February 29, 2008

ချယ်ရီမြို့

Pyae Sone | 11:30 AM | |

ပိတောက်နဲ့ ချယ်ရီမဟုတ်ပေမဲ့
တယောက်တနယ်ဆီ
တစ်တောလုံး ဝေနေတာတောင်
ငါ့ရင်ထဲ တတောင်လုံးမှိုင်းလို့
မြူနှင်းတွေကြောင့်လား
ငွေနှင်းမှုန်တွေကြောင့်လား
ရာသီဥတုကြောင့်လား
သေချာပါတယ်….
ငါ အရမ်းသတိရနေတယ်
ချယ်ရီ……

ချယ်ရီ နင်ငိုနေတယ်
ချယ်ရီရယ် ငါစွန့်ခွာခဲ့တာမဟုတ်
အနာဂတ်အတွက် ငါ ခဏဝေးနေခဲ့ပါတာ
သေချာပါတယ်….
ဒီအချိန် မြက်ခင်းပြင်အပြည့် နင်ကြွေနေပြီ
ငါ သတိရတယ်
ကြွေနေတဲ့ နင့်ရင်ခွင်ထက်
ငါမှေးစက်ခဲ့ဘူးတယ်
ဂီတနဲ့ ဖြေသိမ့်မရ
သံစဉ်နဲ့ ဖော်ကျူးလို့မရ
ကဗျာနဲ့ပဲ ငါငိုကြွေးပါရစေ….။

ပြည့်စုံ

သည်ကဗျာသည် ကျနော်တခါမှမရောက်ဘူးသော လွမ်းမောဖွယ်ရာ မောရှမ်းပြည်ကို ချယ်ရီပန်းဖြင့် စိတ်ကူးပုံဖော်ထားပါသည်။ အဘယ့်ကြောင်ဆိုသော် ကျနော့်သူငယ်ချင်းဖြစ်သူ ZHC သူကအခုစင်္ကာပူမှာအလုပ်လုပ်နေသော သူငယ်ချင်းက သူအရမ်းသတိရတဲ့ မြန်မာပြည်အတွက် ကဗျာတပုဒ်စပ်ဆိုပေးပါဆိုလို့.. စပ်ဆိုပေးရတဲ့အတွက် အမှားအယွင်း အလွဲအချော် ဖြစ်ကောင်းဖြစ်လိမ့်မည် ဒါပေမယ့် ဖြည့်ပြီးခံစားပေးပါ…. ဘာဖြစ်လို့လည်းဆိုတော့ သူအရမ်းခံစားနေရတယ်… ချယ်ရီပင်နဲ့ဝေး… တောင်ပြာတန်းနဲ့ဝေး အားလုံးရဲ့အဝေးမှာ ……. သူ့လိုပဲ ဖြေသိမ့်မရ ဝေဒနာတွေအားလုံးမှာ ကိုယ်စီကိုယ်စီရှိကြမယ်ဆိုတာ… ကျနော်နားလည်ပါတယ်.. ကျနော်လည်းထို့အတူ ထပ်တူခံစားရတယ်…
စာဖတ်သူ သူငယ်ချင်းမိတ်ဆွေများလည်း ခံစားရမယ်ဆိုရင် ကျနော်သိခွင့်ရှိမလား…. ထပ်တူလား….. သို့မဟုတ်… ထို့ထက်ပိုလား…. သို့မဟုတ် ……..
Continue reading ...

February 27, 2008

မဲဆောက်မှာ မိုးတွေရွာတုန်းက

Pyae Sone | 7:52 AM | |

သက်ဆင်ရဲ့
အိမ်ပြန်ခရီးကိုကြိုဆိုခြင်းလား
ဖောက်ပြန်တဲ့ ရာသီဥတုကြောင့်လား
မုန်တိုင်းဝင်လို့လား
သင်္ကြန်အကြိုလား
တဒင်္ဂအေးချမ်းသွားတယ်
ရိုးတံကျဲကျဲနဲ့
ရွက်ကြွေကင်းစင်
ဟင်းလင်းပြင်ဖြစ်နေတဲ့
ပတ်ဝန်းကျင်ကတော့
နိုးထလာမယ့်နွေဦးနဲ့အတူ
ပုရစ်ဖူးသစ်တွေ
ဖူးပွင့်လို့ဝေဆာလာတော့မယ်။

အော်သံရိုင်းရိုင်း မုန်တိုင်းတွေ
တချိန်တည်းမှာ ဆင့်ပွားဆင့်ပွား
အချိန်အခါမဟုတ် ရွာသွန်း
ရွှေခေတ်ရောက်ပြီဆိုတဲ့
မြန်မာပြည်ကတော့
မီးခိုးမှိုင်းတွေနဲ့
နွေဦးကို ကြိုဆို
ပြောင်းလဲနေတဲ့ ရေစီးကြောင်းထဲ
လိုက်ပါနိုင်ခြင်းမရှိ
နစ်သထက်နစ်။

တစ်ဖက်က
ကုလားထိုင်ပေါ်မှာ
တစ်ဖက်ကတော့
အဓမ္မဆုံးဖြတ်ချက်တွေကြောင့်
ငတ်ပြတ်မှုတွေနဲ့
မြေပြင်ပေါ်ရပ်လို့
ကွန်စတီကျူးရှင်း
မှန်နေလား မှားနေလားမသိ
ပြည်သူတွေကတော့
တဂြီဂြီ မြည်နေတဲ့ အစာအိမ်
ချွတ်ယွင်းနေတဲ့ ကျန်းမာရေး
ရောဂါဗရပွနဲ့ ဆေးမရှိဘူး။

ခံစားနေရတာချင်း အတူတူ
ကောင်းကင်ကြီးကတော့
လွတ်လွတ်လပ်လပ် ရွာသွန်းနေလေရဲ့။

ပြည့်စုံ
Continue reading ...

February 24, 2008

နွေဦးအိပ်မက်

Pyae Sone | 10:59 PM | |


ဝဿန်ကတော့ စုံးစုံးမြုပ်သွားပြီ
မြောက်ပြန်လေ သွေးတဲ့
မြူနှင်းမှုန်ပြပြ တစ တစနဲ့
ဝေနေရာက ပိပြားလာတယ်..
လတ်ဆတ်တဲ့ နွေဦးကတော့
စိမ်းလန်းခြင်းတွေယူဆောင်မလာခဲ့ပါ..။


တွန်သံချိုတဲ့ ရွှေသြကတော့
ရိုးတံပြိုင်းပြိုင်း ပင်အိုယံထက်
နွေအကြိုတေးကို
လွမ်းချင်းတွေနဲ့ သီကျူး
ဝေးနေလည်း မျှော်လင့်ရင်း
အကျည်းတန်စွာနဲ့
အထီးကျန်ရာသီကို ကြိုနေလေရဲ့...။

ကောသလမင်းရဲ့ နိမိတ်ပုံ
အိပ်မက်တွေကြောင့်လား....
သေခါနီး လူပြောခံရအောင် လုပ်နေတဲ့
အဖြစ်အပျက်တွေကြောင့်လား...
ပါးစပ်ပေါက်ကြီးထဲက ထွက်တဲ့
အသံမျိုးစုံကြောင့်လား...
ကာရန်မညီတဲ့ စွန်းထင်းမှုတွေနဲ့
အလွမ်းတွေ တစစီကြွေမွ
ကြယ်ရောင်နဲ့ဝေး
လရောင်နဲ့ ဝေး .... ..... ဝေးသွား
မှောင်ရီဝိုးတ၀ါးမှာ
နွေဦးအတွက် အိပ်မက်တွေရက်ရှည်ခဲ့ပေါ့....။


ပြည့်စုံ
Continue reading ...

February 22, 2008

ပန်းများမပွင့်သော နွေဦး

Pyae Sone | 10:24 AM |
အလွမ်းဓါတ်ခံရှိသူတွေအတွက် နွေဦးဆိုကတည်းကကျနော်စိတ်ဝင်တစားနဲ့ကို ခံစားလိုက်ရတယ်.. ပန်းများမပွင့်ဘူးဆိုတော့ ပိုစိတ်ဝင်စားသွားတယ်.. ဘာကြောင့်လည်းပေါ့... ဆရာကျော်ဝင်းရဲ့ ဘာသာပြန်ဆောင်းပါးတပုဒ်ပါ။ မြို့လေးတမြို့ရဲ့အဖြစ်အပျက်လေးပါ။ မြို့ကလေးမှာ အမှန်တကယ်ရှိသေးသည်တော့မဟုတ်ပါ။ တချိန်တွင်ဖြစ်မလာဟု မပြောနိုင်ပေမယ့် ဖြစ်ကောင်းဖြစ်လာနိုင်သလို ဖြစ်သွားခဲ့ဘူးသည်ဟုလည်းပြောနိုင်ပါသည်။ အဲဒီမြို့လေးကတော့...

တရံရောအခါကအမေရိကန်ပြည်ထောင်စု၏ အသည်းနှလုံးနေရာတွင်မြို့လေးတစ်မြို့ ရှိခဲ့ဖူးသည်။ ထိုမြို့ပတ်ဝန်းကျင်တွင် မှီတင်းနေထိုင်ကြသူအပေါင်း၏ ဘ၀အထွေထွေမှာ မြို့ပတ်ဝန်းကျင် သဘာဝရေမြေတောတောင်နှင့် လိုက်လျောညီထွေရှိလှသည်။ စစ်တုရင်ကွက်များ သဖွယ်အသီးသီး အသန့်သန့်ရှိသော လယ်ယာကွက်များ၏ အလယ်တွင် ထိုဒေသလေးမှာ အေးအေးဆေးဆေးလဲလျောင်းနေသည်။ လယ်ကွင်းများအဆုံး တောင်ကုန်း မို့မို့လေးများပေါ်တွင်ပေါက်နေသောသစ်ပင်ကြီးထက်တွင်လည်း သစ်ခွရောင်စုံတို့ဖြင့် ပြိုးပြက် ၀င်းပ နေမြဲဖြစ်သည်။ ဟိုးအဝေးတောင်ကုန်းထပ်ဆီမှ မြေခွေးအူသံကို ကြားနေရဆဲမှာပင်၊ သမင်လေးများ၊ ချေ(ဂျီ)လေးများက လယ်ကွင်းပြင်ကို တိုးတိုးတိတ်တိတ်ဖြတ်နေကြသည်။ နံနက်ခင်းမြူခိုးငွေ့များကြားမှ မပီဝိုးတ၀ါးရှုခင်းမှာ သက်ငြိမ်ပန်းချီကားလေးတစ်ချပ်နှင့် တူနေသေးတော့သည်။
တောလမ်းလေး၏ နံဘေးဝဲယာကိုကြည့်လိုက်လျှင်လည်း ခြံစည်းရိုးပင်၊ ပုဏ္ဏားရိပ်ပင်၊ ဆောင်းရွက်ကြွေပင်နှင့် ရောင်စုံတောပန်းလေးများမှာ ဖြတ်သွားဖြတ်လာများ၏ ဟာဒယကိုညှို့ယူဖမ်းစားထားသည်သို့ရှိသည်။ ဤသို့သော မြင်ကွင်းမျိုးမှာ ဆယ့်နှစ်လရာသီပတ်လုံးမပြောင်း။ သစ်ပင်တွေအ၀တ်လဲတတ်သည့် ဆောင်းလယ်ကာလမျိုးမှာပင် အလှအပတို့က ပျက်ပြယ်မသွား။ ဤနေရာလေးသည်ပင် ရေကြည်ရာ မြက်နုရာရှာဖွေပျံသန်းလာကြသော ငှက်မျိုးစုံတို့၏ ကွန်းခိုရာ ဖြစ်နေတော့သည်။ ငှက်အုပ်တွေ တစ်ခဲနက်ပြိုကျလာတတ်သော နွေဦးပေါက်၊ဆောင်းဦးပေါက်ရာသီ ရောက်ပြီဆိုလျှင် ငှက်သဘင်လာကြည့်သူများနှင့် မြို့လေးမှာ စည်ကားနေတော့သည်။ အချို့ကလည်း တောရိပ်တောင်ရိပ်များကြားတွင် ရစ်ခွေစီးဆင်းနေသော စမ်းချောင်းများသို့ အပျော်ငါးမျှားထွက်တတ်ကြသည်။ သစ်ရိပ်ကောင်းကောင်းအောက်မှ အေးစက်ကြည်လင် သော စမ်းရေအိုင်များတွင်ဆိုလျှင် ရေချိုငါးတွေအုပ်ဖွဲ့ပျော်မြူးနေကြသည်ကို ဖွေးဖွေးလှုပ်မျှမြင်နေရသည်။ ဤနေရာလေးသို့ ဓါးမဦးချစတင်ခဲ့ရာ အဘိုးအဘွားတို့ ပထမဆုံး အိမ်ဆောက်၊ ပထမဆုံးရေတွင်းတူး၊ ပထမဆုံး စပါးကျီတည်စဉ်ကပင် မြင်ကွင်းတခု လိုပဲ လှပမြဲဖြစ်သည်။ နှစ်တွေ မည်မျှကြာရှည်စေကာမူ အမြဲစိမ်းဆိုသော နေရာလေးဖြစ်ပါသည်။

