November 01, 2007

ဗေဒင်ဟောစာတမ်း

Unknown | 8:47 AM |
ဗေဒင်ဝါသနာပါသော သူငယ်ချင်းများအတွက် မြန်မာပြည်ရဲ့ထိပ်တန်းခေါင်းဆောင်တွေ ဘယ်လိုအဆုံးသတ်မလဲ ဘယ်လိုရှေ့ဆက်မလဲဆိုတာကို အကျိုးအကြာင်းစုံလင်စွာနဲ့ ဂြိုလ်နက္ခတ်တွေနဲ့တွက်ကိန်းများဖြစ်ပါသည်။
ဗြိစ္ဆာရာသီ (SCORPIO) တန်ဆောင်မုန်းလ အောက်တိုဘာလ(၂၃)ရက်မှ နိုဝင်္ဘာလ(၂၂)ရက်အတွင်း ဟောစာတမ်း
ဗြိစ္ဆာရာသီသည် ကင်းမီးကောက်ပုံသဏ္ဍာန်ရှိပြီး သင်္ကေတအားဖြင့် (M→) ဟုဖေါ်ပြကြသည်၊ ဗြိစ္ဆာရာသီသည် ကင်းမီးကာက်ပုံသဏ္ဍာန်ရှိသည့်အတိုင်း (မရာသီ)၊ ရေရာသီ၊ ထိရရာသီ၊ သမရာသီ၊ တိရိစ္ဆာန်ရာသီ၊ အဆိပ်ရှိသောရာသီ၊ ပါပဂြိုဟ်၊ သရဒဥတုသည် ဒက္ခိဏယဉ်စွန်းတန်းသို့ကျရောက်၍ ယခုနှစ်ကျရောက်သောဇာတာခွင်နှင့် ဖေါက်ပြန်ပြောင်းလွဲနေသော၊ ထူးခြားသောအတိတ်နိမိတ်တို့ကို ခြုံငုံ၍ ဝေဒကျမ်းအရ မြန်မာနိုင်ငံ၏ကံဇာတာကို ဟောစာတန်းထုတ်ရသော် ------
ဗိုလ်သန်းရွေဦးဆောင်သော နအဖစစ်အစိုးရသည်ဗိုလ်သန်းရွေ၏ကံဇာတာ ညံ့လာသည်နှင့်တပြိုင်နဲ့ စစ်အစိုးရ၏ အနာဂတ်ရည်ရှည်တည်တန့်အုပ်ချုပ်နိုင်မည့် အခြေအနေသည်လည်း မရေမရာသည့်အခြေအနေသို့ရောက်ရှိနေပေသည်။ ဗိုလ်သန်းရွေသည် အသက်(၇၅)နှစ်တွင်၎င်း၊ အသက် ၇၆၊၇၇ နှစ်တွင်၎င်း၊ အညံ့ဆုံးအခြေအနေသို့ကျရောက်သဖြင့် ဗိုလ်သန်းရွေ ဦးဆောင်သော နအဖစစ်အစိုးရသည် အီရတ်နိုင်ငံက စစ်အာဏာရှင် သမတဟောင်း (ဆတ်ဒန်ဟူစိန်)အလား စစ်ရှုံးပျက်သုဉ်းမည့်အခြေအနေသို့ ရောက်ရှိလာပေလိမ္မည်၊ ဗိုလ်သန်းရွေသည်လည်း (ဆတ်ဒန်ဟူစိန်)ကဲ့သိုဆိုးဆိုးရွားရွားဖြင့် ဘ၀နိဂုံးချုပ်ပေလိမ္မည်ဟု ဟောကိန်းထုတ်ရပေမည်။
အကြောင်းမူကား --- ဗိုလ်သန်းရွေတို့ စစ်အစိုးရသည် စက်တင်္ဘာလက ရဟန်းသံဃာများ စီတန်း မေတ္တာပို့ လမ်းလျှောက်ဆန္ဒထုတ်ဖေါ်ခြင်းကို ကြမ်းကြမ်းတန်းတန်း ဖြိုခွဲပြီးနောက်ပိုင်းမှစ၍ တရက်ထက်တရာက်၊ တလထက်တလ၊ တနှစ်ထက်တနှစ် အုပ်ချုပ်မှုယန္တရား အာဏာပါဝါသည် ဆုတ်ယုတ်၊ အားနည်း၊ ပျက်သုဉ်းရမည့်အခြေအနေသို့ရောက်ရှိလာပေလိမ္မည်။ ဖြစ်ပေါ်နိုင်သောအခြေအနေ အကြောင်းအရင်းများမှာ ----
