April 30, 2008

Vote No !

Unknown | 12:32 AM | |


ဥတုသုံးလီ မျှတတဲ့ တိုင်းပြည်
လှပစိမ်းစိုတဲ့ ရေမြေတောတောင်
သုံးမကုန်တဲ့ သယံဇာတတွေ
ဖြုန်းမကုန်တဲ့ သဘာဝအရင်းအမြစ်တွေရှိတယ်။

မမုန်းမေ့နိုင်စရာ သဘာဝတရားတွေ
ရှင်သန်ရာ တို့တိုင်းပြည်မှာ
အခုတော့…..
သုံးမကုန်ပေမယ့် ဖြုန်းလို့ကုန်ပြီ
တောပြုန်း တောင်ပြုန်း ရေတွေပါပြုန်းကုန်ပြီ။

အမှန်တရားအတွက်
ပေးဆပ်ခဲ့ကြ ပေးဆပ်နေကြ
ယုံကြည်ချက်ကြောင့် နိုင်ငံတွေမဲ့ကြ
ထိုးစစ်တွေကြောင့် စစ်ပြေးဘ၀တွေရောက်
အစာအိမ် ဗလာနဲ့ ညည်းတွားရှိုက်ငင်သံတွေထပ်လို့
မေဦးမိုး သည်းနေပြီ
သေချာတယ်
ခင်ဗျားတို့ ကျနော်တို့
တွေဝေ မိုက်မဲနေလို့ မဖြစ်တော့ဘူး….။

ပြည့်စုံ

ပြည့်စုံ © 2013. All Rights Reserved | Powered by:Blogger

Designed by:Windroidclub