November 03, 2007

ကျနော် ဘလော့ဂ်ရောဂါ စွဲနေပြီလား

Unknown | 8:22 AM |
88%How Addicted to Blogging Are You?



ကိုငတေ(ရန်ကင်း)ဆီသွားရင်းနဲ့တွေ့တာပါ " သင်…ဘလော့ဂ်စွဲနေပြီလား " ဆိုတာကို
ကျနော်လည်းစိတ်ဝင်စားသွားတယ်။ ကျနော်လည်း စမ်းသပ်မေးခွန်းလေးတွေကို ဒီနေရာလေးကနေ ဖြေကြည့်လိုက်တယ်၊ စမ်းသပ်ကြည့်သပ်ကြည့်လိုက်တာ ဟာ အဖြေကတော့ ဂုဏ်ထူးကျော်နေတာတွေရတော့ ကျောင်းတုန်းကတောင် ဂုဏ်ထူးတခါဘူးမှ မရခဲ့ဘူး အခုမှကြိုးစားအားထုတ်မှုတွေက တယ်ကောင်းပါလားလို့။ ကျနော်ကိုကျနော်လည်း လေးစားသွားတယ်။ ဒါတွေဟာဘာကြောင့်လည်းဆိုတော့ ကျနော့်ရဲ့ တီထွင်ကြံဆမှုတွေလည်းပါတယ်။ အဲဒီတခါမှ မအောင်မြင်တဲ့တီထွင်ကြံဆမှုတွေရဲ့ဒါဏ် အမြဲတမ်းခံနေရတဲ့ ကိုမှော်ဆရာကိုလည်းဤနေရာမှ ဂါဝရပြုပါတယ်။ ကျနော်ဖျက်ထားသမျှတွေကို စိတ်ရှည်ရှည်နဲ့ ကောင်းမွန်အောင်ပြုပြင်ပေးတဲ့အတွက် သူ့ရဲ့ တန်ဖိုးရှိတဲ့အချိန်တွေကိုလည်း ကျနော်က ဖြုန်းတီးနေသလိုဖြစ်နေတယ်။ ကျနော့်ရဲ့ ရောဂါစွဲကပ်မှုကိုတော့ တွေ့ကြမှာပေါ့ဗျာ။ မိတ်ဆွေသူငယ်ချင်းတို့လည်း စမ်းသပ်ချင်တယ်ဆိုရင် စမ်းသပ်လို့ပါတယ်။

No comments:

ပြည့်စုံ © 2013. All Rights Reserved | Powered by:Blogger

Designed by:Windroidclub