၁။ စစ်ခေါင်းဆောင်များအချင်းချင်း စိတ်ဝမ်းကွဲပြားနိုင်ခြင်း၊ တပ်မတော်မှ ရဲဘော်စစ်သားများက အစိုးရကို မကျေမနပ်မှုများဖြစ်ပေါ်လာပြီး အာဏာဖီဆန်ခြင်း၊ အမိန့်မနာခံခြင်း၊ တော်လှန်ပုန်ကန်ခြင်း၊ စစ်ပြေး၊ တပ်ပြေးများ များပြားလာခြင်းများရှိမည်။
၂။ ပြည်တွင်းက ရဟန်းသံဃာ ကျောင်းသားကျောင်သူ၊ အလုပ်သမား၊ လယ်သမားစသော သန်း(၅၀)ကျော်သော မြန်မာပြည်သူပြည်သားများသည် အစိုးရကို မကျေမနပ်မှုများတိုးပွါးလာကာ မကြာခဏ ဆန္ဒပြလှုပ်ရှားမှုကြောင့် ဖမ်းဆီး၊ ထောင်ချ၊ ဖိနှိပ်ရက်စက်ခြင်းစသော အစိုးရနှင့်ပြည်သူပြည်သားများအကြား ပြဿနာများ ဆက်လက်ရှိနေမည်။ ဆက်လက်ပြီး နိုင်ငံရေးအရ မငြိမ်းချမ်းသည့်အခြေအနေ ရှိနေမည်။
၃။ စစ်အစိုးရ၏ ယုတ်မာမှုကြောင့် ပြည်ပရောက် ရခိုင်ပညာရှင် နိုင်ငံရေးသမားများသည်၎င်း၊ လက်နက်ကိုင်တော်လှန်နေကြသော တိုင်းရင်းသားလက်နက်ကိုင်ပါတီများသည်၎င်း၊ လက်နက်အင်အား လူအင်အားစုပြီး လက်နက်ကိုင်တိုက်ခိုက်မှုများရှိမည်။ စစ်အစိုးရထံ အညံ့ခံနေကြသော ငြိမ်းအဖွဲ့များသည်၎င်း၊ စစ်အစိုးရနှင့် သဘောထားကွဲလွဲလာနိုင်သည့် အခြေအနေရှိမည်၊ မပြေမလည်ရှိမည်။
၎။ အမေရိကန်၊ ဗြိတိန်နှင့် ဥရောပသမဂ္ဂစသော တင်းမာသောနိုင်ငံများသည်၎င်း၊ ပျော့ပျောင်းသောအာစီယံနှင့် အိမ်နီးချင်းနိုင်ငံများသည်၎င်း၊ စစ်အစိုးရ၏မတရားသော ဖိနှိပ်ရက်စက်မှုများကြောင့် ဆက်ဆံရေးမပြေလည်ခြင်း၊ တင်းမာစွာပြောဆိုဆက်ဆံခြင်း၊ အရေးယူပိတ်ဆို့မှုများရှိမည်။ ကုလသမဂ္ဂလုံခြုံရေး ကောင်စီနှင့် လူ့အခွင့်အရေးကောင်စီတို့ကလည်း အလားတူ လုပ်ဆောင်လာနိုင်ဖွယ်ရှိသည်။ ထို့ကြောင့် စစ်အစိုးရသည် နိုင်ငံတကာဖိအား၊ တွန်းအား၊ အရေးယူခြင်းစသော ပြည်ပရန်များနှင့်၎င်း၊ ပြည်တွင်းရန်များနှင့်၎င်း၊ ရန်သူများ ၀ိုင်းပတ်လည်လျှက် ဤကျပ်တည်းကျဉ်းမြောင်းသောအခြေအနေသို့ ရောက်ရှိလာကာ ရည်ရှည်မရပ်တည်နိုင်သည်မှာ သေချာပေသည်။
