November 01, 2007

အတွေးအရေး

Unknown | 9:58 AM |
လူတစ်ယောက်ရဲ့ အတွေးအခေါ်ဟာ အဲဒီလူရဲ့ဘ၀ပဲ… လူတိုင်းလူတိုင်းဟာ သူ့စိတ်နဲ့ သူ့အတွေးအခေါ်နဲ့ လွတ်လွတ်လပ်လပ်ဆုံးဖြတ် လှုပ်ရှားနေတယ်ဆိုတဲ့အချက်ကိုနားလည်ပြီးရင် ဘယ်သူ့ကို စိတ်ဆိုးစရာ ရှိတော့မှာလဲ၊ တကယ်တော့ လူ့စိတ်ဆိုတာက သူ့ဘာသာသူ အရှိ … အရှိအတိုင်းလေးထားလိုက်သင့်တဲ့အရာမျိုးလေးပါ။

အရာရာကို အကောင်းမြင်ချင်တယ် မြင်တတ်အောင်လည်းကျနော်ကြိုးစားနေတယ်။ ကိုယ်က ကောင်းတိုင်းလည်း သူတို့ကကော ဘယ်လိုလည်း အခုတလော မြင်နေတွေ့နေရ တာတွေဟာအပြစ်မဲ့တဲ့သူတွေ တကယ်ရိုးသားတဲ့ အဖိုးတန်တဲ့ ဖြူစင်တဲ့ မိမိအကျိုးကိုမငဲ့ကွက်ပဲနဲ့ အားလုံးနဲ့ တသားတည်း တပေါင်းစည်းတည်းဆိုတဲ့စိတ်နဲ့ အစတေးခံသွားရတယ် တစိမ့်စိမ့်နဲ့ ယိုစီးကုန်ပြီဒါတွေကိုသင့်အနေနဲ့ ဘယ်လိုစိတ်မျိုးထားမလဲ။ (ကျနော်တို့မြန်မာပြည်မှာ လူပေါင်း(၅၄) သန်းကျော်ရှိပါတယ်။) အကောင်းဆိုတာကော ဘာလည်း အဆိုးဆိုတာကောဘာလည်း။ အမှန်ဆိုတာကော အမှားဆိုတာကော သင်ကောသိသလား။( အဓိပ္ပါယ်ဖွင့်ဆိုတတ်ပါသလား ) ကျနော်သိတာတစ်ခုရှိတယ်၊ လူ့သဘာဝသည် ကောင်း တာလုပ်တိုင်းလည်း ကောင်းတာမဖြစ် တတ်သော မှော်ဥယျာဉ်တစ်ခုဖြစ် သည်တဲ့ သင်ကောဘယ်လိုမြင်လည်း …..

လေပြည်သည် လည်းကောင်း …..
ပန်းပွင့်သည် လည်းကောင်း ……
ငှက်ငယ်သည် လည်းကောင်း …..
သဘာဝတရားနှင့် အငြင်းအခုမဖြစ်ကြ ၊ လောကနှင့် အငြင်းမပွားကြ၊ လောကသည်လည်း အရှိ ….အရှိအတိုင်းဖြစ်၏တဲ့ ….

သဘာဝပတ်ဝန်းကျင်ခပ်သိမ်းသည် အရှိ … အရှိတိုင်းပင်ဖြစ်တယ်။
လူ့စိတ်ဆိုတဲ့ စိတ်ဆိုတာလည်း လေပြေနှင့်အတူ ပန်းပွင့်နှင့်အတူ၊ ငှက်ငယ်နှင့်အတူ တသားတည်းလွတ်လပ် သန့်စင်ငြိမ်းအေးနေရမည့်အရာဖြစ်ပါသည်။

ဒါနဲ့ တခုတော့ရှိကြတယ်၊ လူတိုင်းလူတိုင်းမှာတော့ ကိုယ့်ဖာသာကိုယ်ခံယူထားကြတဲ့ အမှန်တရား (Truth) တစ်ခုစီရှိကြ တာချည်းပဲ၊ မတူညီတဲ့ အမှန်တရားချင်းထိပ်တိုက်ရင်ဆိုင်တဲ့အခါ ကိုယ့်ဟာကို လူအများစုက လက်ခံစေချင်ရင် ကိုယ့်အမှန် တရားမှာ အင်အား(Power) ပိုရှိဖို့လိုတယ်။

အဆိုးအကောင်း၊ အမှန်အမှားကို ခွဲခြားသုံးသပ်နိုင်ကြပါစေ။

ပြည့်စုံ

No comments:

ပြည့်စုံ © 2013. All Rights Reserved | Powered by:Blogger

Designed by:Windroidclub