သို့နှင့်တိုင် တစ်စုံတစ်ခုသော အခါသမယတွင် တိတ်တဆိတ်တိုးဝင်ရောက်ရှိလာသော အမှောင့်ပယောဂတစ်ခု လှပစိမ်းစိုသမျှအားလုံးကို ဖျက်ဆီးယူငင်သွားတော့သည်။ ပထမဆုံး သတိပြုမိလိုက်သည်မှာ နောက်ဖေးကြက်ခြံ၊ နွားခြံများမှဖြစ်သည်။ အမျိုးအမည်မသိ ရောဂါဆန်းတစ်မျိုးကြောင့် ကြက်အုပ်တွေအနာကျကုန်သည်။ ကျွဲတွေ၊ နွားတွေ၊ တဖြုတ်ဖြုတ် ပြုတ်သွားတော့သည်။ ယာသမားတို့၏ မိသားစုစကားဝိုင်းတွင် ထူးဆန်းသော ရောဂါအကြောင်းကသာ နေရာယူထားတော့သည်။ သို့နှင့်တိုင်ရောဂါဆန်းက နောက်ဆုတ်မသွား။ တိရိစ္ဆာန်လောကကိုလွန်၍ လူတွေဆီရောက်လာတော့သည်။ လူကြီး လူငယ်မရွေး ၊ဟောတစ်ယောက် ဟောတစ်ယောက်ဆိုသလို သေမင်း၏ အေးစက်သောလက် များက ဆွဲထုတ်သွားကြသည်။ ရောဂါဖြစ်ပုံကဆန်းသည်။ ရုတ်တရက်သေနိုင်သည်။ ပြေးလွှားဆော့ကစားနေဆဲမှ ကလေးတစ်ယောက် ဒိုင်းကနဲလဲကျသွားသည်။ သိပ်မကြာလိုက် ဖျတ်ခနဲသေသည်။ မြို့ကလေးမှ ဆရာဝန်များမှ ဖုန်တက်နေသောဆေးစာအုပ်ထူကြီးတွေကို လှန်ရင်း၊ ရောဂါဇာစ်မြစ်ကိုရှာနေကြသည်။ သို့သော် မတွေ့၊ ရောဂါသစ်ဖြစ်ဟန်ရှိသည်။ .... မာရ်နတ်၏ လက်ဆောင်လေ.....။ သေခြင်းတရား၏ အရိပ်မည်းကြီးကို နေရာအနှံ့တွေ့နေရသည်။ မသေကျန်ရစ်သူများမှာ စကားပင်မပြောဆိုနိုင်။ ထိတ်လန့်ချောက်ချားစိတ်ဖြင့် ဆွံ့အနေတော့သည်။
ဒီလိုနှင့် မြို့ကလေးတစ်ဝိုက်တွင် သွေးပျက်ဖွယ်ငြိမ်သက်ခြင်းက နေရာယူလာတော့သည်။ ငှက်ကလေးတွေ၏ တေးသီသံကို ခါတိုင်းလိုမကြားရတော့၊ မြို့တွေ၊ ရွာတွေအားလုံးမှာ တစပြင်လိုတိတ်နေတော့သည်။ တစ်ခါတစ်ရံသင်းကွဲလာသော ငှက်ကလေးတစ်ကောင်တလေ တွေ့တတ်သည်။ သူ့မှာ တဆက်ဆက်တုန်ရင်း အမွှေးဆောင်းနေသည်။ အတောင်တွေ ကုပ်ကျနေသည်။ သိပ်မကြာလိုက်ပါ။ သစ်ကိုင်းထက်မှ ဖုတ်ခနဲ ထိုးကျသွားသည်။ တေးသံစုံသော နွေဦးရောက်လာသည့်တိုင် မည်သည့် အသံကိုမှ မကြားရတော့ပါ။ ခါတိုင်းဆို နံနက်ချိန်ခါတေးသံသာသီဆိုမြဲဖြစ်သော မြေလူးငှက်ကလေးများ၊ ဘုတ်ကလုံလေးများ၊ နှံပြီစုတ်လေးများမှာ ဘယ်ဆီဘယ်ဝယ်ရောက် ကုန်သည်မသိ။ ငှက်သံ၊ ကြက်သံ မရှိ၊ ခွေးသံ၊ နွားသံ ကျွဲသံ မရှိ၊ ရွာသူတွေ တေးဆိုသံမရှိ၊ ကလေးတွေ ကစားသံမရှိ၊ လင်မယားရန်ဖြစ်သံမရှိ၊ ပကတိတိတ်ဆိတ်နေတော့သည်။ လယ်ကွင်းများ၊ တောအုပ်များ ၊စိမ့်မြေများအားလုံး အသံတိတ်နေတော့သည်။
မသေကျန်ရစ်သော ကြက်မကြီးတစ်ကောင်တလေက ဥတွေဥနိုင်သလောက် ဥပေးရှာပါသည်။ သို့သော် အကောင်မပေါက်။ ၀က်မကြီး မယ်သက်ပြင်းကလည်း ၀က်ပေါက်ကလေးတစ်အုပ်ကို ညည်းညည်းညူညူမွေးပေးရှာပါသည်။ သို့သော် အရိုးပဒေသာ ၀က်ပေါက်လေးတွေမှာ တစ်ပတ်မျှပင်မခံ ရက်အနည်းငယ်မျှနှင့် ၀က်ဘ၀ကို ကျောခိုင်းသွားကြသည်။ ပန်းပင်းတွေကလည်း မပွင့်ချင်ပွင့်ချင် တစ်ပွင့်နှစ်ပွင့် ပွင့်ပေးရှာပါသည်။ သို့သော် ပျားရည်ဘဏ်တိုက်ဆောက်မည့် ပျားတွေက မရှိ။ သည်လိုနှင့် ၀တ်မှုံမကူးနိုင်ဘဲ မျိုးတုန်းရတော့သည်။
တစ်ခါက ချစ်သူတို့လမ်းကြားဟု ဆိုစမှတ်ပြုခဲ့ရသော တောလမ်းလေးတွေမှာလည်း တောမီးလောင်ထားသလို ပြောင်တလင်းခါတော့သည်။ ရနံ့မကြွယ်သော တောပန်းလေးပင်မရှိ။ ရိုးတံကျဲကျဲ၊ ခြောက်သွေ့ချုံပုတ်နွမ်းတွေသာ အမာရွတ်ထင်ကျန်ရစ်သည်။ ဟိုးအဝေးက တောင်ကုန်းထိပ်မှ အမြဲစိမ်းတောအုပ်လေးမှာ လည်း သစ်ခြောက်တောဖြစ်ခဲ့ရပြီ။ သစ်ခြောက်ပင်အောက်မှ စမ်းချောင်းလေးသည်ပင် တေးမသီနိုင်ရှာတော့။ အကာအကွယ်မဲ့နေရောင်အောက်တွင် ကျောဆန့်ခံရင်း အငွေ့ပျံနေသည်။ မကြာခင် ချောင်းကောလေးဖြစ်ပေတော့မည်။ သည်လိုနှင့် အပျော်တံငါတို့လည်း ရောက်မလာ။ မျှားစရာငါးလည်းမရှိ၊ ငြိမ်ဆိတ်ခြင်းမှလွဲ၍ အရာအားလုံး ကွဲခဲ့ပြီ။
သိမိလိုက်သူအချို့၏ ပြောစကားအရ ကြမ္မာဆိုးကြီးမတိုင်မီ ရက်ပိုင်းလောက်က မိုးကြီးသည်းထန်စွာရွာခဲ့သည်ဟု သိရသည်။ သို့သော် ရေမပါ အဖြူရောင် ခပ်ကြမ်းကြမ်းအမှုန့်တွေသာ ရွာချသည်ဟုဆိုသည်။ ဤအဆိပ်မှုန့်များက အိမ်တွေပေါ်၊ မြက်ခင်းတွေပေါ်၊ လယ်ကွင်းတွေပေါ်၊ စမ်းချောင်းတွေပေါ်... ရှိရှိသမျှအရာအားလုံးအပေါ် ကြဲပက်လိုက်သလိုရှိသည်ဟု ပြောပြကြသည်။ ကာလအတော်ကြာကြာထိ ရေတံလျှောက်နှင့် တံစက်မြိတ်ကြား၊ အမိုးအုတ်ကြွပ်ပြားများကြားတွင် အဖြုရောင်အကွက်အကွက်တွေ တွေ့နေရသေးသည်ဟု ဆိုပါသည်။
ယခုအခါ ဆိုပါမြို့လေးသည်... တစ်ခါက အေးရိပ်သာယာသောနေရာတွင် ဖုန်းဆိုးမြေကြီးသာ ငေါင်းစင်းစင်းကျန်ရစ်ပါတော့သည်။ သည်လိုနှင့် တစ်ခါကမြို့လေးတစ်မြို့၏ အဖြစ်သနစ်မှာ ဒဏ္ဍာရီတစ်ပုဒ်နှယ် မှုန်ဝါးပျောက်ကွယ်စ ပြုလာတော့သည်။

♠♠♠ ♠♠♠ ♠♠♠ ♠♠♠ ♠♠♠ ♠♠♠ ♠♠♠ ♠♠♠ ♠♠♠ ♠♠♠ ♠♠♠

ပြည့်စုံ

ကိုးကား ...
စာရေးဆရာမ“ ရာချယ်ခါဆန်”၏ “တိတ်တဆိတ်နွေဦး” (Silent Spring) စာအုပ်မှ အခန်း(၁)ဖြစ်ပါသည်။ ဆရာကျော်ဝင်းမှ ဆရာမြသန်းတင့်၏ ၀တ္တုတိုတစ်ပုဒ်အမည်ကိုယူ၍ “ ပန်းများမပွင့်သော နွေဦး”ဟု မြန်မာမှု၍ ရေးသားထားသောဝတ္တုတိုဖြစ်ပါသည်။

Continue reading ...

February 20, 2008

အခန်းဆက် “ နွေ ”

Pyae Sone | 12:47 AM | |


ရာသီအမှီပန်းတွေဟာ
ဘာ့ကြောင့်မပွင့်နိုင်ခဲ့ရတာလဲ..။
လောကကြီးဟာ ရာသီဥတုဖောက်ပြန်ခြင်းလား၊
ခလုပ်တိုက်ခြင်းလား ခလုပ်တိုက်ဖိခြင်းလား၊
လောကကြီးက လှပါတယ်
အလှမဲ့နေရတာ လူတချို့ကြောင့်ပါ..။


မြေကြီးပေါ်မှာ
ရွှေသီးဖို့ အားမထုတ်ဘူး
ဗွက်ပေါက်အောင်ရေလောင်းချင်သူတွေ။
ရိုးသားဖြောင့်မတ်ခြင်းတွေ
စေတနာချို့ငဲ့တော့
တဖွဖွပြောနေကြတဲ့
တရားမျှတမှု
လွတ်လပ်မှုတွေ
ဘယ်အရပ်
ဘယ်ဒေသကိုရောက်ကုန်သည်မသိ...။

ဘာကိုမှ
ဘယ်လိုမှ
ကျေနပ်စရာမကောင်းတဲ့
ဖားအော်သံတွေကြားမှာ ...

ဘာကိုမှ
ဘယ်လိုမှ
အေးချမ်းစရာမကောင်းတဲ့
မြက်ခြောက်ပင်တွေကြားမှာ....

ဘယ်မှာလည်း နေခြည်ဖြာမယ့်လမ်း
ဘ၀ဟာ ရေတိမ်နစ်
အသားလွတ် ဖေါင်းပေးခံရ
အသားလွတ် လူချခံခဲ့ရ
ယုံကြည်ချက်တွေကို နာကြည်းမှုတွေနဲ့ မျိုသိပ်ခဲ့ရ။

သန်း(၅၀)ကျော်အတွက်ဆိုပြီး
အနာဂါတ်ဆိုတာ မရှိ
ရည်မှန်းချက်ဆိုတာ ရေမျောကမ်းတင်
တုံးအောက်က ဖားချင်းအတူတူ
သူ့ကြတော့ ဖောင်း
ကိုယ့်ကြတော့ ပြား
ပြားတဲ့သူပေါ် အနိုင်ယူချင်သူတွေ...

ကိုယ်ပွားတွေများရှိနေမလားမသိ
မမြင်ချင်တဲ့ မျက်နှာတွေကို
မကြည့်ချင်လို့ အခါခါလွှဲခါမှ
မျက်နှာမူရာ အရပ်တိုင်းမှာ
အဲဒီမျက်နှာတွေ။

ကျွမ်းဝင်နေရတဲ့ဝန်းကျင်
မှားယွင်းလွဲချော်ခဲ့တော့
မျှော်လင့်ချက်တွေ မည်း
စိတ်တွေ မော
အိပ်မက်တွေ ခါး
ခံစားမှုတွေ ပူ
အတွေးတွေ ရိုင်း
ဦးနှောက်တွေ ပျက်
အော်....
ရောမမြို့ကို ဖျက်ဆီးတာ
ရောမမြို့သူမြို့သားတွေ ဆိုပဲ..။

ဆောင်းအလွန်မှာ ဘာလုပ်မှာလည်း
စဉ်းစားထားတာမရှိ
စည်းတား ထားတာတော့ရှိတယ်...။
နွေဦးရေ...
အသံထက်မြန်တဲ့ ဒုက္ခတွေနဲ့
ငါ ကြိုဆိုချင်ဘူး
ငါ မလွမ်းချင်ဘူး...။

ပြည့်စုံ

Continue reading ...

February 15, 2008

ကရင့်တော်လှန်ရေးခေါင်းဆောင်

Pyae Sone | 2:37 AM |


ဖထီးရေ… လူတွေကတော့ သေနေကြတာ နေ့စဉ်နဲ့အမျှပါ.. ဒါပေမယ့် ဖထီးကတော့ ကရင့်တော်လှန်ရေးသမိုင်းမှာရောကရင်ပြည်သူတွေရဲ့ရင်ထဲ ဒီမိုကရေစီလှုပ်ရှားသူတွေရဲ့ရင်ထဲ ဖထီးဟာမသေပါဘူး… ဘယ်တော့မှသေမသွားပါဘူး…။

ကေအန်ယူအတွင်းရေးမှူး ဖထီးဖဒိုမန်းရှာဟာ တိုင်းပြည်အတွက် ကရင်ပြည်သူတွေကရင်အမျိုးသားတော်လှန်ရေးအတွက် စေတနာထားတဲ့ တော်လှန်ရေးသမား နိုင်ငံရေးသမားကောင်းတယောက်ပါ။ တိုင်းရင်းသား ဒီမိုကရေစီရေး လှုပ်ရှားမှုအတွက် ဆုံးရှုံးမှုကြီးပါ။ မိသားစုနှင့်ထပ်တူ ကရင်ပြည်သူတွေနဲ့ထပ်တူ ဒီမိုကရေစီလှုပ်ရှားသူတွေနဲ့ထပ်တူ ၀မ်းနည်းကြေကွဲရပါတယ်။


K N U အထွေထွေအတွင်းရေးမှူး ဖထီးဖဒိုမန်းရှာလဖန်း၏ ကိုယ်ရေးအကျဉ်း

- ၁၉၄၃၊ ဇူလိုင် (၅) တွင် ဧရာဝတီတိုင်း၊မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် အနီးရှိ၊ တောကျောင်းရွာတွင် မွေးဖွား။ ပိုးကရင်လူမျိုး ဗုဒ္ဓဘာသာဝင်။
- ၁၉၆၁ မှာ ရန်ကုန် တက္ကသိုလ်သို့ ရောက်။

- ၁၉၆၂ မှာ သမိုင်းဝင် ၇ ဂျူလိုင် အဖြစ်အပျက်နှင့် ကြုံခဲ့။ နိုင်ငံရေး စိတ်ဝင်စားခဲ့။

- ၁၉၆၃-၆၆ အထိ ကေအန်ယူ၏ မြေအောက် လုပ်ငန်းများကို တာဝန်ယူ လုပ်ဆောင်ခဲ့သည်။

- ၁၉၆၆ တွင် ရန်ကုန်တက္ကသိုလ်မှ သမိုင်းဘာသာဖြင့် ဘွဲ့ရ။ ၎င်းနောက်တွင် ကရင့်တော်လှန်ရေးသို့ ရောက်ခဲ့သည်။

- ၁၉၆၈ တွင် ကရင်ပြည်နယ်ကို ဖြတ်ပြီး။ ရှမ်းပြည်နယ်စပ် ရလလဖ နယ်မြေတွင် နေထိုင်ခဲ့။ တရုတ်နယ်စပ်တွင် နိုင်ငံရေးသင်တန်း တက်ခဲ့။ (ဗကပ) နှင့် နိုင်ငံရေး ဆွေးနွေးခဲ့မှုများ လုပ်ခဲ့။ သဘောတရားရေးရာ သဘောမတူမှုများ ရှိခဲ့သဖြင့် ကြာကြာမနေဘဲ ဗဟိုဌာနချုပ်သို့ ပြန်လာခဲ့။

- ၁၉၇၄ ခုနှစ်တွင် ပဲခူးရိုးမရှိ ကေအန်ယူ ဗဟိုသို့ ပြန်လာရောက်။

- ၁၉၇၅ ခုနှစ်တွင် ကေအန်ယူ ပြန်လည် ပေါင်းစည်းသောအခါ ညောင်လေးပင် ခရိုင်တွင် တာဝန်ထမ်းခဲ့။

- ၁၉၈၄ မှာ အရံ ဗဟိုကော်မတီဝင် ဖြစ်လာ။

- ၁၉၈၈ ခုနှစ် တက္ကသိုလ် ကျောင်းသားများ တောခိုလာသောအခါ ဗိုလ်ချုပ်မြ၏ အနီးကပ် ကိုယ်ရံတော်ဖြစ်လာ။