ယခုကဲ့သို့ အခက်အခဲအကျပ်အတည်းများနှင့်၎င်း၊ ရန်သူများနှင့်၎င်း။ ထိပ်တိုက် ရင်ဆိုင်နေရသောကြောင့်၎င်း၊ အခက်အခဲအကျပ်အတည်းများလျော့ပါးသွားရန် ရည်ရွယ်၍ NLD ၏အထွေထွေအတွင်းရေးမှူး နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် အမျိုးသမီးအာဇာနည် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးမည့်အကြံဖြင့် အလုပ်သမားဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်ကြည်ကို ဗိုလ်သန်းရွေနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ပြန်လည်သင့်မြတ်ရေး ဆွေးနွေးပွဲဖြစ်မြောက်ရန်အတွက် ဆက်သွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ကာ ဟန်ပြဆွေးနွေးခြင်း၊ TV နှင့်သတင်းစာ စောင်များမှာ ထည့်ပေးဖေါ်ပြခြင်းများ ပြုလုပ်လာနိုင်သည်။ ၎င်းဝန်ကြီး ဦးအောင်ကြည်သည် ဒေါ်အောင်ဆန်းစုကြည်ကို အညံ့ခံလာအောင်၊ ပျော့ပျောင်းလာအောင် ဆွဲဆောင်ဖျောင်းဖျမည့်သဘောအတိုင်း လုပ်ဆောင်နေမည်၊ လျော့စရာရှိတာကို ဒေါ်အောင်ဆန်းစုကြည်ကသာ လျော့ပါ၊ ဗိုလ်သန်းရွေက အလျော့မပေးဘဲ ဗိုလ်သန်းရွေ၏အလိုဆန္ဒအရ လမ်းညွန်မြေပုံ(၇)ချက်အတိုင်း ထောက်ခံပါဆိုသည့်သဘော ဒေါ်စုကိုနာားချလိမ္မည်၊ ဆွေးနွေးပွဲကား အပေါ်အယံအရ အဆင်ပြေပါသော်လည်း ပြန်လည်သင့်မြတ်ရန် ရည်ရွယ်ချက်မှာ အဆင်မပြေနိုင်ပေ၊ (ဖြေရှင်းမရနိုင်ပေ)။
ဗိုလ်သန်းရွေ စစ်အစိုးရသည် သူတို့၏ဘ၀လုံခြုံဖို့ အာဏာတည်မြဲရန်အတွက် လမ်းညွန်မြေပုံ(၇)ချက်အတိုင်း လျှောက်လှမ်းရန်အတွက် (၁၈၊၁၀၊၀၇) ကြာသပတေးနေ့က ဥပဒေရေးဆွဲရေးကော်မီတီကို (၅၄)ဦးနှင့်ဖွဲ့စည်းလိုက်သည်။ ထိုအဖွဲ့တွင် အတိုက်အခံ နိုင်ငံရေးပါတီမှ၎င်း၊ တိုင်းရင်းသားကိုယ်စားပြုပါတီမှ၎င်း၊ တဦးမျှမပါဝင်ပါ။ (MP)များကို မထည့်ဘဲ (ပါမောက္ခများ၊ ဥပဒေပညာရှင် ရှေ့နေများနှင့် ဗိုလ်ချုပ်များ ကြီးကြပ်ပါဝင်သည်။ ၎င်းတို့သည် ညောင်နှစ်ပင်ညီလာခံမှထွက်ပေါ်လာသော ဦးတည်ချက်(၆)ချက် အခြေခံမူ(၁၀၄)ချက် အတိုင်း ရေးဆွဲကြပေလိမ္မည်။
