November 08, 2008

လက်တလော ကိုယ့်ရဲ့အကြိုက်၊ ဆန္ဒ၊ ခံယူချက် ဖြစ်တည်မှု.....

Unknown | 3:24 PM |
အမ စိုးဝှက်က ရေးစေချင်လို့Tag ထားတာကြာပါပြီ ကျနော်လည်း အခက်အခဲတွေကြောင့် မတင်ဖြစ်မရေးဖြစ်တာကြာသွားတယ်။ မစိုးဝှက်ရေ.... အကြွေးကို အခုမှပဲဆပ်ဖြစ်တော့တယ်.... **** ***** *****ကိုယ့်ရဲ့ နာမည် ................. ပြည့်စုံ (ကင်ပွန်းတပ်ထားတဲ့အတိုင်းပေါ့လေ...။) ကိုယ့်ကို သူငယ်ချင်းတွေက ဒီလိုခေါ်တယ်.... တချို့ကတော့ ပြည့်စုံ-(နာမည်သာ ပြည့်စုံတာ... လူကတော့ ဟဲဟဲ..  ပြည့်စုံသေးဘူး... )၊ အရင်းနှီးဆုံးသူက Jan Jan တဲ့ January လမှာမွေးလို့တဲ့…။တချို့ကတော့...
Continue reading ...

October 27, 2008

မနှင်းဆီသို့ လွမ်းသ၀ဏ်

Unknown | 5:24 PM |
နှင်းဆီကြိုက်တဲ့ ကောင်မလေးရေမင်းအတွက် ငါ့နှလုံးသွေးနဲ့ရင်းပြီးနှင်းဆီတစ်ပင်စိုက်ပျိုးခဲ့တယ်အခုတော့ ငါစွဲလမ်းတဲ့ နှင်းဆီလေးတစ်ပွင့်အဝေးမှာ လန်းဆန်းသလား ညှိုးနွမ်းသလား… ငါမသိ…။တခါတုန်းက ကိုယ့်ကောင်းကင်မှာလမင်းလေးတစ်စင်း သာခဲ့ဘူးတယ်ပျော်ရွှင်မှုတွေ ပြီးပြည့်စုံခြင်းတွေ ခွန်အားတွေ ယုံကြည်မှုတွေနဲ့အခုတော့ အတွေးစိတ်ကူးနဲ့ အလွမ်းတွေရွာချနေတဲ့တိမ်လိပ်တွေကြား ငါတကိုယ်ရေအထီးကျန်စွာနှလုံးသားဒါဏ်ရာနဲ့ ဘ၀ရထားပေါ် ဆက်ကာ လိုက်ပါရအုံးမယ်ကိုယ်တို့အတွက်...
Continue reading ...

October 17, 2008

စီးမျောခြင်း…

Unknown | 3:11 PM |
နေပူလိုက်မိုးရွာလိုက်ဆီးနှင်းတွေကျလိုက်အချမ်းကဲ အအေးကဲနဲ့အင်းလေ… ဒါဝေါမြို့မှ မဟုတ်တာရာသီဥတုတွေပြောင်း မြင်ကွင်းတွေပြောင်းနယ်မြေဒေသတွေပြောင်းခံစားမှုတွေလည်းပြောင်းပေါ့….။လူဆိုတာ တခုခုကို ငြီးငွေ့လာရင်ဆန့်ကျင်ရာကို ရှောင်ပြေးတတ်ကြတယ်ငါလည်း ဘာကိုငြင်းဆန်ရမှန်းမသိတစ်ယောက်တည်း သတိရမယ့်သူတွေကို သတိရလိုက်လွမ်းရမယ့်သူတွေကို လွမ်းလိုက်လှုပ်ဖို့မပြောနဲ့ ငြိမ်ငြိမ်လေးကို မောနေတယ်…။သိပ္ပံပညာရှင်တွေက ပြောတယ်ဘယ်တော့မှ မပြောင်းလည်းတဲ့ နိယာမတဲ့“...
Continue reading ...

August 23, 2008

ရာစုသစ်

Unknown | 4:52 AM |
မေခလာကို မမျှော်ပါနဲ့ဇနက္ကလို ပင်လယ်ကို လက်ပစ်ကူးအရှေ့ဆီမှာ ရောင်နီသန်းလာပြီခါးသီးမှုတွေ အမှောင်ထုထဲ ထားခဲ့ပါ….။သားကောင်အဖြစ် ဖျက်ဆီးနှိပ်စက်ခံနေရတာကို ဂုဏ်မယူကြပါနဲ့အမှန်တရားကို လတ်ဆတ်အောင် တည်ဆောက်ကြပါ…။သူငယ်ချင်း တို့တွေဟာ အနာဂတ်ရဲ့ ကြယ်စင်….လွတ်လွတ်ကျွတ်ကျွတ် စီးဆင်းနေတဲ့မြစ်တွေပဲ…။စိတ်ဓါတ်တွေကို ဒိုင်းအဖြစ်ကာရံလို့ဟောဒီ ခေတ်ကြီးကိုဒုန်း ခနဲ တွန်းဖွင့်လိုက်ရင်ဝုန်း ခနဲဆို ရွေ့လျားသွားမှာ…...
Continue reading ...