- ၁၉၉ဝ တွင် ဗဟို ကော်မတီဝင် ဖြစ်လာပြီး၊ မဟာမိတ်ရေးရာများကို တာဝန်ယူခဲ့။

- ၁၉၉၅-၉၆ ကေအန်ယူ (၁၁) မြောက်ညီလာခံတွင် တွဲဘက် အထွေထွေ အတွင်းရေးမှူး (၁) ဖြစ်လာ။

- ၂ဝဝဝ တွင် ကေအန်ယူ (၁၂) ကြိမ်မြောက် ညီလာခံတွင် အထွေထွေ အတွင်းရေးမှူး ဖြစ်ခဲ့သည်။ NCUB ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ အတွင်းရေးမှူးအဖွဲ့ဝင်ဖြစ်လာသည်။

- ၂ဝဝ၄ ခုနှစ် ကေအန်ယူ (၁၃) ကြိမ်မြောက် ညီလာခံတွင်လည်း အထွေထွေ အတွင်းရေးမှူးအဖြစ် အရွေးခံရ။

- ၂ဝဝ၈ခုနှစ်၊ ဖေဖော်ဝါရီ (၁၄) ရက်နေ့ညနေ (၄း၄၀)ခန့်တွင် လုပ်ကြံခံရသည်။





၂၀၀၈ ဇန်န၀ါရီလ (၃၁)ရက် (၅၉)နှစ်မြောက် ကရင့်တော်လှန်ရေးနေ့တွင် ဖဒိုမန်းရှာလာဖန်း၏ ပြောကြားချက်

ဒီတော်လှန်ရေးဟာ ကရင်တမျိုးသားလုံးရဲ့တော်လှန်ရေး၊ ကရင်တမျိုးသားလုံး ကျွန်ပြုခံရလို့ ကျွန်ဘ၀က လွတ်မြောက်ဖို့ ကျနော်တို့လုပ်တဲ့တော်လှန်ရေး၊ ဒါကြောင့်မို့ ဒီတော်လှန်ရေးမှာ ကရင်တမျိုးသားလုံးပါဝင်ဖို့လိုတယ်။ စောဘဦးကြီးရဲ့လမ်းညွှန်မှုလေးချက်ကို ဆက်လက်ပြီးတော့ စွဲကိုင်ဖို့လိုတယ်၊
ကေအန်ယူ အစည်းအရုံးရဲ့ ဦးဆောင်မှုနဲ့ ကျနော်တို့ဆက်လက်ပြီးတော့ ချီတက်ဖို့လိုတယ်၊ ကေအန်ယူအစည်းအရုံးကလည်းပဲ၊ ကရင်အမျိုးသား အကျိုးစီးပွားအတွက် မားမားမတ်မတ်ဆုံးခန်းတိုင် ဆက်လက်ပြီးရပ်တည်သွားမှာဖြစ်တယ် ”

တော်လှန်ရေးကိုစတင်ဦးဆောင်ခဲ့သည့် စောဘဦးကြီး၏ လမ်းညွှန်ချက် (၄)ရပ်
၁။ လက်နက်ချစကား အလျဉ်းမပြောရ၊
၂။ ကရင့်လက်နက် ကရင့်လက်ထဲ၌ရှိရမည်။
၃။ ကရင်ပြည်အသိအမှတ်ပြုခြင်းပြီးပြည့်စုံစေရမည်။
၎။ ကရင့်ကံကြမ္မာ ကရင်ဖန်တီးရမည်။
Continue reading ...

February 14, 2008

Statement on Pado Mansha's assassination

Pyae Sone | 8:50 PM |
Continue reading ...

February 13, 2008

Valentine's Day နှင့် ကွေကွင်းနေရသော ချစ်သူတွေ

Pyae Sone | 9:20 AM |

အချစ်၏ ဒုက္ခသည် အခြားအားလုံးသော
ပျော်ရွှင်မှုများထက်၊ ပို၍ချိုသာပေသည်။
(ဂျွန်ခရိုင်းဒင်း)

ဗယ်လင်တိုင်းစ်ဒေး (Valentine's Day) ခေါ်ချစ်သူများနေ့အကြောင်း ပါးစပ်ရာဇ၀င်အမျိုးမျိုး ရှိခဲ့သော်လည်း အများစု ယုံကြည်သည်ကတော့ စိန့်ဗယ်လင်တိုင်းသည် ရောမအာဏာရှင် ကလောဒီယပ်စ်ခေတ်က ခရစ်ယာန် သင်းအုပ်တစ်ပါးဖြစ်သည်ဟု ဆိုသည်။ အာဏာရှင်ကို အာခံမှုဖြင့် ဖမ်းဆီးသတ်ဖြတ်ခံရသူဖြစ်သည်။ အေဒီ ၂၆၉ ခုနှစ် ဖေဖော်ဝါရီလ (၁၄) ရက်တွင် ကွယ်လွန်ခဲ့သည်ဆိုသည်။ အေဒီ(၄၉၆)တွင် ပုပ်ရဟန်းမင်း ဂယ်လက်ဆီးယပ်စ်က ဗယ်လင်တိုင်းကို ဂုဏ်ပြုရန် ဖေဖော်ဝါရီ (၁၄) ကိုသတ်မှတ်ခဲ့သည်ဆို၏။

ဤသို့သော် ဗယ်လင်တိုင်းစ်ဒေးတွင် ထူးခြားသည့်ရာဇ၀င်တစ်ခုခုတော့ရှိနေသည်။ နိုင်ငံတကာ ချစ်သူများကလည်း ကြိုဆိုသည်။ တဖြည်းဖြည်းနှင့် ဖေဖော်ဝါရီ (၁၄)သည် ချစ်သ၀ဏ်လွှာတို့ အပြန်အလှန်မှတ်မှတ်ရရပေးပို့စရာ နေ့တစ်နေ့အဖြစ်ထင်ရှားလာသည်။ ကဗျာလေးတွေပို့ကြ စုဆုံကြသည်။ ဆုတောင်းကြသည်။ ချိန်းဆိုကြသည်။ တိုင်တယ်ကြသည်။ ပြီးတော့ ချစ်ကြသည်။

တကယ်တမ်း ရှေးယခင်ရောမခေတ်တုန်းကတော့ ဖေဖော်ဝါရီ (၁၄) သည် နတ်ဘုရားမ ဂျူနိုကို ဂုဏ်ပြုရသည့်နေ့ဖြစ်သည်။ ဂျူနိုသည် နတ်၊ နတ်သမီးတို့အားလုံး၏ အရှင်မဟု ရှေးခေတ်ရောမတို့ယုံသည်။ ဗယ်လင်တိုင်း၏ ရာဇ၀င်သည် ရောမအာဏာရှင် ကလောဒီးယပ်စ်(၂)လက်ထက် နိုင့်ထက်စီးနင်းအုပ်ချုပ်မှုများနှင့်အတူ စဖြစ်ပေါ်ခဲ့သည်။ ရောမသားတို့သည် မင်းဆိုးလက်ထက်တွင်မပျော်ပိုက်ကြ။ ရောမမင်းဆိုး ကလောဒီးယပ်စ်ကို သူတို့မနှစ်မြို့ကြ။ ကလောဒီးယပ်စ်ကတော့ စစ်တပ်အင်အားကို အကြီးအကျယ်ချဲ့ထွင်ချင် သည်။ ယောက်ျားတိုင်းကို စစ်ထဲဝင်စေချင်သည်။ ရောမသားလူငယ်တို့က စစ်မတိုက်ချင်ကြ။ မိသားစုက မခွဲချင်ကြ။ ချစ်သူကို မထားခဲ့ချင်ကြ။ ဒါကိုပဲ ကလောဒီးယပ်စ်က ဒေါသထွက်သည်။ သူ့တွက်ကိန်းက လက်ထပ်မင်္ဂလာပွဲများမရှိလျှင် ဒီကောင်တွေ စစ်ထဲဝင်နိုင်လာလိမ့်မည်။ ထို့ကြောင့် လက်ထပ်ပွဲများခွင့်မပြုတော့ကြောင်း အမိန့်ထုတ်သည်။

လူငယ်များကတော့ အမိန့်သစ်သည် ရက်စက်သည်၊ တရားလွန်သည်ဟုထင်သည်။ မလိုက်နာနိုင်ကြ။ ရောမ၌ သင်းအုပ်ဆရာဖြစ်သည့် ဗယ်လင်တိုင်းသည် ကလောဒီးယပ်စ်၏ အမိန့်အာဏာကို အာခံခဲ့သည်။ သူနှင့် စိန့်မာရီယပ်စ်တို့က ချစ်သူလူငယ်စုံတွဲတို့ကို လျို့ဝှက် စွာ လက်ထပ်ပေးသည်။ ထို့ကြောင့် ဗယ်လင်တိုင်းသည် ရောမမြို့သား အားလုံးရှေ့တွင် ဖမ်းဆီးဒရွတ်ဆွဲခေါ်ယူခံရသည်။ မသေမချင်း ခေါင်းကို တင်းပုတ်ဖြင့် ထုသတ်ခံရသည်။ ဖေဖော်ဝါရီ (၁၄)ရက်မှာ သူသည် အာဇာနည်အဖြစ် သေဆုံးခဲ့သည်ဟု သမိုင်းချန်နယ်က ရှင်းပြသည်။

ထိုမှစကာ သည်နေ့ရောက်တိုင်း ဗယ်လင်တိုင်း၏ ကျေးဇူးတော်ကို တသချီးကျူးကြသည်။ ချစ်ခြင်းမေတ္တာကိုလေးနက်စာဖွဲ့ကြသည်။ ဤအလေ့အထကလေး ပိုထွန်းကားလာသည်။ အလယ်ခေတ်ရောက်တွင်တော့ ဗယ်လင်တိုင်းနေ့ မနက်တွေ့ဆုံရသော လုလင်ပျိုသည် အပျိုမကလေး၏ ဖူးစာရှင်ဖြစ်သည်ဟူသော ယုံကြည်မှုများပင်ရှိလာခဲ့သည်။

(၁၇) ရာစုအရောက်လောက်တွင်တော့ အိမ်ထောင်ရှင်များပင်လျှင် ဗယ်လင်တိုင်းနေ့ကို ပါဝင်ဆင်နွှဲလာကြတော့သည်။ ဗယ်လင်တိုင်းနေ့တွင် ပို့သည့်ပန်းပွင့်ကလေးများ၊ စာသ၀ဏ်လွှာကလေးများဖြင့် သည်လင် သည်မယားတို့၏ ချစ်မေတ္တာကိုအသစ်တဖန် လန်းဆန်းလာစေကြသည်။ အိုအောင်မင်းအောင်နှစ်ကိုယ့်တစ်စိတ်ဘ၀ကို ဗယ်လင်တိုင်းနေ့တွင် ထပ်မံသစ္စာတိုင်ကြလေးနက်ကြစေပြန်သည်။

(၁၉) ရာစု အရောက် ဂူတင်ဘတ်တို့ ပုံနှိပ်စက်များ ထွန်းကားလာချိန်နောက်ပိုင်းတွင် ပုံနှိပ်ဖော်ပြသည့် ဗယ်လင်တိုင်း ကတ်ကလေးများက ဥရောပတခွင် ပလူပျံလာတော့သည်။ ဥရောပတိုက်အနှံ့က စတိုက်ဌာနများတွင် ချစ်မေတ္တာသင်္ကေတများကို သယ်ဆောင်လာသည့် ကတ်ပြားငယ်များ သိန်းသန်းချီကာ ပြည့်နှက်လာတော့သည်။

“ကမ္ဘာ့ရွာ” ကုန်သွယ်စီးပွားခေတ်တွင်တော့ ချစ်သူများနေ့သည် ထူးထူးခြားခြား အရောင်းမြှင့်တင်စရာအဖြစ် ပိုလို့ပင် ထင်ရှားလာသည် နိုင်ငံတကာချစ်သူများ သိသိသာသာ အလေးထားနေကြသည့် နေ့တစ်နေ့အဖြစ် ထင်ရှားလာသည်မှာ ကြာခဲ့ပြီဖြစ်သော်လည်း မြန်မာနိုင်ငံတွင်တော့ လွန်ခဲ့သော (၁၀)နှစ်ခန့်အထိ လူငယ်များစွာထုကြားတွင် သိပ်မထင်ပေါ်သေးပါ။

ယနေ့ကာလတွင်တော့ ချစ်သူများနေ့သည် မြန်မာပြည်သားများစွာအတွက် အလွန်ရင်းနှီးကျွမ်းဝင်လာခဲ့ချေပြီ။ မြန်မာ့မီဒီယာများ၊ မြန်မာ့ဈေးကွက်တွင် ချစ်သူများနေ့သည် တဟုန်ထိုးရေပန်းစားလာလွန်းသဖြင့် အရောင်းမြှင့်တင်ပွဲကလေးများ၊ ရေးသားတင်ပြမှုများကိုပင် အာဏာရှင်စစ်အစိုးရက ပိတ်ပင်တားမြစ်ခြင်းများ၊ ဖမ်းဆီးချုပ် နှောင်မှုများပြုလုပ်ခဲ့သည်။ ချစ်မေတ္တာကို ပိတ်ပင်တားဆီးသည့် မင်းဆိုးကြောင့် စတင်ဖြစ်ပေါ်လာသော (Valentine's Day) အထိမ်းအမှတ်နေ့ကလေးသည် မြန်မာပြည်မှာလည်း မင်းဆိုး၏ တားမြစ်ခြင်းခံရပြန်ပြီဟုဆိုနိုင်ပါသည်။

မြန်မာနိုင်ငံပြင်ပက ချစ်သူတွေက နိုင်ငံတွင်း၊ နိုင်ငံပြင် အဝေးချစ် ချစ်ရသူတွေအတွက်တော့ ဤနေ့ကိုအလွမ်းစိတ်ကလေးများဖြင့် ဖြတ်သန်းရသည်မှာ သေချာပါသည်။ ဤနေ့ကလေးတွင် နိုင်ငံတကာချစ်သူများနွေးထွေးဆုံဆည်း ချစ်ရည်လူးနိုင်သည့် နေ့တစ်နေ့ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ချစ်သောသူတို့ ကွေကွင်းနေဆဲ မြန်မာနိုင်ငံတွင်မဆုံသေးသည့် ချစ်သူတို့ မည်မျှရှိမည် မှန်းဆရဲနိုင်စရာမရှိ။ ဇာတိမြေနဲ့အဝေး၊အိုးအိမ်နဲ့အဝေး မြန်မာအလုပ်သမား (၂) သန်းကျော်ဟာ ထိုင်းနိုင်ငံမှာရှိနေသည်။ အဝေးရောက်ဒုက္ခသည်များကလည်း သိန်းဂဏာန်းများစွာရှိသည်။ နိုင်ငံတကာတွင်လည်း ကျောင်းသားများ အလုပ်သမားများသိန်းချီရှိနေသည်။ နိုင်ငံရေးအတွက် စီးပွားရေးအတွက်၊ ပညာရေးအတွက် အကြောင်းမျိုးစုံဖြင့် ပြည်ပရောက် မြန်မာထုမှာ အခြားနိုင်ငံတကာပြည်ပရောက်များ၏ အရေအတွက် အချိုးနှင့်ယှဉ်လျှင် ထိပ်ဆုံးတန်းတွင် ရှိနိုင်သည်။ ချစ်သောသူနှင့်ဝေးကွာနေရသူများစာရင်းတွင် မြန်မာပြည်သားအရေအတွက်က အလွန်အမင်း များပြားဖွယ်ရှိသည်။ ထိုင်းနိုင်ငံတွင် သန်းချီသည့် ရွှေ့ပြောင်းလုပ်သားများ၊ နိုင်ငံတကာရောက် ကျောင်းသားများ၊ အလုပ်သမားများ၊ နိုင်ငံရေးယုံကြည်ချက်ကြောင့်၊ စီးပွားရေးကြောင့်၊ ပညာရေးကြောင့် မြန်မာပြည် မပြန်နိုင်သေးသူများတွင် ချစ်သူများနေ့၌ ချစ်သူနှင့်ဝေးနေရသူများ၊ မြန်မာနိုင်ငံသားများ ချစ်သောသူနှင့် ဆက်လက်ကွေကွင်းနေကြရခြင်းများကို မြင်ရကြားရသည့်အခါ စိတ်မကောင်းပါဘူး အလွမ်းချင်း ကိုယ်ချင်းစာမိတယ်...။

“ သူနဲ့ဝေးနေတဲ့ ကာလအတွင်းမှာ ကိုယ့်အခွင့်အရေးတွေ ဆုံးရှုံးသွားတာပေါ့ ”

“ ပြီးခဲ့တဲ့ ချစ်သူများနေ့တွေမှာ သူများစုံတွဲတွေ ပျော်နေတာမြင်တဲ့အခါ ၀မ်းသာပေမယ့် ကိုယ့်အတွက်တော့ တွေးမိရင်တော့ ၀မ်းနည်းမိတယ်”

“ ကျနော်ကံကောင်းချင်တယ်ဗျာ... စားဝတ်နေရေးအခက်အခဲကြောင့် ကျနော်တို့ တွေဝေးခဲ့ကြတယ် အခုတော့ ဝေးပြီးရင်းဆက်ဝေးနေရအုံးမယ် ကံကောင်းပါရစေဗျာ...”

