနေ့ဆန္ဒပြမှုတွင် ကချင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်နှင့် သျှမ်း တိုင်းရင်း သားလူမျိုးများ ပါဝင်ခဲ့ကြသည်။ လက်ရှိ နို့ဖိုးဒုက္ခသည်စခန်းတွင် ကရင်အပါအ၀င် တိုင်းရင်းသားလူမျိုးများ စုစုပေါင်း ၁သောင်းကျော်နေထိုင်ပြီး တရားဝင် ဒုက္ခသည်အ ဖြစ် UNHCR မှ မှတ်ပုံတင်ပြီးသူ ၈ထောင်ခန့်နှင့် မှတ်ပုံမတင်ရသေးသူ ၃ထောင်ခန့် ရှိသည်ဟု ကေအာရ်စီ၏ ၂၀၁၂ခုနှစ်၊ ဇန်န၀ါရီလ ထုတ် ဒုက္ခသည်ဦးရေအရ သိရသည်။

Ref; KIC News
Continue reading ...

April 14, 2012

တက္ကဆပ်ပြည်နယ် ဒါးလက်မြို့ နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်

Unknown | 3:28 PM | |


၁၄၊၄၊၂၀၁၂ (စနေနေ့)တွင် တက္ကဆပ်ပြည်နယ် ဒါးလက်မြို့မှာ ကျင်းပတဲ့သင်္ကြန်ပွဲဖြစ်ပါတယ်။ ဒါးလက်မြို့၊ အာဗင်းမြို့၊ ဖို့ဝက်မြို့ အစရှိတဲ့အနီးအနားမြို့များမှ မြန်မာမိသားစုများပေါင်းစုစည်းကာ ဘာသာအလိုက်ဝတ်ပြုဆုတောင်းပွဲများ၊ မြန်မာတီးဝိုင်းကာရာအိုကေများ သင်္ကြန်ယိမ်းအကများဖြင့်အတူ မုန့်လုံးရေပေါ်၊ မုန့်ဟင်းခါး၊ ရခိုင်မုန့်တီ အစရှိသည့် မြန်မာ့ရိုးရာအစားအစာများဖြင့်တည်ခင်းဧည့်ခံခဲ့ကြပါသည်။ သင်္ကြန်ပွဲတော်အခမ်းအနားကို ရွှေဗီဒီယိုအင်တာနက်ဝက်ဆိုဒ်မှ တိုက်ရိုက်ပြသခဲ့ပါသည်။
Continue reading ...

February 01, 2008

မဲဆောက်(သို့မဟုတ်) ထိုင်းနိုင်ငံရောက်ရွာသားမျက်စေ့

Unknown | 11:14 AM | | |

ဘ၀လှိုင်းတံပိုးတွေကြားထဲကမြို့
အလိမ်အခေါက်များတဲ့မြို့
မျှော်လင့်ချက်တွေ အရိုက်ချိုးခံခဲ့ရတဲ့မြို့
ဘ၀တခုလုံး စုံးစုံးမြုပ်ခဲ့ရတဲ့မြို့
နောင်တတွေ တသီကြီးနဲ့မြို့
ဘ၀အမောတွေထဲကမြို့
.... .... ..... ..... .... ။

ရှင်သန်လာခဲ့
အိပ်မက်တွေနဲ့အတူ
ကမ္ဘာကြီးကကြိုလင့်စောင့်နေ
တောက်ပတဲ့ နေ့သစ်တွေဆီ
သံသရာ အငြိုးတွေကြောင့်လား
လမ်းတ၀က်မှာ ပျောက်ရှသွားခဲ့
တောမောင်းရဲ့ ဆိုက်အကြည့်မှာ
“ ဆ၀ါဒီ ခပ်” မှာအားနည်းသွားခဲ့ကြ..။

