January 13, 2008

ဒါဏ်ရာရ သစ်ပင်

Unknown | 10:07 AM | |
လူတိုင်းလူတိုင်း.. အဝေးတနေရာမှာ
ရွာနေတဲ့“ မိုး ” ဝေနေမယ့် “ နှင်း ” တွေကို
တွေးနေကြလိမ့်မယ်။
စိတ်ကတော့ အနှောင်အဖွဲ့ကင်းစွာဝေနေတဲ့
မြူနှင်းတွေလို တစိမ့်စိမ့်နဲ့
သတိရမှုမှ အပ ဘာမှမတတ်နိုင်ခဲ့တဲ့ နေ့တွေပါ။

အမေ့ကိုလွမ်းလိုက်
သူငယ်ချင်းတွေကိုလွမ်းလိုက်
ဇာတိမြေကိုလွမ်းလိုက်
မြို့ပြင်ထုတ်ထားတဲ့
ကျောင်းတော်ကြီးကိုလွမ်းလိုက်နဲ့
သားအလွမ်းတွေတိုင်းမှာ
အမေအမြဲတမ်းပါချင်မှပါမယ်
သေချာပါတယ်...
အမေ့အလွမ်းတွေတိုင်းမှာတော့
သားအမြဲပါနေမှာပါ။

ဝေးခဲ့ကြတယ်
အလူးအလဲကိုဝေးခဲ့ကြတယ်
မကြားနိုင်အောင်ဝေးခဲ့ကြတယ်
ပြန်မဆုံနိုင်လောက်အောင်ကိုဝေးခဲ့ကြတာပါ
ဘယ်လိုသံသရာလမ်းတွေ ကွေးကောက်ခဲ့လို့ပါလိမ့်။

တချို့က ကဗျာနဲ့လွမ်း
တချို့က သီချင်းနဲ့တမ်းတ
တချို့က အတွေးနဲ့ ကြေကွဲ
တချို့က ဝေဒနာနဲ့ ရှိုက်ငင်
အမေ... အမေ.... အမေ...။

ပြန်ဆုံမယ့်တရက်
နေ၀င်နေထွက် မရေမရာနဲ့ တွက်ချက်
သေချာပါတယ်
အမေကိုလွမ်းဘူးသူတိုင်း
ဒုက္ခနဲ့ရင်ဆိုင်ကြုံဘူးလို့ဖြစ်မယ်
အမေကိုချစ်ရကောင်းမှန်းသိသိလာတယ်။

ဒုက္ခနဲ့တခါကြုံတိုင်း
ခလုပ်ထိတိုင်း
“တ”ရလွန်းလို့
လက်ညိုးညွှန်ရာ အမေဖြစ်ပါစေလို့ဆုတောင်းနေမိတယ်။

7 comments:

နှင်းပွင့်ဖြူ said...

အမေနဲ့ သူငယ်ချင်းတွေကိုပဲ လွမ်းတာလား.
သူလေးကို ရော မလွမ်းဘူးလား...........း)
ဟတ်ဟတ် နောက်တာပါ
အမေ့ကို လွမ်းတဲ့ ကိုပြည့်စုံ အမေနဲ့ မြန်ဆုံးပြန်တွေ့ နိုင်ပါစေ...

မင်းကျန်စစ်။ said...

ကဗျာလေးဖတ်ရင်း အမေ့ကို လွမ်းလာမိတယ် သူငယ်ချင်းရာ။ ကဗျာတွေ စာတွေ တော်တော် ကောင်းပါတယ်။ လင့်လိုက်ပြီကွ။

Pinkgold said...

လက်ညှိုးညွှန်ရာ အမေဖြစ်ပါစေသားတဲ့လား ကိုပြည့်စုံရယ် အမေ့ကိုချစ်တဲ့ သားတစ်ယောက်အတွက် အိမ်ပြန်ချိန်ဆိုတာ ရှိလာမှာပါ..

Kaung Kin Ko said...

သားအလွမ်းတွေတိုင်းမှာ
အမေအမြဲတမ်းပါချင်မှပါမယ်
သေချာပါတယ်...
အမေ့အလွမ်းတွေတိုင်းမှာတော့
သားအမြဲပါနေမှာပါ။

ဟုတ်ပဗျာ။
ကဗျာရဲ့ နိဂုံးလေးလဲ အရမ်းလှတယ်ဗျာ။

Anonymous said...

အမေနဲ့ ဝေးနေတဲ့ အချိန်မှာ ဒီကဗျာလေးကို ဖတ်ရတာ အမေ့ကို အရမ်းသတိရသွားတာပဲ ကူးယူဖော်ပြခွင့် ပြုပါနော်..

Unknown said...

ကျနော်နဲ့အတူထပ်တူ လာခံစားပေးကြသော
နှင်းပွင့်ဖြူလေး
မင်းကျန်စစ်
ရွှေထက်(Pinkgold)
ကောင်းကင်ကို
လေးညို့ရှင်....အားလုံးကို ကျေးဇူးတင်ပါ...။
နောက်လည်းဆက်လက် ကြိုးစားရေးသား သွားပါအုံးမည်။

ပြည့်စုံ

Anonymous said...

supreme clothing
gap yeezy
bape clothing outlet
steph curry shoes
golden goose outlet
adidas yeezy
golden goose outlet
supreme clothing
adidas yeezy
bape hoodie outlet

ပြည့်စုံ © 2013. All Rights Reserved | Powered by:Blogger

Designed by:Windroidclub