“ ကျနော်လည်း နောက်တစ်နှစ်ခွဲလောက် ကျောင်းဆက်တက်ရင်း သူနဲ့ ဆက်ဝေးနေရဦးမယ်”

တကယ်တော့ အချစ်ဆိုတာ နှစ်တွေဘယ်လောက်ဘဲကြာကြာရေမြေဘယ်လောက်ခြားခြား ခံစားမှုက ဆန်းသစ်နေမြဲပါ။

အခြေအနေအကြောင်းအမျိုးမျိုးကြောင့် ချစ်သူတွေ ကွေကွင်းခြင်းဒုက္ခတွေကင်းဝေးပြီး ပျော်ရွှင်နိုင်ကြပါစေ ... ...။

ပြည့်စုံ

ကိုးကား .....
- ချစ်သူများနေ့နှင့် ဝေးနေသေးတဲ့ချစ်သူတွေ (သန်းဝင်းထွဋ်)

Continue reading ...

February 11, 2008

(၉၃)နှစ်ပြည့် ဗိုလ်ချုပ်မွေးနေ့

Pyae Sone | 9:07 PM |
ဓါတ်ပုံကို ဤနေရာမှ ယူပါသည်။

ဖေဖော်ဝါရီလ(၁၃)ရက်နေ့တွင်ကျရောက်သော(၉၃)နှစ်ပြည့်အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏မွေးနေ့အားအောက်မေ့သတိရ ဂုဏ်ပြုသောအားဖြစ် ဗိုလ်ချုပ်အောင်ဆန်း၏ ရက်စွဲလွန်ဒိုင်ယာရီအားအကျဉ်းချုပ်တင်ပြလိုက်ပါသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် သူ့ကျွန်မခံလိုသူ ဦးမင်းရောင်၏မြေးဖြစ်သည်။

၁၉၁၅ ။ ။ ဖေဖော်ဝါရီလ (၁၃)ရက်၊ ၁၂၇၆ခုနှစ် တပေါင်းလဆန်း ၁ ရက်၊ စနေနေ့တွင် တောင်တွင်းကြီးခရိုင် နတ်မောက်မြို့၌ အမိန့်တော်ရရှေ့နေကြီးဦးဖာ+ဒေါ်စုတို့မှ နောင်တခေတ်တွင် ဗိုလ်ချုပ်အောင်ဆန်းဟူ၍ မြန်မာ့သမိုင်း၌တွင်စေမည့် သားရတနာကို ဖွားမြင်ခဲ့သည်။ ဗေဒင်ဆရာက ဇာတာတွင် ထိန်လင်းဟုအမည်ရေးသော် အစ်ကို အောင်သန်းအမည်နှင့်လိုက်ရန် အောင်ဆန်းဟုရေးထွင်ခဲ့သည်။

၁၉၂၂ ။ ။ အသက်(၇)နှစ်တွင် ဆရာတော်ဦးသောဘိတ ကျောင်းတွင်နေခဲ့သည်။
၁၉၂၈ ။ ။ ရေနံချောင်းမြို့ အမျိုးသားအထက်တန်းကျောင်းသို့ပြောင်း၍ နေခဲ့သည်။
၁၉၃၀ ။ ။ သတ္တမတန်းအောင်သည် စကောလားရှစ်ရ၍ ဦးရွှေခိုဆုရသည်။ တလလျှင်(၁၀)ဖြင့် သုံးနှစ်အတွက် စကောလားရှစ်ရသည်။
၁၉၃၂ ။ ။ ရေနံချောင်းမြို့ အမျိုးသားအထက်တန်းကျောင်းမှ ဆယ်တန်းအောင်သည်။ ရန်ကုန်တက္ကသိုလ်သို့ရောက်သည်။
၁၉၃၄ ။ ။ ဥပစာတန်း စာမေးပွဲအောင်သည်။(စာမေးပွဲ အခုံအမှတ် - ၂၃၁) တကသ အမှုဆောင်ရွေးကောက်ပွဲဝင်ရာ၌ရှုံးသွားသည်။
၁၉၃၅-၃၆ ။ ။ တကသအမှုဆောင်ရွေးကောက်ပွဲဝင်ရာ အရွေးခံရသည်။ အိုးဝေမဂ္ဂဇင်းအယ်ဒီတာအဖြစ်ဆောင်ရွက်သည်။ ထိုသို့ ဆောင်ရွက်စဉ် အိုးဝေမဂ္ဂဇင်းတွင် “ခွေးသရမ်းကြီးလွတ်နေသည်။” (Hell Hound Atlarge) ဆောင်းပါးရေးသူကို ထုတ်ဖေါ်မပြော၍ တက္ကသိုလ်မှ ကျောင်းထုတ်ခြင်းခံရသည်။
၁၉၃၆ ။ ။ တကသ ဒုဥက္ကဌအဖြစ် အရွေးခံရသည်။ ရန်ကုန်မြို့ ဂျူဗလီဟောခန်းမတွင်ကျင်းပသည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများညီလာခံ၌ မိန့်ခွန်းပြောကြားသည်။
၁၉၃၇ ။ ။ အင်္ဂလိပ်စာပေ၊ ဥရောပ ရာဇ၀င်၊ နိုင်ငံရေးဗေဒဘာသာရပ်များဖြင့် ၀ိဇ္ဇာတန်းအောင်သည်။ (စာမေးပွဲ ခုံအမှတ် ၅၆)
၁၉၃၇ ။ ။ ရန်ကုန်တက္ကသိုလ် ပဲခူးဆောင် သဟာယနှင့်စာဖတ်အသင်းဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့သည်။ ပဲခူးဆောင်အခန်းအမှတ် (၁၁၃)တွင်နေထိုင်ခဲ့သည်။
၁၉၃၈ ။ ။ ဥပဒေသင်ကြားရာမှလည်းကောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ အသင်းကြီး၏ဥက္ကဌရာထူးမှလည်းကောင်းနှုတ်ထွက်သည်။ အင်္ဂလိပ်ဘာသာဖြင့်ထုတ်ဝေသော နယူးဘားမားသတင်းစာအယ်ဒီတာအဖွဲ့တွင် ခေတ္တ၀င်ရောက်လုပ်ကိုင်သည်။ပထမဆုံးတက္ကသိုလ်ကျောင်းသားကိုယ်စားလှယ်ကောင်စီဝင်အဖြစ် တင်မြှောက်ခြင်း ခံရသည်။
အောက်တိုဘာလတွင် သခင်ကိုယ်တော်မှိုင်း ဦးဆောင်သော တို့ဗမာအစည်းအရုံးသို့ ၀င်ရောက်၍ သည်။
၁၉၃၈-၃၉ ။ ။ တကသ ဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့သည်။
၁၉၃၉ ။ ။ ဇန်န၀ါရီလတွင် လုံခြုံရေးအက်ဥပဒေဖြင့် (၁၅)ရက်ဖမ်းဆီးထောင်ချခြင်းခံရသည်။

၁၉၃၉ ။ ။ ဧပြီလ ၆ ရက်နေ့မှ (၉)ရက်နေ့အထိကျင်းပသော မော်လမြိုင်ညီလာခံတွင် အတွင်းရေးမှူးအဖြစ် တာဝန်ခံဆောင်ရွက်သည်။ သြဂုတ်လ(၁၃)ရက် ရန်ကုန်ရေကျော်ရပ် တို့ဗမာအစည်းအရုံးတည်ရာဌာန၌ သခင်အောင်ဆန်း၊သခင်လှဖေ၊ ကိုသိန်းဖေ၊ ကိုဗဟိန်း၊ မစ္စတာ ဒက္ကားတို့သည် တို့ဗမာအစည်းအရုံးအတွင်းတွင် ကွန်မြူနစ်ပါတီကို လျှို့ဝှက်စွာ တည်ထောင်ဖွဲ့စည်းပြီး သခင်အောင်ဆန်းက အထွေထွေအတွင်းရေးမှုအဖြစ် တာဝန်ယူခဲ့သည်။ စက်တင်ဘာလ(၁)ရက် ဒေါက်တာဘမော်အိမ်၌ကျင်းပသော အစည်းအဝေး၌ ဗမာ့ထွက်ရပ်ဂိုဏ်း၏ အတွင်းရေးမှူးအဖြစ် တင်မြှောက်ခြင်းခံရသည်။ နိုဝင်ဘာလ(၁၈)ရက်နေ့တွင် မြေအောက်တော်လှန်ရေးဗဟိုအဖွဲ့ကို စတင်တည်ထောင်ဖွဲ့စည်းရာ၌ သခင်အောင်ဆန်းကို ပြည်ပခေါင်းဆောင်အဖြစ် ရွေးချယ်တင် မြှောက်ကြသည်။

၁၉၄၀ ။ ။ ဇွန်လ(၂၉)ရက်တွင် ဟင်္သာတခရိုင်ရာဇ၀တ်ဝန်မစ္စတာဇေးဗီးယားက ဇွန်လ(၁) ရက်နေ့တွင် ဇလွန်မြို့၌ ချင်းတောင်အကြောင်းဟောပြောမှုဖြင့် သခင်အောင်ဆန်းကို ဖမ်းရန် ၀ရမ်းထုတ်ခဲ့သည်။ သြဂုတ်လ(၈)ရက်တွင် သခင်လှမြိုင်နှင့်အတူ ဟိုင်လီအမည်ရှိသော သင်္ဘောဖြင့် ဗမာပြည်မှ တရုတ်ပြည်သို့လျှို့ဝှက်စွာ ထွက်ခွာသွားသည်။ သြဂုတ်လ(၂၄)ရက်နေ့တွင် တရုတ်ပြည်အမွိုင်မြို့သို့ရောက်သည်။ နိုဝင်ဘာလ(၁၂)ရက်နေ့တွင် ဂျပန်ပြည် တိုကျိုမြို့သို့ရောက်သည်။

၁၉၄၁ ။ ။ မတ်လ (၃)ရက်နေ့တွင် ရုပ်ဖျက်ပြီး ဗမာပြည်သို့ပြန်လာသည်။ မတ်လ(၉)ရက်နေ့တွင် ရဲဘော်သုံးကျိပ်ထဲမှ ပထမအသုတ်လူငယ်တစုကို တပါတည်းလျှို့ဝှက်စွာခေါ်ပြီး ဂျပန်ပြည်သို့ပြန်ထွက်သွားသည်။
မတ်လ(၂၇)ရက် ဂျပန်ပြည်တိုကျိုမြို့သို့ပြန်လည်ဆိုက်ရောက်သည်။
နိုဝင်ဘာလတွင် ၀ရမ်းပြေးနေရစဉ် တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့မှ နှုတ်ထွက်သည်။
ဒီဇင်ဘာလ(၂၇)ရက်စနေနေ့ည ၁း၀၀နာရီအချိန်တွင် ယိုးဒယားပြည် ဘန်ကောက်မြို့ရှိ မျိုးချစ်ပုဂ္ဂိုလ်ကြီး ဦးလွန်းဖေ၏ နေအိမ်တွင် ဘီအိုင်အေခေါ် ဗမာ့လွတ်လပ်ရေးတပ်မတော် စတင်ဖွဲ့စည်းပြီး လက်မောင်းသွေးဖောက်သောက်ကြသည်။

၁၉၄၂ ။ ။ ဇန်န၀ါရီလ၊ (၁)ရက်နေ့တွင် အင်္ဂလိပ်အစိုးရက သခင်အောင်ဆန်းကို (Burma List) ခေါ်ဗြိတိသျှနယ်ချဲ့အစိုးရ၏ ရန်သူတော်စာရင်းတွင် အမှတ်စဉ်(၅)အဖြစ် ကြေငြာခဲ့သည်။
ဇူလိုင်လတွင် ဗိုလ်မှူးကြီး ဗမာ့ကာကွယ်ရေးတပ်မတော်စစ်သေနာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။
သြဂုတ်လ(၁)ရက်တွင် ဘီအိုင်အေ(ဗမာ့လွတ်လပ်ရေးတပ်မတော်)မှ ဘီဒီအေ(ဗမာ့ကာကွယ်ရေးတပ်မတော်)အဖြစ်သို့ပြောင်းလည်းရာတွင် ကာနယ်(ဗိုလ်မှူးကြီး) ရာထူးဖြင့် ဘီဒီအေတပ်မတော်၏သေနာပတိဖြစ်လာသည်။
စက်တင်ဘာ(၆)ရက်တွင် ဒေါ်ခင်ကြည်နှင့်လက်ထပ်ခဲ့သည်။
နိုဝင်ဘာလ(၈)ရက်တွင် မြို့တော်ခန်းမ၌ ကျင်းပသော ခေတ်သစ်ဆရာဖြစ်သင်တန်းတွင် “သေနင်္ဂဗျူဟာစစ်ပညာ” အကြောင်းဟောပြောပါသည်။

၁၉၄၃ ။ ။ (မတ်လ) မေဂျာဂျင်နရယ်(ဗိုလ်ချုပ်)ရာထူးသို့ တိုးမြှင့်ခြင်းခံရသည်။
မတ်လ(၁၇)ရက်တွင် ဒေါက်တာဘမော်နှင့်အတူ ဂျပန်ပြည်တိုကျိုမြို့သို့ ဖိတ်ကြားခြင်း ခံရပြီး မတ်လ ၂၂ ရက်နေ့တွင်ဂျပန်အင်ပါယာ၏ ဘွဲ့ထူး၊ ဂုဏ်ထူးတံဆိပ်(Order of the Risingun) ဖြင့်ချီးမြှင့်ခြင်းခံရသည်။
သြဂုတ်လ (၁)ရက်နေ့တွင်ဗမာ့တပ်မတော်စစ်ဦးစီးသေနာပတိရာထူးအပြင် စစ်ဝန်ကြီးအဖြစ် ဆောင်ရွက်သည်။ ဂျပန်အစိုးရ၏ (First Class Order of Sacred Treasure) ချီးမြှင့်ခြင်းခံရသည်။

