January 26, 2008

စကားကြီးဆယ်မျိုး

Unknown | 6:44 AM |
လူ့လောကမှာ လောကနဲ့သဟဇာတဖြစ်အောင် ပြောတတ်ဆိုတတ် နေတတ်ထိုင်တတ်တဲ့အရည်အချင်းတွေလိုပါတယ်။စကားပြောကောင်းတိုင်းလည်း အရာရာမှာ အဆင်ပြေတယ်လို့တော မဆိုလိုပါဘူး။လူဆိုတာ ချစ်သူခင်သူမုန်းသူတွေကတော့ ရှိကြစမြဲပါ။ ဘယ်နေရာဘဲဖြစ်ဖြစ် ပြောတတ်ဆိုတတ်တော့ လုပ်ငန်းကိုင်ငန်းနယ်ပယ်မှာအထောက် အကူအဖြင့်ပိုအဆင်ပြေပါတယ်။ အဲဒါကြောင့် ပြတ်ပြတ်သားသားပြောရမယ့် အခြေအနေမှာ၊ပြတ်ပြတ်သားသားပြော။ မယုတ်မလွန် ပြောရမယ့်နေရာမှာ မယုတ်မလွန်ပြော။ နှိုက်နှိုက်ချွတ်ချွတ်ပြောရမယ့်နေရာမှာ၊ နှိုက်နှိုက်ချွတ်ချွတ်ပြော တတ်ဖို့လိုပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ “မပြောတတ်တော့ ဆဲသလိုတဲ့” “စကား စကားပြောပါများ စကားထဲကဇာတိပြတဲ့ ”၊ “စကားများ အမှားပါတဲ့။” “ကြမ်းကျွံရင်နှုတ်ရတယ်၊ စကားကျွံရင်နှုတ်မရတဲ့” “စကားနောက် တရားပါတဲ့”အစရှိတဲ့ စကားပုံတွေကတော့ အများကြီးပါဘဲ။

လူတစ်ဦးတစ်ယောက်အပေါ်၊ ကိုယ်ပြောသမျှနားဝင်အောင် လက်ခံအောင်ပြောနိုင်ဆိုနိုင်တာ အရည်အချင်းတစ်ခုပါ။ ဒါပေမယ့် အဲဒီအရည်အချင်းကိုတော့ အလွဲသုံးစားတော့ မလုပ်မိစေရန်။ မကောင်းတဲ့ဘက်မှာ မသုံးမိစေရန်ပါ။ အဲဒီတော့ စကားပြောကောင်းအောင် စာများများဖတ်၊ ဗဟုသုတများများရှာ ကျနော်တို့မြန်မာနယ်ပယ်မှာဆို စကားကြီးဆယ်မျိုးဆိုတာရှိပါတယ် အဲဒီ စကားကြီးဆယ်မျိုးကို လေ့လာမှတ်သားထားမယ်ဆိုရင်... အစဉ်ပြေစေနိုင်ပါတယ်။ သိပြီးသားဖတ်ပြီးသားသူတွေလည်း ပိုပြီးမှတ်မိသွားအောင် မသိသူတွေ မဖတ်ရသေးသူတွေလည်သိရှိနိုင်စေရန်။ လေ့လာနိုင်ရန် အထောက်အကူဖြစ်နိုင်စေရန် ကူးယူတင်ပြပေးလိုက်ပါတယ်..။


စကားကြီးဆယ်မျိုး

ရေကူးညာတင်၊ကောက်ပင်ရိတ်လှီး၊ ရေစီးဖောင်ဆန်၊အိုးတန်ဆန်ခပ်၊ ဆီပွတ်ကျည်ပွေ့၊ ဆင်ဝှေ့ရန်ရှောင်၊ တောင်သူယာခုတ်၊ ကြက်ဆုတ်ခွပ်ပစ်၊ ရေစစ်ကရား၊ ခတ်တင်မောင်းနင်း၊ ဆိုခြင်းစကား “ဤဆယ်ပါး” ။