လျှပ်စစ်မီး
ပြည်တွင်းစစ်မီး
သောကအပူမီး
မြေကမမျို လူလူအချင်းချင်းသာမျို
အသွေးအသားကို ပြန်ရောင်းတဲ့အထိ..။
ဘ၀တစ်ခုလုံး စုတ်ပြတ်သပ်သွားအောင်
မိုက်မဲတယ်လို့ဘဲ ပြောပြော
ပတ်ဝန်ကျင် တံတွေးခွက်ထက်
မိသားစုအရေး ပိုမည်မထင်။

မြန်မာ စကားတွေ အသံတွေ
ဈေးထဲမှာ
စက်ရုံတွေမှာ
ဟော်တယ်ကုတင်တွေမှာ
ဇိမ်ခန်းတွေမှာ
ဘီယာဘားတွေမှာ
စိုက်ခင်းတွေမှာ
ဆောက်လုပ်ရေး ဆိုဒ်တွေမှာ....။

ဝဋ်ကြွေးကြောင့်လား
ရှောင်မရတဲ့ သံသရာကြောင့်လား
ကယ်သူမဲ့ ဘ၀တွေ
“ ကျောင်းမနေဘူးသေးပါဘူး
သားကျောင်းစာအုပ်ဖိုးမတတ်နိုင်လို့
သားက သူတောင်းစားအစစ်မဟုတ်ပါဘူး
.... ...... ..... ..... ”
အနာဂတ်မဲ့ ရှင်သန်နေကြတဲ့
အလင်းမဲ့နေ့တွေနဲ့အတူ
ပန်းလေးတွေမဝေခင်မှာကြွေခဲ့ ....
အော် .... ဆုတောင်းမှားခဲ့ကြလို့လား....။

Continue reading ...

January 30, 2008

ဒုက္ခသည်တောပုန်းဘဝ

Unknown | 7:33 PM | |


“အတီးကအောက်ကွင်းသားပါ၊ ဟိုးပဲခူးရိုးမဘက်ကနေ ထွက်ပြေးလာခဲ့ရတာပါ။ စစ်တပ်ရဲ့ ဖြတ်လေးဖြတ်ထိုးစစ်တွေကြောင့်ပါ။ မည်းမည်းမြင်ရာ အကုန်ပစ်သတ် နေတဲ့အချိန်ပေါ့။”
၁၉၇၄/၇၅ ခုနှစ် ဖြတ်လေးဖြတ်စနစ်ကိုကို ကရင်နယ်မြေမှာ စစ်တပ်က ကျင့်သုံးခဲ့ပါတယ်။ အများဆုံးကတော့ ညောင်လေးပင်ခရိုင်၊ တောင်ငူခရိုင်၊ ဖာပွန်ခရိုင်၊ သထုံခရိုင် ကော်သူလေးသတ်မှတ်ရာ နယ်မြေတွေမှာဖြတ်လေးဖြတ်ကို စစ်တပ်ကကျင့်သုံးခဲ့ပါ တယ်။အဓိကအနေနဲ့ ကရင်သူပုန်တွေကို ချေမှုန်းတဲ့စစ်ဆင်ရေးတွေပြု လုပ်ခဲ့တာပါ။ ရွာကြီးတွေထဲ ရွာလေးတွေဝင်စေပါတယ် ဒါကိုစုစည်းကျေးရွာတည်လို့သတ်မှတ်ထားပါတယ်။ နောက်ပြီးတော့ နေရာသစ်တွေမှာ စုပေါင်းပြီး ရွာတည်ခိုင်းခဲ့ကြပါတယ်။

