October 30, 2007

စစ်တွေ ကျောင်းသားများက ကာတွန်း ပိုစတာများ ရေးဆွဲ၍ နအဖကို တိုက်ခိုက်

Unknown | 8:00 PM |
အောက်တိုဘာလ ၂၉ ရက်နေ့ညတွင် ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ကျောင်းသားများက စစ်အစိုးရအား ဆန့်ကျင် ကန့်ကွက်သည့်ကာတွန်းများတွင် နအဖ စစ်သားများက ရဟန်းတော်များအား သတ်ဖြတ် နေပုံများအား ရေးဆွဲထားပြီး ပုံများအောက်တွင် “ဗုဒံ္ဓ သရဏံ - - - ဒိုင်းဒိုင်း” “ ဓမ္မံသရဏံ- - - ဒိုင်းဒိုင်း” “သံဃံ သရဏံ -- ဒိုင်းဒိုင်း” ဟူသော စာများအား ကာတွန်းပိုစတာများအား ဘုရားကြီး အနီးတ၀ိုက်ရှိ ဘုန်းကြီးကျောင်းများ အ၀င်ဝ လမ်းများနှင့် နံရံများတွင် ချိတ်ဆွဲ ထားခဲ့ကြပါသည်။
နအဖ အာဏာပိုင်များက ရခိုင်ပြည်နယ်တွင် နောက်ထပ် ဆန္ဒပြပွဲများကို ပေါ်ပေါက်လာမည်ကို သိရှိနေသဖြင့် အဓိဂရုဏ်းနှိမ်နှင်းရေး သင်တန်းများ၊ စွမ်းအားရှင် သင်တန်းများအား ရခိုင်ပြည်နယ် အနှံ့အပြားတွင် ပြုလုပ်နေပြီး စစ်ရေး သင်တန်းများ ပို့ချပေးနေကြောင်း သိရှိရပါသည်။

No comments:

ပြည့်စုံ © 2013. All Rights Reserved | Powered by:Blogger

Designed by:Windroidclub