လရောင်နဲ့အတူလှပနေတယ်
ဗင်းဆင့်ဗန်ဂိုး ပန်းချီရေးခဲ့တဲ့ညမျိုးပေါ့
အိပ်မက်လှမည်ဆိုတာတောင်
ငါမအိပ်ချင်တော့ဘူး...။
ဆုံခဲ့ကြတယ်
အပြန်အလှန် လေးစားခဲ့ကြတဲ့အထိပေါ့
ချစ်ခင်ကြတယ်
အားပေးနှစ်သိမ့်တဲ့အထိပေါ့
မောင်းနှင်ခဲ့ကြတယ်
စိတ်ဓါတ်တွေ အရှိန်အဟုန်မြင့်မြင့်နဲ့
ရိုက်ချိုးခဲ့ကြတယ်
ရေစီးကြောင်းတွေကိုကာစီးထားတဲ့ တာရိုးတွေကို
ဝေခဲ့ကြတယ်
ရင်တွင်းဖြစ်လေးတွေ အံထုတ်ကြတဲ့အထိပေါ့
ကြွေခဲ့ကြတယ်
နှလုံးသားရေလည်အုံ ကွဲကြေသည်အထိပေါ့
နွေဦးရဲ့ရနံ့က လေရူးနဲ့အတူ တုန်ခါ
အတွေးကတော့ မုန်တိုင်းလိုပြင်းထန်
ခွဲခွာရတော့မယ့်အချိန်မှာ
တစ်လမ်းထဲမှာ အတူလျှောက်လှမ်းခဲ့
ပျံ့လွင့်လာတဲ့ ရထားဥသြဆွဲသံကြီးရယ်...
ခေါ်ဆောင်ရာကို လိုက်ပါသွားတဲ့သူရယ်
ခွဲသွားရမယ့်သူရယ်
ကျန်ရစ်ခဲ့မယ့်သူရယ်
အပြန်လမ်းမှာ တယောက်တည်း
ပတ်ဝန်းကျင်ကတော့ ဆွေးမြေ့ကြေကွဲဖွယ် တိတ်ဆိတ်လို့
ဟိုး ... ဝေးဝေးမှာ သဇင်တွေကြွေကုန်ပြီ ....
ကျနော်ဒီကဗျာလေးနဲ့နှုတ်ဆက်ခဲ့ပါရစေ.. ကျနော်ခရီးတခုထွက်စရာရှိလို့ ဘလော့ဂ်နဲ့ခဏဝေးနေရအုံးမှာပါ ကျနော်တို့ရဲ့အဖြစ်ကဘာနဲ့တူသလဲဆိုတော့ ခွဲရတော့မယ်ချစ်သူနှစ်ဦးဟာ လမ်းကလေးတလမ်းတည်းမှာ လမ်းလျှောက်နေရသလို ခွဲသွားရမယ့်သူရယ် ကျန်ရစ်နေခဲ့ရမယ့်သူရယ် ရင်ထဲမှာဆိုနင့်ကြေကွဲစရာအဖြစ်မျိုး။
ရောက်လာကြသော သူငယ်ချင်း မိတ်ဆွေ ညီအစ်ကိုမောင်နှမများ အတွက်ကျနော့်ရဲ့ အမှတ်တရ နွေဦးအတွက်လက်ဆောင်လေးတွေယူသွားကြပါ...



ဆိုလိုရင်းအဓိပ္ပါယ်ကို သဘောပေါက်ကြလိမ့်မယ်လို့ထင်ပါတယ်... ဘာကြောင့်လည်းဆိုတော့ ရေဘူးနှင့်ဖိနပ်မပါရင် ကျနော့်သူငယ်ချင်းတွေ နွေရာသီမှာ ဒုက္ခရောက်မှာဆိုးလို့ပါ။ (ရေဘူးနှင့်ဖိနပ်မပါရင် နွေခါမှသိတဲ့ -- မြန်မာစကားပုံ)
လာရောက်ဖတ်ရှုကြသော သူငယ်ချင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ် ကျနော်ခေတ္တခဏခွဲခွာခြင်းသာ ပြန်လည်ဆုံဆည်းကြအုံးမှာပါ...။
နေ့သစ်တွေအနာဂတ်တွေ လှပနိုင်ကြပါစေ။
ပြည့်စုံ
14 comments:
တင်ထားတဲ့ ပုံလေးနဲ့ အတွေးလေးတွေ ကောင်းပါတယ်..
