July 10, 2008

ဖက်ဆစ်လက်သစ်များအတွက်

Unknown | 2:50 AM |
သန်း(၅၀)ကျော်လူထုဟာ
ရွှေရောင်အနာဂတ်အတွက် မျှော်လင့်နေတာ
မောင် မောင်ခေါ်တုန်း ဗျာထူးဖို့
အေး ချမ်းစွာမျှော်လင့်နေတာ
ရွှေရောင်လွှမ်းတဲ့ တိုင်းပြည်ဖြစ်ဖို့
မန်းမှုတ်လို့ရရင် မှုတ်ချင်ပါရဲ့
မြင့်မားခဲ့တဲ့မြန်မာပြည်
ဆွေစဉ်မျိုးဆက် ဒို့တစ်သက်
ခွေးဖက်ဆစ်လက်တဆုတ်စာ တစ်စုကြောင့်
စိတ်ရင်းစေတနာ အရိုးခံနဲ့ဒို့ပြည်သူနဲ့ ဒို့နောင်တော်တွေ
ဓါတ်စာကျွေးသလို စတေးပေးခဲ့ရတာ
ခြင်းအတူတူပဲမို့...

တစ်ခွန်းထဲသောစကားပြောလိုက်မယ်
မင်းတို့စစ်အာဏာရှင်လက်တဆုတ်စာ တစု
အလှည့်ကျရင် မနွဲ့ကြနဲ့။
ဒို့ပြည်သူတွေ ဒဏ်ခတ်မယ်
သန်းရွှေအပါအ၀င် နောက်လိုက်တစ်သိုက်
သတိသာထားနေကြပေတော့။

လူထုတရပ်လုံးအတွက် စတေးခံ
အ ကောင်း ဆုံး မြေ သြ ဇာ
(BM-1)

No comments:

ပြည့်စုံ © 2013. All Rights Reserved | Powered by:Blogger

Designed by:Windroidclub