၁၉၄၄ ။ ။ သြဂုတ်လ (၄)ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းခေါင်ဆောင်ပြီး ဖက်ဆစ်တိုက်ဖျက်ရေး၊ ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်ကြီး(ဖဆပလ)ကို ပဲခူးမြို့ ဗမာ့တပ်မတော်တိုင်း(၄)စခန်း၌ လျှို့ဝှက်စွာဖွဲ့စည်းခဲ့သည်။ သို့ရာတွင် ဖွဲ့စည်းရာ၌ ဗိုလ်ချုပ်အောင်ဆန်းသည် ဖဆပလ ဗဟိုဦးစီးချုပ်အဖွဲ့နှင့် ဖဆပလ ဗဟိုစစ်ကောင်စီတွင် စစ်ရေးခေါင်းဆောင်အဖြစ်တင်မြှောက်ခြင်းခံရသည်။
သြဂုတ်လ(၂၃)ရက် ဗုဒ္ဓဟူးနေ့တွင် ရန်ကုန်မြို့ပတ်လမ်းနှင့် ဦးမြတ်ထွန်းလမ်းထောင့်ရှိ စစ်ဝန်ကြီးချုပ်ဗိုလ်ချုပ်အောင်ဆန်း၏ နေအိမ်၌ ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်ကို ပြန်လည်ဖွဲ့စည်းသည်။

၁၉၄၅ ။ ။ မတ်လ (၁၇)ရက်တွင် ရန်သူကိုတိုက်ခိုက်ရန်အတွက် တပ်မတော်ကို ဦးဆောင်၍ စစ်မြေပြင်သို့ထွက်ခဲ့သည်။
မတ်လ (၂၇)ရက်တွင် ဖက်ဆစ်ဂျပန်များကို စတင်တော်လှန်သည်။

၁၉၄၆ ။ ။ ဇန်န၀ါရီလ (၂၀)ရက်တွင် ရွှေတိဂုံအလယ်ပစ္စယံ၌ကျင်းပသော နိုင်ငံလုံးဆိုင်ရာ ဖဆပလညီလာခံတွင် ဖဆပလဥက္ကဌအဖြစ် တင်မြှောက်ခံရသည်။

၁၉၄၇ ။ ။ ဇန်န၀ါရီလ (၂)ရက်တွင် သခင်မြ၊ သတင်တင်ထွဋ် တို့နှင့်အတူဘိလပ်သို့ သွားသည်။
ဇန်န၀ါရီလ(၅)ရက် ညနေ(၅)နာရီ(၁၀)မိနစ်တွင်အချိန်တွင် အောလ်အိန္ဒိယရေဒီယိုမှနေ၍ ဗမာပြည်သို့ဟူသော မှာကြားမိန့်ခွန်းကိုအသံလွှင့်သည်။
အာရှညီညွတ်ရေးသို့ဟူသော ဗိုလ်ချုပ်၏အသံသွင်းမိန့်ခွန်းကိုလည်း ထိုနေ့ည ၈း၃၀ နာရီအချိန်တွင် ဒေလီရေဒီယိုမှ အသံလွှင့်သည်။
ဇန်န၀ါရီလ ၁၃ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းဦးစီးသော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ဗြိတိသျှဝန်ကြီးချုပ် အက်တလီခေါင်းဆောင်သော ဗြိတိသျှကိုယ်စားလှယ်အဖွဲ့တို့ ဆွေးနွေးပွဲကို လန်ဒန်မြို့အမှတ်(၁၀)ဒေါင်းနင်းလမ်းရှိ ဗြိတိသျှဝန်ကြီးချုပ်ဂေဟာ၌ ကျင်းပသည်။
ဇန်န၀ါရီလ (၂၇)ရက်နေ့တွင် အောင်ဆန်း-အက်တလီစာချုပ်ကို လက်မှတ်ရေးထိုးသည်။ တစ်နှစ်အတွင်းမြန်မာပြည်အား လုံးဝလွတ်လပ်ရေးပေးရန်ဟူသော သဘောတူညီချက်ကို ဗိုလ်ချုပ်အောင်ဆန်း၏စွမ်းဆောင်မှုဖြင့်ရရှိခဲ့ပေသည်။
ဖေဖော်ဝါရီလ (၂)ရက်တွင် ဗိုလ်ချုပ်ဘိလပ်မှရန်ကုန်သို့ပြန်ရောက်သည်။ ၁၇း၁၅ နာရီတွင် မင်္ဂလာဒုံလေဆိပ်တွင်သွားကြိုကြသည်။
ဖေဖော်ဝါရီလ (၄)ရက်တွင် ဗိုလ်ချုပ်ဘိလပ်စာချုပ်အကြောင်း ရေဒီယိုမှအသံလွှင့်သည်။
ဖေဖော်ဝါရီလ (၆)ရက်တွင် ၁၄း၀၀နာရီတွင် ရန်ကုန်မှ ကားနှင့်ပင်လုံသို့ထွက်သည်။ ဖြူးတွင်ညအိပ်သည်။ ဗိုလ်အောင်၊ ဗိုလ်မင်းလွင်တို့ကားတွင်အတူလိုက်ပါရသည်။
ဖေဖော်ဝါရီလ (၇)ရက်နံနက် ၆း၀၀နာရီတွင် ကလောမှ ရှမ်းပြည်တောင်ပိုင်း၊ပင်လုံမြို့သို့ ၁၉း၀၀နာရီတွင် ရောက်သွားသည်။
ဖေဖော်ဝါရီလ (၉)ရက်နေ့လည်ပိုင်းတွင် လူထုဟောပြောပွဲဗိုလ်ချုပ်ဟောသည်။
ဖေဖော်ဝါရီ ၁၀ ရက်နံနက် ၁၀း၀၀နာရီတွင် ဗိုလ်ချုပ်နှင့်ရှမ်း၊ကချင်၊ ချင်း၊ကိုယ်စားလှယ်များ အစည်းအဝေးကျင်းပသည်။ အကြမ်းရေးဆွဲချက်ကိုဝေငှသည်။
ဖေဖော်ဝါရီလ (၁၂)ရက်နံနက် ၁၀း၀၀ နာရီတွင်ဗိုလ်ချုပ်အောင်ဆန်းနှင့်တိုင်းရင်းသားခေါင်းဆောင်(၂၁)ဦးတို့ ပင်လုံစာချုပ် လက်မှတ်ရေးထိုးသည်။ နေ့လည် ၁၂း၃၀နာရီတွင်ပြန်ကြသည်။ ကလောတွင်ညအိပ်သည်။ နံနက် ၉း၀၀နာရီတွင် ရှမ်းအမျိုးသားသီချင်းနှင့် အမျိုးသားအလံတင်သည်။
ဧပြီလ(၉)ရက် ၁၈း၀၀နာရီတွင်ဇနီးဖြစ်သူ ဒေါ်ခင်ကြည်နှင့်အတူ မဲရုံများသို့ လိုက်လံစစ်ဆေးသည်။ ရွေးကောက်ပွဲကျင်းပရာတွင် ဗိုလ်ချုပ်ဦးဆောင်သော ဖဆပလသည် မဲအပြတ်အသတ်ဖြင့်အနိုင်ရသည်။
ဇူလိုင်လ(၁၃)ရက် တနင်္ဂနွေနေ့မြို့တော်ခန်းမမှနေ၍ လူထုသို့ မိန့်ခွန်းပြောကြားသည်။ နောက်ဆုံးမြွက်ကြွားခဲ့သောမိန့်ခွန်းဖြစ်သည်။
၁၉၄၇ ။ ။ ဇူလိုင်လ(၁၉)ရက်စနေနေ့ နံနက်၁၀း၃၇ မိနစ်ခန့်တွင် နယ်ချဲ့လက်ပါးစေ ဦးစောနှင့်အပေါင်းအပါတို့၏ ရက်စက်ယုတ်မာစွာလုပ်ကြံသတ်ဖြတ်မှုကြောင့်ကျဆုံးခဲ့ရသည်။
နံနက် ၁၀း၃၇ နာရီတွင် အတွင်းဝန်ရုံးကြီး၌
-ဗိုလ်ချုပ်အောင်ဆန်း
-ဦးဘချို
-ဦးဘ၀င်း
-မန်းဘခိုင်
-မစ္စတာရာဇတ်
-ဦးဘဂျမ်း
-ဦးအောင်ဇံဝေ
-သခင်မြ
-မိုင်းပွန်စောဘွားကြီးစ၀်စံထွန်းတို့သည် ဗမာပြည်ပြန်လည်ထူထောင်ရေးအတွက် ဆွေးနွေးနေကြစဉ် စစ်သားယောင်ဆောင်သူများ စက်သေနတ်ဖြင့်ဝင်ရောက်ပစ်ခတ်သည် ဦးအောင်ဇံဝေနှင့် ဦးဘဂျမ်းကလွဲ၍ အားလုံးကျဆုံးသည် ဦးဘဂျမ်းသည် လက်ဖျားတွင် ဒဏ်ရာရသည်။ လူသတ်သမားတို့သည် အစည်းအဝေးခန်းမအတွင်းမှ ပြန်အထွက်တွင် ဦးရာဇတ်၏သတ်တော်စောင့် ရဲဘော်ကိုထွေးနှင့်တွေ့ဆုံပြီး ရဲဘော်ကိုထွေးအား လူသတ်သမားတို့မှ ပစ်သတ်၍ ရဲဘော်ကိုထွေးကျဆုံးခဲ့ရသည်။
ထိုညဦးစောအိမ်ကိုပုလိပ်များဝိုင်းရှာသည် လက်နက်များနှင့်ယမ်းတောင့်များဖမ်းမိသည်။ ဦးစောနှင့် လူ ၁၉ယောက်သူ၏အိမ်တွင်ဖမ်းမိသည်။ ၁၉ရက်နေ့ညနေမှာပင် ဗိုလ်ချုပ်နှင့်တကွ အလောင်းများကို ဂျူဗလီဟောသို့ပို့ဆောင်သည်။ နိုင်ငံတော်ဈာပနအဖြစ်စီမံမည်။ တလထားမည်ဟုဆုံးဖြတ်သည်။
မကြုံဘူးသော လူထုကြီးကို တွေ့ရသည်၊ တမြို့လုံးယဉ်အသွားအလာမရှိ ရုပ်ရှင်ပွဲနှင့် ဆိုင်များအားလုံးလူမျိုးမဘာသာမရွေးပိတ်သည်။

ဗိုလ်ချုပ်ဟာ ကျနော်တို့တွေရဲ့ရင်ထဲမှာ အမြဲတမ်းရှင်သန်ဆဲပါ။

Continue reading ...

(၆၁)နှစ်မြောက် ပြည်ထောင်စုနေ့ ထုတ်ပြန်ကြေညာချက်

Pyae Sone | 8:14 AM |
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)အမေရိကားဌာနခွဲများ နှင့် မြန်မာနိုင်ငံကျောင်းသားလူငယ်များကွန်ကရက် တို့၏ (၆၁)နှစ်မြောက် ပြည်ထောင်စုနေ့ ထုတ်ပြန်ကြေညာချက်





Continue reading ...

February 10, 2008

ပြည်ထောင်စုနေ့ နှင့် ပင်လုံစာချုပ်

Pyae Sone | 2:11 AM | |

၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ (၁၂)ရက်နေ့သည် (၆၁) နှစ်မြောက်ပြည်ထောင်စုနေ့ကို ကျရောက်ခဲ့ပြီဖြစ်သည်။ နှစ်စဉ်နှစ်တိုင်း ဖေဖော်ဝါရီလ(၁၂)နေ့သည် ပြည်ထောင်စုနေ့ဖြစ်သည်ဆိုတာကို မြန်မာပြည်သားအားလုံးသိပါသည်။ အဘယ့်ကြောင့်ဆိုသော် ကျောင်းသုံးစာအုပ်တွေမှာ ပြဌာန်းသင်ကြားစေခဲ့တဲ့သလို အထိမ်းအမှတ်ပွဲတွေကိုလည်း နှစ်စဉ်နှစ်တိုင်း အဲဒီနေ့မှာ ကျောင်းတွေပိတ်၊ ရုံးတွေပိတ်ပြီး တခမ်းတနားကျင်းပပြုလုပ်ကြခြင်းကြောင့်ဖြစ်ပါသည်။

ကျနော်လိုချင်တဲ့ ညီညွတ်ရေးက တတိုင်းပြည်လုံး လူတမျိုးလုံးရဲ့ လွတ်လပ်ရေး၊ လူတမျိုးလုံးရဲ့ အကျိုး၊ အဲဒီလို တူညီတဲ့ ရည်ရွယ်ချက်၊ တူညီတဲ့အကျိုး တူညီတဲ့အလုပ် ဒါတွေကိုရအောင် အဲဒီလို တူညီတဲ့အကျိုး၊ တိုင်းသူပြည်သားတွေရအောင်တူညီတဲ့ အလုပ်လုပ်တဲ့ ညီညွတ်ရေးမျိုးဖြစ်ရမယ်။ ပါးစပ်က ပြောရုံနဲ့မပြီးသေးဘူး။ ပါးစပ်ကညီညွတ်ပါတယ်လို့ ပြောလို့မဖြစ်ဘူး။ အလုပ်မှာလည်းတူရမယ်။ ရည်ရွယ်ချက်မှာလည်း၊ အဲဒါမျိုးကိုမှ ညီညွတ်ရေးလို့ခေါ်ထိုက်တယ်။
ဗိုလ်ချုပ်အောင်ဆန်း (၂၃.၁.၄၆ ဖဆပလ ပြည်လုံးကျွတ် ညီလာခံကြီးတွင် တင်သွင်းသော အဆိုအမိန့်မှ ကောက်နုတ်ချက်)

နယ်ချဲ့ဗြိတိသျှတို့က ဖိနှိပ်အုပ်ချုပ်သူတို့၏ စနစ်အတိုင်း နယ်ချဲ့ခြင်းနှင့် အတူ သွေးခွဲအုပ်ချုပ်ရေးကို အသုံးပြုခဲ့သည်။ ဗမာပြည်ကိုဝင်ရောက်သိမ်းပိုက် ပြီးသည်နှင့် တောင်တန်းမြေပြန် သွေးခွဲအုပ်ချုပ်နိုင်ခဲ့သည်။ အဲဒီနောက်ပိုင်း အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနှင့်ပြည်နယ်ခေါင်းဆောင်တွေကပြည်နယ်အနှံ့ကိုသွားပြီး ဆွေးနွေးစည်းရုံးခဲ့သည်။ သွေးခွဲမှုတွေကို စုစည်းခဲ့သည်။ ညီညွတ်ရေး တည်ဆောက်ခဲ့သည်။