ကွင်းဒေသလိုနေရာတွေမှာ အဲဒီလို ရွာတည်ထားတဲ့နေရာတွေမှာဆိုအရမ်းဒုက္ခအကြီး အကျယ်ရောက်ကြပါတယ်။ ရွာထဲကထွက်ချင်ရင် ခွင့်ပြုလက်မှတ်အတွက် ပိုက်ဆံပေးကြရတယ် အဲဒီတုန်းကဆို (၁၀)ကျပ်ပါ။ ညနေ(၆)နာရီဆိုရင် ရွာအပြင်ထွက်မရ တော့ဘူး။ တွေ့ရင်ပစ်သတ်ခံရပါတယ်။ အဲဒီတော့ တောင်ယာတွေကိုလည်း ပစ်ထားခဲ့ရပါတယ် စောင့်အိပ်လို့မရပါဘူး။ တောင်ယာထဲကို ပြင်ပက တိရစ္ဆာန်တွေက ၀င်စား၊ စပါးတွေပျက်၊ လွတ်လပ်မှုကမရှိ တခါတလေ ပေါ်တာလိုက်ရတယ်။ စစ်တပ်အတွက် အဓမ္မလုပ်ပေးတွေလုပ်ပေးရတယ်။ (၁၃)နှစ် (၁၄)ကလေးတွေလည်းလုပ်ရပါတယ်။ အဲဒီလိုနဲ့ စုစည်းကျေးရွာတွေမှာ မနေနိုင်ကြတော့အခါမှာ တောထဲမှာ ပုန်းအောင်းနေသူ တွေဖြစ်လာခဲ့ကြပါတယ်။ “ ဖထီးတို့ကတော့ ဒီရွာတွေမှာသွားမနေချင်ဘူး။ တောင်ယာကို ကောင်းကောင်းခုတ်ချင်တယ်။ တောထဲမှာ စစ်တပ်မလာရင်၊ ဖားရှာ၊ ငါးရှာစား ဟင်းသီးဟင်း ရွက်ခူးရှာစားရတာ လွတ်လပ်တာပေါ့။ တဲတွေမှာတော့ အမိုးပဲရှိတယ်၊ အကာကတော့ မရှိပါဘူး။ စစ်တပ်လာရင်ပြေဖိုး အဆင်သင့်လုပ်ထားတာပါ။ သူတို့တွေက ဖထီးတို့ကို လိုက်ရှာပြီး တောင်ယာတွေ မီးရှို့တယ်။ သူတို့က ပြောတယ် ဒီတောင်ယာစပါးတွေက ကရင်သူပုန်တွေကို ထောက်ပံ့ဖို့လုပ်တာမို့လို့ မီးရှို့ရတာတဲ့။ ဒီမြေ ဒီရေကို ဖထီးတို့ ဘိုးဘွား ပိုင် ယာမြေ၊ ခြံမြေတွေပါ၊ ဒီနေရာကို ဖထီးတို့ ခွာမသွားချင်ဘူးလေ။” အဲဒီလို မြေယာတွေကို ခင်တွယ်ပြီးတော့ တောထဲမှာ ဒုက္ခခံနေရတဲ့ တိုင်းရင်းသားတွေ မြန်မာပြည်ထဲမှာ အများကြီးပါ။ တောင်ယာခုတ်၊ ဟင်းရွက်ရှာတွေဟာ သူတို့တွေရဲ့ ဓလေ့တွေပါ။ ဒညင်းခြံတွေ၊ ဒူးရင်းခြံတွေ၊ ငှက်ပျောခြံတွေဟာ အခုဆိုရင် မီးလောင်ပြင်တွေဖြစ်ကုန်ပါပြီ။ အဲဒီမီးလောင် ပြင်ကိုကြည့်ပြီး ရှိုက်ငိုကြွေးနေကြတဲ့ ကရင်လူမျိုးတွေကို တောင်ငူခရိုင်နဲ့ ဖာပွန်ခရိုင်တွေမှာ အများဆုံးတွေ့မြင်နိုင်ငါတယ်။ (၁၉၈၈)နောက်ပိုင်းမှာဆိုရင် များပြားလှတဲ့ စစ်အင်အားသုံးပြီး ကျေးရွာတွေကိုဝင်ရောက်သိမ်းပိုက်ပြီး တပ်တွေစွဲခဲ့ကြပါတယ်။ ရွာသားတွေဟာ အစားအသောက်ငတ်ပြတ်မှုတွေကြောင့်ပုန်းအောင်နေတဲ့နေရာကနေ တောင်ယာခြံတွေထဲ သီးနှံ ဟင်းသီးဟင်းရွက်တွေ ခိုးခိုးပြီးခူးယူစားသောက်ကြရတယ်။ အဲဒါတွေကို စစ်တပ်ကသိတော့ တောင်ယာတွေမီးရှို့ ဥယျာဉ်ခြံတွေအနားမှာ မိုင်းတွေထောင်ခဲ့ကြပါတယ်။ မိုင်းထောင်တော့ ခြေပြတ်တဲ့သူတွေပြတ် လက်ပြတ်တဲ့သူတွေပြတ်၊ သေတဲ့သူတွေလည်းသေ။ ထွက်ပြေးရင်းနဲ့ စစ်တပ်ကမိသွားတဲ့အခါ ယောက်ျားတွေဆို တခါတည်းသတ်ပစ်ခဲ့ကြပါတယ်။ မိန်းခလေးတွေ အိမ်ထောင်သည်တွေ ငယ်ငယ်ရွယ်ရွယ်တွေဆိုရင် မုဒိန်းကျင့်ပြီးသတ်ပစ်ခဲ့ကြတယ်။ နောက်ပြန်ရှာလို့တွေ့တဲ့အခါ တချို့ဆိုရင် မိန်းမတန်ဆာတွေကို ၀ါးချွန်တွေနဲ့ထိုးပြီးတော့ကိုရက်ရက်စက်စက် သတ်ပစ်ခဲ့ကြတယ်။
နအဖစစ်တပ်ရဲ့ သတ်ဖြတ်ချင်းခံရတဲ့ ရွာသားတွေထဲမှာအသက်(၁၈)နှစ် အောက် ခလေးတွေလည်းပါဝင်ပါတယ်။ တကယ်တော့ ခလေးတွေမှာ အပြစ်မရှိပါဘူး မိသားစုနဲ့အတူ ပြေးလွှားပုန်းအောင်နေကြရတာဆိုရင် ပြည်တွင်းမှာ သိန်းဂဏန်းနဲ့ချီပြီးရှိပါတယ်။ ခလေးတွေဆိုရင် သောင်းဂဏန်းနဲ့ရှိပါတယ်။ လက်လှမ်းမမှီတဲ့နေရာတွေမှာဆိုရင် ခလေးငယ်တွေ ဘယ်နှစ်ယောက်သေဆုံးခဲ့တယ်ဆိုတာကို စာရင်းကောက်နိုင် ခြင်းမရှိသေးပါဘူး။ အကယ်၍ စာရင်းကောက်နိုင်ခဲ့မယ်ဆိုရင် ကျနော်တို့မြန်မာနိုင်ငံဟာ ခလေးအသေအပျောက်အများဆုံး အမှတ်စဉ်ထဲမှာရှိနေမယ်ဆိုတာ သေချာပါတယ်။
“အတီးကတော့ ဒုက္ခသည်စခန်းမှာမနေချင်ဘူး ဆန်ရပေမယ့် စိတ်ကျဉ်းကျပ်တယ်၊ ခြံစည်းရိုးခတ်ထားတဲ့နေရာမှာ အတီးမနေချင်ဘူး။ အတီးတို့ကလွတ်လွတ်လပ် ကိုယ့်တောင်ယာကိုယ်ခုတ်စားမယ်။ ကိုယ်လုပ်အားနဲ့ပဲကိုရှာစားမယ်။ အတီးအခုဆိုရင် အနှစ်(၃၀)ရှိပြီ၊ ဒီသံလွင်မြစ်ကမ်းဘေးကဖာပွန်ခရိုင်အတွင်း ထိုင်းမြန်မာနယ်စပ်လေးမှာနေတာ။ အတီးရဲ့ အမေနဲ့မတွေတာဆိုရင်လည်း နှစ်ပေါင်း(၃၀)ရှိပါပြီဟိုးစပြီးထွက်ပြေးတိမ်းရှောင်ခဲ့တဲ့အချိန်ကတည်းကပေါ့။အမေကတော့ နို့ဖိုးဒုက္ခသည်စခန်းမှာပါ။ အတီးသမီးအကြီးကတော့အုန်းပျန်ဒုက္ခသည်စခန်းမှာပါ။ အတီးက တော့အတီးတို့ရွာလေး ပြန်အေးချမ်းသွားရင် ပြန်နေချင်တယ်။ အတီးလေ စစ်ဆိုတာကြီးကိုရော၊ ပြေးလွှားပုန်းအောင်း နေရတာကြီးကိုပါ နာကျည်းမုန်းတီးနေတယ်။” ဒုက္ခသည်အဖြစ်မခံယူလိုတဲ့စိတ်၊ ဇာတိရပ်ရွာကို မက်မောတွယ်တာတဲ့စိတ်တွေကတော့ အပြည့်ပါဘဲ။
တချို့တွေကဒုက္ခသည်အဖြစ် မနေချင်ကြပေ မဲ့ တောထဲမှာဆက်လက်ပြီး ပြေးလွှားပုန်းအောင်းမနေရဲကြတော့ဘူး အစာရေစာလည်းငတ်ပြတ်လာတဲ့အတွက် မြန်မာပြည်ထဲမှာနေပြီး ဒုက္ခသည်တွေထက်ဆိုးတဲ့ အတွက်ကြောင့် ဒုက္ခသည်စခန်းတွေကိုရောက်လာခဲ့ကြပါတယ်။ အခုလို နိုင်ငံပျောက်နေကြတဲ့ သူတွေ ဒုက္ခသည်တွေဟာ သူပုန်မိသားစုဝင်တွေလို့ စွတ်စွဲသတ်မှတ်ခံထားရတဲ့သူတွေရဲ့ အိမ်ပြန်ချိန် ကံကြမ္မာဟာ မသေချာမရေရာေ၀၀ါးနေခဲ့ကြပါတယ်။