August 09, 2008

အသိပေးအကြောင်းကြားခြင်း

Unknown | 7:07 AM |
အတုအယောင်အဖွဲ့အစည်းများရှိနေပါသဖြင့် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများအနေဖြင့်သတိထားသင့်ကြောင်း အသိပေးအပ်ပါသ...
Continue reading ...

August 08, 2008

(၈)လေးလုံး အနှစ်(၂၀)ပြည့်အခမ်းအနား နို့ဖိုးစခန်းတွင်ကျင်းပ

Unknown | 12:54 AM | |
(၈)လေးလုံး နှစ်(၂၀)ပြည့်အခမ်းအနားအား ထိုင်း-မြန်မာနယ်စပ်ရှိ နို့ဖိုးစခန်းအတွင်းရှိနေထိုင်ကြသော နိုင်ငံရေးအဖွဲ့အစည်းပေါင်းစုံမှ ဒုက္ခသည်များပူးပေါင်း၍ အမှတ်(၂)ရက်ကွက် ဓမ္မရက္ခိတရခိုင်ဘုန်းကြီးကျောင်းတွင် ၈-၈-၂၀၀၈ ယနေ့ နံနက်(၈)နာရီ (၈)မိနစ်မှ (၁၁)နာရီအထိကျင်းပခဲ့ပြီး အခမ်းအနားတွင် လူဦးရေ (၄၀၀)ကျော်တက်ရောက်ခဲ့ကြပါသ...
Continue reading ...

August 07, 2008

ထိုးစစ် ထိုးရန်အချိန်ရောက်ပြီ…

Unknown | 2:11 AM |
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအား `၈´လေးလုံးအရေးတော်ပုံကြီးဖြင့် တိုက်ခဲ့၏။ မဆလသည် ရပ်၊ကျေးမှ နိုင်ငံတော်ကောင်စီအထိ အုပ်ချုပ်ရေးအား ချထားခဲ့၏။ တပ်အား လက်ကိုင်ဒုတ်တပ်အဖြစ် တည်ဆောက်၏။ ဖိနှိပ်ရေးယန္တရားများအား ချဲ့၏။ ဤသို့နှင့်(၂၆)နှစ်ကြာခဲ့သည်။ သဘောတရားအားဖောက်ပြန်သူတို့နှင့် တည်ဆောက်၏။ စစ်အေးအခင်းအကျင်းအတွင်း နိုင်ငံတကာဆက်ဆံရေး `ရေစီး´တွင်ခေါင်းဖော်၍ မျောနိုင်ခဲ့၏။ သို့သော်…. ၁၉၈၈ ခုနှစ် သြဂုတ်(၈)ရက်နေ့တွင်မူပြိုတော့၏။ နေ၀င်းနေ၀င်ချိန်….။...
Continue reading ...

အာဇာနည်များမှ အာဇာနည်များသို့ သ၀ဏ်လွှာ

Unknown | 2:04 AM |
ကြီးမြတ်သော အာဇာနည်သူရဲကောင်းအပေါင်းတို့သင်တို့ကျဆုံးခဲ့သည်ဖြစ်သော ဤနေရာသို့ငါတို့သည် ကြောက်ဒူးတုန်၍ ရောက်လာခြင်းမဟုတ်ကြေကွဲဝမ်းနည်း မျက်ရည်ဝဲရန်ရောက်လာခြင်းမဟုတ်။ကျဆုံးသွားခဲ့ပြီဖြစ်သောသူရဲကောင်းများနှင့် အညတရ ရဲဘော်များ၏အာဇာနည်ဗိမ္ဗာန်တော်ကြီးတွင် ငါတို့၏မျက်ရည်များကို ထိန်းသိမ်းချုပ်တည်းကြပါမည်။သူတို့၏ ကြွင်းကျန်နေရစ်သောရုပ်အလောင်းများကို...
Continue reading ...

သြဂုတ်လ အနီရောင် လှုပ်ရှားမှု

Unknown | 2:00 AM |
8888 - Upload a Document to Scribd Read this document on Scribd: 8888...
Continue reading ...

July 16, 2008

၆၁ နှစ်မြောက် အာဇာနည်နေ့

Unknown | 5:25 AM |
၁၉၄၇ ဇူလိုင် လ ၁၉ ရက် စနေနေ့အတွင်းဝန်ရုံး၊ ရန်ကုန်မြို့။မိုးလင်းကတည်းက ကောင်းကင်သည် အုံ့မှိုင်း ညိုမှိုင်းလျက်ရှိသည်။ တိမ်တိုက်ဟူ၍ ဘာမျှကြည်လင်စွာမမြင်ရ။ မိုးကိုကြည့်ရသည်မှာ မြူသန်းနေသော ပင်လယ်ကြီးလို ၀ိုးဝိုးဝါးဝါးဖြစ်နေသည်။ မိုးသည်လည်း ကင်းကင်းလွတ်လွတ်စဲသည်ဟူ၍ မရှိဘဲ တဖွဲဖွဲနေလိုက်၊ တဖြိုင်ဖြိုင်ရွာချလိုက်နှင့် နောက်စွေ၍ နေလေသည်။အင်္ဂလိပ်ဗိသုကာ...
Continue reading ...