(၁) ပထ၀ီနယ်နမိတ် အထင်အရှားရှိခြင်း။
(၂) ဗမာစကားမဟုတ်သည့် ဘာသာစကားရှိခြင်း။
(၃) ယဉ်ကျေးမှု (ဓလေ့ထုံးစံ) တမျိုးတည်းရှိခြင်း။
(၄) ရာဇ၀င်လာတမျိုးတည်း လူစုရှိခြင်း။
(၅) စီးပွားရေး လုံလောက်ခြင်း
(၆) လူဦးရေ အတော်အတန်ရှိခြင်း။
(၇) ပြည်ထောင်စုအဖွဲ့ဝင် သီးခြားနေလိုတဲ့ ဆန္ဒရှိခြင်း။
- ဆိုသည့်အချက်တွေကိုစံထားပြီး ပြည်ထောင်စု ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ရေးပြည်နယ်၊ လူမျိုးစုပြည်နယ် ဆိုပြီးခွဲခြားသတ်မှတ်ဖို့ သဘောတူညီခဲ့ကြပါသည်။

၁၉၄၇ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ရှမ်းပြည်တောင်ပိုင်း ပင်လုံတွင် ဗမာပြည်နှင့် တောင်တန်းနယ်များ ပူးပေါင်းရေးအတွက် သဘောတူညီကြောင်း လွတ်လပ်ရေးရဲ့ ရှေ့ပြေး ဖြစ်သော ပင်လုံစာချုပ်ကိုချုပ်ဆိုနိုင်ခဲ့သည်။ ရှမ်းပြည်မှ စော်ဘွားများ၊ ချင်း၊ ကချင်ခေါင်းဆောင်များ၊ တောင်တန်းသားများ ညီညွတ်ရေးအဖွဲ့ချုပ် (The Supreme Council of the United Hill Peoples: SCOUHP) ကိုယ်စားလှယ်များ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဖဆပလခေါင်းဆောင်များပါဝင်ခဲ့သည်။ ပင်လုံစာချုပ်တွင် ကိုယ်စားလှယ် ၂၃ ဦး လက်မှတ်ရေးထိုးခဲ့ကြသည်။ ပင်လုံစာချုပ်သည် ဗမာပြည်၏ “ ပြည်ထောင်စုနိုင်ငံ” ပြည်ထောင်စုပုံစံထူထောင်ရေးအတွက် အုတ်မြစ်ဖြစ်ပါသည်။
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ တန်းတူညီမျှရေး၊ သွေးစည်းညီညွတ်ရေးအတွက် အုတ်မြစ်ချခဲ့သော်လည်း ၁၉၆၂ ခုနှစ်မှ ယနေ့ကာလအထိ ဗမာပြည် ဖက်ဆစ်စစ်အုပ်စုက ယင်းလမ်းစဉ်တွေကို ချေဖျက်ခဲ့ကြသည်။ ပြည်တွင်းစစ်တွေကိုဖန်တီးကာ စစ်အာဏာရှင်သက်ဆိုးရှည်ရေးအတွက် ပြည်ထောင်စနစ်ထားရှိခဲ့သည်။ စစ်အာဏာရှင်စနစ်တည်မြဲရေး၊ ရှင်သန်ရေး အတွက် ကောက်ကျစ်နည်းတွေကို အမျိုးမျိုး ရာသီအလိုက် မရိုးနိုင်အောင်ကို အသုံးပြုနေခဲ့သည်မှာ ယနေ့ဆိုလျှင် (၄၅) နှစ်ရှိပြီဖြစ်သည်မှာ သက်သေတွေပြခဲ့ပါသည်။ ဖက်ဆစ်ဗိုလ်နေ၀င်းအုပ်စိုးသည့်ကာလတွင် တပြည်ထောင်စနစ်ကို အဓမ္မဖန်တီးခဲ့သည်။ ၈၈ အရေးအခင်းဖြစ်ပြီးသည့်နောက်ပိုင်းတွင် စစ်အုပ်စုသည် သူတို့၏ အကျပ်အတည်း ထွက်ပေါက်အဖြစ် ရွေးကောက်ပွဲကျင်းပပေးခဲ့သည်။ စစ်အုပ်စုသည် စစ်တန်းလျားပြန်ရမှာ၊ အာဏာလက်လွှတ်ရမှာစိုးသဖြင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို တမင်အာဏာလွှဲမပေးဘဲထားခဲ့သည်မှာယနေ့အထိပင်ဖြစ်ပါသည်။ အခြေခံဥပဒေ ရေးဆွဲမည့်အစား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မဟုတ်သည့် ဖက်ဆစ်စစ်အုပ်စုက သေနတ်နှင့်စစ်တပ်ကိုလက်ကိုပြုကာ သူတို့အတွက် အာဏာမြဲရေး အခြေခံဥပဒေကို ရေးဆွဲခဲ့သည်။ တိုင်းရင်းသားပြည်သူတွေ တကယ်စည်းလုံး ညီညွတ်ပြီး တိုးတက်အောင်တော့ မလုပ်နိုင်ခဲ့ကြပါဘူး တိုင်းပြည်ဟာ တနေ့တခြား အဖက်ဖက်ကသာအောက်ကျနောက်ကျနဲ့ အောက်တန်းကျပြီး ဖရိုဖရဲဖြစ်ခဲ့ကြပါတယ်။ အာဏာမြဲရေးအတွက် အရှက်တရား၊ သိက္ခာကင်းမဲ့လှစွာ ပြောင်ပြောင်တင်းတင်းပဲ အာဏာမြဲရေးလုပ်လာရင်း ၂၀၀၃ မေ (၂၉-၃၀) ဒီပဲယင်းလူသတ်ပွဲကိုဖန်တီးခဲ့သည်ကို အားမရ ၂၀၀၇ စက်တင်ဘာ အစုလိုက်အပြုံလိုက်လူတွင်မကသေး ဘုရားသားတော်သံဃာတော်များကိုပါ ရိုက်နှက်သတ်ဖြတ် ထောင်သွင်းအကျဉ်းချမှုများကို တနေ့တခြားရဲတင်းစွာပြုလုပ်ဖန်တီးခဲ့သည်။ တနေ့တခြား သတ်ဖြတ်တာ၊ လုယက်တာ၊ အမျိုးသမီးတွေကိုအနိုင်ကျင့်တာ၊ ပေါ်တာဆွဲတာ၊ သယံဇာတများဖြစ်သော သစ်၊ ကျောက်သံပတ္တမြား ခိုးရောင်းခိုးထုတ်နေတာတွေဟာ မရပ်သေးပါ။ လက်နက်ကိုင် အပစ်ရပ်ငြိမ်းအဖွဲ့တွေဆို မှောင်ခိုရောင်းဝယ်ခွင့်များ၊ ဘိန်းစိုက်ဘိန်းရောင်းခွင့်များ ပေးထားပြီးငြိမ်ဆေးကျွေးထားပြီးနှစ်သိမ့်ခဲ့ကြသည်။ အခုလိုဖြစ်ရပ်တွေက အထင်အရှားမို့ ဒီမိုကရေစီမရသမျှ ပြည်ထောင်စုသစ်ကြီးဘယ်တော့မှဖြစ်မလာနိုင်တော့ပါ။
ဒေါ်အောင်ဆန်းစုကြည်၏(၁၆၊၂၊၉၈)မွေတော်ဓါတ်ဆင်စေတီ၊ မိုးဗြဲတွင်ပြောကြားခဲ့သော မိန့်ခွန်းမှ ကောက်နုတ်တင်ပြရမည်ဆိုလျှင် “ ပြည်ထောင်စုတစ်ခု ထူထောင်ဖို့ဆိုတာ ဗမာတွေရဲ့ ကတိအပေါ်မှာမတည်ပါဘူး။ ပြည်ထောင်စုတိုင်းရင်းသားများအားလုံး တစ်ယောက်အပေါ် တစ်ယောက်သစ္စာရှိမှုအပေါ်မှာ တည်ပါတယ်” ထို့အတွက်ကြောင် ကျနော်တို့ တိုင်းရင်းသားပြည်ထောင်စုဖွားညီနောင်အပေါင်းတို့ ညီညီ ညွတ်ညွတ်နဲ့ ပြည်ထောင်စုမူစစ်စစ်ဖြစ်ဖို့အတွက်ကို ကျနော်တို့တတွေ လက်တွဲညီစွာနဲ့ ပြန်လည်ထူထောင်ကြဖို့အတွက် ပင်လုံစိတ်ဓါတ်ကို ပြန်လည်တည့်မတ်ကြပါစို့။

၁၉၄၇ ခုနှစ် ပင်လုံစာချုပ်

မြန်မာပြည်ဘုရင်ခံ၏ အမှုဆောင်ကော်မတီမှ အဖွဲ့ဝင်အချို့နှင့် စပ်ဖများအားလုံးတို့အပြင် ရှမ်းပြည်နယ်များ၊ ကချင်တောင်တန်းဒေသများနှင့် ချင်းတောင်တန်းဒေသတို့မှ ကိုယ်စားလှယ်များတို့တက်ရောက်ကြသော ပင်လုံမြို့တွင်ကျင်းပသည့် အစည်းအဝေးကြီးတရပ်တွင် ကြားဖြတ်မြန်မာအစိုးရနှင့် ချက်ချင်းပူးပေါင်းခြင်းအားဖြင့် ရှမ်း၊ ကချင်နှင့် ချင်းတို့သည် လွတ်လပ်ရေးကို ပိုမို၍ လျင်မြန်စွာရရှိလိမ့်မည်ဟု အစည်းအဝေးတက်ရောက်သူအဖွဲ့ဝင်တို့သည် ကန့်ကွက်သူမရှိဘဲ အောက်ပါအတိုင်း သဘောတူညီကြလေသည်။
၁။ တောင်တန်းသားများ စည်းလုံးညီညွတ်ရေးအဖွဲ့(တစညဖ)၏ ကြိုးကိုင်အဖွဲ့ကိုယ်စားလှယ်များ၏ ထောက်ခံချက်အရ တောင်တန်းသားများ၏ ကိုယ်စားလှယ် တဦးကို ဘုရင်ခံကရွေးချယ်၍ နယ်စပ်ဒေသများကိစ္စနှင့်ပတ်သက်၍ ဆောင်ရွက်ရန်အတွက်ဘုရင်ခံ၏ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ခန့်ထားရမည်။
၂။ ဤအတိုင်ပင်ခံပုဂ္ဂိုလ်ကို ဘုရင်ခံ၏ အမှုဆောင်ကောင်စီတွင် ဌာနလက်ကိုင်မရှိကောင်စီဝင်တဦးအဖြစ်ခန့်ထား၍ ကာကွယ်ရေးနှင့် ပြည်ပကိစ္စရပ်များတွင် ထုံးနည်းဥပဒေရ အမှုဆောင်ကောင်စီ၏ အာဏာလက်အောက်သို့ ရောက်ရှိသည့်နည်းတူ နယ်စပ်ဒေသကိစ္စများကိုလည်း အမှုဆောင်ကောင်စီ၏ အာဏာအောက်သို့ ရောက်ရှိစေရမည်။ ဤနည်းလမ်းများအတိုင်း နယ်စပ်ဒေသဆိုင်ရာ အတိုင်ပင်ခံပုဂ္ဂိုလ်အား အုပ်ချုပ်ခွင့်အာဏာကိုပေးအပ်ရမည်။
၃။ အဆိုပါအတိုင်ပင်ခံပုဂ္ဂိုလ်ကို ၎င်းနှင့်လူမျိုးချင်းမတူသော ဒုတိရအတိုင်ပင်ခံနှစ်ဦးက ကူညီစေရမည်။ ရှေးဦးစွာ ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်နှစ်ဦးတို့သည် ၎င်းတို့အသီးသီးသက်ဆိုင်သည့်နယ်များ၏ ကိစ္စရပ်များကို ဆောင်ရွက်ရန်ဖြစ်၍ အတိုင်ပင်ခံပုဂ္ဂိုလ်မှာအခြားနယ်စပ်ဒေသအားလုံးတို့၏ ကိစ္စရပ်များကို ဆောင်ရွက်စေရန်ဖြစ်သည်။ ၎င်းတို့ ထုံးနည်းဥပဒေအရ တွဲဖက်တာဝန်ယူရသည့်မူအတိုင်း ရွက်ဆောင်စေရမည်။

၎။ အတိုင်ပင်ခံပုဂ္ဂိုလ်သည် အမှုဆောင်ကောင်စီတွင် အဖွဲ့ဝင်လူကြီးအနေဖြင့် နယ်စပ်ဒေသများ၏ တဦးတည်းသောကိုယ်စားလှယ်အဖြစ် ပါဝင်ရမည်ဖြစ်သော်လည်း ဒုတိရအတိုင်ပင်ခံပုဂ္ဂိုလ်များသည် နယ်စပ်ဒေသများနှင့် သက်ဆိုင်ရာကိစ္စရပ်များကိုဆွေးနွေးကြသည့် အခါ အမှုဆောင်ကောင်စီတွင် တက်ရောက်နိုင်ခွင့်ရှိစေရမည်။

၅။ အထက်တွင်သဘောတူညီသည့်အတိုင်း ဘုရင်ခံ၏ အမှုဆောင်ကောင်စီကို တိုးချဲ့မည်ဖြစ်သော်လည်း နယ်စပ်ဒေသများ၏ နယ်တွင်းအုပ်ချုပ်ရေးတွင် ယခုခံစားနေရသော ကိုယ်ပိုင်အုပ်ချုပ်ရေးကို မည်သည့် နည်းနှင့်မဆို တစုံတရာလက်လွတ်စေရန် အဆိုပါ ကောင်စီက ပြုလုပ်ခြင်းမရှိစေရ။ နယ်စပ်ဒေသများအတွက် နယ်တွင်းအုပ်ချုပ်ရေးတွင် ကိုယ်ပိုင်အုပ်ချုပ်ရေး ရာခိုင်နှုန်းအပြည့် ရှိစေရမည်ဟူသောမူကို သဘောတူညီကြသည်။

၆။ ပူးပေါင်းထားပြီးသည့် ဤမြန်မာပြည်အတွင်း သီးသန့်ကချင်ပြည်နယ်တခုနယ်နမိတ် သတ်မှတ်၍ တည်ထောင်ရန် ပြဿနာမှာ တိုင်းပြုပြည်ပြု လွှတ်တော်က ဆုံးဖြတ်ရန်ဖြစ်သော်လည်း ဤကဲ့သို့ သီးခြားပြည်နယ်တခု ထားရှိသင့်ကြောင်းကို သဘောတူညီကြသည်။ ဤရည်ရွယ်ချက် ထမြောက်ရန်အလို့ငှာ ပထမခြေလှမ်းအနေဖြင့် ၁၉၃၅ ခုနှစ်မြန်မာနိုင်ငံတော်အစိုးရ အက်ဥပဒေအရ နောက်ဆက်တွဲစာရင်းပါ အပိုင်း(၂)ဒေသများကဲ့သို့ မြစ်ကြီးနားနှင့် ဗန်းမော်ခရိုင်တို့၏ အုပ်ချုပ်ရေးတွင်နယ်စပ်ဒေသအတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒုတိရအတိုင်ပင်ခံပုဂ္ဂိုလ်အား ဆွေးနွေးတိုင်ပင်ရမည်။

၇။ နယ်စပ်ဒေသများ၏ နယ်သူနယ်သားတို့သည် ဒီမိုကရေစီနိုင်ငံများတွင် အခြေခံများအဖြစ် အသိအမှတ်ပြုထားသော အခွင့်အရေးများတို့ကို ခံစားနိုင်ခွင့်ရှိစေရမည်။