၁။ ရေကူးညာတင်ပြောနည်း

မြစ်တစ်ဖက်မှ အခြားတစ်ဖက်သို့ ကူးသည့်အခါ မြစ်ညာဘက်မှ စ၍ ကူးမှသာ၊ လိုရာသို့ ရောက်သလို၊ စကားပြောသည့်အခါလည်း၊ လိုရာရောက်အောင် အထက်က တင်ကူး၍ ပြောနည်းကိုခေါ်သည်။

၂။ ကောက်ပင်ရိတ်လှီးပြောနည်း

စပါးရိတ်သည့်အခါ တစ်နိုင်စာ ကောက်ပင်အချို့ကို လက်တစ်ဖက်ဖြင့် ပိုင်ပိုင်နိုင်နိုင် ဆုပ်ကိုင်ပြီးမှ၊ အခြားလက်တစ်ဖက်က၊ တံစဉ်ဖြင့် ပင်ရင်းမှ ရိတ်ဖြတ်ရသကဲ့သို့၊ စကားပြောရာတွင်လည်း၊ တဖက်လူ၏စကားကို သိမ်းကျုံးဖမ်းဆုပ်ပြီး အခြေအမြစ်ကိုင်၍ ပြောနည်းကို၊ ကောက်ပင်ရိတ်လှီး ပြောနည်းဟုခေါ်၏။

၃။ ရေစီးဖောင်ဆန်ပြောနည်း

အညာဆန်ဖောင်ကြီးသည် လိုသမျှကို တင်ဆောင်၍ ဖြည်းညင်းသာသာ ဆန်တက်လာသဖြင့် လိုရာခရီးကို ရောက်သကဲ့သို့ စကားအရာတွင်လည်း၊ ဥပမာ ဥပမေယျ တို့ဖြင့် ဖြည်းညင်းသာယာစွာ လိုရာရောက်အောင် ပြောခြင်းသည်၊ ရေစီးဖောင်ဆန်ပြောနည်း ဖြစ်၏။

၎။ အိုးတန်ဆန်ခပ်ပြောနည်း

ထမင်းချက်ရာတွင် သူ့အိုးနှင့်သူ့ဆန်တန်ရုံ၊ အနေတော်ထည့်ချက်မှ နူးနပ်စွာစားသုံးရသကဲ့သို့ စကားကို မယုတ်မလွန်နှင့်လိုရာရောက်အောင် ပြောဆိုခြင်းကို အိုးတန်ဆန်ခပ်ပြောနည်းဟုခေါ်၏။

၅။ ဆီပွတ်ကျည်ပွေ့ပြောနည်း

ဆီးဆုံထဲတွင် နှမ်း သို့မဟုတ် မြေပဲထည့်၍ ကျည်ပွေ့ဖြင့် အထပ်ထပ်ပွတ်မှ ဆီထွက်သကဲ့သို့ ကိုယ့်စကား အောင်မြင်အောင် အထပ်ထပ်ပြောခြင်းကို ဆီပွတ်ကျည်ပွေ့ပြောနည်းဟု ခေါ်၏။

၆။ ဆင်ဝှေ့ရန်ရှောင်ပြောနည်း

ဆင်ဝှေ့ရန် အလိုက်ခံရသည့်အခါ၊ လွတ်ရာရှောင်ပြေးလျှင်လွတ်နိုင်သကဲ့သို့၊ စကားအရာတွင်လည်း ဘေးအန္တရာယ်ဖြစ်စေမည့် စကားကိုရှောင်လွှဲပြောဆိုခြင်းသည်၊ ဆင်ဝှေ့ရန်ရှောင်ပြောနည်းဖြစ်ပေသည်။

၇။တောင်သူယာခုတ်ပြောနည်း

တောင်သူတို့သည် ယာခုတ်သည့်အခါ ရှေးဦးစွာ ချုံနွယ်ရှင်းလင်းပြီးမှ၊ သစ်ပင်ကြီးများကို ခုတ်လှဲကြသကဲ့သို့ စကားအရာတွင်လည်း စကားငယ်များကိုဦးစွာပြောပြီးမှ စကားကြီးများကိုပြောလျက်၊ အနိုင်ယူခြင်းကို တောင်သူယာခုတ်စကားပြောနည်းဟုခေါ်၏။

