March 23, 2008

လက်တွဲဖော်

Unknown | 1:08 AM |

မစိုးဝှက်က တက်ထားတာကြာပါပြီ.. ကျနော်လည်း ကွန်နက်ရှင်မကောင်းတာရယ်…. လမ်းခရီးမှာရောက်နေတာရယ် အလုပ်တွေများနေတာနဲ့ မရေးဖြစ်မတင်ဖြစ်တာပါ… အခုကျနော်လည်း စိတ်ကူးပုံဖော်မိတာလေးတွေတင်ပေးလိုက်ပါတယ်... အခြားသူတွေလို မည်သည့်စံနှုန်းတွေ ကိုယ်ကကြိုက်တာတွေ သူကတော့ ဘယ်လိုဘယ်ဝါဆိုတာတွေတော့ မပါပါဘူး.. ကျနော့်စိတ်ကူးထဲက ဖြစ်စေချင်တာလေးတွေကို လေ့လာမိသလောက်မျှဝေးပေးလိုက်တာပါ…။ တကယ်တော့ကျနော်က လက်တွဲဖော်တော့မရှိသေးပါဘူး.. ရည်ရွယ်သူတော့ရှိကောင်းရှိလိမ့်မည်...(တကယ်ပါ) ဒါပေမယ့်….

ဘာမှသေချာရေရာခြင်းမရှိတဲ့ လောကကြီးထဲမှာ အချစ်နဲ့ဘ၀ တစ်ထပ်တည်းကျဖို့ဆိုတာ မလွယ်ပါဘူး.. ကံစီမံရာပေါ့...။ ကျနော်တို့ မြန်မာအိမ်ထောင်မှုဓလေ့မှာရှောင်ရန် ဆောင်ရန်ဆိုတာကို အားလုံးသိကြမည်ထင်တယ်..။ “ဓမ္မာ ၊ သောက ၊ အင်းဝ၊ ရာဇာ”စတဲ့ မရွေးချယ်ရဘူးဆိုပြီးအဆိုရှိတယ်.. .နောက် “ ဥဿ၊ စိန်ပန်း၊ ဒန်းလှ” ကိုရှာဆိုပြီးအဆိုတွေရှိနေကြပေမယ့် ကိုယ်ကအရမ်းချစ်နေရင်တော့ မဖြစ်ပြန်ဘူး.. ဖူးစာပေါ့လေ..။

ကိုယ့်ရဲ့အတ္တ တစ်ဝက်ပေးဆပ်ရခြင်းမျိုးမဟုတ်၊ သူ့ရဲ့အတ္တ အလုံးစုံပုံနှစ်ထားခြင်းမျိုးလည်းမဟုတ်တဲ့ တစ်ထပ်တည်းကျတဲ့ ဆုံးဖြတ်ချက်တွေ တသားတည်းရှိတဲ့ ခံစားမှုတွေနဲ့ နွေးထွေးခြင်းမျိုးရှိတဲ့ လက်တွဲဖော်….။

လျှို့ဝှက်ချက်မရှိ ရိုးသားပွင့်လင်းခြင်းသာအခြေခံတဲ့ ကြိုးတစ်ချောင်းက လူနှစ်ဦးကို ဘ၀ထဲမှာ သူရှိနေတာ အနှောင့်အယှက်တစ်ခုမဖြစ်စေဘဲ ပျော်ရွှင်ခြင်းနဲ့ ကြင်နာခြင်းသာ မျှဝေလိုသူ…။ သံယောဇဉ်တွေ ရစ်ပတ်နှောင်ဖွဲ့လို့ကြုံဆုံလာရမယ့် ဘ၀ရဲ့ အကောင်းဆုံးဆိုတဲ့ လောကဓံတရားတွေကို ရင်ချင်းအပ်ကျောချင်းကပ်ပြီး အတူဖြေရှင်းကြလို့ ဘ၀ထဲ ကကောင်းတာတွေယူပြီး အကောင်းတွေပဲ ပြန်လည်ပေးဆပ်ခိုင်းဖို့ လျှောက်လှမ်းရမယ့် ခရီးလမ်းတိုင်းအတွက် သူ့ရဲ့ လက်တစ်စုံဟာ ခွန်အားဖြစ်စေလိမ့်မယ်…။
သို့မှသာ တွေးလိုက်တိုင်းပျော်ပြီး အပျော်တွေပဲ တွေးမိစေတဲ့ ဘ၀တစ်ခုလုံးအပျော်တွေနဲ့သာ လွှမ်းခြုံရစ်ပတ်ထားတဲ့ အဲဒီချစ်ခြင်းတွေသည် အရာရာပြီးပြည့်စုံစေမှာပါ….။

အနာဂတ်နေ့သစ်တွေအတွက် ခရီးဆုံးတိုင်အတူရှိကြမယ့် မနက်ဖြန်တွေ မနက်တွေတိုင်းဟာ လှပနေလိမ့်မယ်ဆိုတာ အသေအချာပါဘဲ….။

ပြည့်စုံ
(ခေတ္တ-နို့ဖိုးစခန်း)

6 comments:

နှင်းပွင့်ဖြူ said...

အင်း
ကိုပြည့်စုံရဲ. လက်တွဲဖေါ် အမြန်ဆုံး ရှာတွေ့ပြီး ပေါင်စည်းနိုင်ပေါစေ

Anonymous said...

ဟုတ်...
အကိုပြည့်စုံရဲ့ ရည်ရွယ်ထားသူလေးနဲ့ စိတ်ကူးထဲက ဖြစ်စေချင်တဲ့ လက်တွဲဖော် နဲ့တထပ်တည်းကျပါစေရှင်...:)

စိုးထက် - Soe Htet ! said...

အမြန်ဆုံး ...
အကောင်းဆုံး ...
အဆင်အပြေဆုံး ဖြစ်ပါစေ :)

ဒီဇင်ဘာနှင်း said...

ကိုပြည့်စုံရဲ့ လက်တွဲဖော်လေး အမြန်ဆုံး အနားကိုရောက်လာပါစေနော်

Anonymous said...

ဆုံးဖြတ်ချက်တွေ တသားတည်းရှိတဲ့ ခံစားမှုတွေနဲ့ နွေးထွေးခြင်းမျိုးရှိတဲ့ လက်တွဲဖော်...ရပါစေ။

Anonymous said...

hermes birkin
goyard
fear of god
kd shoes
yeezy boost 380

ပြည့်စုံ © 2013. All Rights Reserved | Powered by:Blogger

Designed by:Windroidclub