မြေသြဇာအဖွဲ့၏ ဂတိသစ္စာပြုချက်

Unknown | 5:00 AM |
(၆၁) နှစ်မြောက် အာဇာနည်ခေါင်းဆောင်ကြီးများအား တိုင်တည် ကတိသစ္စာပြုချက်ရက်စွဲ။ ။ ၁၆၊ ၇၊ ၂၀၀၈။ကျွန်ုပ်တို့ မြေသြဇာအဖွဲ့သားများသည် လူထုတရပ်လုံးအတွက် လိုအပ်လာမည့်အချိန်တွင် ကိုယ်ကျိုးစွန့်မည့်အဖွဲ့ဖြစ်သည်။ မှန်တာကိုပြောဆိုရဲသူများဖြစ်သည်။ မှန်တာကိုမပြောဆိုရဲတောင် မှားမှန်းသိတာ၊ မမှန်တာလုပ်နေတာကိုတော့ လုံးဝမထောက်ခံ မတိုက် တွန်းပါ။ကျွန်ုပ်တို့မြေသြဇာအဖွဲ့သားများသည်...
Continue reading ...

July 10, 2008

ဖက်ဆစ်လက်သစ်များအတွက်

Unknown | 2:50 AM |
သန်း(၅၀)ကျော်လူထုဟာရွှေရောင်အနာဂတ်အတွက် မျှော်လင့်နေတာမောင် မောင်ခေါ်တုန်း ဗျာထူးဖို့အေး ချမ်းစွာမျှော်လင့်နေတာရွှေရောင်လွှမ်းတဲ့ တိုင်းပြည်ဖြစ်ဖို့မန်းမှုတ်လို့ရရင် မှုတ်ချင်ပါရဲ့မြင့်မားခဲ့တဲ့မြန်မာပြည်ဆွေစဉ်မျိုးဆက် ဒို့တစ်သက်ခွေးဖက်ဆစ်လက်တဆုတ်စာ တစ်စုကြောင့်စိတ်ရင်းစေတနာ အရိုးခံနဲ့ဒို့ပြည်သူနဲ့ ဒို့နောင်တော်တွေဓါတ်စာကျွေးသလို စတေးပေးခဲ့ရတာခြင်းအတူတူပဲမို့...တစ်ခွန်းထဲသောစကားပြောလိုက်မယ် ...
Continue reading ...

အခန်းဆက် နေ့ရက်

Unknown | 2:26 AM |
မြေသြဇာ ရဲဘော်များမှ ရောက်လေရာအရပ်တိုင်း နေရာတိုင်း အချိန်တိုင်းမှာ အာဏာရှင်ကို တိုက်ထုတ်နေပါတယ်။ ၀ိုင်းဝန်းကူညီ ပံ့ပိုးပေးကြပါ ရသည့်နည်း ရသည့်လက်နက်ဖြင့် တိုက်ပွဲဝင်သွားမည်ဆိုတာ ကို ယခု ၁၉ ဇူလိုင်ကဗျာဖြင့် အာဇာနည် အပေါင်းအား တိုင်တည်ရင်းဖြင့်…လူထုတရပ်လုံးအတွက် စတေးခံအကောင်းဆုံးမြေသြဇာB M...
Continue reading ...

July 06, 2008

7 July

Unknown | 6:47 AM |
မြန်မာ့သမိုင်းမှာ ကျောင်းသား သမဂ္ဂတွေရဲ့ တိုက်ပွဲတွေဟာ ပညာရေးရည်မှန်းချက်၊ အမျိုးသားရေးလွတ်မြောက်ရေး ဒီမိုကရေစီရည်မှန်းချက် စဖြင့်အမျိုးမျိုးရှိခဲ့ပါသည်။ ၁၉၂၀ သပိတ်၊ ၁၉၃၅-၃၆ သပိတ်၊ ၁၉၃၈ ခုနှစ်တွင်အမျိုးသားလွတ်မြောက်ရေးကိုတောင်းဆိုတဲ့ ပြည်လုံးကျွတ် အထွေထွေသပိတ်ရဲ့ အစိတ်အပိုင်းဖြစ်သည်။ ၁၉၆၂ခုနှစ် မတ်လ (၂) ရက် အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးကောင်စီက...
Continue reading ...

June 17, 2008

ဒေါ်စု (၆၃) နှစ်မွေးနေ့မှသည်အသက်ရာကျော် ရှည်ပါစေ....