၈။ ဤစာချုပ်တွင် သဘောတူညီကြသည့် အစီအစဉ်မှာ ပဒေသရာဇ်ရှမ်းပြည်နယ် နယ်မြေစုတွင် ယခုအပ်နှင်းထားပြီးသော ဘဏ္ဍာရေးနှင့် ပတ်သက်သည့် ကိုယ်ပိုင်အုပ်ချုပ်ရေးကို ထိခိုက်ခြင်းမရှိစေရန်။

၉။ ဤစာချုပ်တွင် သဘောတူညီကြသည့်အစီအစဉ်မှာ မြန်မာပြည်အခွန်တော်ငွေများမှ ကချင်တောင်တန်းနယ်များနှင့် ချင်းတောင်တန်းနယ်များက ရသင့်ရထိုက်သော ဘဏ္ဍာရေးအကူအညီကို ထိခိုက်ခြင်းမရှိစေရ၊ မြန်မာပြည်နှင့် ပဒေသရာဇ်ရှမ်းပြည်နယ်မြေစု၏ ဘဏ္ဍာရေးအစီအစဉ်များကဲ့သို့ ကချင်တောင်တန်းနှင့် ချင်းတောင်တန်းများအတွက် အလားတူအစီအစဉ်များကို ထားရှိကျင့်သုံးရန်ဖြစ်နိုင်မည်မဖြစ်နိုင်မည်ကို ဘုရင်ခံ၏ အမှုဆောင်ကောင်စီက နယ်စပ်ဒေသများ၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒုတိရအတိုင်ပင်ခံပုဂ္ဂိုလ်တို့နှင့် အတူ စစ်ဆေးကြည့်ရှုရမည်။

မြန်မာနိုင်ငံတော်အစိုးရ

(ပုံ) အောင်ဆန်း
၁၂-၂- ၄၇

ကချင်ကော်မတီ
(ပုံ) ဆမားဒူဝါးဆင်ဝါးနောင်
မြစ်ကြီးနား။

(ပုံ) ဇော်ရစ်
မြစ်ကြီးနား။

(ပုံ) ဒိန်ရတန်
မြစ်ကြီးနား။

(ပုံ) ဇော်လ
ဗန်းမော်။

(ပုံ) ဇော်လွန်း
ဗန်းမော်။

(ပုံ) လဗန်းဂရောင်း
ဗန်းမော်။

ချင်းကော်မတီ
(ပုံ) ဦးလွှာမှုန်း
အေတီအမ်၊ အိုင်တီအက်စ် အမ်၊ ဖလမ်း။

(ပုံ) ဦးသောင်ဇာခပ်
အေတီအမ်း၊ တီးတိန်။

(ပုံ) ဦးကွယ်မန်း
အေတီအမ်၊ ဟားခါး။

ရှမ်းကော်မတီ
(ပုံ) ခွန်းပန်စိန်။
တောင်ပိုင်းစပ်ဖလုံ။

(ပုံ) စပ်ရွှေသိုက်
ညောင်ရွှေစပ်ဖလုံ။

(ပုံ) စပ်ဟုံဖ
မြောက်ပိုင်းသိန္နီစပ်ဖလုံ။

(ပုံ) စပ်နွံ
လဲချားစပ်ဖလုံ။

(ပုံ) စပ်စံထွန်း
မိုင်းပွန်စပ်ဖလုံ။

(ပုံ) စပ်ထန်အေး
သာမိုင်းခမ်းစပ်ဖလုံ။

(ပုံ) ဦးဖြူ
သထုံ စပ်ဖလုံ၏ ကိုယ်စားလှယ်။

(ပုံ) ခွန်းဖုံး
မြောက်ပိုင်း သိန္နီ

(ပုံ) ဦးတင်ဧ
(ပုံ) ဦးထွန်းမြင့်
(ပုံ) ဦးကြာပု
(ပုံ) ဦးခွန်စော
(ပုံ) စပ်ရစ်ဖ။
(ပုံ) ဦးခွန်ထီး။

------ ----------- ------- ------- -------- ---------
THE PANGLONG AGREEMENT
1947


Dated the12th February 1947,
Panglong,
A conference having been held at Panglong, attended by certain Members of the Executive Council of the Governor of Burma, all Saohpas and representative of the Shan States, the Kachin Hills and the Chin Hills:

The Members of the conference, believing that freedom will be more speedily achieved by the Shans, the Kachins and the Chins by their immediate co-operation with the Interim Burmese Government:
1. A Representative of the Hill Peoples, selected by the Governor on the recommendation of representatives of the Supreme Council of the United Hill Peoples (SCOUHP), shall be appointed a Counsellor for Frontier Areas shall be given executive authority by similar means.

2. The said Counsellor shall also be appointed a Member of the Governor's Executive Council, without portfolio, and the subject of Frontier Areas brought within the purview of the Executive Council by Constitutional Convention as in the case of Defence and External Affairs. The Counsellor for Frontier Areas shall be given executive authority by similar means.

3. The said Counsellor shall be assisted by two Deputy Counsellors representing races of which he is not a member. While the two Deputy Counsellors should deal in the first instance with the affairs of their respective areas and the Counsellor with all the remaining parts of the Frontier Areas, they should by Constitutional Convention act on the principle of joint responsibility.

4. While the Counsellor, in his capacity of Member of the Executive Council, will be the only representative of the Frontier Areas on the Council, the Deputy Counsellors shall be entitled to attend meetings of the Council when subjects pertaining to the Frontier Areas are discussed.

5. Though the Governor's Executive Council will be augmented as agreed above, it will not operate in respect of the Frontier Areas in any manner which would deprive any portion of those Areas of the autonomy which it now enjoys in internal administration. Full autonomy in internal administration for the Frontier Areas is accepted in principle.

6. Though the question of demarcating and establishing a separated Kachin State within a Unified Burma is one which must be relegated for decision by the Constituent Assembly, it is agreed that such a State is desirable. As a first step towards this end, the Counsellor for Frontier Areas and the Deputy Counsellors shall be consulted in the administration of such areas in the Myitkyina and the Bhamo Districts as are Part II Scheduled Areas under the Government of Burma Act of 1935.

7. Citizens of the Frontier Areas shall enjoy rights and privileges which are regarded as fundamental in democratic countries.

8. The arrangements accepted in this Agreement are without prejudice to the financial autonomy now vested in the Federated Shan States.

9. The arrangements accepted in this Agreement are without prejudice to the financial assistance which the Kachin Hills and the Union Hills are entitled to receive from the revenues of Burma, and the Exeutive Council will examine with the Frontier Areas Counsellor and Deputy Counsellors the feasibility of adopting for the Kachin Hills and the Chin Hills financial arrangement similar to those between Burma and the Federated Shan States.

Burmese Government.
(Signed) Aung San

Kachin Committee.

(Signed) Sinwa Naw, Myitkyina
(Signed) Zaurip, Myitkyina
(Signed) Dinra Tang, Myitkyina
(Signed) Zau La, Bhamo
(Signed) Zau Lawn, Bhamo
(Signed) Labang Grong, Bhamo

Chin Committee

(Signed) U Hlur Hmung, Falam
(Signed) U Thawng Za Khup, Tiddim
(Signed) U Kio Mang, Haka

Shan Committee

(Signed) Saohpalong of Tawngpeng State.
(Signed) Saohpalong of Yawnghwe State.
(Signed) Saohpalong of North Hsenwi State.
(Signed) Saohpalong of Laihka State.
(Signed) Saohpalong of Mong Pawn State.
(Signed) Saohpalong of Hsamonghkam State
(Signed) Representative of Hsahtung Saohpalong. Hkun Pung
(Signed) U Tin E
(Signed) U Htun Myint
(Signed) U Kya Bu
(Signed) Hkun Saw
(Signed) Sao Yape Hpa
(Signed) Hkun Htee

Continue reading ...

February 09, 2008

မေလအတွင်း လူထုဆန္ဒခံယူပွဲ ကျင်းပရန် မြန်မာစစ်အစိုးရ ကြေညာ

Pyae Sone | 5:50 PM |
မြန်မာ့အသံကနေ ဒီနေ့ညမှာ မြန်မာနိုင်ငံရဲ့ လမ်းပြမြေပုံ အဆင့် ၇ ဆင့်ရဲ့ ၄ ဆင့်
မြောက်ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆန္ဒခံယူပွဲကို အခုနှစ် မေလအတွင်းမှာ ပြုလုပ်
မယ်လို့ကြေညာသွားတာတွေ့ရပါတယ်။

ဒါနဲ့ပတ်သက်လို့ ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့
ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ဒေါ်အေးအေးမာနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းတို့ကို ဗွီအိုအေ၀ိုင်းတော်သား ဦးသားညွှန့်ဦးက တိုက်ရိုက်ဆက်သွယ် မေးမြန်းထားပါတယ်။

မအေးအေးမာရေ၊ ဒီနေ့ည ကြေညာသွားတဲ့သတင်းလေးအကြောင်း ပြောပါအုံး။ -

“ဟုတ်ကဲ့၊ မြန်မာစစ်အစိုးရရဲ့ အတွင်းရေးမှူး (၁) ဒုတိယဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးရဲ့ လက်မှတ်နဲ့ ဒီနေ့ ထုတ်ပြန်ကြေညာချက်နှစ်ခု ထုတ်ပါတယ်။ တစ်ခုကတော့ ၁/၂၀၀၈ ပါ။ ဒီကြေညာချက်ထဲမှာတော့ ဒီနှစ် ၂၀၀၈ ခုနှစ် မေလထဲမှာ မြန်မာနိုင်ငံမှာ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကြီး ကျင်းပသွားမယ် ဆိုတဲ့အကြောင်းကို ပြောသွားပါတယ်။ နောက်တစ်ခုကတော့ ၂/၂၀၀၈ ကြေညာချက် ဖြစ်ပါတယ်။ ဒီကြေညာချက်ထဲမှာတော့ ၂၀၁၀ ခုနှစ်မှာဆိုရင်တဲ့ ပါတီစုံ အထွေထွေ ဒီမိုကရေစီ ရွေးကောက်ပွဲကြီးကို ကျင်းပပေးသွားမယ် ဖြစ်ကြောင်းကို ကြေညာထားပါတယ်ရှင့်။”

ဟုတ်ကဲ့။ မအေးအေးမာရေ - တဆက်တည်းမှာပဲ ဒီသတင်းနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ အဲန်အယ်လ်ဒီ ပါတီက ပြောရေးဆိုခွင့်ရှိတဲ့ ဦးဉာဏ်ဝင်းကိုလည်း ကျနော်တို့ ဆက်သွယ်မေးမြန်းနိုင်ဖို့ ကျနော်တို့ အခု ဆက်သွယ်ထားပါတယ်။ အဲန်ကယ်လ် ဦးဉာဏ်ဝင်း ကြားရပါလားခင်ဗျာ။ -

“ဟုတ်ကဲ့။ ကြားပါတယ်။”

အခု မြန်မာစစ်အစိုးရရဲ့ ကြေညာချက်နဲ့ပတ်သက်လို့ အဲန်အယ်လ်ဒီအနေနဲ့ ဘယ်လို သဘောထား ရှိလဲခင်ဗျ။ -

“ကျနော်တို့ ဒီကြေညာချက်ကို ကြည့်လိုက်တဲ့အခါကျတော့ ဆန္ဒခံယူပွဲနဲ့ပတ်သက်ပြီးတော့ အထူးအရေးကြီးတဲ့ ဘယ်နေ့ ကျင်းပမယ်ဆိုတာရယ်၊ ဘယ်နည်းစနစ်တွေနဲ့ ကျင်းပမယ် ဆိုတာရယ်၊ ပြီးတော့ ဒီဥစ္စာဟာ ပြည်သူတွေ ဆန္ဒအမှန် ဖော်ထုတ်နိုင်တဲ့ နည်းလမ်းတွေ ကျင့်သုံးမှာလား ဆိုတာတွေ အဲဒါကို ကျနော်တို့ တစ်ခုမှ မတွေ့ရဘူး။ ဒါက နံပါတ် (၁) အချက်။ နံပါတ် (၂) အချက် ကျနော် လောလောဆယ် တွေ့တာက ၂၀၁၀ ခုနှစ်မှာ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ ကျင်းပမယ်။ အဲဒီ ကျင်းပမယ် ဆိုတာ အခု ၂၀၀၈ ခုနှစ် မေလမှာ ကျင်းပမယ်ဆိုတဲ့ ဆန္ဒခံယူပွဲရဲ့ ရလဒ်ပေါ်မှာ သွားမှာလို့ပဲ ကျနော် နားလည်တယ်။ အဲတော့ ၂၀၀၈ ခုနှစ် မေလမှာကျင်းပမယ့် ဆန္ဒခံယူပွဲရဲ့ ရလဒ်၊ အဖြေက တစ်ခုတည်းမဟုတ်ဘူး။ နှစ်ခုရှိရမယ်လေ။ ဟုတ်လား၊ ကျနော်တို့ အောင်မြင်တယ်၊ မအောင်မြင်ဘူး။ အောင်မြင်လို့ရှိရင် ၂၀၁၀ ခုနှစ်မှာ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ ကျင်းပလို့ ရမယ်။ မအောင်မြင်ရင် ဘာဆက်လုပ်ကြမလဲ။ အဲဒီတော့ မသိသေးတဲ့အဖြေပေါ်မှာ အခုလို ကြေညာတာ ကျနော်တို့ အထူးပဲ အံ့သြနေပါတယ်။”

ဟုတ်ကဲ့ခင်ဗျာ။ ကျနော် တစ်ချက်မေးချင်တာက အဲန်အယ်လ်ဒီ ပါတီအနေနဲ့က ပြီးခဲ့တဲ့ မြန်မာစစ်အစိုးရရဲ့ ညောင်နှစ်ပင်ညီလာခံကို မတက်ရောက်ဘဲနဲ့ နေခဲ့တဲ့အခါကျတော့ အခု ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေး ဆန္ဒခံယူပွဲတွေ လုပ်လို့ရှိရင် လူထုက ထောက်ခံလိုက်မယ်ဆိုရင်၊ အကယ်၍ ဒီဖွဲ့စည်းပုံကြီး ထွက်လာမယ်ဆိုရင်ရော အဲန်အယ်လ်ဒီရဲ့ သဘောထားက ဘယ်လိုရှိလဲခင်ဗျ။ -

“ကျနော်တို့ လူထုရဲ့ ဆန္ဒကို ကျနော်တို့ အမြဲတမ်း လေးစားမယ်။ ဆန္ဒခံယူပွဲမှာ ပြည်သူလူထုရဲ့ ဆန္ဒတွေပါလာရင် ကျနော်တို့ လေးစားမယ်။ ဆန္ဒလုယူတာကိုတော့ ကျနော်တို့ မလေးစားနိုင်ဘူး။”

ဟုတ်ကဲ့ခင်ဗျ။ ဆိုတော့ အဲန်ကယ်လ်တို့ ဘယ်လို ယူဆသလဲ။ ဒါဟာ လွတ်လွတ်လပ်လပ် မျှမျှတတ ဖြစ်မယ့် ဆန္ဒခံယူပွဲ ဖြစ်မယ်လို့ ယူဆလို့ ရနိုင်လားခင်ဗျ။ -

“အခုအချိန်မှာ အဲဒါကို ပြောဖို့ စောသးတယ်။ ဘယ်နေ့လဲ ဆိုတာရယ်၊ ဘယ်စနစ်လည်း ဆိုတာရယ်၊ နောက် ဘယ်လို ကျင်းပမယ်ဆိုတာရယ် ကျနော်တို့ မသိရသေးတဲ့အတွက် ဒီဟာနဲ့ပတ်သက်ပြီး ကျနော်တို့ မှတ်ချက်ပေးလို့ မရသေးပါဘူး။”