၈။ ကြက်ဆုတ်ခွပ်ပစ်ပြောနည်း

ကြက်ခွပ်မည်ပြုသောအခါ နောက်ဆုတ်ဟန်ပြုပြီးမှ စီး၍ခွပ်သကဲ့သို့ စကားအရာတွင်လည်း သူ့အလိုကို ဦးစွာလိုက်လျောပြီးမှ စီးသာသောအခါ စီး၍ ပြောခြင်းကို ကြက်ဆုတ်ခွပ်ပစ်ပြောနည်းဟုခေါ်၏။

၉။ ရေစစ်ကရားပြောနည်း

ရေစစ်သော ဓမကရိုဏ်ကိုရေတွင်နှစ်၍ ရေပြည့်လျှင်အပေါက်ကိုလက်ဖြင့် ပိတ်ယူပါက၊ ရေမထွက်နိုင်သကဲ့သို့၊ တဖက်လူ၏ စကားကို၊ ပိတ်မိအောင်ပြောခြင်းသည်၊ ရေစစ်ကရားပြောနည်းဖြစ်၏။

၁၀။ ခက်တင်မောင်းနင်းပြောနည်း

တဖက်လူ၏ စကားကိုဟုတ်၏လည်းမဆို မဟုတ်၏လည်းမငြင်းဘဲ၊ မတင်မကျ ပြောသောစကားသည် ခက်တင်မောင်းနင်းပြောနည်းဖြစ်၏။

10 comments:

မွန် said...

ကျန်တေးတယ်
ပီကေဝါးထွေးပြောနည်း
ပီကေကိုဝါးပြီးထွေးလ်ုက်သလို စားပြီးနားမလည်ပြောနည်း
ကွမ်းဝါးပါးညောင်းပြောနည်း
ကွမ်းဝါးသလို အရည်လဲမရ အဖတ်လဲမရပြောနည်း
ဘာဂါမျိုချပြောနည်း
ဘာဂါဝါးသလို တစ်လုံးထဲတစ်ခဲထဲပြောနည်း
စသဖြင့် နောက်မှထပ်တွေးပြီး
ထမနဲ့အာခေါင်ကပ်ပြောနည်းအတိုင်း စီးစီးပိုင်ပိုင်လာပြောပေးမယ်နော်
ဟီး

လင်းလက်ကြယ်စင် said...

ဘာစကားနဲ့ပြောနေမှန်း သတိမထားမိပါဘူးအကိုရေ :P အဆင်ပြေသလို လိုက်လျောညီထွေစွာ ပြောလိုက်တာပဲရှိပါတယ်။ ဒီပို့စ်အတွက်ကျေးဇူး :)

Pinkgold said...

Bravo! My Friends
စကာြးီ့း ဆယ်မျိုးကို သေချာ မသိဘူး
ခုမှပဲ ဘယ်လို ဘယ်ပုံဆိုတာ သိသွားတော့တယ် ကျေးဇူးပါ ပြည့်စုံရေ

Smilemay said...

စကာကြီး ဆယ်မျိုးကို အရင်က ကြားဖူးတယ် ဘာတွေမှန်းတော့ မသိဘူး အခုမှ သေသေခြာခြာသိရတာ။ ကိုပြည့်စုံကို ကှေးဇူးတင်ပါတယ်။

Unknown said...

ခက်တင်မောင်းနင်းရဲအဓိပ္ပာယ် ရှင်းပေးပါလာ

Unknown said...

good

Unknown said...

www1106



christmas presents
off white shoes
adidas shoes
north face
air max 90
converse trainer
nike shoes

coach handbags
tod's outlet







yanmaneee said...

timberland outlet
michael kors handbags outlet
cheap jordans
air max 95
yeezy boost 350
timberlands
adidas zx flux
ferragamo belts
jordan shoes
golden gooses sneakers

Anonymous said...

fear of god clothing
supreme clothing
hermes
supreme
hermes outlet

Anonymous said...

kyrie 7
golden goose outlet
palm angels t shirt
bape
off white hoodie
off white nike
air jordan
bape hoodie
kyrie shoes
goyard store

ပြည့်စုံ © 2013. All Rights Reserved | Powered by:Blogger

Designed by:Windroidclub