May 03, 2008

ဆန္ဒခံယူပွဲအား (၈၁)နာရီကြာ အစာငတ်ခံဆန္ဒပြခြင်း

Unknown | 11:34 AM |


စစ်အစိုးရမတရားပြုလုပ်သော ဆန္ဒခံယူပွဲအားထိုင်း-မြန်မာနယ်စပ်တနေရာတွင် အရှင်သြဘာသသည် အစာငတ်ခံဆန္ဒပြခဲ့သည်။ ယင်းသို့ဆန္ဒပြကန့်ကွက်ရခြင်းမှာ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ လူထုဆန္ဒခံယူပွဲကိုကန့်ကွက်သည့်အနေဖြင့် ဘ၀နတ်ထံပြန်လွန်တော်မူသွားသော သာသနာ့ဥသျှောင်နာယက မစိုးရိမ်ဆရာတော် ဦးကောဝိဒအားဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ဆရာတော်၏သက်တော် အတိုင်း ထိုင်းနိုင်ငံရှိ သာသနာ့ဥသျှောင်အဖွဲ့ဝင်အရှင်ဦးသြဘာသသည် ၃၀-၄-၂၀၀၈ ရက်နေ့ နေ့လည် (၁၂း၀၀)မှ (၃-၅-၂၀၀၈)ရက်နေ့(၉)နာရီထိ (၈၁)နာရီကြာဆန့်ကျင် ကန့်ကွက်အစာငတ်ခံဆန္ဒပြခဲ့သည်။
အရှင်ဦးသြဘာသသည် စက်တင်ဘာရွှေဝါရောင်သံဃာ့လှုပ်ရှားမှုကြီးတွင် ဦးဆောင်သံဃာအနေဖြင့်ပါဝင်လှုပ်ရှားခဲ့ပြီး ထိုင်း-မြန်မာနယ်စပ်တနေရာသို့ တိမ်းရှောင်လာသောသံဃာတပါးဖြစ်ပါသည်။







လုထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံးမြေသြဇာအဖွဲ့(ပြည်ပ) မှ ပေးပို့သည်။

No comments:

ပြည့်စုံ © 2013. All Rights Reserved | Powered by:Blogger

Designed by:Windroidclub