January 04, 2008

လွတ်လပ်ရေးသစ္စာအဓိဌာန် (၉)ချက်

Unknown | 4:11 AM |
အောင်စေသတည်း။ မြန်မာသက္ကရာဇ်- ၁၃၀၉ ခုနှစ်- ပြာသိုလဆုတ်-၉ ရက်-(အင်္ဂလိပ်သက္ကရာဇ်- ၁၉၄၈ ခုနှစ်- ဇန်န၀ါရီလ ၄ ရက်) တနင်္ဂနွေနေ့ ကောင်းမြတ်သော မင်္ဂလာအခါ၌။ ဤငါတို့ မြန်မာပြည်သည် လုံးဝ လွတ်လပ်သော အချုပ်အချာအာဏာပိုင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးအဖြစ်သို့ရောက်သတည်း။

၁။ ငါတို့သည်- ဤနေ့ ဤအချိန်မှစ၍ ငါတို့အား-လွတ်လပ်သောလမ်းသို့ ပို့ဆောင်ခဲ့သော-
ငါတို့၏ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းချမှတ်ခဲ့သည့် လမ်းစဉ်အတိုင်း တသဝေမတိမ်း ချီတက်မည်။

၂။ ငါတို့သည်- ဤနေ့ ဤအချိန်မှစ၍။ ငါတို့၏ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ကြီး၏ သစ္စာကို- မသွေမဖည်- စောင့်ထိန်းမည်။

၃။ ငါတို့သည်- ဤနေ့ ဤအချိန်မှစ၍။ လွတ်လပ်သော နိုင်ငံသားတို့၏ မွန်မြတ်သော အခွင့် အရေးကို ခံယူသည့်နည်းတူ လွတ်လပ်သောနိုင်ငံသားတို့၏ တာဝန်ဝတ္တရားများကိုလည်း မတိမ်းမငဲ့ ထမ်းဆောင်ပါမည်။

၎။ ငါတို့သည်- ဤနေ့ဤအချိန်မှစ၍။ ငါတို့ခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်း၏ လုံလ ဥဿာတဖြင့် ရရှိပြီးဖြစ်သော အမျိုးသားညီညွတ်ရေးကို။ ကျောက်စိုင် ကျောက်ခိုင်ကဲ့သို့ ခိုင်မြဲအောင် ထိန်းသိမ်းမည်။

၅။ ငါတို့သည်- ဤနေ့ဤအချိန်မှစ၍။ ငါတို့နိုင်ငံတော်သားတူသရွေ့ကို- ကြီးငယ်နီးဝေးမခြား- တသွေးတသားတည်းပြု၍။ နည်းများနိမ့်မြင့် မရှိစေရ- ညီတူ ညီမျှပြုမည်။

၆။ ငါတို့သည်- ဤနေ့ဤအချိန်မှစ၍။ သူတပါးကိုလည်း မတရားမပြု။ ငါတို့အား မတရားပြုမူ ခြင်းကိုလည်း မခံ- အသက်နှင့်လဲ၍ ကာကွယ်မည်။

၇။ ငါတို့သည်- ဤနေ့ဤအချိန်မှစ၍။ ငါတို့နိုင်ငံတော်ကြီး၏ တရားဥပဒေများကို ရိုသေစွာလိုက်နာကျင့် သုံးမည်။

၈။ ငါတို့သည်- ဤနေ့ဤအချိန်မှစ၍။ ငါတို့နိုင်ငံနှင့် ငါတို့ လွတ်လပ်ရေးကို အသက်နှင့်လဲ၍- ကာကွယ်စောင့် ရှောက်မည်။

၉။ လုံးဝလွတ်လပ်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး ကမ္ဘာအရှည်တည်မြဲရေးတာဝန်သည်- ငါတို့နှင့်တကွ- ငါတို့ သားမြေး နောင်လာအဆက်ဆက်တို့အပေါ်၌ တည်စေမည်။

ဤ ငါတို့ သစ္စာအဓိဌာန်မှန်သည့်အတိုင်း- ငါတို့ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးသည် ကမ္ဘာအရှည် တည်စေသတည်း။

(ဦးအောင်စောဦးပြုစုသော လွတ်လပ်ရေးရွှေရတုစာအုပ်မှ ကူးယူဖော်ပြသည်)

No comments:

ပြည့်စုံ © 2013. All Rights Reserved | Powered by:Blogger

Designed by:Windroidclub