ကမ္ဘာမကြေဘူး....
August 06, 2012
ခေတ်လူငယ်များ သိထားသင့်သော ၈၈ သမိုင်းဖြစ်ရပ်မှန်များ
Unknown | 8:42 PM |
video
ကမ္ဘာမကြေဘူး....
June 16, 2012
နိုဘဲလ်ငြိမ်းချမ်းရေးဆုပေးပွဲ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားစဉ်
ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးဖြတ်သန်းမှု ပုံရိပ်လွှာမှတ်တမ်း ရုပ်သံ
Ref; Kanal von peacerunning
June 13, 2012
ရခိုင်ပြည်နယ်၏ နောက်ဆုံးအခြေအနေ
ကြံ့ဖွံ့စစ်အစိုးရ၏ လုံခြုံရေးအားနည်းမှုကြောင့် ဆူပူအကြမ်းဖက်မှုဖြစ်ပွားပြီး မီးလောင်ပြာကျ သေဆုံးဒဏ်ရာရ ဒုက္ခသည်ဖြစ်ကြရသည့် ရခိုင်ပြည်နယ် နောက်ဆုံးအခြေအနေ (၁၃-၆-၂၀၁၂)
ရခိုင် ပြည်နယ် က အကြမ်း ဖက်မှုတွေမှာ ၄ ရက်အတွင်း လူ၂၁ ဦးသေ ၂၁ ဦးဒဏ် ရာပြီး အိမ်ခြေ ၁၆၀၀ ကျော် ပျက်စီး ခဲ့တယ်လို့ အစိုးရ က သတင်းထုတ်ပြန်ခဲ့ပါတယ်...။
Ref; DVB News
Continue reading ...
ရခိုင် ပြည်နယ် က အကြမ်း ဖက်မှုတွေမှာ ၄ ရက်အတွင်း လူ၂၁ ဦးသေ ၂၁ ဦးဒဏ် ရာပြီး အိမ်ခြေ ၁၆၀၀ ကျော် ပျက်စီး ခဲ့တယ်လို့ အစိုးရ က သတင်းထုတ်ပြန်ခဲ့ပါတယ်...။
Ref; DVB News
June 09, 2012
ဒေါ်အောင်ဆန်းစုကြည် မယ်လဒုက္ခသည်စခန်းခရီးစဉ်
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းနိုင်ငံခရီးစဉ်အတွင်း မယ်လဒုက္ခသည်စခန်းကို သွားရောက်ခဲ့တဲ့အကြောင်း ကရင်ဘာသာနဲ့ ထုတ်လွှင့်ချက်တွေကို မြန်မာဘာသာ စာတန်းထိုး တင်ပြထားပါတယ်။
Ref: RFA News
June 03, 2012
သဘာဝကျကျ ဟာသအပိုင်းအစများ
ရယ်သောသူသည် အသက်ရှည်၏တဲ့... သူငယ်ချင်းမိတ်တွေများ အတွက် အသက်ရှည် အပျင်းပြေစေဖို့ .... အမှတ်မထင် အံ့သြဖွယ်ရာ ရယ်ရွှင်ဖွယ်ရာ ဟာသ အပိုင်းအစများကို ကြည့်ရှုနိုင်ရန်ရှာဖွေတင်ပြပေးလိုက်ပါတယ်....
Continue reading ...
