March 05, 2008

ခွဲခွာချိန်

Unknown | 2:31 AM | |

အိပ်မပျော်တဲ့ည ဒီညပေါ့
ငါ ၀မ်းနည်းခြင်းတွေ ရေးခြစ်
အာရုဏ်ဦးကို
အိပ်မပျော်ခြင်းနဲ့ ရောက်ခဲ့
မြက်ခင်းစပ်က “နှင်း”တစက်ကြောင့် ဒီကဗျာဖြစ်ခဲ့တယ်။

ဥသြရဲ့ သံစဉ်
ရင်ဘတ်ထဲ အချိန်မတန်ခင် ပြန့်လွင့်
ချစ်ခြင်းမေတ္တာဆိုတာကို
ငါ့ပါးစပ်က ကြီးကြီးကျယ်ကျယ်မပြောခဲ့ပါဘူး။
ငါ့ကိုသူကမချစ်တာ သေချာခဲ့တယ်
ငါက သူ့ကိုချစ်တာ ဖြစ်ကောင်းဖြစ်နိုင်တယ်။

အဝေးလူက တေးသီလို့
ဖော်မဲ့ကြေကွဲမှု အထပ်ထပ်ရစ်ပတ်
အလွမ်းတွေရိုက်ခတ်မှုကြောင့်
မှိုင်းညို့ညို့တောင်တန်းတွေ လှိုင်းတံပိုးတွေထ
ပင်လယ်ပြင်ကျယ်က လှုပ်ခါပေါက်ကွဲ
စိမ်းလဲ့လဲ့မြက်ခင်းကျယ်ကြီးက မီးဟုန်းဟုန်းတောက်
စင်္ကြာဝဠာကြီးလည်း ဘောင်ဘင်ခတ်
အနန္တတန်ခိုးရှင်တွေလည်း ဘယ်ထွက်ပြေးကုန်ပြီမသိ။

ယုံကြည်ချက်တွေ ပါးလွှာပြီး
ခံစားချက်တွေ အင်အားမဲ့ခဲ့
ငါအော်ဟစ်မိ
ရင်ဘတ်ထဲက အသံနက်နက်
ပေါက်ကွဲမှုလား
နာမည်တစုံလား
ကြေကွဲမှု အငွေ့အသက်တွေလား
လွမ်းကွဲကြေ သံစဉ်တွေလား .....
........ ..... ...... ...... .......
..... ....... ........ ....... .......... ။

ပြည့်စုံ

13 comments:

lwansay said...

အစ်ကိုရေ..ခံစားချက်တွေလား အဖြစ်မှန်တွေလား။ နှစ်ခုစလုံးလား။ ကဗျာလေးက ခံစားမှုတွေ အသက်ဝင်
နေသလားလို့။ အဆင်ပြေပါစေအစ်ကိုရေ။ :)

Anonymous said...

ခွဲခွာတာက သူငယ်ချင်းနဲ့လား၊ ချစ်သူနဲ့လားပာင်.. ပထမတစ်ခေါက်ဖတ်တာ သိပ်နားမလည်လို့ ဒုတိယတစ်ခေါက် ပြန်ဖတ်ရတယ်.. ပြန်လည်ဆုံစည်းနိုင်ပါစေနော်..

Emily said...

နောက်က အစက်လေးတွေက ဘာတွေလဲ အကိုရ။ ဟားဟား နောက်တာပါ။ ကဗျာလေး မိုက်တယ်။ နောက်ထပ် ထပ်ရေးပါဗျို့။

ဒီဇင်ဘာနှင်း said...

ကိုပြည့်စုံရေ ကဗျာလေးက ခွဲခွာရတဲ့ဒုက္ခကို ဖော်ပြနေတယ်နော်။ အစ်ကိုလဲ အမြန်ဆုံးပြန်လည်ဆုံဆည်းနိုင်ပါစေနော်။

Anonymous said...

ခွဲခွာချိန်လေးကောင်းတယ် အကိုပြည့်စုံရေ...
မှိုင်းညို့ညို့တောင်တန်းတွေ ပေါ်မှာလားဗျို့...:D
ကြေကွဲမှုတွေ အမြန်ဆုံး ပယ်ပျောက်နိုင်ပါစေနော်...:)

နှင်းပွင့်ဖြူ said...

မြက်ခင်းစပ်က နှင်း တစ်စက်က ရေစက်ရော မဖြစ်နိုင်ဘူးလား ကိုပြုံစေ့
း)
ကဗျာလေးက ကောင်းတယ်ဗျ

ရွှန်းမီ said...

