January 29, 2008

ရမ္ဘုိၾကီးကုိ ကျေးဇူးတင်ခြင်း

Unknown | 8:43 AM |

မြန်မာနအဖစစ်တပ်အစိုးရနဲ့ မြန်မာလူမျိုးတွေ ဘယ်လိုဖြစ်နေတယ်ဆိုတာ ကမ္ဘာကသိအောင်အခုရက်ပိုင်းမှာ အမေရိကန်နာမည်ကျော် ရုပ်ရှင်မင်းသားကြီး စတောလုံးက“ရမ်ဘို- ၄ ” ရုပ်ရှင်ဇာတ်ကားကို မနှစ်က ရိုက်ကူးပြီး ၂၀၀၈ ဇန်န၀ါရီ ၂၅ ရက်မှာစတင်လို့  နိုင်ငံအနှံ့ အပြား မှာရုံတင်ပြသနေပါပြီ။

နအဖ ဘက်က ဘယ်လိုတုန့်ပြန်ဖြေရှင်းချက်မှ ပေးတာ မတွေ့ရသေးပါဘူး၊တချို့ကတော့ မှန်တာရိုက်ပြတာပဲ၊ ဘာများ လျှာရှည် အတွန့် တက်ချင်သေးလို့တုံးလို့တမျိုး၊ နအဖစစ်တပ် ယုတ်ကန်းမိုက်ရိုင်းချက် အဖြစ်မှန်က ဒါထက် အဆတစ်ရာ(၁၀၀) သာပါတယ် မောင်ရင်ရာ လို့ တမျိုး ရုပ်ကြည့်ပြီးသူများက ဝေဖန်ချက်တွေ ပေးသံကြားရပါတယ်။ နအဖ စစ်တပ်ထိပ်သီးဆွေးနွေးပွဲမှာတော့ ----

--ဗိုလ်ချုပ်မှူးကြီးခင်ဗျာ ဒီအတိုင်းငြိမ်ခံနေရတော့မှာလား။

--ကျနော်တို့ ကုလသမဂ္ဂမှာတိုင်ပြီး သရေဖျက်မှုစွဲကြရအောင်၊

--ထိုင်းမှာ ရိုက်တဲ့ “ဆူရီယို ထိုင်း” ဇာတ်ကားမှာတုန်းကလို ကန့်ကွက်တာမလုပ်တာ့ဘူးလား၊

-- အစိုးရတရပ်ကို အကြည်ညိုပျက်စေတဲ့အတွက် တရားစွဲပြီးနစ်နာကြေး တောင်းကြရအောင်၊

--တရုတ်နဲ့  ရုရှားကို တင်ပြအကူအညီတောင်းပြီး လက်တုန့်ပြန်ရင်ကောင်းမယ်၊

စသည် အကြံအစည် အမျိုးပေါင်း များစွာတို့၏ အသံလှိုင်းများ ဗိုလ်ချုပ်ကြီးတို့ နားစည်သို့ ပြင်းစွာ ရိုက်ခတ်ကြလေချိန်ဝယ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက လက်ကာပြပြီး--

-- ငါတို့  ငြိမ်နေတာ ပိုကောင်းမယ်၊

-- ကျနော်တို့ကို ကူညီမယ့်သူ မရှိနိုင်တော့လားဗိုလ်ချုပ်မှူးကြီး၊

-- ဒီရုပ်ရှင်ကို ကန့်ကွက် တားဆီးလိုက်မှ ပိုဆိုးသွားနိုင်လို့၊

-- ဘာကြောင့် ပိုဆိုးနိုင်ရတာလဲ ခင်ဗျာ၊ လဲဆိုတာ ကျနော်တို့ သိပါရစေ၊

-- သူတို့ကို ဒို့က ကျေးဇူးတောင်တင်ရဦးမယ်၊သူက ဒို့တွေ ဆိုးတာတွေပဲ ရိုက်ပြတာ၊

-- ဘယ် အချက်တွေကို မရိုက်ပဲ ချန်ထားလို့လဲ ခင်ဗျာ၊

--ငါတို့ ခိုးထားတွေ ရိုက်ပြမထားဘူးလေကွာ၊

“ အို--- အင်း---အေးနော်----”


အာပြဲမောင်(ဟစ်တိုင် အွန်လိုင်းမဂ္ဂဇင်း)

1 comment:

သဇင်ဏီ said...

သူများတွေပြောတာကတော့ မြန်မာနိုင်ငံကတော်တော်ဆိုးတာပဲတဲ့..
အဲဒီကားကြည့်ပီးတော့ အဲလိုလာပြောကြတယ်...
ဂုဏ်ယူရမလားဟင် :D

ပြည့်စုံ © 2013. All Rights Reserved | Powered by:Blogger

Designed by:Windroidclub