Unknown | 9:56 PM |
` ဒီအရေးအခင်းဟာ တိုင်းပြည်လုံးနဲ့ဆိုင်တဲ့ အရေးအခင်းဖြစ်နေပါတယ်။ ကျမလည်း ဖေဖေရဲ့ သမီးလုပ်ပြီးတော့ ခေါင်းရှောင်ပြီးတော့ နေလို့မဖြစ်တော့ပါဘူး။ ဒီအရေးအခင်းဟာ တကယ်တော့ ဒုတိယလွတ်လပ်ရေးတိုက်ပွဲကြီးလို့ခေါ်ရင်လည်း ဖြစ်ပါတယ်။ ဒီမိုကရေစီလွတ်လပ်ရေးကို တမျိုးသားလုံးလိုချင်တဲ့ ဆန္ဒပြင်းပြလွန်းလို့ဖြစ်ပေါ်လာတဲ့ တိုက်ပွဲကြီးဖြစ်ပါတယ်။ ´၁၉၈၈ ခုနှစ် သြဂုတ်လ...
Continue reading ...

June 16, 2008

ခြင်နဲ့ ဖြုတ်

Unknown | 12:40 AM |
နာဂစ်မုန်တိုင်းနဲ့ပတ်သတ်ပြီးကြေကွဲရပါတယ် ထို့ထပ်ပိုဆိုးတာက လူလူချင်း စာနာထောက်ထားမှုမရှိဘူး။ ရလိုမှုတစ်ခုပဲကြည့်တတ်တဲ့ လက်တဆုပ်စာ အာဏာရှင်စစ်ဘီလူးတွေရဲ့ နိုင်လိုမင်းထက်ပြုမူဆံဆက်မှုတွေကို ကျနော်တို့ပြည်သူတွေခံစားနေရပါတယ်။ ထို့ကြောင့် အခြေအနေလေးတွေတိုက်ဆိုင်လို့ ဆရာမောင်သွေးသစ်ရဲ့ ခြင်နဲ့ဖြုတ် (စံပယ်ဖြူ မဂ္ဂဇင်း အမှတ်(၉) စက်တင်ဘာ၊၂၀၀၂ )တွင်ဖော်ပြခဲ့သော ကဗျာကိုကူးယူတင်ပြလိုက်ပါတယ်။ခြင် နဲ့ဖြုတ်မင်းတို့ကိုမသတ်လိုဘူး။ဒို့ဆီကထွက်ပျံကြဖို့၊အလေးအနက်...
Continue reading ...

June 05, 2008

ဗေဒါလမ်းဂျာနယ် အတွဲ(၁) အမှတ်(၃)

Unknown | 5:58 AM |
baydarlan3 - Upload a doc Read this doc on Scribd: baydarlan3...
Continue reading ...

May 30, 2008

ပြန့်လွင့်ခြင်း

Unknown | 11:50 PM | |
ည ....သစ်ပင်ရိပ်တွေက ကြောက်စရာသတ္တ၀ါကြီးကုန်းရုန်းထကြွနေသလိုစိတ်ရိုင်းတွေကို လှုံ့ဆော်လို့အမှားတွေ ကျူးလွန်ဖို့အတွက်ညဟာ ညပီသလွန်းခဲ့တယ်။အိမ်မရတဲ့... ညမအိပ်ရတဲ့... ညတိမ်သားကင်းစင်ပေမယ့်ကြယ်တွေမစုံတဲ့... ည ခြေလှမ်းတွေ တုံ့ဆိုင်းအတွေးတွေ အုံ့မှိုင်းသေချာပါတယ်.....နာဂစ်ရဲ့ ၀ါးမြိုမှုကြောင့်အလင်းနှစ် သန်းပေါင်းများစွာအထိကြေကွဲကြငိုကြွေးကြပူဆွေးနေကြရအုံးမှာပါ......
Continue reading ...

May 23, 2008

Post nagris

Unknown | 10:55 AM | |
Where is ma ma?Where is pa pa?Oh! They are died.It's cool ma ma.I'm hungry, pa pa.Ma Ma and pa pa were passed away,I knew it.But I'm calling ma ma and pa pa again and again.Until the saver came.Oh! ma ma and pa pa....Kyaw Lwin Myint,နာဂစ်အလွန် အမေ ဘယ်ရောက်သွားလဲအဖေ ဘယ်ရောက်သွားလဲအော်... သူတို့သေသွားကြပြီဘဲ...။ချမ်းလိုက်တာ အမေရယ်...ဆာလိုက်တာ...
Continue reading ...

တောင်းပန်ပါရစေ မရက်စက်ပါနဲ့

Unknown | 1:27 AM |
မေ ၂ ရက်နဲ့ ၃ ရက်နေ့တွေမှာ တိုက်ခတ်သွားတဲ့ နာဂစမုန်တိုင်းကြောင့် လူပေါင်းသိန်းနဲ့ချီသေဆုံးရတယ်။ သန်းနဲ့ချီပြီး အိုးအိမ်နေရာတွေ မဲ့သွားရတယ်။ နောက်ဆက်တွဲ အသက်အန္တရာယ်များနဲ့ စက္ကန့်တိုင်း နာရီတိုင်း ထိပ်တိုက်ရင်ဆိုင်နေကြရတယ်။မြန်မာပြည်သူအားလုံး ဒီလိုဖြစ်လိမ့်မယ်လို့ မထင်ထားသလို စစ်အစိုးရကလဲ ဒီလိုဖြစ်လာလိမ့်မယ်လို့ သတိပေးမကြေငြာခဲ့ပါ။ ဘယ်သူ့မှာ...
Continue reading ...