ပေါက်ကွဲလှချည်လား ကိုပြည့်စုံလေး ..
အအိပ်အနိုး ဖြောင့်ပါစေ..
တင်ထားတဲ့ နာရီပုံ မျက်လုံးလေး မိုက်တယ် ..

စိုးထက် - Soe Htet ! said...

မိုက်၏ :)

Anonymous said...

နှင်းတစ်စက်ကြောင့်ဖြစ်တဲ့ကဗျာ ...အဲဒီနှင်းတစ်စက်ကြောင့်ပဲ ကဗျာကပြီးဆုံးသွားရရင် ဘယ်တရားပါ့မလဲ ...
ဒီတစ်ခါ ဆောင်းပြန်လာရင် နှင်းတစ်စက်နဲ့ အချစ်ဇာတ်မြူးကဗျာလေး ဖြစ်လာပါစေ ...

ယုန်ကလေး said...

ခွဲခွာချိန်တဲ့လား သူငယ်ချင်းလား ကောင်မလေးလား သိတယ်နော် ပြန်ဆုံနိုင်ကြပါစေနော်

ဆောင်းယွန်းလ said...

အိပ်မပျော်တဲ့ည ဒီညပေါ့
ငါ ၀မ်းနည်းခြင်းတွေ ရေးခြစ်
အာရုဏ်ဦးကို
အိပ်မပျော်ခြင်းနဲ့ ရောက်ခဲ့
မြက်ခင်းစပ်က “နှင်း”တစက်ကြောင့် ဒီကဗျာဖြစ်ခဲ့တယ်။
ကဗျာလေးကောင်းတယ်ညီလေးရေ...အားပေးနေပါတယ်

ThinkingHoney said...

ယုံကြည်ချက်တွေ ပါးလွှာရာကနေ ပြန်လည်ခိုင်မာနိုင်ပါစေ။
အိပ်မပျော်တဲ့ညတွေလည်း တဖြည်းဖြည်း လျော့ပါးသွားပါစေ လို့ပဲ
ဆုတောင်းပေးလိုက်ပါတယ်။

Anonymous said...

......................
ချစ်ခြင်းမေတ္တာဆိုတာကို
ငါ့ပါးစပ်က ကြီးကြီးကျယ်ကျယ်မပြောခဲ့ပါဘူး။
ငါ့ကိုသူကမချစ်တာ သေချာခဲ့တယ်
ငါက သူ့ကိုချစ်တာ ဖြစ်ကောင်းဖြစ်နိုင်တယ်။
.....................
မသေချာခြင်းကို သေချာအောင်ထပ်ပြောနေသလားဗျာ...
ဒိထက်ပိုပြောရရင် မသေချာခဲ့ခြင်းကို..
ပိုပြီးခိုင်မာအောင် တည်ဆောက်လို့ အတည်ပြုချင်တာလားဗျာ..
တစ်ခါတစ်ရံမှာ...မဖြစ်ခဲ့တာတွေ၊ ဖြစ်ချင်ခဲ့တာတွေ..
ဖြစ်မလာတော့တဲ့အခါမျိုးမှာ...
ဘယ်လောက်ပဲမေ့ထားသည်ဆိုအုန်းတော့...
အမှတ်ရခြင်...သတိရခြင်းတွေကို ဖုန်းကွယ်မရတာ..
အမှန်တရားတစ်ခုလေလို့ ဆိုရမည်လား...
ပြောရရင်တော့ဗျာ..
စတွေ့ချိန်ကိုက ခွဲခွာချိန်ဖြစ်ခဲ့တာပါ...
ဟန်ကိုဖို့ရင်းနဲ့ ကြီးကျယ်တဲ့စိတ်ကူးတွေဆီ...
ရောက်မသွားခဲ့ရဘူးဆိုရင်လည်း....
ရင်ဘတ်တွေကတော့ တမြေ့မြေ့..
ခွဲခွာချိန်......
အချိန်တွေအများကြီးကျော်လွန်ခဲ့တာတောင်
ခွဲခွာခြင်းကိုခံခဲ့ရသူတွေရဲ့ ရင်ထဲမှာ...
အစိမ်းသက်သက်...
မနေ့တစ်နေ့ကအတိုင်းဆိုရင်ကော..
လွန်လိမ့်မယ်တော့မထင်ပါ..
ခွဲခွာသွားခဲ့ပါပြီ...
လွမ်းကားလွမ်းနေပါဦးမည်..
ထိုထက်ပို၍ သတိရနေလိမ့်ဦးမည်ဆိုရင်ကော..
ခင်ဗျားလက်ခံလေမလား......။

ပြည့်စုံ © 2013. All Rights Reserved | Powered by:Blogger

Designed by:Windroidclub