အကြောင်းပြချက်ကား ---- မြန်မာနိုင်ငံအနှံ့အပြားတွင် ပြည်သူပြည်သားများသည် ညီလာခံ ထောက်ခံပွဲများပြုလုပ်ပြီး ထောက်ခံနေကြသောကြောင့် ပြည်သူ့ဆန္ဒအတိုင်း အကောင်အထည်ဖေါ်ရလိမ္မည်ဟု အကြောင်းပြပေလိမ္မည်၊ ကော်မီတီစတင် ဖွဲ့စည်းသောနေ့ (၁၈)ရက် (၁+၈=၉)၊ ကော်မီတီဦးရေ (၅၄)ဦး (၅+၄=၉)ရသည်၊ ထို့ကြောင့်သူတို့သည် အောင်မြင်ကံကောင်းသည်ဟု အယူရှိသော (၉)ဂဏန်းကို အသုံးပြုခြင်းသည် သူတို့အလိုဆန္ဒအတိုင်း ဥပဒေရေးဆွဲခြင်းကိစ္စ အောင်မြင်စေချင်သောကြောင့်ပင်ဖြစ်သည်။
နအဖ စစ်အစိုးရသည် ပြည်နယ်တိုင်း၊ မြို့နယ်တိုင်းမှာ စစ်အစိုးရ၏ညီလာခံ ထောက်ခံပွဲများကို အတင်းအဓမ္မ ပြုလုပ်ဆောင်ရွက်နေလိမ္မည်၊ ဆန့်ကျင်သောရဟန်းသံဃာများကို ဖမ်းဆီးထောင်ချ၊ ခြိမ်းခြောက်ခြင်းများ၊ ဆက်လက်ပြုလုပ်နေမည်၊ သပိတ်ကံမဆောင်သော အစိုးရကိုထောက်ခံသော ရဟန်းသံဃာများကို လာဘ်ထိုးပြီး သံဃာများကို သင်းခွဲရန်တိုက်မည်၊ ဆန့်ကျင်သော ကျောင်းသားကျောင်းသူများ၊ ပြည်သူပြည်သားများကို ဆက်လက် ဖမ်းဆီးထောင်ချခြင်းများ ပြုလုပ်နေမည်၊ အဖမ်းအဆီးများ၊ အတားအဆီးများ ဆက်လက်ရှိမည်၊ ဆန့်ကျင်သူများလည်းရှိမည်၊ လက်နက်ကိုင်တိုက်ခိုက်မှုများလည်း ရှိနေမည်၊ ပြည်တွင်းဆူပူသောင်းကျန်းခြင်းနှင့် ပြည်တွင်းစစ်ဖြစ်နိုင်သည့် အခြေအနေသို့ ရောက်ရှိလာပေလိမ္မည်၊ နအဖစစ်အစိုးရနှင့် သူတို့တပ်မတော်သည်လည်း ဆုတ်ယုတ်ပျက်စီးလာမည်၊ မညီမညွတ်ဖြစ်လာမည်၊ ကွဲပြဲလာမည့်သဘောရှိသည်၊ နိုင်ငံရေးအရ မငြိမ်းချမ်းသောကြောင့်၎င်း၊ တက်နေသောကုန်ဈေးနှုန်းနှင့် စားဝတ်နေရေးပြဿနာများကို စစ်အစိုးရ မဖြေရှင်းနှိင်သောကြောင့် ပြည်သူပြည်သားရဟန်းရှင်လူများသည် ဆင်းရဲသည်ထက်ဆင်းရဲ၊ ကျပ်သည်ထက်ကျပ်၊ ငတ်သည်ထက်ငတ်၍လာမည်၊ ပြည်သူပြည်သားများ ဆင်းရဲဒုက္ခတွေ့မည်၊ မင်းဖီးမင်းဒဏ်သင့်မည်၊ ပြည်တွင်း၌ ဆူဆူပူပူရှိမည်၊ ပြည်ပကလည်း အလားတူရှိမည်။
နာမည်ကြီး နိုင်ငံရေးသမား ဒေါ်အောင်ဆန်းစုကြည်၊ ကိုမင်းကိုနိုင်၊ ကိုကိုကြီးစသော ပြည်သူချစ်သော (၀ါ) ပြည်သူပြည်သားများထောက်ခံသော ခေါင်းဆောင်တို့ကို အလွယ်တကူ ပြန်မလွတ်ပေးနိုင်ပါ၊ ရဟန်းသံဃာခေါင်းဆောင်တို့ကို၎င်း၊ ကျောင်းသားခေါင်းဆောင်တို့ကို၎င်း၊ နောက်ထပ်ဆူပူလည်မည့်အခြေအနေ ရှိနေသဖြင့် စိုးရိမ်နေသည်၊ NLD