
၂၀၀၇ ခုနှစ်၊ မေလ(၂၇)ရက်နေ့ (၁၉)နှစ် မြောက် NLD မွေးနေ့ မှကိုမင်းကိုနိုင်၏သမိုင်းဝင်မိန့်ခွန်းဖြစ်ပါသည်။




သစ္စာ
အမျိုးသားရေးအတွက်
အသက်ပေးသွားသော ရဲဘော်များအား
တိုင်တည်သစ္စာပြုပါ၏
မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွန်ုပ်၏ သွေးမနီသေးလျှင်
အသင်တို့သွေး ပတ်ဖျန်းပေး၍
ရဲဆေးတင်ပေးကြပါလေ။
မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွန်ုပ်ဝိဉာဉ် ကြောက်စိတ်ဝင်၍
မချင့်မရဲ သတ္တိနဲလျှင်
သင်တို့ ၀ိဉာဉ်ပူးကပ်ဝင်၍
ကျွန်ုပ်အား ထိန်းချုပ်သွားပါလေ။
မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွန်ုပ်သည်ကား
အမျိုးဂုဏ်မောက် သစ္စာဖေါက်ဟု
မထောက်မညှာ ပြုမိပါလျှင်
အသင်တို့၏ မညွှတ်ပြောင်းသော
ခွပ်ဒေါင်းလက်ဖြင့်
ဝိုင်းညှပ်အပစ်ပေးကြပါလေ။
မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွန်ုပ်အသက် လမ်းတ၀က်မှ ပေးဆပ်ရလည်း
လူ့ဘုံလမ်းခွဲ ၀မ်းမနည်းဘဲ
တာဝန်တစ်ရပ် ကျေပြွန်မှတ်၍
ထပ်ဆင့်ပျော်ရွှင် ကျွန်ုပ်ဝိဉာဉ်သည်
ဒေါင်းအလံကိုဆွဲ လေတွင်ဝဲ၍
သင်တို့ရှိရာ ကျွန်ုပ်လာမည်
ရင်ဖွင့်ကြိုဆိုကြပါလေ။
ကိုမင်းကိုနိုင်၏ ၄၅ နှစ်မြောက်မွေးနေ့အား သူ၏ကဗျာဖြင့်ဂုဏ်ပြုပါသည်။
အမျိုးသားရေးအတွက်
အသက်ပေးသွားသော ရဲဘော်များအား
တိုင်တည်သစ္စာပြုပါ၏
မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွန်ုပ်၏ သွေးမနီသေးလျှင်
အသင်တို့သွေး ပတ်ဖျန်းပေး၍
ရဲဆေးတင်ပေးကြပါလေ။
မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွန်ုပ်ဝိဉာဉ် ကြောက်စိတ်ဝင်၍
မချင့်မရဲ သတ္တိနဲလျှင်
သင်တို့ ၀ိဉာဉ်ပူးကပ်ဝင်၍
ကျွန်ုပ်အား ထိန်းချုပ်သွားပါလေ။
မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွန်ုပ်သည်ကား
အမျိုးဂုဏ်မောက် သစ္စာဖေါက်ဟု
မထောက်မညှာ ပြုမိပါလျှင်
အသင်တို့၏ မညွှတ်ပြောင်းသော
ခွပ်ဒေါင်းလက်ဖြင့်
ဝိုင်းညှပ်အပစ်ပေးကြပါလေ။
မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွန်ုပ်အသက် လမ်းတ၀က်မှ ပေးဆပ်ရလည်း
လူ့ဘုံလမ်းခွဲ ၀မ်းမနည်းဘဲ
တာဝန်တစ်ရပ် ကျေပြွန်မှတ်၍
ထပ်ဆင့်ပျော်ရွှင် ကျွန်ုပ်ဝိဉာဉ်သည်
ဒေါင်းအလံကိုဆွဲ လေတွင်ဝဲ၍
သင်တို့ရှိရာ ကျွန်ုပ်လာမည်
ရင်ဖွင့်ကြိုဆိုကြပါလေ။
No comments:
Post a Comment