May 30, 2012
ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံ ခရီးစဉ်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၄ နှစ်အတွင်း ပထမဆုံး ပြည်ပ ခရီးစဉ်အဖြစ် ထိုင်းနိုင်ငံကို မနေ့က ထွက်ခွာသွားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဘန်ကောက်မြို့ မှာ ဒီကနေ့ စတင်ကျင်းပတဲ့ ကမ္ဘာ့စီးပွားရေး ညီလာခံ မတက်ရောက်ခင် မဟာချိုင်ဒေသက မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေကို သွားရောက် တွေ့ဆုံခဲ့ပါတယ်။
Ref: RFA
April 16, 2012
The Lady (မြန်မာစာတမ်းထိုး) Full HD Movie

The Lady - ဒေါ်အောင်ဆန်းစုကြည်အကြောင်း ဇာတ်ကားကို နိုင်ငံတကာမှာ ရုံတင်ပြသပြီးပေမယ့် မြန်မာနိုင်ငံမှာ ယခုအချိန်ထိ ပြခြင်းမရှိသေးတဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်တပါတယ်...။ Online မှ HD Quality မြန်မာစာတမ်းထိုးဖြင့်ကြည့်ရှုနိုင်ပါပြီ...။
မြန်မာစာတမ်းထိုးဖြင့် ကြည့်ရှုရန်
ရုပ်ရှင်ကြည့်ရှုရန် ကလစ်ပါ
မြန်မာစာတမ်းထိုး မဟုတ်သောလင့်ခ်များမှ ကြည့်ရှုရန်အတွက်
Link - 1
Link - 2
ရုပ်ရှင်ကြည့်ရှုရန် ကလစ်ပါ
မြန်မာစာတမ်းထိုး မဟုတ်သောလင့်ခ်များမှ ကြည့်ရှုရန်အတွက်
Link - 1
Link - 2
April 02, 2012
ကြားဖြတ်ရွေးကောက်ပွဲရလဒ် ကြေညာချက် (MRTV)
အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ၄၀ ဦးစာရင်း ထုတ်ပြန်
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ဧပြီ ၁ ရက်နေ့တွင် ကျင်းပခဲ့သည့် ကြားဖြတ်
ရွေးကောက်ပွဲ မဲဆန္ဒနယ် ၄၅ နေရာအနက် နေရာ ၄ဝ တွင် အနိုင်ရရှိသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ အမည်စာရင်းကို တနင်္လာနေ့က နိုင်ငံပိုင် ရုပ်မြင်သံကြားမှ ထုတ်ပြန်ကြေညာလိုက်သည်။
၎င်းထုတ်ပြန်ကြေညာချက်အရ နေရာ ၄ဝ လုံး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ ကိုယ်စားလှယ်များ အနိုင်ရရှိခဲ့ပြီး
ပြည်သူ့လွှတ်တော်အတွက် ၃၅ နေရာ၊ အမျိုးသားလွှတ်တော်အတွက် ၃ နေရာ၊ တိုင်းဒေသကြီးလွှတ်တော်အတွက် ၂ နေရာတို့ ဖြစ်ကြသည်။
ထုတ်ပြန်ကြေညာချက်များအရ "ယင်းပုဂ္ဂိုလ်များသည် ၎င်းတို့နှင့် ယှဉ်တွဲပါ လွှတ်တော်မဲဆန္ဒနယ်များ၏
လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြောင်း ကြေညာလိုက်သည်"ဟု ကော်မရှင်ကြေညာချက်တွင် ဖေါ်ပြပါရှိ သည်။ ကျန် ၅ နေရာမှ ရလဒ်များကို မကြာမီရက်ပိုင်းအတွင်း ကောမရှင်မှ တရားဝင် ထုတ်ပြန်ကြေညာဖွယ်ရှိသည်။
ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်သည့် လွှတ်တော်ကိုယ်စားလှယ်များစာရင်း

ပြည်သူ့လွှတ်တော်
(၁) စစ်ကိုင်း - ဦးခင်မောင်သိန်း
(၂) ပုလဲမြို့နယ် - ဒေါ်ခင်စန်းလှိုင်
(၃) လောင်းလုံမြို့နယ် ဦးအောင်စိုး
(၄) တောင်ငူမြို့နယ် ဦးအောင်စိုးမြင့်
(၅) ထန်းတပင်မြို့နယ် ဦးစိန်ထွန်း
(၆) သနပ်ပင်မြို့နယ် ဦးမြင့်ဦး
(၇) လက်ပံတန်းမြို့နယ် ဦးကျော်မင်း
(၈) မကွေးမြို့နယ် ဦးမြင့်သိန်း
(၉) ရေစကြိုမြို့နယ် ဒေါက်တာတင်ဌေးအောင်
(၁၀) မြိုင်မြို့နယ် ဦးမြင့်အောင်
(၁၁) ပခုက္ကူမြို့နယ် ဦးပိုက်ကို
(၁၂) ပွင့်ဖြူမြို့နယ် ဒေါက်တာအောင်မိုးညို
(၁၃) ဇမ္ဗူသီရိမြို့နယ် ဒေါ်စန္ဒာမင်း
(၁၄)ပုဗ္ဗသီရီမြို့နယ် ဦးဖြိုးဇေယျာသော်
(၁၅) ဒက္ခိဏသီရိမြို့နယ် ဦးနိုင်ငံလင်း
(၁၆)ဥတ္တရသီရီမြို့နယ် ဦးမင်းသူ
(၁၇)ကျောက်ပန်းတောင်း ဒေါက်တာဇော်မြင့်အောင်
(၁၈) နွားထိုးကြီးမြို့နယ် ဦးပေါခင်
(၁၉) မဟာအောင်မြေမြို့နယ် ဦးအုန်းကြိုင်
(၂၀) တံတားဦးမြို့နယ် ဒေါ်ခင်သန္တာ
(၂၁) မိတ္ထီလာမြို့နယ် ဦးဝင်းထိန်
(၂၂) ပြင်ဦးလွင်မြို့နယ် ဦးကျော်သီဟ
(၂၃) မော်လမြိုင်မြို့နယ် ဒေါ်ခင်ဌေးကြွယ်
(၂၄) ကော့မှူးမြို့နယ် ဒေါ်အောင်ဆန်းစုကြည်
(၂၅) သုံးခွမြို့နယ် ဒေါ်စုစုလွင်
(၂၆) ဒဂုံဆိပ်ကမ်းမြို့နယ် ဒေါက်တာမျိုးအောင်
(၂၇) မင်္ဂလာတောင်ညွန်မြို့နယ် ဒေါ်ဖြူဖြူသင်း
(၂၈) လှည်းကူးမြို့နယ် ဦးဖြိုးမင်းသိန်း
(၂၉) မရမ်းကုန်းမြို့နယ် ဒေါက်တာဒေါ်မေ၀င်းမြင့်
(၃၀) ကလောမြို့နယ် ဒေါက်တာဒေါ်သန်းငွေ
(၃၁) ပုသိမ်မြို့နယ် ဦးဝင်းမြင့်
(၃၂) မအူပင်မြို့နယ် ဦးစိန်ဝင်း (ခ) ဦးစိန်ဝင်းဟန်
(၃၃) မြောင်းမြမြို့နယ် ဦးမန်းဂျော်နီ
(၃၄) ၀ါးခယ်မမြို့နယ် ဒေါ်မြင့်မြင့်စန်း
(၃၅) မြန်အောင်မြို့နယ် ဦးကျော်မြင့်
အမျိုးသားလွှတ်တော်
(၃၆) ပဲခူးတိုင်း ဒေသကြီး အမှတ် (၇) ဦးမင်းဦး
(၃၇) မကွေးတိုင်းဒေသကြီး အမှတ် (၄) ဦးအောင်ကြည်ညွန့်
(၃၈) ဧရာဝတီတိုင်းဒေသကြီး အမှတ် (၁၀) ဦးသိန်းဆွေ
တိုင်းဒေသကြီးလွှတ်တော်
(၃၉) ပဲခူတိုင်းဒေသကြီး အမှတ် (၂) ဦးမျိုးခိုင်
(၄၀) ဧရာဝတီတိုင်းဒေသကြီ အမှတ်(၂) ဒေါက်တာလှမြတ်သွေး
Ref: မဇ္ဈိမ သတင်းဌာန ၊ ကိုနစ်နေမန်း
April 01, 2012
ယှဉ်ပြိုင်ရာ ၄၄ နေရာလုံး NLD နိုင်ပြီဟုဆို