လမ်းခရီးမှာ အစစ အဆင်ပြေပါစေ..
နွေဦးရဲ့လက်ဆောင်တွေကတော့များကြီးပါပဲလားဝေးးးးးးး
ဟဲဟဲ ယူရမှာတောင် အားနာသွားတယ်...ခေတ္တခဏဆိုလို့်ခေတ္တခဏပဲနော် ...ကဗျာလေးလဲကောင်းတယ်အကိုပြည့်စုံရေ...
အားလုံးအဆင်ပြေပါစေနော် ...အိမ်လေးဆုတောင်းပေးပါတယ်...:)
ဖိနပ်လှလှလေးလာယူသွားတယ်နော်..:-)ခရီးလမ်းမှာ အားလုံးအဆင်ပြေပါစေလို. ဆုတောင်းပေးလိုက်ပါတယ်။
သွားလမ်းသာလို့ လာလမ်းဖြောင့်ပါစေ
ပုံလေးတွေကြည့်ပြီး ဆုတောင်းပေးသွားတဲ့ ညီမလေး မီ။ အားလုံးအဆင်ပြေပါစေဆုတောင်းပေးတဲ့ညီမငယ် အိမ်လေး။ ဖိနပ်လှလှလေးယူပြီးတော့ ဆုတောင်းပေးတဲ့ အမမေသစ္စာ။ သွားလမ်းသာလို့လာလမ်းဖြောင့်ပါစေဆုတောင်းပေးတဲ့ မဟန်နီ အားလုံးကိုအထူးကျေးဇူးတင်ပါတယ်... အမြဲသတိရနေမှာပါ...။
နွေဦးရက်များမှာ ပူလောင်ခြင်းတွေကင်းဝေးလို့ နေ့သစ်တွေ လန်းဆန်းပျော်ရွှင်နိုင်ပါစေ.....။။
ပြည့်စုံ
ကိုပြည့်စုံရေ အစစ အရာရာ အဆင်ပြေပါစေဗျာ။ ပြန်ရောက်ရင်လည်း အကြောင်းကြားဦးဗျို့။ ပျော်ရွှင်ပါစေ ခရီးမှာ။
နွေဦးမှာ ပျော်ရွှင်စရာ ခရီးဖြစ်ပါစေ ကိုပြည့်စုံရေ။ အစစအရာရာ အဆင်ပြေပါစေ။
ပြန်လာတဲ့အခါလည်း ပြောဦးနော်။
ကိုပြည့်စုံရေ အစစအရာရာ အဆင်ပြေပါစေနော် အမြန်ပြန်လာခဲ့နော်
အကြိမ်ကြိမ်နှုတ်ဆက်ကြရအောင်ဗျာ....
အကြိမ်ပြန်ဆုံကြဖို့ပေါ့.....
လက်ဆောင်လေး တွေလာယူသွားတယ် ကိုပြည့်စုံရေ။ သွားလမ်းလာလမ်းဖြောင့်ဖြူးပါစေနော်။ ပြန်လာမယ့်ရက်ကိုမျှော်နေတယ်နော်။ ခရီးလမ်းတစ်လျှောက်ပျော်ရွှင်နိုင်ပါစေ။
နှလုံးသားရေလည်အုံ ကွဲတယ်ဆိုတာ ဘယ်လိုမျိုးပါလိမ့် သိချင်စမ်းပါဘိး) ပုံလေးကိုတော့ သဘောကျတယ်ကွ ခရီးလမ်း အဆင်ပြေပါစေကွာ
သွားမယ့်ခရီးလမ်းဖြောင့်ဖြူးပါစေညီလေးရေ
ပျံ့လွင့်လာတဲ့ ရထားဥသြဆွဲသံကြီးနဲ့
ခေါ်ဆောင်ရာကို လိုက်ပါသွားတဲ့ကိုပြည့်စုံရေ...
ပြန်လာတဲ့အခါလည်း ပြောဦးနော်။
golden goose outlet
palm angels
goyard tote bag
kyrie 8
a bathing ape
bape
bape
off white t shirt
jordan outlet
goyard store
Post a Comment