October 24, 2007

သြစတြေးလျက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုပြုလုပ်

Unknown | 9:18 AM |

ပြီးခဲ့သည့်လက မြန်မာနိုင်ငံအတွင်း ဆန္ဒပြသူများကို အကြမ်းဖက်နှိမ်နင်းခဲ့မှုအတွက် မြန်မာစစ်ဗိုလ်ချုပ်များနှင့် ၎င်းတို့၏မိသားစုဝင်များကို သြစတြေးလျနိုင်ငံက ငွေကြေးဆိုင်ရာ ပိတ်ဆို့ဒဏ်ခတ်မှုပြုလုပ်လိုက်ကြောင်း ယနေ့ ကြေညာသည်။

ပိတ်ဆို့ဒဏ်ခတ်ခံရသူများအနက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေအပါအ၀င် စစ်ဗိုလ်ချုပ်အသိုင်း
အ၀ိုင်းမှ (၄၁၈) ဦးပါဝင်သည်ဟု သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး အလက်ဇန္ဒားဒေါင်နာ
က ပြောကြားသည်။

၎င်းက “စစ်မှန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ဖို့ရယ်၊ မြန်မာနိုင်ငံသားအားလုံးကို နိုင်ငံတကာစံချိန်စံနှုန်းနဲ့အညီ လူ့အခွင့်ရေး
တွေပေးဖို့ သြစတြေးလျက မြန်မာ စစ်အစိုးရကို အစဉ်တစိုက်တောင်းဆိုခဲ့ပါတယ်” ဟု ပြောသည်။

သြစတြေးလျနိုင်ငံက မြန်မာစစ်ဗိုလ်ချုပ်များကို ပြည်ဝင်ခွင့်ဗီဇာ စည်းကမ်းတင်းကြပ်မှုများ
နှင့် စစ်ပစ္စည်းများ မြန်မာနိုင်ငံသို့ တင်ပို့မှုတားမြစ်ခြင်းတို့ ပြုလုပ်ထားပြီးဖြစ်ရာ ယခုထပ်မံ ပိတ်ဆို့မှုများသည် မြန်စစ်အစိုးရအပေါ် ပိုမိုဖိအားပေးရာရောက်စေသည်ဟုလည်း ၎င်းက ဆက်လက်ပြောသည်။

ပိတ်ဆို့အရေးယူမှု၌ မြန်မာစစ်အစိုးရခေါင်းဆောင်များနှင့် ၎င်းတို့အားထောက်ခံသူတို့၏ ငွေကြေးလွှဲပြောင်းမှုနှင့် ငွေပေးငွေယူကိစ္စများကို သြစတြေးလျဗဟိုဘဏ်၏ ခွင့်ပြုချက်
မပေးဘဲ တားမြစ်ထားခြင်းပါဝင်သည်။

ယခုအရေးယူမှုသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အရေးယူပိတ်ဆို့မှုမဟုတ်သော်လည်း သြစတြေးလျနိုင်ငံ၏ လက်ရှိတည်ဆဲ ဥပဒေအရ နိုင်ငံတနိုင်ငံကို အပြင်းထန်ဆုံး ဘဏ္ဍာရေး ဆိုင်ရာအရေးယူမှု ဖြစ်သည်။

No comments:

ပြည့်စုံ © 2013. All Rights Reserved | Powered by:Blogger

Designed by:Windroidclub