May 22, 2008

KNU ဥက္ကဌ ပဒိုစောဘသင်စိန် ကွယ်လွန်

Unknown | 2:32 AM |
အသက် (၈၂) နှစ်ရှိပြီဖြစ်သော ကရင့်အမျိုးသားအစည်းအရုံး(KNU)ဥက္ကဋ္ဌ ဖဒိုစောဘသင်စိန်သည် ယနေ့နံနက် (၂) နာရီတွင် လူကြီးရောဂါဖြင့် ထိုင်း-မြန်မာနယ်စပ်တနေရာတွင်ကွယ်လွန်သွားခဲ့သည်။ ဖဒိုစောဘသင်စိန်သည် ၂၀၀၀ပြည့်နှစ်မှ စတင်၍ဥက္ကဌအဖြစ်ရွေးချယ်တင်မြှောက်ခံခဲ့ရသူဖြစ်သည်။ဖဒိုစောဘသင်စိန်သည် မကွယ်လွန်မီအချိန်ထိ ကရင့်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ၊ ပြည်ထောင်စုမြန်မာနိုင်ငံ...
Continue reading ...

May 11, 2008

ကူညီကြပါရန်

Unknown | 2:30 AM |
၂၀၀၈ ဧပြီလ ၂၇ ရက်နေ့မှ စတင်ခဲ့တဲ့ နာဂစ်မုန်တိုင်းဟာ မြန်မာနိုင်ငံကို မေလ ၂ နေ့ ညနေပိုင်းမှစတင်၍ ပြင်းထန်စွာတိုက်ခတ်ခဲ့သော ဆိုင်ကလုံးမုန်တိုင်းဟာမြန်မာနိုင်ငံသို့ ရက်စက်ကြမ်းတမ်းစွာ ထိုးနှက်ခံခဲ့ရပါတယ်။ အခုဆိုရင် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့မှာ ဘ၀တွေပေးခဲ့ရ အပြစ်ကင်းပြီး ဖြူစင်တဲ့ပြည်သူတွေ အနာဂတ်ရဲ့...
Continue reading ...

မြေသြဇာအဖွဲ့၏အထူးကြေငြာချက်

Unknown | 2:01 AM |
...
Continue reading ...

May 07, 2008

နာဂစ်မုန်တိုင်းနှင့်ပတ်သတ်၍အရေးပေါ်ကြေညာချက်

Unknown | 8:47 AM |
၂၀၀၈ ခုနှစ်မေလ (၂) ရက်နေ့သောကြာနေ့ညပိုင်းမှစ၍ မြန်မာနိုင်ငံတွင်ဝင်ရောက်တိုက်ခိုက်ခဲ့သော နာဂစ်အမည် ရှိဆိုင်ကလုန်းမုန်တိုင်းကြောင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသများနှင့် ရန်ကုန်တိုင်း ၊ ပဲခူးတိုင်း ၊ ကရင်ပြည်နယ် မွန်ပြည်နယ်တို့တွင် ပျက်စီးဆုံး ရှုံးမှုကြီးမားခဲ့ပြီး လူအသေအပျောက်နှုံးမှာလည်းထိတ်လန့်တုန်လှုပ်ဖွယ်ရာအထိ ဖြစ်ခဲ့ရပါသည်။ လေမုန်တိုင်းတိုက်ရိုက်အတိုက်ခံရသည့်မြို့များဖြစ်သော...
Continue reading ...

May 03, 2008

ဆန္ဒခံယူပွဲအား (၈၁)နာရီကြာ အစာငတ်ခံဆန္ဒပြခြင်း

Unknown | 11:34 AM |
စစ်အစိုးရမတရားပြုလုပ်သော ဆန္ဒခံယူပွဲအားထိုင်း-မြန်မာနယ်စပ်တနေရာတွင် အရှင်သြဘာသသည် အစာငတ်ခံဆန္ဒပြခဲ့သည်။ ယင်းသို့ဆန္ဒပြကန့်ကွက်ရခြင်းမှာ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ လူထုဆန္ဒခံယူပွဲကိုကန့်ကွက်သည့်အနေဖြင့် ဘ၀နတ်ထံပြန်လွန်တော်မူသွားသော သာသနာ့ဥသျှောင်နာယက မစိုးရိမ်ဆရာတော် ဦးကောဝိဒအားဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ဆရာတော်၏သက်တော် အတိုင်း...
Continue reading ...

အဆုံးအဖြတ်တိုက်ပွဲကြေငြာချက်

Unknown | 1:59 AM |
ပြည်တွင်းလှုပ်ရှားမှုအဖွဲ့တစ်ခုမှ ပေးပို့သ...
Continue reading ...

