October 19, 2007

ဆေးဝါးကုသမှုကင်းမဲ့နေသော နိုင်ငံရေးအကျဉ်းသားများ

Unknown | 4:52 AM |

နအဖရဲ့ဖမ်းဆီးခြင်းခံခဲ့ရတဲ့ NLDပါတီနဲ့ တိုင်းရင်းသားနိုင်ငံရေး ခေါင်းဆောင် တွေအပြင် သံဃာတော်တွေ ကျောင်းသားခေါင်းဆောင်တွေနဲ့ ကျောင်း သားတွေကို အင်းစိန်ထောင် အထူးတိုက်မှာချုပ်နှောင်ထားပြီး အဲဒီထဲက ခေါင်းဆောင်တချို့ ကျန်းမာရေးချို့တဲ့နေပြီး စနစ်တကျ ဆေးဝါးကုသခံရ တာလည်း မရှိဘူးလို့ သတင်းရရှိပါတယ်။

လူရွှင်တော် ကိုဇာဂနာရဲ့ ပြန်လည်ပြောပြချက်အရ နိုင်ငံရေးသမားတွေကို အင်းစိန်ထောင် အထူးတိုက် (၁) နဲ့ (၂) မှာချုပ်ထားပြီး မိသားစုတွေနဲ့ ထောင်ဝင်စာ တွေ့ခွင့်တွေလည်း ပိတ်ပင်ထားပြီး ထောင်သီးသန့်ဆောင်မှာဆိုလည်း သံဃာတော် အများအပြားကို ချုပ်နှောင်ထားပါတယ်။ ပဲခူးမြို့က သက်တော် ၇၆ နှစ်အရွယ် သံဃာတော် ဦးတေဇောဘာသဟာ လုံခြုံရေးတပ်တွေရဲ့ ပြင်းပြင်းထန်ထန် ကန်ကျောက်မှုကြောင့် လမ်းကောင်းကောင်း မလျှောက်နိုင်သလို ငွေကြာယံ ကျောင်းတိုက်က ၀ါတော် ၃၄ ၀ါရှိတဲ့ စာချဆရာတော်တပါးလည်းခေါင်းမှာဒါဏ်ရာနဲ့တွေ့ခဲ့ရတဲ့ပြီး သေနတ်ဒါဏ်ရာနဲ့ သံဃာတချို့ ကိုလည်း ထောင်ဆေးရုံမှာဆေးဝါးကုသပေးနေတယ်လိုသိရကြောင်း NLD အဖွဲ့ဝင်တွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေအပြင် မဲဆောက်မှာ ယူဂျီခေါ် မြေအောက်လှုပ် ရှားမှုသင်တန်း တက်ပြီးပြန်လာတဲ့ အသက်၂၀ကျော်လူငယ် ၂၂ယောက်ကို လည်း တွေ့ခဲ့ရကြောင်းနှင့် သံဃာတော်တွေအားလုံးကို လူဝတ်လဲပေးထားပြီး သံဃာတော်နှစ်ပါး အပါအ၀င် ၄ ပါးနဲ့ လှုပ်ရှားမှုမှာ ပါဝင်တဲ့ အရပ်သား ၂၁ယောက်ကို ပြီးခဲ့တဲ့လွန်ခဲ့တဲ့နှစ် ရက်လောက်ကပဲပြန်လွှတ်ပေးခဲ့ပါသည်။ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တချို့ကတော့ ကျန်းမာကောင်းမွန်ပြီး သီးသန့်ဆောင်မှ ချုပ်နှောင်ထားပါသည်။

တိမ်းရှောင်လှုပ်ရှားနေတုန်း မျက်စိရောဂါကြောင့် ဆေးခန်းသွားပြတုန်း အဖမ်းခံခဲ့ရတဲ့ ကျောင်းသားခေါင်းဆောင် တဦးဖြစ်သူ ကိုလှမျိုးနောင်ရဲ့ ဘယ်ဘက်မျက်စိဟာ လုံးဝမမြင်ရတော့ပါဘူး အခုထောင်ဆေးရုံမှာကုသခံနေပါသည်။ NLD ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးမြင့်သိန်းနဲ့ကိုအောင်ထွန်းစတဲ့နိုင်ငံရေးအကျဉ်းသားတချို့ဟာ အစာအိမ်ရောဂါတော်တော် ဆိုးဝါးစွာခံစားနေရပါတယ်။ အမျိုးသားရေး ဦးဝင်းနိုင်က သွေးတိုးရောဂါခံစားနေရကြောင်းသိ ရသည်ဟုကိုဇာဂနာကပြောပြသွားပါသည်။

No comments:

ပြည့်စုံ © 2013. All Rights Reserved | Powered by:Blogger

Designed by:Windroidclub