October 06, 2007

News

Unknown | 5:37 AM |

အမေရိကန်သမ္မတ အိမ်ဖြူတော် သဘောထားထုတ်ပြန်

ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ မစ္စတာဂမ်ဘာရီကို မြန်မာနိုင်ငံကို ထပ်ပြီးတော့ စေလွှတ်ဖို့နဲ့ လုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင် (၅)နိုင်ငံကနေပြီးတော့ မြန်မာနိုင်ငံကိစ္စကို အရေးယူကိုင်တွယ်ဖို့ အမေရိကန်အစိုးရက တိုက်တွန်းခဲ့သည်။

သမတ အိမ်ဖြူတော်ရဲ့ ပြောခွင့်အမျိုးသမီး ဒီးနားပရီနိုက" ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ မစ္စတာဂမ်ဘာရီကို ဖြစ်နိုင်သမျှ မြန်မာနိုင်ငံကို ထပ်မံစေလွှတ်ပြီး၊ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းတဲ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးဖြစ်စေဖို့အတွက် ဒေါ်အောင်ဆန်းစုကြည့်နဲ့ မြန်မာစစ်အစိုးရတို့နဲ့ တွေ့ဆုံပြီး ကောင်အထည်ဖော်ပူးပေါင်းဆောင်ရွက်ဖို့ အမေရိကန်ပြည်ထောင်စုက တိုက်တွန်းထားပါတယ်။ အစီရင်ခံစာတွေအရဆိုရင် မြန်မာနိုင်ငံမှာ အခုဆိုရင် အင်တာနက်သုံးစွဲမှုတွေကို ဖြတ်တောက်ထားပါတယ်။ ဒါဟာ သူတို့အနေနဲ့ ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်ဖြတ်ထားတာပါ။ အပြစ်မဲ့တဲ့ ရဟန်းသံဃာတွေနဲ့ အခြားပြည်သူတွေဟာ ဆက်ပြီး အဖမ်းအဆီးခံနေရပြီး သူတို့အတွက် စိုးရိမ်စရာအခြေအနေရှိနေပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံအနေနဲ့ ဒီကိစ္စ အလေးအနက် ကိုင်တွယ် ပြီး တုံပြန်အရေးယူဖို့ တိုက်တွန်းပါတယ်။ ဒါဏ်ခတ်ပိတ်ဆို့မှုနဲ့ပတ်သတ်လို့ ရှိပြီးသား ကိုထပ်တိုးမလား၊ နောက် အခြားပုံစံတစ်ခုခုလုပ်မလားဆိုတာ စဉ်းစားနေပါတယ်။ ဒီနေရာမှာ မြန်မာနိုင်ငံနဲ့ပတ်သတ်လို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ အသေအချာ စောင့်ကြည့် ဂရုထားလေ့လာနေပါတယ်။ သမတရော သမတကတော်ကပါ မြန်မာနိုင်ငံရေးပတ်သတ်လို့ စိုးရိမ်မှုရှိတယ်၊ စိတ်ဝင်တစားရှိနေကြပါတယ်'' ဟု အိမ်ဖြူတော်ရဲ့ ပြောခွင့်ရ အမျိုးသမီး ဒီးနားပရီနို ပြောသွားတာဖြစ်ပါတယ်။

No comments:

ပြည့်စုံ © 2013. All Rights Reserved | Powered by:Blogger

Designed by:Windroidclub