ပြာလဲ့လဲ့ကောင်းကင်ကြီးရဲ့အောက်က
ဒီမှိုင်းညို့ညို့နယ်စပ်တောင်တန်းတွေသာ
ငေးမောနေခဲ့ရ
ပေးတာယူ ကျွေးတာစား
ပေါ်တာမရှိ
မိုင်းခင်းမြေမရှိ
လုပ်အားပေးမရှိ

ဒီလိုနဲ့ဘဲ
မိုးကြီးချုပ်လို့.....
ကျွန်ုပ်ဘ၀ စမည်နည်း......။

ပြည့်စုံ

Continue reading ...

December 24, 2007

ပျော်ရွှင်ဖွယ် ခရစ်စမတ်ည

Unknown | 9:53 PM |
ကျနော်ညည်းတွားမိတဲ့ အိမ်ပြန်ချိန်သီချင်းလေးပါ...တိုက်ဆိုင်သူများကိုစာသားတချို ဖော်ပြလိုက်ပါတယ်..

အိမ်အပြန်ချင်ဆုံးနေ့ရက်လေးဒီအချိန်လေးမှာ အိမ်ကိုလွမ်းစိတ်ပြင်းထန်လှုပ်ရှားလာ.. နှင်းဖွေးဖွေးမြင်လေတိုင်းအရမ်းလွမ်းတယ်နော်... ဒီဇင်ဘာ...ခရစ်စမတ်အချိန်ကြုံပြီပေါ့... ဆောင်းနှင်းရယ် မမြင်ချင်လည်းအမြန်ဆုံးဝေးဝေးသွားပါကွယ် ဒီဇင်ဘာဒီအလွမ်းဖြေသိပ်ဖို့မလွယ်တော့ဘူး... ခရစ်စမတ်သီချင်းသံကြားတိုင်းစိတ်မှာ အိမ်ကိုပြန်ချင်လွန်းလို့မျက်ရည်လည်...
အိမ်မှာဆိုမိသားစု သိပ်ပျော်နေကြမယ်...အနေဝေးဆုံး သားကိုမျှော်ရော့မယ်... တံခါးဝက အချိန်ရှိတိုင်း မျှော်လင့်စောင့်နေမယ်... အမေအို အလွမ်းမျက်ရည်ဆိုလေပြီ....

