January 02, 2008

ဘန်ကောက်တွင်ဖျော်ဖြေမည့် သီးလေးသီးနှင့်ဆေးရောင်စုံအငြိမ့်ပွဲ

Unknown | 10:45 AM | |

၂၀၀၈ခုနှစ်၊ ဇန်န၀ါရီလ ၁၂ ရက်နေ့၊ ညနေ(၅)နာရီမှ ည (၈)နာရီအထိ ဖြစ်ပါသည်။ ကျင်းပမည့်နေရာက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ Student Christian Center 238/1, Phyathai Road Rachathewi, Bankok (Rachathewi မိုးပျံရထားဘူတာရုံအနီး) မှာကျင်းပမှာဖြစ်ပါသည်။

ရွှေ့ပြောင်းမြန်မာကလေးငယ်တို့၏ ပညာရေးရန်ပုံငွေ ဖျော်ဖြေတင်ဆက်ပွဲဖြစ်ပါသည်။သီးလေးသီး အငြိမ့်အဖွဲ့တွင် လူရွှင်တော် စိန်သီး၊ ပန်းသီး၊ ဇီးသီး၊ ကြယ်သီးနှင့် ဂေါ်ဇီလာ၊ မင်းသမီး ချောစုမျိုး နှင့် မြင့်သန္တာစိုး (စပယ်ငုံ)တို့ ပါဝင်ကပြဖျော်ဖြေပါမည်။ ပြည်သူ့အတွက် အနုပညာရှင်အစစ်ဖြစ်သော သီးလေးသီးနှင့်ဆေးရောင်စုံအငြိမ့်အဖွဲ့ကို ကြည့်ရှုအားပေးကြဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။

ဝင်ကြေး တစ်ဦးလျှင်(၂၅၀)ဘတ်ဖြင်ြ့ပီး လက်မှတ်များကိုအောက်ပါ အရောင်းကိုယ်စားလှယ်များ တွင် ၀ယ်ယူနိုင်ပါသည်။
ကိုအောင်အောင်- ဖုန်းနံပါတ် 083 8295 767
ကိုခိုင်ကြီး - ဖုန်းနံပါတ် 087 7007 023
ကိုဇော်ဇော် - ဖုန်းနံပါတ် 087 3416 978

No comments:

ပြည့်စုံ © 2013. All Rights Reserved | Powered by:Blogger

Designed by:Windroidclub