May 22, 2008

KNU ဥက္ကဌ ပဒိုစောဘသင်စိန် ကွယ်လွန်

Unknown | 2:32 AM |


အသက် (၈၂) နှစ်ရှိပြီဖြစ်သော ကရင့်အမျိုးသားအစည်းအရုံး(KNU)ဥက္ကဋ္ဌ ဖဒိုစောဘသင်စိန်သည် ယနေ့နံနက် (၂) နာရီတွင် လူကြီးရောဂါဖြင့် ထိုင်း-မြန်မာနယ်စပ်တနေရာတွင်ကွယ်လွန်သွားခဲ့သည်။ ဖဒိုစောဘသင်စိန်သည် ၂၀၀၀ပြည့်နှစ်မှ စတင်၍ဥက္ကဌအဖြစ်ရွေးချယ်တင်မြှောက်ခံခဲ့ရသူဖြစ်သည်။
ဖဒိုစောဘသင်စိန်သည် မကွယ်လွန်မီအချိန်ထိ ကရင့်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ၊ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ(NCUB) သဘာပတိအဖွဲ့ဝင်၊ အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု(NDF) ဥက္ကဋ္ဌ၊ တိုင်းရင်းသားလူမျိုးများကောင်စီ(ENC) ဥက္ကဋ္ဌ တာဝန်များကို ထမ်းဆောင်ခဲ့သည်။
ကွယ်လွန်ချိန်တွင် ဇနီးနှင့်အတူ သမီး (၃) ဦး၊ သား (၁) ဦး ကျန်ရစ်ခဲ့ပါသည်။ ဈာပနအခမ်းအနားအား KNU ထိန်းချုပ်နယ်မြေ တနေရာတွင် ပြုလုပ်မည်ဖြစ်ကြောင်းကြားသိရပါသည်။

No comments:

ပြည့်စုံ © 2013. All Rights Reserved | Powered by:Blogger

Designed by:Windroidclub