NLD ထောက်ခံသူများ ရွေးကောက်ပွဲ အောင်နိုင်မှု ဆင်နွှဲ
ဧပြီလ ၁ ရက်နေ့တွင် ကျင်းပပြီးစီးသွားသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပြည်နယ်နှင့်တိုင်းအသီးသီးမှ မဲဆန္ဒနယ် ၄၄ နေရာလုံးတွင် အနိုင်ရရှိသွားကြောင်း NLD ရုံးချုပ်မှ သိရသည်။
နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တွင် ယှဉ်ပြိုင်နေသော အဆိုတော် ဇေယျာသော် အနိုင်ရရှိကြောင်း နောက်ဆုံး သိရပြီးနောက် ၄၄ နေရာလုံး အနိုင်ရရှိသည်ဟု ဆိုနိုင်ခြင်းဖြစ်သည်။
၄၄ နေရာအနက် ၃၈ နေရာမှာ မဲရေတွက်ပြီးဖြစ်ကာ ကျန် ၆ နေရာတွင် မဲရေတွက်ဆဲဖြစ်သော်လည်း NLD ကိုယ်စားလှယ်လောင်းများက ပြိုင်ဘက်များအား မဲအရေအတွက် အများအပြား အသာဖြင့် ဦးဆောင်ပြီး
သေချာနေသည့်အတွက် ၎င်းတို့ အနိုင်ရရှိပြီးဖြစ်ကြောင်း ရုံးချုပ်သို့ ဖုန်းဖြင့် သတင်းပို့လာသဖြင့် ယခုကဲ့သို့ ယှဉ်ပြိုင်နေရာအားလုံး အနိုင်ရရှိသည်ဟု ဆိုနိုင်ခြင်းဖြစ်သည်။
တနင်္လာနေ့ နံက်နက်တွင် မဲအနိုင်ရရှိမှု အသေးစိတ်စာရင်းကို NLD မှ ထုတ်ပြန်ကြေညာမည် ဖြစ်ကြောင်း သိရသည်။
ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်နေရာ ၄၈ နေရာ ရှိသည့်အနက် ကချင်ပြည်နယ် မိုးကောင်း၊ ဖားကန့်နှင့် ဗန်းမော်မြို့များတွင် လုံခြုံရေးအကြောင်းပြချက်ဖြင့် ရွေးကောက်ပွဲ မကျင်းပဖြစ်ခဲ့ပေ။ ကျန် ၄၅ နေရာ တွင် NLD က ၄၄ နေရာ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည်။
Ref: မဇ္ဈိမသတင်းဌာန

March 17, 2012
ဒီလိုလေး ခြစ်တတ်ရင် ရပြီ ( Vote NLD Campaign)
Unknown | 9:47 PM |
video
ဧပြီလ (၁) ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ကိုမဲပေးကြဖို့ တင်ဆက်ထားတဲ့ Vote NLD Campaign ဗွီဒီယို... သရုပ်ဆောင်... လူမင်း၊ ဝေဠုကျော်၊ ၀ိုင်း၊ ရဲတိုက်၊ ထွန်းအိန္ဒြာဗိုလ်၊ ချစ်သုဝေ နှင့် အခြားသရုပ်ဆောင်များ...။
Video from Our Production.
Continue reading ...
Video from Our Production.
February 07, 2012
January 08, 2012
August 04, 2011
၁၉၈၈ ခုနှစ် ပြည်သူ့အရေးတော်ပုံ မှတ်တမ်းတခု
Unknown | 3:13 PM |
video
သွေးမုန်တိုင်း
တေးဆို- မွန်းအောင်
June 17, 2011
အဖေများနေ့ အမှတ်တရ
အဖေ့အေးရိပ်
တေးရေး... Sang Pi (စံပီး)
တေးဆို... မီးမီးခဲ
♫ ♪ ကြင်နာစွာ ချော့သိပ်ခြင်းတွေ မပြုအားလည်း လိုအင်တွေကို ဖြည့်စွမ်းပေးကာရယ်....
