၂၀၀၈ ဧပြီလ ၂၇ ရက်နေ့မှ စတင်ခဲ့တဲ့ နာဂစ်မုန်တိုင်းဟာ မြန်မာနိုင်ငံကို မေလ ၂ နေ့ ညနေပိုင်းမှစတင်၍ ပြင်းထန်စွာတိုက်ခတ်ခဲ့သော ဆိုင်ကလုံးမုန်တိုင်းဟာမြန်မာနိုင်ငံသို့ ရက်စက်ကြမ်းတမ်းစွာ ထိုးနှက်ခံခဲ့ရပါတယ်။ အခုဆိုရင် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့မှာ ဘ၀တွေပေးခဲ့ရ အပြစ်ကင်းပြီး ဖြူစင်တဲ့ပြည်သူတွေ အနာဂတ်ရဲ့ ကြယ်စင်လေးတွေ ကြွေလွင့်ခဲ့ရတယ်၊အသက်တွေပေးခဲ့ရတယ်။ ဒါတွေဟာ ဘယ်သူ့ကြောင့်လည်း ဘာကြောင့်လည်းဆိုတာတော့အားလုံးသိကြမှာပါ။


အချိန်အခါ မသင့်ပဲကြွေလွင့်ခဲ့ရသော ကြယ်ပွင့်လေးများနှင့် အပြစ်ကင်းစင်သောပြည်သူအပေါင်းအား ကောင်းရာသုဂတိလားပါစေကြောင်းဆုတောင်းလိုက်ပါတယ်။ ဘ၀ဆက်တိုင်း ဆက်တိုင်း.. အခုလိုအဖြစ်မျိးနဲ့ကင်းဝေးကြပါစေလို့...
မင်းဆိုးက နှိပ်စက် မုန်တိုင်းဒါဏ်က နှိပ်စက်ခံနေကြရသောလက်ရှိအိုးမဲ့အိမ်မဲ့ အတိဒုက္ခရောက်နေကြသော ပြည်သူများကို ကူညီကြပါ။ ထိရောက်သောအကူအညီများလိုအပ်နေပါသည်။
1 comment:
if i read about that
i really want to cry
Post a Comment