မြန်မာပြည်သူပြည်သားအပေါင်း.... ခရစ်စမတ်မှာ ပျော်ရွှင်နိုင်ကြပါစေ...

myspace codes




ပျော်ရွှင်ဖွယ်ခရစ်စမတ်အမှတ်တရညလေးတညပေါ့....







Continue reading ...

December 16, 2007

Paradise of Fighting Peacocks

Unknown | 7:52 PM | |
Continue reading ...

October 21, 2007

ထိုင်း-မြန်မာနယ်စပ်တွင်ဘာသာပေါင်းစုံဆုတောင်းပွဲကျင်းပ

Unknown | 3:09 AM | |


ထိုင်း-မြန်မာနယ်စပ်ရှိ မယ်တော်ဆေးခန်းမှမိသားစုဝင်များနှင့် မယ်တော် Children Development Center စာသင်ကျောင်းမှ ကျောင်းသား/ကျောင်းသူများက မြန်မာပြည်ငြိမ်းချမ်းရေးနှင့်ဒီမိုကရေစီရရှိရေးအတွက် ဘာသာပေါင်းစုံဆုတောင်းပွဲကိုယနေ့ မနက် ၈း ၃၀ နာရီမှ ၁၁း၀၀ နာရီအထိ ပြုလုပ်ခဲ့ပါသည်။ ဘာသာပေါင်းစုံဆုတောင်းပွဲနှင့် ဂုဏ်ပြုသစ်ပင်စိုက်ပျိုးခြင်း အခမ်းအနားသို့ လူတစ်ထောင်ခန့်တက်ရောက်ခဲ့ပြီး ၊ တက်ရောက်သူများအားလုံးက အနီရောင်အင်္ကျီများဝတ်ဆင်ထားကြပြီး၊ အနီရောင်အင်္ကျီပေါ်တွင်“ လူအချင်းချင်းနှိပ်စက်ခြင်းကင်းရှင်းကြစေ၊ ဒို့မေတ္တာစွမ်းကမ္ဘာလွှမ်းအေးချမ်းကြစေ ” မေတ္တာပို့စာပိုဒ် အား အင်္ဂလိပ်၊ ထိုင်း၊ မြန်မာသုံးဘာသာဖြင့် ရေးသားထားပါသည်။
အခမ်းအနားတွင် ဒေါက်တာစင်သီယာမောင်မှ အဖွင့်အမှာ စကားပြောကြားပြီး၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလမ် (မူစလင်)ဘာသာများဖြင့် ဘာသာအလိုက် အသီးသီးမေတ္တာပို့ဆု တောင်းကြခြင်း၊ မယ်တော်ကျေးရွာထိုင် ရွာသူကြီးမှ မြန်မာပြည် ငြိမ်းချမ်းရေးအတွက်ဆုတောင်းပေးခြင်း၊ အခမ်းအနားတွင် တက်ရောက်လာကြသူအားလုံးမှဖရောင်းတိုင်မီးများထွန်းညှိပြီးမေတ္တာပို့ စာပိုဒ်ကိုသံပြိုင်ရွတ်ဆိုကာ ဆုတောင်းခြင်းများကို ပြုလုပ်ခဲ့ကြပါသည်။ ယခုအပတ်ပြုလုပ်သည့်ဆုတောင်းပွဲအပါအ၀င် ဆုတောင်းပွဲများကို မယ်တော်ဆေးခန်းမှ အပတ်စဉ် ကျင်းပပြုလုပ်ခဲ့သည်မှာ လေးကြိမ်မြောက်ဖြစ်သည်ဟု သိရှိရပြီး၊ ယခုအပတ်တွင်ပြုလုပ်သည့် ဆုတောင်းပွဲ တွင်ထူးခြားသည် မှာစက်တင်ဘာလအတွင်းက မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သော ရွှေဝါရောင်တော်လှန်ရေးအတွင်း ကျဆုံးပြန် လွန်တော် မူသွားကြသော ရဟန်းသံဃာတော်များ၊ ကျောင်းသားပြည်သူများအား လေးစားသောအားဖြင့် ဦးညွှတ်ဂုဏ် ပြုသည့် အနေဖြင့်လည်းကောင်း၊ ငြိမ်းချမ်းရေးနှင့်ဒီမိုကရေစီရေး အတွက်ရည်စူး၍ လည်းကောင်း၊ သစ်ပင်ပန်းပင် များစိုက်ပျိုးခဲ့ပြီး ထိုသစ်ပင်များတွင်လည်း အနီရောင်ဖဲပြားလေးများချီနှောင်၍ ဂုဏ်ပြုဦးညွှတ်ခြင်း၊ သစ္စာပြုခြင်း များကိုပြုလုပ်ခဲ့ကြပါသည်။
source; TTC