May 01, 2008

ထိုင်း-မြန်မာနယ်စပ် မေဒေးနေ့အခမ်းအနား

Unknown | 4:41 AM |
(၁၁၈)ကြိမ်မြောက် မေဒေးနေ့ကို ရောင်ခြည်ဦးအလုပ်သမားရုံးတွင်ရောင်ခြည်ဦး အလုပ်သမားအစည်းအရုံး(Y.C.O.W.A)၊လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ(D.P.N.S)၊ မြန်မာအမျိုးသမီးသမဂ္ဂ(B.W.U)၊ရခိုင်အလုပ်သမားများသမဂ္ဂ(A.W.U)၊အဝေးရောက်ဧရာဝတီအသင်း(O.I.A) စသည့်အဖွဲ့အစည်းများပူးပေါင်း၍ ဆောင်ရွက်ကျင်းပခဲ့ပါသည်။နိုင်ငံရေးအဖွဲ့အစည်းများနှင့်အလုပ်သမား(၄၀၀)ကျော် တက်ရောက်ခဲ့ပြီးတက်ရောက်...
Continue reading ...

April 30, 2008

Vote No !

Unknown | 12:32 AM | |
ဥတုသုံးလီ မျှတတဲ့ တိုင်းပြည်လှပစိမ်းစိုတဲ့ ရေမြေတောတောင်သုံးမကုန်တဲ့ သယံဇာတတွေဖြုန်းမကုန်တဲ့ သဘာဝအရင်းအမြစ်တွေရှိတယ်။မမုန်းမေ့နိုင်စရာ သဘာဝတရားတွေ ရှင်သန်ရာ တို့တိုင်းပြည်မှာအခုတော့…..သုံးမကုန်ပေမယ့် ဖြုန်းလို့ကုန်ပြီတောပြုန်း တောင်ပြုန်း ရေတွေပါပြုန်းကုန်ပြီ။အမှန်တရားအတွက် ပေးဆပ်ခဲ့ကြ ပေးဆပ်နေကြယုံကြည်ချက်ကြောင့် နိုင်ငံတွေမဲ့ကြထိုးစစ်တွေကြောင့်...
Continue reading ...

April 17, 2008

သမဂ္ဂသမီး

Unknown | 11:42 PM |
ရဲဘော် ခင်မာအေး(ခ) မိဥာဏ် (ခ) မဂျိုးဖြူ (ကေတု) (ခ) ဥာဏ်ဇံတောင်ငူမြို့ အဖ သခင်ဘဘောင်း အမိဒေါ်သိန်းတို့မှ ၂၁-၇-၁၉၄၀ နေ့တွင်မွေးဖွားပြီး ၁၄-၁၁- ၁၉၃၈ နေ့တွင် မွေးဖွားသူ (၆၂)ကျောင်းသားခေါင်းဆောင်ကြီး ရဲဘော်လှရွှေနှင့် ၁၉၆၂ခုနှစ်တွင် လက်ထပ်ခဲ့သည်။ တက္ကသိုလ်ကျောင်းသူဘ၀တွင်ပင် ဒေါ်ခင်မာအေးသည် သမဂ္ဂ၏ တ.က.သ - ဗ.က.သ၏ အမျိုးသမီးကျောင်းသားခေါင်းဆောင်ဖြစ်ပါသည်။ရဲဘော်...
Continue reading ...

April 15, 2008

ကူးပြောင်းခြင်း အတာသင်္ကြန်

Unknown | 7:51 PM |
သင်္ကြန်.. “သင်္ကန္တ” ဟူသော ပါဠိဘာသာနှင့် “ သကြံင်္န္တ” ဟူသောသက္ကဋဘာတို့မှ ဆင်းသက်လာသော ဝေါဟာရဖြစ်ပြီး ကူးပြောင်းခြင်းဟူသော အဓိပ္ပါယ်ဖြစ်ပါသည်။ တစ်စက္ကန့်၊ တစ်မိနစ်မှ တစ်နာရီ၊ တစ်ရက်၊ တစ်လ စသည်အားဖြင့် ပြောင်းလဲရင့်သန်လာခြင်းသည် ကူးပြောင်းခြင်းပင်ဖြစ်သည်။ တစ်ဆယ့်နှစ်လပြည့်သော် တစ်နှစ်ဟောင်းချိန်ဖြစ်လျက် တစ်နှစ်သစ်ရန်တာဆူရပေမည်။ ထိုသို့ တစ်နှစ်အို၍ တစ်နှစ်ပျိုသည့်...
Continue reading ...

April 12, 2008

ရင်ဖွင့်သံ

Unknown | 11:52 AM |
ပြည်သူအားလုံးဟာလဲ ကျနော်တိုနဲ့တသားထဲ ဖြစ်လာတာတွေ့ရတဲ့ အတွက် ခံစားမှု၊နိုးကြားတက်ကြွမှုတွေဖြစ်ပေါ်လာရခြင်းဟာ လူထုကပေးတဲ့ အင်အားတွေပါ။အဓိက ပြောချင်တာကတော့ ပြည်သူများအနေနဲ့ကန့်ကွက်မဲပေးတာနဲ့ပတ်သတ်ပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဟာ ဘယ်အကြောက်တရားကိုမဆို ကျော်လွှားနိုင်တယ်ဆိုတဲ့အကြောင်း ဖေါ်ထုတ်ကန့်ကွက်မဲပေးကြမယ်လို့ ယုံကြည်ပါတယ်။ကန့်ကွက်မဲပေးရေးဆိုတဲ့ တာဝန်ဟာ မြန်မာပြည်သူပြည်သားတိုင်းရဲ့ နှလုံးသားမှာ မည်သူတဦးတယောက်ကမှ မတိုက်တွန်းပဲ မိမိရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်သာ...
Continue reading ...