အဲန်အယ်လ်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုရော ဒါတွေနဲ့ပတ်သက်လို့ အစိုးရက ဒီ့မတိုင်ခင်မှာ အကြောင်းကြားတာ၊ အသိပေးတာ ဒီလိုသဘောမျိုးရော ရှိလား။ -

“ကျနော်တို့ လုံးဝ မရှိပါဘူးခင်ဗျ။”

ဟုတ်ကဲ့။ တဆက်တည်းမှာပဲ အခု ဒုတိယ စောစောက မအေးအေးမာ ပြောတဲ့အထဲမှာ ၂/ ၂၀၀၈ မှာ ၂၀၁၀ ခုနှစ်မှာ ပါတီစုံရွေးကောက်ပွဲ ကျင်းပမယ်လို့ သူတို့ ပြောထားတဲ့အခါကျတော့ အဲန်အယ်လ်ဒီအနေနဲ့ ဒီရွေးကောက်ပွဲနဲ့ပတ်သက်လို့ သဘောထားကရော ဘယ်လို ရှိလဲခင်ဗျ။ -

“ကျနော်တို့ သဘောထားကတော့ ကျနော်တို့ ၁၉၉၀ ခုနှစ်မှာ ကျနော်တို့ ရွေးကောက်ပွဲ လုပ်ခဲ့ပြီးပြီ။ တရားမျှတတဲ့ ရွေးကောက်ပွဲလို့လည်း ပြောတယ်။ အဖြေတွေလည်း ထွက်ပြီးပြီ။ အဲဒါကို ဘာမှ အသိအမှတ်မပြုဘဲနဲ့ ၂၀၁၀ ခုနှစ်မှာ နောက်ထပ် ရွေးကောက်ပွဲလုပ်ရင် မြန်မာပြည် နိုင်ငံရေးသမိုင်းမှာ ရွေးကောက်ပွဲဟာ ဘာမှ အဓိပ္ပါယ် မရှိဘူးဆိုတဲ့ သဘောပဲ ဖြစ်နေမှာ။”

ဟုတ်ကဲ့ခင်ဗျ။ အဲန်အယ်လ် ဦးဉာဏ်ဝင်း ကျေးဇူးတင်ပါတယ်။

မအေးအေးမာရေ၊ ဒါနဲ့ပတ်သက်ပြီးတော့ အဲဒီ နယ်စပ်ဘက်မှာရော တုံ့ပြန်ချက်တွေ၊ အတိုက်အခံ ဒီမိုကရေစီအင်အားစုတွေ တိုင်းရင်းသားတွေရဲ့ အမြင်တွေရော ဘယ်လို ကြားရလဲခင်ဗျ။ -

“ဟုတ်ကဲ့။ စောစောတုန်းက အဲန်အယ်လ် ဦးဉာဏ်ဝင်း ပြောသွားသလိုပါပဲ။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ရလဒ်ကိုတောင်မှ အကောင်အထည် မဖော်နိုင်သေးဘဲနဲ့ အခုလို ၂၀၁၀ ခုနှစ် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကို ထပ် ကျင်းပမယ်ဆိုတာက ဘာမှ အဓိပ္ပါယ် မရှိဘူးလို့တော့ ပြောနေကြပါတယ်ရှင့်။”

Continue reading ...

February 08, 2008

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)၏သဘောထားနှင့် ထုတ်ပြန်ကြေညာချက်

Pyae Sone | 7:09 AM |
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဒုတိယအကြိမ် ဗဟိုကော်မတီ မျက်နှာစုံညီအစည်းအဝေးကြီး၏ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ တိုးချဲ့ပြင်ဆင်ခြင်းအပါအ၀င် ခိုင်မာကျယ်ပြန့်သော နိုင်ငံရေး ဦးဆောင်မှုနှင့်ပတ်သက်သည့် သဘောထားထုတ်ပြန်ချက်




အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ဒုတိယအကြိမ် ဗဟိုကော်မတီ မျက်နှာစုံညီအစည်းအဝေးထုတ်ပြန်ကြေညာချက်

Continue reading ...

February 06, 2008

အစိုးရဆိုတာ.....

Pyae Sone | 7:33 AM |
အဆိုးဆုံး အစိုးရဆိုတာ....
ပြည်သူလူထု ရွံရှာ မုန်းတီးတဲ့အစိုးရ၊

ဒီထက်နဲနဲကောင်းတာက
ပြည်သူလူထုက ကြောက်တဲ့အစိုးရ၊


ဒီထက်ပိုပြီးကောင်းတာကတော့
ပြည်သူလူထုက ချီးမွှမ်းတဲ့ အစိုးရ၊

အကောင်းဆုံးကတော့
ပြည်သူလူထုက ရှိမှန်းတောင်မသိတဲ့ အစိုးရတဲ့၊

ကျမတို့ အိမ်တအိမ်မှာဆိုရင်
အမေလိုပေါ့။
အမေရှိမှန်းတောင်သတိမထားမိဘူး။

စားချိန်တန်စားရတယ်
ဝတ်ချိန်တန်ဝတ်ရတယ်
အားလုံးအဆင်သင့်ဘဲ
အဲ့သလို ဖြစ်နေရမယ်....
နားလည်ထားရမယ်.....။

ဒေါ်အောင်ဆန်းစုကြည်
အဖွဲ့ချုပ်ရုံး-မြင်းခြံ (၃.၁၁.၈၈)

Continue reading ...

မြို့စားကြီး နေဘုန်းလတ် .... သို့.....

Pyae Sone | 7:30 AM |

ဘလော့ဂ်ဂါမောင်နှမတွေအကြား ချစ်ခင်ရင်းနှီးစွာ စနောက်ကြရင်း "မြို့စားကြီးနေဘုန်းလတ်" လို့ နာမည်တွင်ခဲ့တဲ့သူ။ မနှစ်က ဒီလိုနေ့မှာပဲ "လွတ်ကျခဲ့တဲ့မြို့တော်" ဘလော့ဂ်လေးကို သူကိုယ်တိုင် အသက်သွင်းခဲ့တယ်။ ဒီနေ့ တော့ တစ်နှစ်တင်းတင်း ပြည့်သွားပြီပေါ့။ မှတ်မှတ်ရရ သူ့ ဘလော့ဂ်မှာ ပထမဆုံးတင်လိုက်တဲ့ ပို့စ်နာမည်ကလည်း "လွတ်ကျခဲ့တဲ့မြို့တော်"တဲ့။

လက်တွေ့ဘဝမှာ သူလွတ်ကျခဲ့တဲ့ စာရေးဆရာ၊ ဒါမှမဟုတ် အနုပညာသမားဆိုတဲ့ အမည်နာမတွေအတွက် သူ့ ဘလော့ဂ်ဟာ သစ္စာရှိတဲ့ လူယုံ၊ အစွမ်းထက်တဲ့ လက်နက်၊ အရိပ်ကောင်းတဲ့ ညောင်သစ်ပင်လို အသုံးတော်ခံခဲ့တယ်။ ရက်ပေါင်း ၃၆၅ရက်အတွင်းမှာ သူ့ မြို့တော်က စာကောင်းစာသန့် ၁၂၂ ပုဒ်မွေးထုတ်ပေးခဲ့ပြီးပြီ။ ဒီစာတွေကြောင့် ဖတ်သူတွေအတွက် သုတပန်းတွေလန်းလာခဲ့တယ် ၊ ရသလမ်းတွေ ဆန်းလာခဲ့တယ် ၊ ပညာမီးတွေ လင်းပလာခဲ့တယ် ။ သူကတော့ သတိထားမိချင်မှ ထားမိလိမ့်မယ်။

ဘလော့ဂ်ဂါတွေ အတွက် ပထမဆုံးဆိုတဲ့ စကားလုံးတော်တော်များများမှာ သူနဲ့လွတ်ကျခဲ့တဲ့မြို့တော်လည်း ရင်းနှီးကျွမ်းဝင်ခဲ့တယ်။ ဘလော့ဂ်ပို့စ်တွေကို ပထမဆုံး ပုံနှိပ်မယ့်စာအုပ်အတွက် တက်တက်ကြွကြွနဲ့ သူအစွမ်းကုန်ကြိုးစားခဲ့တယ်။ စာအုပ်ကိစ္စ ဆွေးနွေးပွဲတိုင်းကိုမပျက်မကွက်တက်ရောက်ခဲ့သူဟာလည်း သူ တစ်ဦးတည်း ရှိခဲ့တယ်။ နောက်ပြီးရန်ကုန်မှာ ပထမဆုံးကျင်းပခဲ့တဲ့ Blog Day Seminar အတွက်လည်း သူပါဝင်ခဲ့တယ်။ MRTV4 နဲ့ အခြားသော မီဒီယာတွေအကြားမှာ ဘလော့ဂ်လောကအကြောင်းကို သူချပြရဲခဲ့တယ်။ ဝေဖန်မှုတွေကို လက်ခံခဲ့တယ်။ မေးခွန်းတွေကိုအပြုံးနဲ့ ဖြေကြားပေးနိုင်ခဲ့တယ်။

မြန်မာဘလော့ဂ်ဂါရပ်ဝန်းမှာ ဓလေ့ထုံးတမ်းတစ်ခုရှိတာက ဘလော့ဂ်တစ်ခု ဒါမှမဟုတ် ဘလော့ဂ်ဂါတစ်ယောက်ရဲ့ အထိမ်းအမှတ်နေ့တွေမှာ အထူးရေးသားတဲ့ ပို့စ်တွေ တင်တတ်ကြတယ်၊ သူငယ်ချင်းတွေက လာနှုတ်ဆက်ကြတယ်၊ Comment တွေ ချီးမြှင့်ကြတယ်။

ဒီနေ့ သူ့ရင်နဲ့ တည်ထားတဲ့ မြို့တော်ကြီး တစ်နှစ်ပြည့်တယ်။ ခုလိုအချိန်မှာ သူသာ လွတ်လွတ်လပ်လပ် ရေးသားခွင့်ရမယ်ဆိုရင် သူ့ဘလော့ဂ်အတွက် အထိမ်းအမှတ်ပို့စ်တင်မယ့် အစီအစဉ်ရှိမယ်ဆိုတာ အသေအချာပဲ။ ဒါပေမယ့် သူ … ဘယ်မှာလဲ ။ သူရေးမယ့် ပို့စ်မှာ Comment ရေးဖို့ ဘလောဂါ့ရပ်ဝန်းက သူငယ်ချင်းတွေ သူ့ရဲ့ စာဖတ်ပရိသတ်တွေ မျှော်လင့်တကြီး စောင့်နေကြတယ်။ "မြို့စားကြီး" လို့ စနောက်ကြဖို့ စောင့်နေကြတယ် … ဇန်နဝါရီ ၂၉ ကတည်းက ခြောက်သွေ့နေခဲ့ရတဲ့ သူ့ မြို့တော်မှာ အပြုံးတွေနဲ့ ဖုံးလွှမ်းနေစေချင်တာ … ရယ်သံတွေနဲ့ စည်ညံနေစေချင်တာ … ဒါတွေအတွက် အားလုံးက စောင့်မျှော်နေဆဲပါ ..။

ဘလော့ဂ်ဂါတွေကို ချစ်ကြည်စေချင်တဲ့ သူ့အတွက်၊ လူငယ်တွေကို ကောင်းစေချင်တဲ့ သူ့ အတွက်၊ တိုင်းပြည်ကို တကယ်ချစ်တဲ့ သူ့ အတွက်ဘေးဒုက္ခဆိုတာ မြူတစ်မှုန်စာတောင် ကျရောက်မလာစေဖို့ ဘလောဂါ့ရပ်ဝန်းမှ ညီအကိုမောင်နှမအားလုံးက ဒီအမှတ်တရ ပို့စ်လေးနဲ့ ဆုတောင်းလိုက်ပါတယ်။

(ကျနော့်ရဲ့ ကိုယ်ရေးကိုတာအခက်အခဲကြောင့် အချိန်မီမတင်ဖြစ်တာကို အနူးအညွတ်တောင်းပန်အပ်ပါသည်။ )

ပေးဆပ်ခဲ့သော ပေးဆပ်နေဆဲဖြစ်သော သူရဲကောင်းများအာဇာနည်များကို ဦးညွှတ်လျှက်..

ပြည့်စုံ

Continue reading ...

February 01, 2008

မဲဆောက်(သို့မဟုတ်) ထိုင်းနိုင်ငံရောက်ရွာသားမျက်စေ့

Pyae Sone | 11:14 AM | | |

ဘ၀လှိုင်းတံပိုးတွေကြားထဲကမြို့
အလိမ်အခေါက်များတဲ့မြို့
မျှော်လင့်ချက်တွေ အရိုက်ချိုးခံခဲ့ရတဲ့မြို့
ဘ၀တခုလုံး စုံးစုံးမြုပ်ခဲ့ရတဲ့မြို့
နောင်တတွေ တသီကြီးနဲ့မြို့
ဘ၀အမောတွေထဲကမြို့
.... .... ..... ..... .... ။

ရှင်သန်လာခဲ့
အိပ်မက်တွေနဲ့အတူ
ကမ္ဘာကြီးကကြိုလင့်စောင့်နေ
တောက်ပတဲ့ နေ့သစ်တွေဆီ
သံသရာ အငြိုးတွေကြောင့်လား
လမ်းတ၀က်မှာ ပျောက်ရှသွားခဲ့
တောမောင်းရဲ့ ဆိုက်အကြည့်မှာ
“ ဆ၀ါဒီ ခပ်” မှာအားနည်းသွားခဲ့ကြ..။

လျှပ်စစ်မီး
ပြည်တွင်းစစ်မီး
သောကအပူမီး
မြေကမမျို လူလူအချင်းချင်းသာမျို
အသွေးအသားကို ပြန်ရောင်းတဲ့အထိ..။
ဘ၀တစ်ခုလုံး စုတ်ပြတ်သပ်သွားအောင်
မိုက်မဲတယ်လို့ဘဲ ပြောပြော
ပတ်ဝန်ကျင် တံတွေးခွက်ထက်
မိသားစုအရေး ပိုမည်မထင်။

မြန်မာ စကားတွေ အသံတွေ
ဈေးထဲမှာ
စက်ရုံတွေမှာ
ဟော်တယ်ကုတင်တွေမှာ
ဇိမ်ခန်းတွေမှာ
ဘီယာဘားတွေမှာ
စိုက်ခင်းတွေမှာ
ဆောက်လုပ်ရေး ဆိုဒ်တွေမှာ....။

ဝဋ်ကြွေးကြောင့်လား
ရှောင်မရတဲ့ သံသရာကြောင့်လား
ကယ်သူမဲ့ ဘ၀တွေ
“ ကျောင်းမနေဘူးသေးပါဘူး
သားကျောင်းစာအုပ်ဖိုးမတတ်နိုင်လို့
သားက သူတောင်းစားအစစ်မဟုတ်ပါဘူး
.... ...... ..... ..... ”
အနာဂတ်မဲ့ ရှင်သန်နေကြတဲ့
အလင်းမဲ့နေ့တွေနဲ့အတူ
ပန်းလေးတွေမဝေခင်မှာကြွေခဲ့ ....
အော် .... ဆုတောင်းမှားခဲ့ကြလို့လား....။

Continue reading ...

ပြည့်စုံ © 2013. All Rights Reserved | Powered by:Blogger

Designed by:Windroidclub