November 29, 2007

လွမ်းရိပ်

Unknown | 10:48 PM | |


နှင်းတွေဝေနေလိုက်တာ ခေတ်နဲ့အပြိုင်ပဲ
ခြင်တွေတောင် တုတ်ကွေးမိကုန်ပြီ။

မွန်းကြပ်မှုတွေများတော့
ရိုးသားမှုတွေတောင် မာယာတွေနဲ့ဖြစ်ကုန်ပြီ။

သတိရတယ်
ပဲခူး-စစ်တောင်းတူးမြောင်းထဲက လှိုင်းတွေလိုပါပဲ။

ချမ်းမြ-၃လမ်းထဲက စည်သူတို့အိမ်သွားတဲ့
လမ်းကြားလေးကော အရင်လိုပဲလား။

စားစရာမရှိ လျော်စရာတော့ရှိရမယ်
လုပ်အားပေး၊ ထောက်ခံပွဲ တွေနဲ့အတူ
အေးချမ်း၊ သာယာ၊ ဖွံ့ဖြိုး စတဲ့နားကလောစရာတွေ
ပြည့်နက်နေတဲ့ အာမထိလျှာမထိမြို့လေးကတော့
မြို့ပြ ၊ ကျေးလက်တွေနဲ့အပြိုင် ရှင်သန်နေလေရဲ့။

ဖိုးခွားတို့ ဖိုးမူတို့ကတော့
ဗမာစစ်သားမြင်ရင် ဘာလုပ်ရမယ်ဆိုတဲ့
အသိသူတို့တွေသိကြတယ်။


ပြည့်စုံ
(၆-၁၁-၂၀၀၇ ၊ အုန်းပြန်ဒုက္ခသည်စခန်း)

3 comments:

Anonymous said...

အေးသီတာရုပ်ရှင်ရုံကြီးရယ်
အောင်ရုပ်ရှင်ရုံရယ်
နန်းရွှေပြည်စားတော်ဆက်ရယ်
မျိုးလေးကဖီးရယ်
ကြုံတူဘုရား ရွှေမောဓေါဘုရားရယ်
အေးချမ်းလှတဲ့ အ.ထ.က ကျောင်းတော်ကြီးရယ်
အရာအားလုံးကို
ရင်နှင့်အမျှလွမ်းရလွန်းလို့
နေရောင်အလင်းဖြာကျလာတဲ့နေ့
ဒို့မောင်နှမတွေပျော်ရွှင်စွာ ပြန်ကြမယ်။

Winkabar said...

နေရာက ကြည့်ရတာလွမ်းစရာကြီးပါလား။
ကဗျာလေးရေးထားတာလည်းကောင်းတယ်။

ကလိုစေးထူး said...

ခြင်တွေတောင် တုပ်ကွေး မိကုန်ပြီ ဆိုတဲ့ အဖွဲ့ကို တော်တော်သဘောကျတယ်ဗျာ။ မာယာနဲ့ အကာအကွယ်ယူရတဲ့ မွန်းကျပ်မှုတွေ များနေရသရွေ့တော့ လွမ်းရိပ်တွေ ဝေနေရအုံးမှာပဲ ထင်တယ်။ အမြဲလာလည်ဖြစ်ပါတယ်။ မှတ်ချက်မရေးဖြစ်လို့သာ...။ အတွေးတွေ ကောင်းတယ်။ :)

ပြည့်စုံ © 2013. All Rights Reserved | Powered by:Blogger

Designed by:Windroidclub