April 10, 2008

သမဂ္ဂအမေ

Unknown | 9:59 AM |
အမေလူထုဒေါ်ဒေါ်ကြိုက်တဲ့ ကဗျာလေးတစ်ပုဒ်ရှိနေသေးသည်အနေဝေး၍မတွေ့သည်သာယုံကြည်စွာဖြင့်…။အမေ့စကားနိုင်ငံရေးမလုပ်ရင် 'အ' တယ်သားရဲ့ ...။သားတို့ အမေ မသေချင်သေးဘူးသေမယ်ဆိုလျှင်တောင်အသက်အောင့်ထားမယ်အမေ ဒီလူသတ်စစ်အာဏာရူးတွေ ပြုတ်ကျတာကို မြင်ချင်သေးတယ်။အမေတို့ ရဟန်းရှင်လူပြည်သူတွေကို သတ်ဖို့ လက်နက်တွေ တရုတ်က ပေးနေတယ် ဒါကြောင့်မို့ တရုတ်ပြည်ကို အမေတို့...
Continue reading ...

April 09, 2008

စီးဆင်းပါစေ ....

Unknown | 3:02 AM | |
ညီလေးရေ ...ရင်ဘတ်ကြီးတစ်ခုလုံး ဗြန်းဗြန်းကွဲအောင်ပေးဆပ်လိုက်ကြ .... ငါတို့ရဲ့မျက်ရည်တွေ သံလွင်မြစ်ထဲကို စီးဆင်းသွားပါစေ...နှုတ်ခမ်းတစ်စုံလုံး သွေးချင်းချင်းနီအောင် ပေးဆပ်လိုက်ကြ ......ငါတို့ရဲ့သွေးတွေ ဧရာဝတီမြစ်ထဲကို စီးဆင်းသွားပါစေ....လည်ချောင်းတစ်ခုလုံး ကွဲအက်သွားအောင် အော်ဟစ်လိုက်ကြငါတို့ရဲ့ အမှန်တရားတွေ တစ်လောကလုံးကိုစီးဆင်းသွားပါစေ ...ညီလေးရေ...
Continue reading ...

April 02, 2008

အပြစ်မဲ့ငှက်ကလေးများဘဝ

Unknown | 11:08 PM | |
အသိုက်ဟောင်းကိုပြန်ချင်လွန်းလို့အတောင်ပံများ ဆန့်ကာထားလည်းအဟန့်အတား ငမိုက်သားကောင်များကြောင့်အတောင်ပံရုပ်သိမ်း လွမ်းတေးဆိုကြအသိုက်ဟောင်းမှာ ဘာဖြစ်နေလည်းလည်တဆန့်ဆန့် သတင်းနားထောင်အချိန်တရွေ့ရွေ့ ပြောင်းသွားပေမယ့်မပြောင်းလဲတဲ့ သတင်းကတော့ ကြားရမြဲပင်ဒီမှာတင်ဘဲ ငမိုက်သားကောင်များအတွက်ကြမ္မာဆိုးဝင် ဘုရားသခင်က အပြစ်ပေးတော့မယ်မကြာခင်မှာ လေပြင်းမုန်တိုင်းတိုက်ရင်ငါတို့အသိုက်အအုံ...
Continue reading ...

ကန့်ကွက်မဲပေး….. ဒို့သွေးကြွေး

Unknown | 11:26 AM |
♥ ဒို့ရိုသေလေးစားတန်ဖိုးထားတဲ့ သံဃာတော်တွေကို မင်းတို့သတ်ခဲ့တယ်။♦ မင်းတို့ရဲ့ မိဘတွေဖြစ်တဲ့ ပြည်သူတွေရဲ့ သွေးတွေနဲ့ ခြေဆေးခဲ့တယ်။♥ မိဘတိုင်းရဲ့ ရင်နင့်သည်းချာဖြစ်တဲ့ ကျောင်းသားတွေကိုလည်း မင်းတို့ သတ်ခဲ့တယ်။♦ ဒို့ပြည်သူတွေအကုန်လုံး မင်းတို့ကိုဘယ်လောက်ပတ်ပတ်စက်စက် ရွံမုန်း တယ်ဆိုတာ ကမ္ဘာကသိစေရမယ်။♥ ကန့်ကွက်မဲသည် တို့ရဲ့လက်နက်ပဲဖြစ်တယ်။♦ သန်း(၅၀)ကျော် ပြည်သူတွေဟာ ဒို့ရဲ့လူတွေပဲ။ ♯ လက်တွဲညီညီ မဲရုံဆီသို့...
Continue reading ...