Continue reading ...

October 18, 2007

ကိုမင်းကိုနိုင်၏ ၄၅ နှစ်ပြည့်မွေးနေ့အမှတ်တရ

Unknown | 9:21 AM | | |

၂၀၀၇ ခုနှစ်၊ မေလ(၂၇)ရက်နေ့ (၁၉)နှစ် မြောက် NLD မွေးနေ့ မှကိုမင်းကိုနိုင်၏သမိုင်းဝင်မိန့်ခွန်းဖြစ်ပါသည်။






သစ္စာ

အမျိုးသားရေးအတွက်
အသက်ပေးသွားသော ရဲဘော်များအား
တိုင်တည်သစ္စာပြုပါ၏

မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွန်ုပ်၏ သွေးမနီသေးလျှင်
အသင်တို့သွေး ပတ်ဖျန်းပေး၍
ရဲဆေးတင်ပေးကြပါလေ။

မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွန်ုပ်ဝိဉာဉ် ကြောက်စိတ်ဝင်၍
မချင့်မရဲ သတ္တိနဲလျှင်
သင်တို့ ၀ိဉာဉ်ပူးကပ်ဝင်၍
ကျွန်ုပ်အား ထိန်းချုပ်သွားပါလေ။

မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွန်ုပ်သည်ကား
အမျိုးဂုဏ်မောက် သစ္စာဖေါက်ဟု
မထောက်မညှာ ပြုမိပါလျှင်
အသင်တို့၏ မညွှတ်ပြောင်းသော
ခွပ်ဒေါင်းလက်ဖြင့်
ဝိုင်းညှပ်အပစ်ပေးကြပါလေ။

မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွန်ုပ်အသက် လမ်းတ၀က်မှ ပေးဆပ်ရလည်း
လူ့ဘုံလမ်းခွဲ ၀မ်းမနည်းဘဲ
တာဝန်တစ်ရပ် ကျေပြွန်မှတ်၍
ထပ်ဆင့်ပျော်ရွှင် ကျွန်ုပ်ဝိဉာဉ်သည်
ဒေါင်းအလံကိုဆွဲ လေတွင်ဝဲ၍
သင်တို့ရှိရာ ကျွန်ုပ်လာမည်
ရင်ဖွင့်ကြိုဆိုကြပါလေ။
ကိုမင်းကိုနိုင်၏ ၄၅ နှစ်မြောက်မွေးနေ့အား သူ၏ကဗျာဖြင့်ဂုဏ်ပြုပါသည်။
Continue reading ...

October 07, 2007

Photos of news

Unknown | 12:13 AM |
သြစတြေးလျမှ မြန်မာ့အရေးလှုပ်ရှားမှုပုံများ။





မြန်မာ့ပြည်အရေး နိုင်ငံတကာ စုပေါင်းလှုပ်ရှားမှု ဓါတ်ပုံများကြည့်လိုလျှင်
http://picasaweb.google.com/niknayman/GlobalDayOfBurmaOctober62007
Continue reading ...

ပြည့်စုံ © 2013. All Rights Reserved | Powered by:Blogger

Designed by:Windroidclub