သည် စစ်အစိုးရအပေါ် တစုံတရာအထိ ဆန့်ကျင်လှုပ်ရှားမှုမရှိ၍ ဖမ်းဆီးထားသော NLD နှင့် သာမန်ပြည်သူပြည်သားများကို လူမြင်ကောင်းအောင် လွတ်ပြပေးလိမ္မည်၊ မကြာခင်ရောက်ရှိလာမည့် ကုလကိုယ်စားလှယ် မစ္စတာဂန်ဘာရီကို (၁)။ လိမ်လည်လှည့်စားလိမ္မည်၊ (၂)။ ဆွေးနွေးပွဲစနေဟန် အချိန်ဆွဲလိမ္မည်၊ (၃)။ ပြည်သူပြည်သားများ၏ ထောက်ခံမှုအရ၎င်း၊ သူတို့၏ဆန္ဒအရ လမ်းညွန်မြေပုံ(၇)ချက်အတိုင်းသာ နိုင်ငံရေးအပြောင်းအလွဲလုပ်မည်ဟု ဖြေရှင်းလတ္တံ၊ (၄)။ လမ်းညွန်မြေပုံ(၇)ချက်တွင် NLD ကို ထည့်သွင်းရန်မလိုသည့်သဘော (၀ါ) မစ္စတာဂန်ဘာရီတောင်းဆိုသည့် အတိုင်း မဆောင်ရွက်နိုင်သည့်သဘော၊ UN လုံခြုံရေးကောင်စီကို အာခံဆန့်ကျင်လိမ္မည်မြင်သည်။ ထို့ကြောင့် နအဖစစ်အစိုးရသည် ပြည်သူပြည် သားများချစ်ခင်သော ဒေါ်စုနှင့် ရဟန်းရှင် ကျောင်းသားခေါင်းဆောင်တို့ကို ပြန်လွတ်ပေးပြီး အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်မည်မဟုတ်၊ နိုင်ငံတကာနှင့် UN လုံခြုံရေးကောင်စီကို အာခံမည်၊ စစ်ခံမည်မြင်သည်၊ သူတို့အညံ့ခံခြင်းကို အလိုမရှိကြ၊ အညံ့ခံခြင်းထက် စစ်ခံ၍သေဆုံးခြင်းသည် ပို၍မြတ်သည်ဟုဆိုသည့်အတိုင်း အညံ့မခံ အလျော့မပေး အာခံမည်၊ ခုခံမည်၊ စစ်ခံကြလိမ္မည်ဖြစ်သောကြောင့် မြန်မာပြည်သူပြည်သားများသည် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဖြစ်လာနိုးနိုး စောင့်မျှော်၍မနေကြဘဲ အုံကြွဆန္ဒပြခြင်းနှင့် လက်နက်ကိုင်တော်လှန်ရေးအသွင် အနေအထားသို့ ဆက်လက်ချီတက်နေကြလိမ္မည်ဖြစ်ပေသည်။
ဗြိစ္ဆာရာသီ (SCORPIO) တန်ဆောင်မုန်းလ အောက်တိုဘာလ(၂၃)ရက်မှ နိုဝင်္ဘာလ(၂၂)ရက်အတွင်း မွေးဖွါးသူများ ဟာစာတန်း
ဗြိစ္ဆာရာသီသည် ကင်းမီးကောက်ပုံသဏ္ဍာန်ရှိပြီး သင်္ကေတအားဖြင့် (M→) ဟုဖေါ်ပြကြသည်၊ ဗြိစ္ဆာရာသီသည် ကင်းမီးကာက်ပုံသဏ္ဍာန်ရှိသည့်အတိုင်း (မြေအောက်၊ ချိုင့်ဝှမ်း၊ မီးဖိုနှင့် ခိုအောင်းနိုင်သောနေရာများ၊ ဥယျဉ်ခြံမြေ စသောနေရာများကို ကြီးစိုးတတ်သည်၊ ၎င်းရာသီ (လဂ်)တွင်မွေးဖွါးသူတို့သည် မြဲမြံတည်ကြည်ခြင်းကြောင့် လျှို့ဝှက်လုပ်ကိုင်ရသောလုပ်ငန်းများတွင်၎င်း၊ ထောက်လှန်းရေးလုပ်ငန်းများ၊ ဓါတုဗေဒဆေးလုပ်ငန်းများ၊ စစ်ဘက်ဆိုင်ရာ လုပ်ငန်းများတွင်လုပ်ကိုင်၍ တိုးတက်ကြီးပွါးတတ်ပြီး ကိုယ်ကျိုးစွန့်၍ ကြိုးကြိုးစားစားလုပ်ကိုင်ဆောင်ရွက်တတ်သဖြင့် ကြီးမားသောဂုဏ်ဒြပ်တို့ဖြင့် ပြည့်စုံသူများဖြစ်တတ်ပေသည်။
ကိုယ်အင်္ဂါအစိတ်အပိုင်းအားဖြင့် အင်္ဂါဇာတ်၊ လိင်၊ ဆီးအိမ်၊ သားအိမ်စသည်တို့ကို ကြီးစိုးပြီး အရပ်ဒေသမှာ မြောက်အရပ်ကိုကြီးစိုးကာ အရောင်အဆင်းအားဖြင့် ရွေရောင်စသည်တို့ကို ကြီးစိုးပေသည်။ ထို့ကြောင့် ဗြိစ္ဆာရာသီ၌ မွေးဖွါးသော(၇)ရက်သားသမီးတို့အနက် -----
၁။ တနင်္ဂနွေနေ့မွေးဖွါးသော သားသမီးများသည် ---- ချမ်းသာကြွယ်ဝတတ်ပြီး ပညာဂုဏ်ဒြပ်နှင့် ပြည့်စုံလေ့ရှိသည်၊ လိမ္မာပါးနပ်ကြသဖြင့် နိုင်ငံရေး၌ အထူးအောင်မြင်သူများ၊ လူရိုသေ ရှင်ရိုသေသော နိုင်ငံရေးသမားဖြစ်လေ့ရှိသည်၊ အထူးသဖြင့် မျက်စိမကောင်းသူများ၊ မျက်စိရောဂါရသူများဖြစ်တတ်ကြသည်၊ အကျိုးပေးသောအရောင်မှာ နီရဲရဲ၊ ကြေးနီရောင် ဖြစ်သည်။
၂။ တနင်္လာနေ့မွေးဖွါးသော သားသမီးများသည် --- အများအားဖြင့် စဉ်းစားဆင်ခြင်သူများ၊ စိတ်ကူးယဉ်ဆန်သူများဖြစ်ပြီး အများအလိုကျ အကျိုးပြုလုပ်ငန်းများကို လုပိကိုင်တတ်ခြင်း၊ ခရီးသွား၊ ကုန်သည်အလုပ်ကိုဝါသနာပါခြင်း၊ မိမိပတ်ဝန်းကျင်၌ ခေါင်းဆောင်လူကြီးများ ဖြစ်လေ့ရှိကြသည်၊ တနင်္လာသားသမီးများ၏ ကံကောင်းသောအရောင်မှာ (အဖြူရောင် ဖြစ်သည်)။
၃။ အင်္ဂါနေ့မွေးဖွါးသော သားသမီးများသည် --- စစ်ရေး၊ နိုင်ငံရေး၌ ထူးချွန်အကျိုးပြုတတ်ပြီး ရဲစွမ်းသတ္တိ ဥာဏ်ပညာနှင့် ပြည့်စုံတတ်သည်၊ ကုန်သည်၊ ပွဲစား၊ ရောင်းဝယ်ရေးစသော စီးပွါးရေးအလုပ်အကိုင်တို့တွင်လည်း အထူးအကျိုးပေးတတ်သည်။ အင်္ဂါနေ့သားသမီးများ၏ ကံကောင်းလာဘ်ရှိသော အရောင်မှာ (နီရဲရဲ)အရောင်ဖြစ်သည်။