March 26, 2008

ဒုတိယ ဖက်ဆစ်တော်လှန်ရေးနေ့ကို ကျင်းပကြပါစို့

Unknown | 1:04 AM |
မတ်လ(၂၇)ရက်နေ့သည် ဖက်ဆစ်ဂျပန်ကိုတော်လှန်ခဲ့သည်မှာယခုဆိုလျှင် (၆၃)ပြည့်ပြီဖြစ်သည်။ မတ်လ(၂၇)ရက်နေ့သည် တပ်မတော်နေ့ဖြစ်ပါသလား ? အဘယ့်ကြောင့်ဆိုသော အဖွဲ့အစည်းတစ်ခုသည် စတင်ဖွဲ့စည်းခဲ့သည့်နေ့ကိုအစွဲပြု၍ အထိမ်းအမှတ်ပြုလုပ်ကြသောကြောင့်ဖြစ်သည်။ ဥပမာ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး စတင်ဖွဲ့စည်းတည်ထောင်သည့်နေ့ အောက်တိုဘာလ(၂၄)ရက်ကို ကမ္ဘာ့ကုလသမဂ္ဂနေ့အဖြစ်သတ်မှတ်ခဲ့သည်။...
Continue reading ...

March 23, 2008

လက်တွဲဖော်

Unknown | 1:08 AM |
မစိုးဝှက်က တက်ထားတာကြာပါပြီ.. ကျနော်လည်း ကွန်နက်ရှင်မကောင်းတာရယ်…. လမ်းခရီးမှာရောက်နေတာရယ် အလုပ်တွေများနေတာနဲ့ မရေးဖြစ်မတင်ဖြစ်တာပါ… အခုကျနော်လည်း စိတ်ကူးပုံဖော်မိတာလေးတွေတင်ပေးလိုက်ပါတယ်... အခြားသူတွေလို မည်သည့်စံနှုန်းတွေ ကိုယ်ကကြိုက်တာတွေ သူကတော့ ဘယ်လိုဘယ်ဝါဆိုတာတွေတော့ မပါပါဘူး.. ကျနော့်စိတ်ကူးထဲက ဖြစ်စေချင်တာလေးတွေကို လေ့လာမိသလောက်မျှဝေးပေးလိုက်တာပါ…။...
Continue reading ...

March 19, 2008

အကောင်းဆုံးမြေသြဇာအဖွဲ့မှ နအဖသို့ အိတ်ဖွင့်ပေးစာ

Unknown | 7:20 AM |
...
Continue reading ...

ပဲခူးခရိုင်ကျောင်းသားသမဂ္ဂ၏ သဘောထား ကြေညာချက်

Unknown | 7:06 AM |
၂၂-၃-၂၀၀၈ ယနေ့သည် ဗမာပြည်ဒီမိုကရေစီ အရေးတော်ပုံသမိုင်းတွင် ပဲခူးမြို့၏ သမိုင်းစာမျက်နှာသစ်ဖွင့်လှစ်ခြင်းနှစ်ပေါင်း(၂၀)တိတိ ပြည့်မြောက်ခဲ့ပေသည်။ ၁။ ကိုယ်ဘာလုပ်နိုင်သလည်း လုပ်နိုင်တာလုပ်ကြရမည်။ သူများဘာလုပ်နေသလဲ ပြောရမည့် အချိန်မဟုတ်တော့ပါ။ ၂။ ပဲခူးခရိုင်ကျောင်းသားသမဂ္ဂတွင် ပဲခူး၊ဝေါ၊ က၀၊ သနပ္ပင်၊ လေးမြို့နယ်ဖြင့် ဖွဲ့စည်းထားပါသည်။ ပဲခူးမြို့သည် ဗမာပြည်တွင် ၁၉၈၂ခုနှစ် နောက်ဆုံးသန်းခေါင်စာရင်းအရ လူဦးရေ အများဆုံးမြို့ဖြစ်သည်။ ၁၉၉၀...
Continue reading ...

March 10, 2008

နှုတ်ဆက်ခြင်း

Unknown | 9:39 PM | |
ညက တိတ်ဆိတ်စွာနဲ့လရောင်နဲ့အတူလှပနေတယ် ဗင်းဆင့်ဗန်ဂိုး ပန်းချီရေးခဲ့တဲ့ညမျိုးပေါ့အိပ်မက်လှမည်ဆိုတာတောင်ငါမအိပ်ချင်တော့ဘူး...။ဆုံခဲ့ကြတယ်အပြန်အလှန် လေးစားခဲ့ကြတဲ့အထိပေါ့ချစ်ခင်ကြတယ်အားပေးနှစ်သိမ့်တဲ့အထိပေါ့မောင်းနှင်ခဲ့ကြတယ်စိတ်ဓါတ်တွေ အရှိန်အဟုန်မြင့်မြင့်နဲ့ရိုက်ချိုးခဲ့ကြတယ်ရေစီးကြောင်းတွေကိုကာစီးထားတဲ့ တာရိုးတွေကိုဝေခဲ့ကြတယ်ရင်တွင်းဖြစ်လေးတွေ...
Continue reading ...

ပြည့်စုံ © 2013. All Rights Reserved | Powered by:Blogger

Designed by:Windroidclub