January 21, 2008

ဖွဲမီး

Unknown | 8:10 AM | |

Blog မင်းရဲ့အလင်းမှာ
ငါဟာသောင်တင်ခဲ့မိပေါ့ ...
ငါက မင်းကိုမရူးသွပ်ပေမယ့်
မင်းကငါ့ကို ရူးသွပ်အောင်လုပ်ခဲ့
အမှားအယွင်းတွေ သီဆိုပုံဆန်းကြယ်ပေမယ့်
ငါကတော့ ငါ့အနုပညာကို ငါစောင့်သိခဲ့ပါတယ်။


စာတွေ့အရ
MRTV အမြင်အရ
သူတို့ စွန့်လွှတ်ကြတယ်
သူတို့ပေးကမ်းကြတယ်
သူတို့စေတနာမှန်ကြတယ်
သူတို့ပြုပြင်တယ်
သူတို့ထိန်းသိမ်းတယ်
သူတို့စောင့်လျှောက်တယ်
သူတို့ ကောင်းကြတယ်
... .... ......... ....... ..... ....
.... ...... .... ..... ...... .......
တို့တွေအားလုံး သိခဲ့ကြပါတယ်။
ကောင်းတာတစ်ခုမှမလုပ်ဘဲနဲ့
အနာဂတ်ကိုကောင်းအောင်လုပ်မယ်ဆိုသူတွေအကြောင်း။
တို့တွေအတွက်
သဘာဝကျကျ ရသမြောက်တဲ့ ဟာသဆိုတာ ...

အကျိုးအကြောင်းဆက်နွယ်မှုတွေလား
ကောင်းကင်ကိုမော့မော့ကြည့်တတ်တဲ့
မျက်လုံးတွေနဲ့မှဆုံခဲ့မိ
ဓါတ်ဆီတိုင်ကီထဲ
ဆီအပြည့်ထည့်ထားပြီးသလို
ကိုယ့်ကိုကိုယ် စိတ်ချလက်ချ။

ငါသိလိုက်ရတယ်..
ခွင့်လွှတ်ခြင်းကို မမွေးမြူတတ်သူရဲ့
နှလုံးအိမ်သည် ပူလောင်တယ်ဆိုတာ...။

ငါဆိုတဲ့ကောင်က သွေးအေးတယ်
နှုတ်ဆိတ်တယ်
တိုးတိတ်လွန်းတော့
အဲဒီရင်ခုန်သံကို
မင်း...ကြားရလိမ့်မှာမဟုတ်ဘူး..။

ပြည့်စုံ

3 comments:

Anonymous said...

ဘာတွေများပီးကုန်ပီလဲဂျ...၊
အပီးပါနဲ့ဦးနော်...၊
ဆက်ရေးပါဂျ ကဗျာလေးတွေကိုလေ...
အားပေးနေတယ်နော်ကဗျာလေးတွေကို....:)

Pinkgold said...

ကာတွန်းလေးက မိုက်တယ်ကွ
စကားလုံး အကြီးကြီးတွေ ပြောနေတာပေါ့ ၀ုတ်လား
ကဗျာလေးလဲ ကောင်းတယ်

Anonymous said...

bape outlet
kyrie 7
goyard bag

ပြည့်စုံ © 2013. All Rights Reserved | Powered by:Blogger

Designed by:Windroidclub