May 01, 2008

ထိုင်း-မြန်မာနယ်စပ် မေဒေးနေ့အခမ်းအနား

Unknown | 4:41 AM |


(၁၁၈)ကြိမ်မြောက် မေဒေးနေ့ကို ရောင်ခြည်ဦးအလုပ်သမားရုံးတွင်ရောင်ခြည်ဦး အလုပ်သမားအစည်းအရုံး(Y.C.O.W.A)၊လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ(D.P.N.S)၊ မြန်မာအမျိုးသမီးသမဂ္ဂ(B.W.U)၊ရခိုင်အလုပ်သမားများသမဂ္ဂ(A.W.U)၊အဝေးရောက်ဧရာဝတီအသင်း(O.I.A) စသည့်အဖွဲ့အစည်းများပူးပေါင်း၍ ဆောင်ရွက်ကျင်းပခဲ့ပါသည်။

နိုင်ငံရေးအဖွဲ့အစည်းများနှင့်အလုပ်သမား(၄၀၀)ကျော် တက်ရောက်ခဲ့ပြီးတက်ရောက် လာသောအလုပ်သမားများအားမေဒေးနေ့ပေါ်ပေါက်လာပုံ မေဒေးစိတ်ဓါတ်ပြန့်ပွားရေး၊ မိမိအခွင့်အရေးကို မိမိကိုယ်တိုင်ကာကွယ်စောင့်ရှောက်ရေးနှင့် အလုပ်သမားသမဂ္ဂများ၏ လုပ်ဆောင်ချက်များအရေးပါပုံများအပြင်အမျိုးသမီးအခွင့်အရေးနှင့်သက်ဆိုင်သော ဟောပြောချက်များ စသည်တို့ကိုဟောပြောခဲ့သည်။ ထို့အပြင် လက်ကမ်းစာစောင်များ ကြေငြာချက်များကို၎င်းအဖွဲ့အစည်းများနှင့် ပြည်ပရောက်မြေသြဇာအဖွဲ့ဝင်များမှ ဖြန့်ဝေခဲ့ကြသည်။ တီရှပ်များ၊ ရေဒီယိုများကိုလည်း အလုပ်သမားထုအတွက် ကံစမ်းမဲများ ဖောက်၍ ဝေငှခဲ့သည်။















No comments:

ပြည့်စုံ © 2013. All Rights Reserved | Powered by:Blogger

Designed by:Windroidclub