ကြုံလာမဲ့ လူ့လောကြီးထဲ လမ်းမမှားရန် အဖေဟာ တည့်မတ်ပေးတယ်...♫ ♪
ချိုသာတဲ့ စကားလုံးလေးတွေ သီကုံးကာ တစ်ခါတစ်ခါမှာ မပြောဖြစ်ခဲ့ပေမယ့်...
မြင်နေတဲ့ မျက်ဝန်းများထဲက စကားလုံးတွေ ဒီရင်ထဲ ခံစားချက် နားလည်......♫ ♪
♫ ♪ ♫ ဖေဖေ... ကျေးဇူးပဲ အဖေ... ပြောလိုက်ရုံနဲ့ လုံလောက်မယ် မထင်ဘူးလေ.....
ဖေဖေ့ ကျေးဇူးကြောင့်သာ အခုဘဝအရွယ်ထိ ရောက်ခဲ့ပြီလေ... ♫ ♪ (ဖေဖေ... တကယ်ကျေးဇူးတင်လို့ မဆုံးဘူးလေ...) ♫ ♪
ခိုင်မာတဲ့ တောင်တန်းရဲ့အထက်မှာ ပွင့်လန်းတဲ့ ရောင်စုံဝေဆာ ပန်းကလေးများလိုပဲ...
ခိုင်မာတဲ့ ဖေ့ဖေ့ရဲ့ ပွေ့ဖက်မှုအောက်မှာ ရှင်သန်နေထိုင် ကြီးပြင်းခဲ့ပြီ...
ရာသီတွေ ပြောင်းလဲသွားကာ အိုမင်းလည်း အချိန်ရှိတိုင်း ဒီသားသမီးအတွက်ဆိုရင်...
အနွံတာခံ ချစ်ခြင်းနဲ့ အဖေ့ရဲ့အေးရိပ်ဟာ နောင်လာမယ့် နှစ်ပေါင်းများအထိတိုင်..... ♫ ♪ ♫ ♪
အဖေ ကောင်းရာသုဂတိလားပါစေ….
ရောက်ရာဘုံဘ၀ကနေ သာဓုခေါ်သံကြားနိုင်ပါစေ အဖေ….
အဖေများနေ့ (၁၉.၆.၂၀၁၁) တနင်္ဂနွေနေ့ ဘုရားကျောင်းတွင် သီဆိုမည့် ချင်းတောင်းလေးရေ… သီချင်းနဲ့ စာသားလေးတွေကို အပင်ပန်းခံပို့ပေးအတွက် ကျေးဇူးပါ…. ဘုရားသခင်ကောင်းချီးပေးပါစေ….။
October 18, 2009
ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၏ (၄၇) နှစ်မြောက် မွေးနေ့ အမှတ်တရ
“ကျတော်တို့က ဒီမိုကရေစီဖြစ်ပေါ်ပြောင်းလဲမှုကိုဘဲ တောင့်တတယ်။ ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်နိုင်တဲ့ ငြိမ်းချမ်းသောနည်းကိုပဲ ကျတော်တို့ ရွေးချယ်မှာ ဖြစ်တယ်။”
ဖခင် ဦးသက်ညွန့် (ပန်းချီဆရာကြီး)နှင့် မိခင် ဒေါ်လှကြည်တို့မှ ၁၉၆၂ ခုနှစ် အောက်တိုဘာလ(၁၀)ရက်နေ့တွင်ရန်ကုန်မြို့တွင်မွေးဖွားခဲ့ပြီး မွေးချင်း(၅)ယောက်အနက် တတိယယောက်မြောက်သားဖြစ်သည်။ သင်္ကန်းကျွန်းမြို့နယ် အထက်တန်းကျောင်းတွင်တက်ရောက်ခဲ့ပြီး ၁၉၈၈ ခုနှစ်ကာလတွင် ရန်ကုန်တက္ကသိုလ်(ပင်မ)တွင် သတ္တဗေဒကျောင်းသားအဖြစ်ပညာသင်ကြားခဲ့ပြီး၊ ၁၉၈၈ ခုနှစ်သြဂုတ်လ (၂၈)ရက်နေ့မှာ ပြန်လည်ဖွဲ့စည်းခဲ့တဲ့ `ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်`တွင် ဥက္ကဌအဖြစ် တာဝန်ယူခဲ့သည်။ ၁၉၈၉ ခုနှစ် မတ်လ(၂၃)ရက်နေ့တွင် စစ်အစိုးရရဲ့ အဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ် အနှစ်(၂၀)ကျခံခဲ့ရသည်။ ၂၀၀၄ နိုဝင်ဘာလ (၁၉) ရက်နေ့တွင် စစ်တွေအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်ခဲ့ပြီး ' ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့'ခေါင်းဆောင်အဖြစ် ဒီမိုကရေစီအရေးတွင် ဆက်လက်လှုပ်ရှားခဲ့သည်။ ၂၀၀၆ ခုနှစ် စက်တင်ဘာလတွင် ဒုတိယအကြိမ် ပြန်လည်အဖမ်းခံရပြီး ၂၀၀၇ ဇန်န၀ါရီလ(၁၁)ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာပြီး စစ်အာဏာပိုင်တို့မှ လောင်စာဆီမြှင့်တက်မှုကြောင့် ၈၈ မျိုးဆက်ကျောင်းသားများနှင့်အတူ လမ်းလျှောက်ဆန္ဒပြခဲ့မှုဖြင့် ၂၀၀၇ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့ညတွင် တတိယအကြိမ် ထပ်မံဖမ်းဆီးခံခဲ့ရပြန်သည်။ ယခုအခါ စစ်အာဏာပိုင်များ၏ ကျိုင်းတုံအကျဉ်းထောင်ထဲတွင် ထောင်ဒဏ် (၆၅)နှစ်ကျခံနေသည်။ ဒီမိုကရေစီရေးအတွက် သက်စွန့်ကြိုးပမ်း အလုပ်တွေလုပ်ခဲ့တဲ့အတွက် ကိုမင်းကိုနိုင်ရရှိခဲ့တဲ့ဆုတွေက….
(၁) The John Humphrey Freedom Award(Canada) in 1999
(၂) The Student Peace Prize in 2001
(၃) The Homo Homini Award by People in Need Foundation in 2001
(၄) The civil Courage Prize 2005
(၅) The Gwangju Human Rights Award of South Korea in April 2009
ကိုမင်းကိုနိုင်ဟာ အကျဉ်းထောင်ထဲမှာ ကျခံနေရပေမယ့် စစ်အာရှင်စနစ်ကို ဆန့်ကျင်နေစဲ၊ ဒီမိုကရေစီကို တောင်းဆိုနေစဲပါ….။
ကိုမင်းကိုနိုင်ပြောဆိုခဲ့သော ပြောကြားချက်များအား စုစည်းဖေါ်ပြအပ်ပါသည်။

September 27, 2009
October 12, 2007
Unknown | 5:46 AM |
video
ဘုန်းကြီးအိုကြီးကိုရိုက်နှက်နေပုံများမြင်လို့မကောင်းအောင်ကိုစက်ဆုတ်ရွံရှာဖွယ်ကောင်းပါတယ်။ သန်းရွှေစစ် ခွေးတွေရဲ့ ရိုင်းစိုင်းယုတ်မာပုံကို ယူကျု့ ဗီဒီယိုမှာ ကြည့်လို့ရပါပြီ။
Continue reading ...
September 30, 2007
September 29, 2007
September 28, 2007
Subscribe to:
Posts (Atom)