May 30, 2008

ပြန့်လွင့်ခြင်း

Unknown | 11:50 PM | |
ည ....
သစ်ပင်ရိပ်တွေက
ကြောက်စရာသတ္တ၀ါကြီး
ကုန်းရုန်းထကြွနေသလို
စိတ်ရိုင်းတွေကို လှုံ့ဆော်လို့
အမှားတွေ ကျူးလွန်ဖို့အတွက်
ညဟာ ညပီသလွန်းခဲ့တယ်။

အိမ်မရတဲ့... ည
မအိပ်ရတဲ့... ည
တိမ်သားကင်းစင်ပေမယ့်
ကြယ်တွေမစုံတဲ့... ည
ခြေလှမ်းတွေ တုံ့ဆိုင်း
အတွေးတွေ အုံ့မှိုင်း
သေချာပါတယ်.....
နာဂစ်ရဲ့ ၀ါးမြိုမှုကြောင့်
အလင်းနှစ် သန်းပေါင်းများစွာအထိ
ကြေကွဲကြ
ငိုကြွေးကြ
ပူဆွေးနေကြရအုံးမှာပါ.....။

6 comments:

RePublic said...

ဒီ ည တွေ အမြန်ဆုံး လွန်မြောက်ပါစေဗျာ ၊

မွန် said...

အဲဒီညတွေမှာ ချမ်းရှာလို့ အကွယ်အကာရှာရင်း
ဆာရှာလို့ ဝမ်းဗိုက်တွေဟာရင်း
တွယ်ရာမဲ့ရှာလို့ ကူကယ်ရာရှာရင်း
ဒင်းတို့ကလေးတွေ
ငိုနေ ရှိုက်နေကြဦးမလား

Anonymous said...

ကဗျာလေး တအားကောင်းတယ်
မုန်းတိုင်းတိုက်တုန်းက အရမ်းကို ကြောက်ဖို့ကောင်းတယ်

ein said...

ခုလိုပြန့်လွင့်ခြင်းညတွေ အမြန်ကုန်ဆုံးနိုင်ပါစေရှင်...။

khinemrathein said...

Very good poems

Anonymous said...

ကဗျာလေးကောင်းတယ်။ဒီလိုညမျိုးတွေဘယ်တော့မှ
ထပ်မကြုံကြပါစေဖို့ဆုတောင်းရမယ်နော်........

ပြည့်စုံ © 2013. All Rights Reserved | Powered by:Blogger

Designed by:Windroidclub