၎။ ဗုဒ္ဓဟူးနေ့မွေးဖွါးသော သားသမီးများသည် --- အနုပညာ၊ အက၊ အတီး၊ အဆို၊ အပျော်အပါး အသောက်အစားစသော မကောင်းမှုများကို အထူးနှစ်ကြိုက်လေ့ရှိပြီး ပညာရေးနှင့် စီးပွါးရေးကဏ္ဍတွင် တိုးတက်မှုနှေးကွေးတတ်သည်၊ ဗုဒ္ဓဟူးနေ့မွေးဖွါးသော သားသမီးများ၏ သင့်လျော်သောအရောင်မှာ (အစိမ်းအရောင်) ဖြစ်သည်၊ အရေးကိစ္စကြုံပါက ၀တ်ဆင်၍သွားပါ၊ သင်ကံကောင်းမည်။
၅။ ကြာသပတေးနေကမွေးဖွါးသော သားသမီးများသည် ---- စိတ်နှလုံးကောင်းမွန် ဖြူစင်တတ်ပြီး ပညာရေးတွင် ကံကောင်းသူများ၊ ကိုယ်စိတ်ချမ်းသာသော သူများဖြစ်တတ်သည်၊ အိမ်ထောင်ရေးအကျိုးပေးပြီး ချမ်းသာသုခခံစားရတတ်သည်၊ ကြာသပတေးနေ့မွေးဖွါးသော သားသမီးများ၏ လိုက်ဖက်အကျိုးပေးသောအရောင်မှာ (ရွေရောင်၊ အ၀ါရောင်)ဖြစ်သည်။
၆။ သောကြာနေကမွေးဖွါးသော သားသမီးများသည် ---- အာရုံခံစားမှုကို လိုက်စားတတ်ပြီး ကိုယ်ကျင့်တရားပျက်ပြားသူများ၊ ဂုဏ်သိက္ခာထိခိုက်သူများ၊ အိမ်ထောင်ရေးတွင် အကျိုးဆုတ်ယုတ်မှုများနှင့် တွေ့ကြုံရတတ်သည်၊ သောကြာနေ့ သားသမီးများ၏ အောင်မြင်ကံကောင်းသောအရောင်မှာ (အဖြူရောင်နု၊ အဖြူပြာ) အရောင်သာဖြစ်ပေသည်။
၇။ စနေနေ့မွေးဖွါးသော သားသမီးများသည် ----- ဥာဏ်ပညာနည်းခြင်းကြောင့် အများအားဖြင့် မတရားသော၊ ရိုင်းစိုင်းယုတ်မာသောအလုပ်အကိုင်တို့ကို လုပ်ကိုင်ရင်း အသက်မွေးရတတ်သည်၊ ပင်ပင်ပန်းပန်းလုပ်ကိုင်စားသောက်ရတတ်သည်၊ မျိုးချစ်စိတ်ဓါတ်၊ ပရဟိတစိတ်မရှိဘဲ ကိုယ်ကျိုးကိုသာကြည့်တတ်လေ့ရှိကြသည်၊ စနေနေ့သားသမီးများ၏ ကံကောင်း၍ လူချစ်လူခင်များစေတတ်သောအရောင်မှာ (ခဲရောင်၊ ခရမ်းရောင်) စသည်တို့ ဖြစ်သည်။ အထူးသဖြင့် အရေးကြီးအခြေအနေ၊ အရေးပေါ်ကိစ္စတခုခု ပေါ်ပေါက်လာပါက မိမိနှင့်သင့်လျော်သော လိုက်ဘက်သော အ၀တ်ရောင်ကို ၀တ်ဆင်၍သွားပါက အမြဲကံကောင်းနေပေလိမ္မည်ဖြစ်ပါသည်။
သက္ကရာဇ် ၂၀၀၇ ခုအတွက်မြန်မာနိုင်ငံ၏ကံကြမ္မာဟောစာတမ်းအားဤနေရာမှကြည့်ရန်
အသျှင် က္ကုန္ဒာစက္က (MA သမိုင်း)
ဗေဒင်နှင့်သမိုင်းသုတေသီ
ရခိုင်အမျိုးသား ဗုဒ္ဓဘာသာကျောင်းတိုက်
သံသီးရွာ၊ ဘင်္ဂလာဒေ့ခ်ျနိုင်ငံ
ဖုံး၊ ၀၁၅၅၈၄၁၃၁၄၅

နေရဉ္စရာ ရခိုင်သတင်းမှ ကူးယူတင်ပြလိုက်ပါသည်။

ပြည့်စုံ © 2013. All Rights Reserved | Powered by:Blogger

Designed by:Windroidclub