
" ငါ့ရှင့်တို့ …
မသူတော်တရားတို့ မထွန်းကားသေးမီ၊
သူတော်ကောင်းတရားများ မမှေးမှိန်သေးမီ၊
အကျင့်ပျက်များ မထွန်းကားသေးမီ၊
အကျင့်ကောင်းများ မမှေးမှိန်သေးမီ၊
အဓမ္မဘက်သားများ အားမကောင်းသေးမှီ၊
ဓမ္မဘက်သားများ အားမယုတ်သေးမီ၊
အကျင့်ပျက်သမားများး အားမကောင်းသေးမီ၊
အကျင့်ကောင်းသမားများ အားမယုတ်သေးမီ၊
ဓမ္မနှင့် ၀ိနယကို ငါတို့ သင်္ဂါယနာတင်ကြပါစို့ "
(အရှင်မဟာကဿပ)အရှင်မဟာကဿပမထေရ်ရဲ့ တိုက်တွန်းနှိုးဆော်စာထဲက မထွန်းကားသေးမီ ၊ မမှေးမှိန်သေးမီ ၊ အားမကောင်းမသေးမီ၊ အားမယုတ်သေးမီဆိုတဲ့ ထိမိတဲ့ အသုံးအနှုံးတွေကို ကျနော်နှစ်သက်မိပါတယ်။ ကျနော်တော်တို့တွေတို့ရဲ့ သာသနာနဲ့ ဓမ္မဘက်တော်သားများဟာ မမှေးမှိန်သေးသလို အားလည်း မယုတ်သေးပါဘူး၊ ခွန်အားတွေ အပြည့်အ၀ရှိကြပါတယ်။ အဓိက ကတော့အရှင်မဟာကဿပမထေရ်ရဲ့ တပ်လှန့်သတိပေးသံတွေပါနေတယ်။ အဲဒီတပ်လှန်သတိပေးသံဟာ ဘယ်လောက်များ ထိရောက်လိုက်သလဲ၊။
ကျနော်တို့ယနေ့လောကကြီးမှာ လူတွေဟာ အလွယ်လမ်းလိုက်တတ်ကြတယ်။ Easy theory လို့ခေါ်တယ်။ နောက်တစ်ခါ အများကြီးကြိုက်ရာလိုက်ပြီး အပေါစားဆန်တဲ့ သိမ်းသွင်းမှုတွေနဲ့လည်း ရပ်တည်ရတယ်။ Cheap Popularity ပေါ့လေ။ ဒါပေမယ့် သူတို့တွေဟာ ရပ်တည်လို့ရကြပါတယ်။ လူပြိန်းတွေများတဲ့ လောကကြီးထဲမှာ လူပြိန်းကြိုက်အောင်နေတတ် ရင် အလုပ်ဖြစ်ပါတယ်။ အဲဒီတော့လည်းလူပေါ့၊ လူသွမ်းတွေ သူ့နည်းသူ့ဟန်နဲ့သူ အောင်မြင်နေကြဘာဆန်းတော့မှာလဲ။ " fools grow without watering " လူပေါ့လူသွမ်းတွေဟာ ရေလောင်းစရာမလိုဘဲ ပေါက်လာကြတယ်။
ကျနော်တို့တွေလက်ထက်မှာ အဲဒီလို လမ်းမှားတွေမရောက်ကြရအောင် သိတဲ့သူက ပိုသိအောင်လုပ်ကြပါ။ နည်းနည်းသိတဲ့သူကလည်း နည်းနည်းသိသလောက်လုပ်ကြပါ။ သိရဲ့သားနဲ့ မလုပ်တဲ့သူဟာ သူတကယ်မသိ သေးတာပါပဲလို့ယူဆပါတယ်။ သမိုင်းတွေကို ကိုဖော်ထုတ်ကြပါ ကောင်းအောင်လုပ်ကြပါ သမိုင်းအကြောင်းကို မမှန်တာပြောရင် မမှန်တာလုပ်ရင် ကျနော်တို့ရဲ့ ကျန်ခဲ့မယ့် ဆက်လက်ရှေ့ဆက်ရမယ့် လူငယ်တွေ အနာဂတ်ခေါင်းဆောင်တွေအတွက် ကျနော်တို့တွေဟာ တာဝန်မကျေသလို အနာဂတ်ကိုလည်းလိမ်ရာရောက်ပါတယ်။ ဒါကြောင့် သမိုင်းအကြောင်းကို မမှန်တာမပြောကြပါနဲ့ သမိုင်းအကြောင်းကိုမမှန်တာပြောရင် အနာဂတ်ကိုလိမ်ရာရောက်ပါတယ်။ စော်ကားရာရောက်ပါတယ်။ နောင်မျိုးဆက်တွေပါထိခိုက်ပါတယ်။
ပြည့်စုံ
ကိုးကား-
ချစ်ဦးညို- ပထမသင်္ဂါယနာသဘင်မြင်ကွင်းကျယ်
တာရာမင်းဝေ- ခေတ်နေ အတွက်စာရွက်
1 comment:
သာဓု .... သာဓု .... သာဓု .... ပါခင်ဗျာ ... တရား နာသွားပါတယ် ခင်ဗျာ ... :)
Post a Comment